Tuesday, December 31, 2019

တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း၌ လစ်ဗျားနိုင်ငံနှင့်လက်မှတ်ရေးထိုး ထားသည့် လုံခြုံရေးနှင့် ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ သဘောတူစာချုပ် များအား အပြည့်အဝအကောင်အထည်ဖော်ဆောင်သွားမည်

 တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း၌ လစ်ဗျားနိုင်ငံနှင့်လက်မှတ်ရေးထိုး ထားသည့် လုံခြုံရေးနှင့် ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ သဘောတူစာချုပ် များအား အပြည့်အဝအကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ် ၂ ခုသည် တူရကီနိုင်ငံအတွက် မဟာ ဗျူဟာမြောက်အရေးပါမှုများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် တူရကီနိုင်ငံအား မြေထဲ ပင်လယ်ဒေသမှဖယ်ထုတ်ရန် လုပ်ဆောင်နေသည့်အစီအမံများသည်လည်း အဆိုပါ သဘောတူစာချုပ်များကြောင့် ပျက်ပြားသွားစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းသဘောတူစာချုပ်များကြောင့် တူရကီနိုင်ငံသည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု ထရီပိုလီအစိုးရအား ထောက်ပံ့ကူညီရန်အတွက် ၎င်း၏ တပ်ဖွဲ့ဝင်များကို လစ်ဗျားနိုင်ငံသို့ စေလွှတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

Wednesday, September 18, 2019

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံဆွေးနွေး

 ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (  ၁၈ ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တူရကီနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  မြန်မာနိုင်ငံဆိုင်ရာ တူရကီ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
 18-Sep-2019
https://www.moee.gov.mm/mm/ignite/contentView/2173