TCG Andalou အမည်ရှိ လေယာဉ်တင်သင်္ဘောအသစ်သည် တူကီယဲရေတပ်၌ ဧပြီလ ၁၀ ရက်တွင် တပ်တော်ဝင်ခဲ့ကြောင်း တူကီယဲအမျိုးသားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဟု Flight Global သတင်းဌာနက ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ TCG Andalou လေယာဉ်တင်သင်္ဘောသည် မောင်းသူမဲ့ လေယာဉ် (UAVs) မျိုးစုံနှင့် ရဟတ်ယာဉ်များအား သယ်ဆောင်နိုင်သည့် အပေါ့စား လေယာဉ်တင်သင်္ဘောဖြစ်ပြီး တိုက်လေယာဉ်များအား တင်ဆောင်နိုင်ခြင်းမရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ၎င်းလေယာဉ်တင်သင်္ဘောသည် ကြီးမားလေးလံ သည့်ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို သယ်ဆောင်နိုင်သော ကမ္ဘာ့ပထမဆုံး စစ်သင်္ဘောတစ်စင်းဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က လေယာဉ်တင်သင်္ဘောတပ်တော်ဝင်ခြင်းအခမ်းအနား၌ ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment