ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပုံမှန်ဆက်ဆံမှုပြန်လည်တည်ဆောက်ရေး အတွက် ဥရောပသမဂ္ဂ (Europern Union-EU) ၏ ကမကထပြုမှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မှုအစီအစဉ်အား လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုပြုလုပ် သွားမည်ဖြစ်ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က မတ်လ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအား မြောက်မက်ဆီဒိုးနီးယား နိုင်ငံ၊ အော်ရစ် (Ohrid) မြို့၌ မတ်လ ၁၈ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအစီအစဉ်တွင် မည်သည့်အချက်များ ထည့်သွင်း ဆွေးနွေးသွားမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကာတီက ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုဝန်ကြီးချုပ် ကာတီနှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့အကြား တွေ့ဆုံဆွေးနွေးမှုပြီးနောက် ပုံမှန်ဆက်ဆံရေး တည်ဆောက်မှု အဆိုပြုချက်အား လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြကြောင်း EU က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကြေညာခဲ့ပါသည်။ဆားဘီးယားနှင့် ကိုဆိုဗိုအကြား အငြင်းပွားမှုများနှင့်ပတ်သက်၍ တရားဝင် သဘောတူညီမှုမူဘောင်အတွင်း ဖြေရှင်းရေးနည်းလမ်းများ ရှာဖွေရန်ရည်ရွယ်၍ ဆွေးနွေးမှု များအား EU ၏ ဦးဆောင်မှုဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် နွေရာသီကာလတွင် ဆားဘီးယားနှင့် ကိုဆိုဗိုနယ်စပ်ရေးရာတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် EU အထူးကိုယ်စားလှယ်က နှစ်ဖက်အကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် အဆိုပြုချက်အား စက်တင်ဘာလတွင် နောက်ဆုံးအကြိမ်တင်သွင်းခဲ့ ပါသည်။ ကိုဆိုဗိုသည် ဆားဘီးယားလက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့ပြီးချိန်မှ စ၍ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် တူကီယဲနိုင်ငံတို့အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်အများစုက ကိုဆိုဗိုအား နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ သို့သော်လည်း ဆားဘီးယားအနေဖြင့် ကိုဆိုဗိုအား ၎င်း၏ ပိုင်နက်နယ်မြေအဖြစ်သာ ဆက်လက် သတ်မှတ်ထားဆဲဖြစ်ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်မှုသဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများအား ယခုနွေရာသီ ကာလအတွင်း အပြီးသတ်နိုင်ရန် EU တာဝန်ရှိသူများက မျှော်မှန်းထားကြောင်း သိရှိရ ပါသည်။
သုံးသပ်ချက်
အဆိုပါဆွေးနွေးမှုအား မတ်လ ၁၈ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုအား အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး အစီ အစဉ်တွင် မည်သည့်အချက်များ ထည့်သွင်းဆွေးနွေးသွားမည်ကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်ပါသည်။ ဆားဘီးယားနှင့်ကိုဆိုဗိုတို့အကြား ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ပုံမှန်ဆက်ဆံရေးတည်ဆောက်မှု အဆိုပြုချက်အား လက်မှတ်ရေးထိုးရန် သဘောတူညီမှုရရှိခဲ့ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုတို့အနေဖြင့် ၎င်းတို့၏ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားမှုရှိရမည့် အပြင် တင်းမာမှုများ ဖြစ်ပေါ်လာစေနိုင်သည့် မည်သည့်အပြုအမူမျိုးကိုမဆို ရှောင်ကြဉ် သွားရမည်ဖြစ်ပြီး သံရုံးများ အပြန်အလှန်ထားရှိရမည်ဖြစ်ပါသည်။ ဆားဘီးယားအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့ဝင်ဖြစ်ရေးအတွက် ကိုဆိုဗို၏ကြိုးပမ်းမှုအပေါ် တားဆီးပိတ်ပင်နေမှုများကို ဖယ်ရှားပေးလိမ့်မည်ဟု မျှော်မှန်းရပါသည်။ အပြန်အလှန် အားဖြင့် ကိုဆိုဗိုဘက်မှလည်း ၎င်း၏ပိုင်နက်နယ်မြေအတွင်းရှိ လူနည်းစု ဆာ့ဘ် (Serb) အသိုက်အဝန်းအတွက် သင့်လျော်သည့် ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်တစ်ခုကို ပေးအပ် ခဲ့ပါသည်။ နှစ်ဖက်အကြားတွင် ပြီးပြည့်စုံသော သဘောတူညီမှုရရှိရေးအတွက် ကိုဆိုဗို မြောက်ပိုင်း၌ ဆာ့ဘ်လူမျိုးစုမြူနီစီပယ်အသိုက်အဝန်းတစ်ခု ထူထောင်ပေးရေးသည် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ရာ ဆားဘီးယားနှင့် ကိုဆိုဗိုတို့သည် ပြီးပြည့်စုံသော သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနေသော်လည်း ၎င်းတို့အကြားတွင် မဖြေ ရှင်းနိုင်သေးသော အငြင်းပွားမှုများ ကျန်ရှိနေဆဲဖြစ်ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗို အကြားတွင် တစ်ကျော့ပြန်တင်းမာမှုသည် ဥရောပဒေသ၏ တည်ငြိမ်အေးချမ်းရေး အပေါ် ထိခိုက်လာမည်ကို စိုးရိမ်ခြင်းကြောင့် EU က ကြားဝင်စေ့စပ်နေခြင်းဖြစ်ပါသည်။ သို့သော်လည်း ကိုဆိုဗိုအာဏာပိုင်များအနေဖြင့် ဆာ့ဘ်မြူနီစီပယ်အသိုက်အဝန်း တည်ထောင်ရေး ခွင့်ပြုပေးရန် နှောင့်နှေးနေခြင်းအပါအဝင် နှစ်ဖက်အနေဖြင့်လည်း သဘောတူညီချက်ပါ အချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပုံမှန်ဆက်ဆံရေး တည်ဆောက်မှုအပေါ် အဟန့်အတားဖြစ်လာနိုင်ဖွယ်ရှိပြီး ဆွေးနွေးအဖြေရှာမှုမှာ ဆက်လက်နှောင့်နှေးနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:
Post a Comment