Thursday, March 9, 2023
ဟန်ဂေရီအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ် သွားမည်ဖြစ်ခြင်း
ဟန်ဂေရီနိုင်ငံအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လာမည့်သီတင်းပတ်တွင် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ် သွားမည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ရုံးဝန်ကြီး ဂါဂျလီဂူလီလက်စ် (Gergely Gulyas) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မတ်လ ၁၀ ရက်တွင် ဖော်ပြထားပါသည်။ ဟန်ဂေရီအစိုးရအနေဖြင့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံ တို့ရှိ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးရန်စေလွှတ်ခဲ့သည့် ဟန်ဂေရီလွှတ်တော် ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာရရှိပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအရ ထောက်ခံထားကြောင်း ဂူလီလက်စ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment