Sunday, April 9, 2023

ယူကရိန်းနိုင်ငံအနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တိုးတက်မှု များရှိလာပါက လစ်သူရေးနီးယားနိုင်ငံ၌ကျင်းပ ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးအောင်မြင်နိုင်မည်ဖြစ်ကြောင်း လစ်သူရေးနီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

 

ယူကရိန်းနိုင်ငံအနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တိုးတက်မှု များရှိလာပါက လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ကျင်းပ ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးအောင်မြင်နိုင်မည်ဖြစ်ကြောင်း လစ်သူရေးနီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မန်တက်စ်အာဒိုမီနက်စ် (Mantas Adomenas) က ပြောကြား ခဲ့သည်ဟု Ukrinform သတင်းဌာနက ဧပြီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ NATO ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းဆောင်ရွက်မှု နှင့်ပတ်သက်၍ အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ NATO ထိပ်သီးအစည်းအဝေးကို ဗီလ်နီးယပ်စ်၌ ကျင်းပပြုလုပ်ရန် လစ်သူရေးနီးယား လွှတ်တော်က ဧပြီလ ၆ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ၎င်းအစည်းအဝေးအား လာမည့် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment