ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းဂျုံတင်ပို့မှုကို ကန့်သတ်ချက်အတိုင်း အသေအချာဆောင်ရွက်သွားမည်ဆိုပါက ဆက်လက်တင်ပို့ခွင့်ပြုသွားမည်ဟု ဟန်ဂေရီ စိုက်ပျိုးရေးဝန်ကြီး အစ်စ်ဗန်နက်ဂီ (Istvan Nagy) က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် ဟန်ဂေရီတာဝန်ရှိသူ များအနေဖြင့် ဂျုံ၊ ပြောင်း၊ မုန်ညင်းစေ့နှင့် နေကြာတို့အပြင် လက်ရှိတင်သွင်းခွင့် ပိတ်ပင်ထားသည့် ထုတ်ကုန်များနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါထုတ်ကုန်များအပေါ် တားမြစ်မှု များသည် ဟန်ဂေရီလယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန်နှင့် ခိုင်မာသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းကထည့်သွင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment