Friday, April 7, 2023

တူကီယဲသမ္မတသည် အီရန်သမ္မတနှင့် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီရန် သမ္မတ အီဗရာဟင်ရိုင်စီ (Ebrahim Raisi) တို့သည် ပါလက်စတိုင်းရှိ Al-Aqsa ဗလီ ဝင်းအတွင်း အစ္စရေးတို့၏တိုက်ခိုက်မှုအပြီး မြင့်တက်လျက်ရှိသော တင်းမာမှုများနှင့် ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း Xinhua သတင်း ဌာနက ဧပြီလ ၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထို့ပြင် အစ္စလာမ္မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရန်အရေးကြီးကြောင်းနှင့် တိုက်ခိုက်မှုအသစ်များထပ်မံ မဖြစ်ပေါ်စေရန် အစ္စလာမ္မစ်အဖွဲ့အစည်းများအား ဘုံရပ်တည်ချက်ကို လိုက်ပါဆောင်ရွက်စေရေး စတင် လှုံ့ဆော်မှုများပြုလုပ်သင့်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့အတူ အစ္စလာမ္မစ် နိုင်ငံများအဖွဲ့အစည်း (Organization of Islamic Cooperation-OIC) နှင့် ကုလသမဂ္ဂ တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများတွင် ဘာသာရေးအဆောက်အဦများ၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းရာတွင်လည်း ပူးပေါင်းပါဝင်ရန် အာဒိုဂန်က တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment