Friday, April 30, 2021

ဆိုက်ပရပ်အတွက်ငြိမ်းချမ်းရေးညှိနှိုင်းမှုများသည်တူရကီနိင်ငံအပေါ်တွင်မူတည်လျက်ရှိကြောင်းဆိုက်ပရပ်အစိုးရကပြောကြားခဲ့ခြင်း

        ဆိုက်ပရပ်ပဋိပက္ခများအတွက် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု အလားအလာ များသည် တူရကီနိုင်ငံအပေါ်တွင်သာ မူတည်လျက်ရှိကြောင်း ဆိုက်ပရပ်အစိုးရက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂရိ၊ တူရကီနှင့် ဆိုက်ပရပ်နိုင်ငံ တို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်မှာ ဆယ်စုနှစ်များစွာကြာမြင့်လျက်ရှိပြီဖြစ်ပါသည်။ ထို့ကြောင့် ဆိုက်ပရပ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ အခြေခံသဘောတူညီချက်များရရှိခဲ့ခြင်း မရှိ သေးကြောင်းနှင့် မကြာမီကာလအတွင်း၌လည်း နောက်ထပ်ညီလာခံတစ်ခုကို ကျင်းပ သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ညီလာခံတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အီရန်နျူကလီးယားသဘောတူညီချက်နှင့်ပက်သက်၍ဩစတြီးယားနိုင်ငံ၌ ဆွေးနွေးခဲ့ခြင်း

            ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ပြုလုပ်ခဲ့သည့် အီရန်နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နှင့်အီရန် ဆွေးနွေးညှိနှိုင်းမှုများသည် အပြုသဘောဆောင်သောရလဒ်တစ်ခု ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က ဧပြီလ ၃၀ ရက် တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း အီရန်အပါအဝင် အဖွဲ့ဝင်နိုင်ငံ များသည် အရေးယူပိတ်ဆို့မှုများ လျှော့ချရေး၊ နျူကလီးယားသဘောတူညီချက် ပြန်လည်ထိန်းသိမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြသော်လည်း အပြီးသတ်သဘောတူညီရန် သေချာမှုမရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် ၂၀၁၈ ခုနှစ်တွင် နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်၍ အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါသဘောတူညီချက်ပြန်လည်ပြုလုပ်ရန်အတွက် ကတိပြုထား ကြောင်း သိရှိရပါသည်။

Tuesday, April 27, 2021

Moldova’s President Maia Sandu calls early election for July 11

 

28 Apr 2021

Moldova’s constitutional court has cancelled a state of emergency introduced to stem the coronavirus pandemic, enabling President Maia Sandu to dissolve parliament and call for an early election on July 11.

“Through this decision we have paved the way for citizens to be able to choose a new parliament that will serve the interests of the country and the people,” Sandu said after the court’s ruling on Wednesday.

The move could help end a tense standoff between the pro-European Union president and a parliament that is dominated by lawmakers aligned with her pro-Russia predecessor, Igor Dodon. Sandu, the country’s first female president, won the presidential election in November 2020 but has accused parliament of trying to sabotage her presidency and curb her powers. Twice, the Socialist-led parliamentary majority refused to appoint prime ministers that Sandu had proposed.

Wedged between Ukraine and NATO member Romania, Moldova has long been divided over closer ties with the EU or maintaining traditional ties with Russia.

In March, the parliament voted to introduce a 60-day state of emergency in order to combat rising COVID-19 infections, which blocked Sandu from calling for early elections.

The president now hopes that the July 11 elections will lead to a parliamentary majority.

“Power is now in the hands of the people … I trust that our citizens will choose the right path to creating a developed and democratic state where people can live in peace and wellbeing,” she said on Wednesday.

Moldova, home to some 3.5 million people and one of the poorest countries in Europe, has teetered near economic collapse in recent years. Dodon looked to Russia for aid while Sandu presented closer integration with the EU as a way out of the crisis.

https://www.aljazeera.com/news/2021/4/28/moldovas-president-calls-early-election-for-july-11


Wednesday, April 21, 2021

ဂရိ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးနှင့်လေကြောင်းကာကွယ်ရေးစနစ်ငှားရမ်းခြင်းဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်း

            ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် ဂရိ ကာကွယ်ရေးဝန်ကြီး နီကိုးစ်ပန်ဂျီအိုတိုလက်စ် (Nikos Panagiotopoulos) တို့သည် ဧပြီလ ၂၀ ရက်အစောပိုင်းတွင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖာဆယ်လ်ဘင်ဖာဟန် (Faisal bin Farhain) နှင့်တေွ့ဆုံခဲ့ပြီး Patriot လေကြောင်းကာကွယ်ရေးစနစ် ငှားရမ်းခြင်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council-GCC) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ဒန်ဒီဒက်စ်က ပြောကြားခဲ့ပါသည်။ အဆိုပါဆောင်ရွက် မှုသည် ပင်လယ်ကွေ့နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် အဆိုပါဒေသရှိ စွမ်းအင်ဆိုင်ရာအရင်းအမြစ်များ လုံခြုံမှုရှိစေရန် အထောက်အပံ့တစ်ခုလည်းဖြစ်ကြောင်း ဒန်ဒီဒက်စ်က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

ရုရှား-ချက်သမ္မတနိုင်ငံအကြားဆက်ဆံရေးဆိုးရွားမှုနှင့်ပက်သက်၍ ချက်အစိုးရအနေနှင့် ဆွေးနွေးမှုပြုလုပ်ရန်အစီအစဉ်မရှိကြောင်းပြောကြားခဲ့ခြင်း

            ရုရှားသမ္မတ ဗလာဒီမာပူတင် (Valdimir Putin) အနေဖြင့် ရုရှား-ချက်သမ္မတ နိုင်ငံအကြား ဆက်ဆံရေးဆိုးရွားမှုနှင့်ပတ်သက်၍ ချက်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ် သွားရန် စီစဉ်ထားခြင်းမရှိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ခ်ကော့ဗ် (Demitry Peskov) က သတင်းထောက်များအား ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့ ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးဆိုးရွားလာမှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေး မှုများပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း၊ ချက်သမ္မတနိုင်ငံ၏ ရုရှားသံတမန်များအား နှင်ထုတ်ရန်လုပ်ဆောင်မှုသည် နှစ်နိုင်ငံဆက်ဆံရေးအား ထိခိုက်စေသည်ဟုယူဆကြောင်း ပက်ခ်ကော့ဗ်က ပြောကြားခဲ့ပါသည်။ ချက်အစိုးရသည် ၎င်းနိုင်ငံရှိ ရုရှားသံရုံးမှ ဝန်ထမ်း ၁၈ ဉီးအား ရုရှားထောက်လှမ်းရေးအရာရှိများဖြစ်ကြောင်း စွပ်စွဲပြောကြား ခဲ့ပြီး ၎င်းတို့အား နှင်ထုတ်ကြောင်း ဧပြီလ ၁၇ ရက်တွင် ကြေညာခဲ့ပါသည်။ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ချက်သမ္မတနိုင်ငံ၏ အဆိုပါလုပ်ဆောင်ချက်ကို အပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားနိုင်ငံရှိ ချက်သံရုံးမှဝန်ထမ်း ၂၀ ခန့်အား နှင်ထုတ်ခဲ့ကြောင်း သိရှိရပါသည်။

JCPOA ပူးတွဲကော်မရှင်အဖွဲ့သည် လာမည့်သီတင်းပတ်တွင် ထပ်မံတွေ့ဆုံသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း

Tass; Apr-20 (Tue)

            ပြီးပြည့်စုံသောပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Joint Comprehensive Plan of Action-JCPOA) ၏ ပူးတွဲကော်မရှင်အဖွဲ့သည် အီရန်နျူကလီးယားသဘောတူညီချက် အား အပြည့်အဝ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လာမည့်သီတင်းပတ်တွင် ထပ်မံ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် မီခေးယူလီယာနော့ဗ် (Mikhai Ulyanov) က ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ပူးတွဲကော်မရှင် အဖွဲ့အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေးမှု များတွင် တိုးတက်မှုများရရှိခဲ့သောကြောင့် ဝမ်းမြောက်ကြောင်းနှင့် အဖွဲ့ဝင်ကိုယ်စားလှယ် များအား ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် ဆွေးနွေးပွဲများကို ခေတ္တရပ်ဆိုင်းပြီး အချိန်ပေးခဲ့ရကြောင်း ယူလီယာနော့ဗ်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ပူးတွဲကော်မရှင်အဖွဲ့သည် အီရန်အပေါ်အရေးယူပိတ်ဆို့မှုများအား ရုပ်သိမ်းရေးနှင့် နျူကလီးယားဆိုင်ရာပြဿနာများအား လုပ်ငန်းအဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းကာ အနှစ်ချုပ်ဆွေးနွေး သွားရန် စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုများသည် အောင်မြင်မှု ရရှိ နိုင်တော့မည်ဖြစ်ကြောင်း ယူလီယာနော့ဗ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ 
            ပူးတွဲ ကော်မရှင်အဖွဲ့ဝင်များသည် JCPOA သို့ အမေရိကန်ပြန်လည်ဝင်ရောက်နိုင်မည့် ဖြစ်နိုင်ချေ ရှိသော အလားအလာကောင်းများနှင့် စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘော တူညီချက်များအား အပြည့်အဝလေးစားလိုက်နာရမည့် ကန့်သတ်ချက်များကို ဆွေးနွေး သောအစည်းအဝေး ၂ ခုအား လွန်ခဲ့သော သီတင်းပတ်တွင်ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ သဘောတူညီချက်အရ အီရန်နိုင်ငံသည် ၎င်း၏ နျူကလီးယားလှုပ်ရှားမှုများအား ကန့်သတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ ထိန်းချုပ်မှုအောက်၌သာ လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူရကီတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ရွှေ့ဆိုင်းခဲ့ခြင်း

DW; Apr-21 (Wed)

            အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား တူရကီနိုင်ငံ၌ ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ရွှေ့ဆိုင်းခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အနေဖြင့် စက်တင်ဘာလလယ်တွင် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အမေရိကန်တပ်ဖွဲ့များအား အပြီးသတ်ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အမေရိကန်၊ တူရကီ၊ ကာတာနှင့် ကုလသမဂ္ဂတို့မှကိုယ်စားလှယ်များဖြင့် တူရကီနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲများသည် အာဖဂန်အစိုးရနှင့် တာလီဘန် စစ်သွေးကြွတို့အကြား သဘောတူညီမှုတစ်ရပ်ရရှိရေးအတွက် လမ်းကြောင်းဖြစ်လာ နိုင်သည်ဟု ယူဆရပါသည်။ ဆွေးနွေးပွဲများအား မေလအလယ်ပိုင်းတွင်ပြီးဆုံးမည့် ရာမန်ဒန် ဥပုသ်ကာလပြီးဆုံးသည့်အချိန်အထိတိုင် ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။
         အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲများတွင် တာလီဘန်တို့ မပါဝင်ခြင်းကြောင့် နှောင့်နှေးရလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ ပါသည်။ အမေရိကန်နှင့် အာဖဂန်တို့မှသံတမန်များအနေဖြင့် ဧပြီလ ၂၀ ရက်တွင် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တာလီဘန်တို့နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများအား အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ကန်နတ်မက်ကန်ဇီ (Kenneth McKenzie) က ပြောကြားခဲ့ပါသည်။ တာလီဘန်အဖွဲ့အပေါ် ယုံကြည်စိတ်ချရမှုနှင့်ပတ်သက်၍ စိုးရိမ် ဖွယ်ရာသံသယများရှိသော်လည်း တာလီဘန်တို့၏ လုပ်ဆောင်မှုများအား စောင့်ကြည့် သွားရန်လိုအပ်ကြောင်းနှင့် အနာဂတ်တွင် အာဖဂန်အရေးကိစ္စအား နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန်အတွက် သဘောတူညီမှုများအား လိုက်နာစောင့်ထိန်းသွားသင့် ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်စစ်ဌာနချုပ်အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် တာလီဘန်တို့၏ ခြိမ်းခြောက် မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည့်အတွက် လိုအပ်မည်ဆိုပါက အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုထားရှိ၍ စောင့်ကြည့်မှုများ ပြုလုပ်သင့်သည်ဟု မက်ကန်ဇီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Tuesday, April 20, 2021

ဩစတြီးယားနိုင်ငံတွင်ပြုလုပ်သောအီရန်နျူကလီးယားသဘောတူညီချက်ဆွေးနွေးမှုများတိုးတက်မှုရှိခြင်း

        ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့တွင်ပြုလုပ်ခဲ့သည့် အီရန်နျူကလီးယား သဘောတူညီချက် ပြန်လည်အကောင်အထည်ဖော်ဆောင်ရေးဆွေးနွေးမှုများသည် တိုးတက်မှုရှိလာကြောင်း ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်(Josep Borrell)က ဧပြီလ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုများအတွင်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်၏ အီရန်အပေါ်အရေးယူ ပိတ်ဆို့မှုချမှတ်မှုများဖယ်ရှားရေးနှင့် အခြားတစ်ဖက်တွင်လည်း နျူကလီးယားဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရေးကိစ္စရပ်များအပေါ် ပိုမိုအလေးထားဆွေးနွေး ခဲ့ကြကြောင်း ဘော်ရယ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ EU အနေဖြင့် အီရန်နှင့် အမေရိကန်နှစ်နိုင်ငံအကြားတင်းမာမှုများမြင့်တက်လာချိန်မှစ၍ စေ့စပ်ညှိနှိုင်းမှုများပြန်လည် လုပ်ဆောင်နိုင်ရေးအတွက် သိသာထင်ရှားစွာ ကြိုးပမ်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Monday, April 19, 2021

ဂရိဖရီးဂိတ်စစ်သင်္ဘောနှင့်ပြင်သစ်ငလျင်သုတေသန်သင်္ဘောတို့တူရကီရေပိုင်နက်ထဲသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့ခြင်း

        ဂရိဖရီးဂိတ်စစ်သင်္ဘောနှင့် ပြင်သစ်ငလျင်သုတေသနသင်္ဘောတို့သည် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်တွင် တူရကီရေပိုင်နက်ထဲသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း Hürriyet သတင်းစာက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အစောင့်အရှောက်လိုက်ပါ လာသော ပြင်သစ် L'Atalante အမျိုးအစား သုတေသနသင်္ဘောနှင့် အီဂျစ် Elli အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောတို့သည် တူရကီနိုင်ငံ၏ ခွင့်ပြုချက်မရရှိဘဲ ၎င်း၏ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသဖြင့် တူရကီရေတပ်မှ သတိပေးနှင်ထုတ်ခဲ့ ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင်လည်း တူရကီသည် Oruç Reis သုတေသန ရေယာဉ်အား အငြင်းပွားဆိုက်ပရပ်စ်နှင့် ဂရိကျွန်းတို့အကြားနယ်မြေသို့ စစ်သင်္ဘော များနှင့်အတူ စေလွှတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စစ်ရေး တင်းမာမှုများ စတင်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်အီရန်ကုန်သွယ်မှုမြင့်တင်ရေးဆိုင်ရာအကြီးအကဲတို့ တွေ့ဆုံခဲ့ခြင်း

            ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး နီကာလာဆလာဗိုဗစ်ချ် (Nikola Selaković) နှင့် အီရန်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ အကြီးအကဲ ဟာမစ်ဇတ်ဘွမ် (Hamid Zadboum) တို့သည် အီရန်နိုင်ငံ၏ မြို့တော်တီဟီရန်တွင် ဧပြီလ ၁၈ ရက်၌ တွေ့ဆုံ ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် စက်မှု၊ စွမ်းအင်၊ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သောကုန်ကြမ်းများ ဖြည့်ဆည်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းခရီးစဉ်အတွင်း ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး နီကာလာဆလာဗိုဗစ်ချ်သည် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျဗက်ဇာရစ် (Mohammad Javad Zarif) နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

အစ္စရေးနှင့် ဂရိတို့သည် ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဆိုင်ရာသဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Reuters; Apr -19(Mon) 

                    အစ္စရေးနှင့် ဂရိနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံတန်ဖိုး ရှိသည့် ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်အား ဧပြီလ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၎င်းသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်း ကျင်းပခြင်းအပြင် နိုင်ငံရေးနှင့်စီးပွားရေးတို့ကို ခိုင်မြဲစေမည့် အကြီးမားဆုံးသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုလည်းဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံတန်ဖိုးရှိသည့် သဘောတူစာချုပ်တွင် အစ္စရေးကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Elbit Systems အနေဖြင့် ဂရိလေတပ်အတွက် လေကျင့်ရေး စင်တာတစ်ခု တည်ဆောက်ပေးရမည်ဖြစ်ပါသည်။ ယင်းလေ့ကျင့်ရေးစင်တာအား အစ္စရေး၏ ကိုယ်ပိုင်လေကြောင်းတက္ကသိုလ်ပုံစံအတိုင်း စံနမူနာထား၍ တည်ဆောက် သွားမည်ဖြစ်ပါသည်။ 
        အထက်ပါ လေ့ကျင့်ရေးစင်တာတွင် အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီမှ ထုတ်လုပ်သော M-346 အမျိုးအစား လေ့ကျင့်ရေးအမောင်းသင်လေယာဉ် ၁၀ စင်းအား အသုံးပြုသွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်တွင် ဂရိ၊ ဆိုက်ပရပ်စ်နှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အဆိုပါသဘောတူကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း လည်းဖြစ်ပါသည်။ ဂရိနှင့် အစ္စရေးလေတပ်တို့သည် ဧပြီလ ၁၈ ရက်တွင်လည်း ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ဂရိနိုင်ငံတွင် စတင်ပြုလုပ်ခဲ့ပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းအတွင်း ရုရှားနိုင်ငံထုတ် S-300 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်သည့် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံသည် ချက်သမ္မတနိုင်ငံမှ သံတမန် ၂၀ ဦးအား နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ခြင်း

Alarabiya; Apr-19(Mon)

        ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဧပြီလ ၁၈ ရက်တွင် ချက်သမ္မတနိုင်ငံမှ သံအမတ်ကြီး ဗီတီဆယ်လဗ်ပီဗွန်ကာ (Vitezslav Pivonka) အား ဆင့်ခေါ်၍ ချက်သံတမန် ၂၀ ဦးကို ဧပြီလ ၁၉ ရက်တွင် နိုင်ငံအတွင်းမှနှင်ထုတ်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ချက်သမ္မတနိုင်ငံ သည် ရုရှားသံတမန် ၁၈ ဦးကို စစ်ဘက်ဆိုင်ရာသူလျှိုများအဖြစ်စွပ်စွဲပြီး နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ရုရှားသံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ် ခြင်းသည် ရန်လိုမုန်းထားသည့်အပြုအမူတစ်ရပ်ဖြစ်ပြီး အဆိုပါဖြစ်ရပ်နောက်ကွယ် တွင် အမေရိကန်နိုင်ငံ ကြိုးကိုင်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

        ရုရှားသံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ်ခြင်းသည် ၂၀၁၄ ခုနှစ်က ချက်သမ္မတနိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့တွင်ဖြစ်ပွားခဲ့သော ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုတွင် ရုရှားစစ်ဘက်သူလျှိုများပါဝင်နေသည့် သက်သေအထောက်အထား များကို ချက်သမ္မတနိုင်ငံဘက်မှ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရေဘာဘစ် (Andrej Babis) က ဧပြီလ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ချက်သမ္မတနိုင်ငံအတွင်းရှိ ရုရှား သံတမန် ၁၈ ဦးသည် ရုရှားစစ်ဘက် ထောက်လှမ်းရေးအဖွဲ့ GRU နှင့် SVR ၏ သူလျှိုများဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု ချက်သမ္မတနိုင်ငံ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီး ဂျန်ဟမ်မာဆခ် (Jam Mamacek) က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် ချက်ရဲတပ်ဖွဲ့သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နှင့် ၁၆ ရက်အကြား နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိခဲ့သည့် ပြည်ပ နိုင်ငံသား ၂ ဦး၏ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါပြည်ပနိုင်ငံသား ၂ ဦး သည် ချက်သမ္မတနိုင်ငံသို့ ရုရှားနိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Sunday, April 18, 2021

ဆိုက်ပရပ်စ်၊ ဂရိ၊ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည်အစည်းအဝေးအားအပြီးသတ်ဆောင်ရွက်ပြီးကြောင်းပြောကြားခဲ့ခြင်း

        ဆိုက်ပရပ်စ်၊ ဂရိ၊ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပြင် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များနှင့်စပ်လျဉ်းသည့် နှစ်ရက်ကြာအစည်းအဝေးကို အပြီးသတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုခရစ္စတိုဒိုလီဒက်စ် (Nikos Christodoulides) က ဧပြီလ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာသည်နှင့်အမျှ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေး အတွက် ဒေသတွင်းအစည်းအဝေးများမှ အပြုသဘောဆောင်သည့် အစီအစဉ်များ အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်ပြုလုပ်နိုင်မည့် လမ်းကြောင်းကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ခရစ္စတိုဒိုလီဒက်စ် က ပြောကြားခဲ့ပါသည်။ မကြာသေးမီအချိန်အတွင်း အစ္စရေးနှင့် UAE တို့အကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကိုင်ရို (Cairo) သဘာဝဓာတ်ငွေ့ဖိုရမ်တည်ထောင်ခြင်းနှင့် လည်ပတ်ခြင်းများအပါအဝင် အရေးပါသည့်တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးများက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Saturday, April 17, 2021

တူရကီသမ္မတနှင့် NATOအဖွဲ့၏ အတွင်းရေးမှူးချုပ်တို့ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် NATO အဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘက် (Jens Stoltenberg) တို့သည် ဒေသတွင်းအရေးကိစ္စများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီသမ္မတရုံးက ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။ အဆိုပါတယ်လီဖုန်းဆက်သွယ်မှုအတွင်း အေဂျီယန်နှင့် အရှေ့မြေထဲပင်လယ် ဒေသ ဖွံ့ဖြိုးတိုးတက်မှုများ၊ လစ်ဗျားနှင့် အာဖဂန်နစ္စနိုင်ငံတို့၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခ များနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် လစ်ဗျားအစိုးရအသစ်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် အထောက်အပံ့များပေးသင့်ကြောင်းနှင့် NATO တပ်ဖွဲ့နှင့်ပူးပေါင်း၍ အာဖဂန်နစ္စတန်နိုင်ငံအပေါ် ထောက်ပံ့မှုများလည်း ဆက်လက်လုပ်ဆောင်သင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Friday, April 16, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီးသည်အီဂျစ်နိင်ငံသို့တရားတင်ချစ်ကြည်ရေးခရီးသွားရောက်ခြင်း

        တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် အီဂျစ်နိုင်ငံသို့ မေလအတွင်း တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရင်းအမြစ်တစ်ခုက ဧပြီလ ၁၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား ပုံမှန် သံတမန်ဆက်ဆံရေးတည်ဆောက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းနှင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) နှင့်တွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ထပ်လောင်းပြောကြား ခဲ့ပါသည်။ တူရကီအစိုးရသည် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်းနှင့် နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှုများအား ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လအတွင်းက ထုတ်ဖော်ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

အစ္စရေး၊ယူအေအီး၊ ဂရိနှင့် ဆိုက်ပရပ်စ်နိင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများ ဆိုက်ပရပ်စ်နိုင်ငံတွင်တွေ့ဆုံဆွေးနွေးခြင်း

        အစ္စရေး၊ ယူအေအီး၊ ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ သည် ဆိုက်ပရပ်စ်နိုင်ငံ၌ ဧပြီလ ၁၆ ရက်မှစတင်၍ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆိုက်ပရပ်စ်နှင့် အစ္စရေးနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဧပြီလ ၁၅ ရက်တွင် အသီးသီးထုတ်ပြန်ခဲ့ပါသည်။ ၎င်းတွေ့ဆုံမှုသည် ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွား ပိုမိုရရှိရေးအတွက် ကြိုးပမ်းမှုအနေဖြင့် အထက်ပါ ၄ နိုင်ငံတို့အကြား ပထမဆုံးသော တွေ့ဆုံမှုလည်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှု အတွင်း ၎င်းတို့သည် စီးပွားရေး၊ လုံခြုံရေး၊ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ အစ္စရေး၊ ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ဧပြီလ ၁၇ ရက်တွင် ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nicos Anastasiades) အား သွားရောက်တွေ့ဆုံမည်ဖြစ်သော်လည်း UAE ကိုယ်စားလှယ်အဖွဲ့ကမူ Online မှတစ်ဆင့်သာ ၎င်းတွေ့ဆုံမှု၌ ပါဝင်သွားမည်ဟု ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Tuesday, April 13, 2021

ကနေဒါနိုင်ငံ၏မောင်းသူမဲ့လေယာဉ်နည်းပညာများအား အသုံးပြုမှုများရှိခဲ့ပြီးနောက် တူရကီနိုင်ငံသို့လက်နက်တင်ပို့ရောင်းချနေမှုများအားတားမြစ်ခဲ့ခြင်း

        နာဂိုလ်နို-ကာရာဘတ်ပဋိပက္ခအတွင်း ကနေဒါနိုင်ငံ၏ မောင်းသူမဲ့လေယာဉ် နည်းပညာများအား အသုံးပြုမှုများရှိခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီးနောက် ကနေဒါနိုင်ငံ သည် ဧပြီလ ၁၂ ရက်တွင် တူရကီနိုင်ငံသို့လက်နက်တင်ပို့ရောင်းချနေမှုများအား တား မြစ်ခဲ့ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး မာ့ဂါနီ (Marc Garneau) က ပြောကြားခဲ့ ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံသည် အာမေးနီးယားနိုင်ငံနှင့်ပဋိပက္ခအတွင်း ကနေဒါနိုင်ငံ ၏ မောင်းသူမဲ့လေယာဉ်နှင့်ပတ်သက်သည့်စနစ်များအား အသုံးပြုခဲ့သည်ဟူသော စွပ် စွဲချက်များ စုံစမ်းစစ်ဆေးနေစဉ် ကနေဒါနိုင်ငံက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှစ၍ တူရကီနိုင်ငံသို့ လက်နက်တင်ပို့မှုများ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါပဋိ ပက္ခများအတွင်း ကနေဒါနိုင်ငံထုတ်နည်းပညာများအား အသုံးပြုခြင်းသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့်ကိုက်ညီမှုမရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံသည် နာဂိုလ်နို-ကာရာဘတ်ပဋိပက္ခအတွင်း ၎င်း၏မဟာမိတ် အဇာဘိုင်ဂျန် နိုင်ငံအား ကျောထောက်နောက်ခံပေးခဲ့ကြောင်း သိရှိရပါသည်။

Monday, April 12, 2021

တူရကီနှင့် ယူကရိန်းတို့အကြား ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ခြင်း

TASS; Apr 11 (Sun)

        တူရကီနှင့် ယူကရိန်းတို့သည် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများဖြစ်သည့် အားလျော်စွာ စစ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်သွားရန် ရည်ရွယ် ထားကြောင်းနှင့် ခရိုင်းမီးယားဒေသအား ရုရှား၏သိမ်းပိုက်မှုအပေါ် အသိအမှတ်မပြု ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်းစကီး (Volodymyr Zelensky) နှင့် တူရကီ မြို့တော် အစ္စတန်ဘူလ် (Istanbul) ၌တွေ့ဆုံစဉ် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေပြန်လည်ထူထောင်ရေးအပေါ် တူရကီနိုင်ငံအနေဖြင့် ထောက်ပံ့ မှုများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါ သည်။ တူရကီသမ္မတ၏ အထက်ပါပြောကြားချက်များသည် ခရိုင်းမီးယားပြည်သူများ အားလုံးအတွက် အပြုသဘောဆောင်သည့် ရလဒ်ကောင်းများရရှိလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။

        အဆိုပါဆွေးနွေးမှုရလဒ်အရ တူရကီနိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် ယူကရိန်းနိုင်ငံအား နေတိုးတပ်ဖွဲ့သို့ဝင်ရောက်နိုင်ရေး အလေးပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင်ပင်လယ်နက်ဒေသ၏ လုံခြုံရေးနှင့်ခြိမ်းခြောက်မှုများအား တုံ့ပြန် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍လည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇီလန်းစကီးက ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တူရကီ သမ္မတနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့အကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့စဉ်အတွင်း ရုရှားနိုင်ငံသည် ဒွန်းဘတ်စ်ပဋိပက္ခ များအား ဖြေရှင်းရန်အတွက် ဒွန်းဘတ်စ်ဒေသသို့ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှား သမ္မတက ပြောကြားခဲ့သော်လည်း ရုရှား၏အဆိုပါချဉ်းကပ်မှုသည် ပဋိပက္ခများအား ပိုမိုဆိုးရွားစေသည့် လုပ်ဆောင်ချက်ချက်တစ်ရပ်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံက ပြန်လည် တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လစ်ဗျားဝန်ကြီးချုပ်သည် တူရကီသမ္မတနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တူရကီနိုင်ငံသို့ ပထမဉီးဆုံးချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

Reuters; Apr-12(Mon)

        လစ်ဗျားနိုင်ငံဝန်ကြီးချုပ် အဗ္ဗဒယ်လ်ဟာမစ် ဒီဘိုင်ဘတ် (Abdulhamid Dbeibeh) နှင့် ဝန်ကြီးများအဖွဲ့သည် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖိတ်ကြားချက်အရ လာမည့်ဧပြီလ ၁၂ ရက်တွင် တူရကီနိုင်ငံသို့ ပထမဉီးဆုံး ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း ရိုက်တာ (Reater) သတင်း ဌာနက ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်သည် ၂ ရက်ခန့် ကြာမြင့် မည်ဖြစ်ပြီး လစ်ဗျားဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီး ၁၄ ဉီး၊ လက်ထောက်ဝန်ကြီး ၅ ဉီး၊ အရာရှိကြီးများနှင့် အခြားသောအရာရှိများ လိုက်ပါသွားမည်ဖြစ်ပါသည်။ တူရကီသမ္မတနှင့် လစ်ဗျားဝန်ကြီးချုပ်တို့သည် တူရကီ-လစ်ဗျား အဆင့်မြင့်မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (Turkey-Libya High Level Strategic Cooperation Council) ၏ ပူးတွဲဥက္ကဋ္ဌများ အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လစ်ဗျားဝန်ကြီးချုပ် ဒီဘိုင်ဘတ် က ပြောကြားခဲ့ပါသည်။

        ထို့ပြင် နှစ်နိုင်ငံအကြား စွမ်းအင်နှင့်ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များနှင့် စစ်ပွဲအတွင်းရပ်တန့်ခဲ့သည့်တူရကီကုမ္ပဏီများမှ စီမံကိန်းများပြန်လည်စတင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တူရကီကုမ္ပဏီများအနေဖြင့် လစ်ဗျား နိုင်ငံပြန်လည်တည်ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တူရကီသမ္မတက ထပ်လောင်းပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားအစိုးရအဖွဲ့ (Government of National Accord-GNA ) နှင့် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း ရေကြောင်း နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်း (Maritime demarcation agreement) ဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး ထရီပိုလီ (Tripoli) မြို့သို့ စစ်ဘက်အကြံပေး များနှင့် နည်းပြဆရာများစေလွှတ်ခဲ့ပါသည်။ ထို့ပြင် လစ်ဗျားသမ္မတကောင်စီအနေဖြင့် ပြီးခဲ့သည့်လအတွင်း တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး တူရကီသမ္မတနှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

Sunday, April 11, 2021

ရုရှားနှင့်တူရကီတပ်ဖွဲ့ဝင်များဆီးရီးယားနိုင်ငံမြောက်ပိုင်ဒေသအနီးတွင်ပူးတွဲကင်းလှည့်မစ်ရှင်တစ်ရပ်လုပ်ဆောင်ခဲ့ခြင်း

        ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ အလ်ဟာဆာကတ် (Al Hasakah) ဒေသအနီးတွင် ပူးတွဲကင်းလှည့်ရေးမစ်ရှင်တစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း ရုရှားစစ်ဘက်မှ ဗိုလ်မှူးကြီး အန်ဒရီတီတော့ဗ် (Andrei Titov) က ပြောကြားခဲ့ပါသည်။ အဆိုပါကင်းလှည့်မှုတွင် ရုရှားစစ်ဘက်မှ Tigr အတန်းအစား ခြေလျင်သုံးလှုပ်ရှားစစ်ကစားနိုင်သော မော်တော်ယာဉ်များ၊ Rys Lynx အတန်းအစား သံချပ်ကာယာဉ်များနှင့် MRAP အတန်းအစား သံချပ်ကာယာဉ်များပါဝင်ပြီး တူရကီ စစ်ဘက်မှ Kirpi MRAP အတန်းအစား သံချပ်ကာယာဉ်များ ပါဝင်ကင်းလှည့်ခဲ့ကြပါ သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဆီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ အခြေအနေများအား ထိန်းသိမ်းရန်အတွက် ပူးတွဲကင်းလှည့်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ကာကွယ်ရေးဆိုင်ရာစက်မှုကဏ္ဍ၌ပူးပေါင်းဆောင်ရွက်ရန်တူရကီသမ္မတနှင့်ယူကရိန်းသမ္မတတို့သဘောတူညီခဲ့ခြင်း

        တူရကီနှင့် ယူကရိန်းနိုင်ငံတို့အကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု ဖြစ်သော ကာကွယ်ရေးဆိုင်ရာစက်မှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်သွားရန် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး (Volodymyr Zelensky) တို့အကြား သဘောတူညီခဲ့ကြောင်း Sputnik သတင်းဌာနက ဧပြီလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် ပင်လယ်နက်ဒေသအတွင်း လုံခြုံရေးနှင့် ငြိမ်ချမ်းမှုရရှိစေရေး သမ္မတ အာဒိုဂန်က အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခ ဖြေရှင်းရေးအတွက် မင့်ခ် (Minsk) သဘောတူညီချက်အား တူရကီနိုင်ငံ၏ ထောက်ခံ ပေးမှုနှင့်ပတ်သက်၍လည်း သမ္မတ အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့ပြီး အဆိုပါ ပဋိပက္ခအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများ ဖြေရှင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

ရုရှားသမ္မတနှင့် တူရကီသမ္မတတို့သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသ ပဋိပက္ခအား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း

Asbarez;Apr-10(Sat)

            ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh) ဒေသပဋိပက္ခနှင့်စပ်လျဉ်း၍ ဧပြီလ ၉ ရက်တွင် တယ်လီဖုန်း မှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ဖုန်းပြောဆိုစဉ် အတွင်း မြေထဲပင်လယ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် တူရကီ၏ စစ်ရေးအခြေအနေ များနှင့် ယူကရိန်းနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးတင်းမာမှုဆိုင်ရာကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါ ရှင်ယန် (Nikol Pashinyan) တို့အကြား “အာမေးနီးယား-အဇာဘိုင်ဂျန် နယ်စပ် ဖွင့်လှစ်ခြင်းနှင့် စစ်ပွဲအတွင်းဖမ်းဆီးထားသည့် အာမေးနီးယားအကျဉ်းသားများ ပြန်လည် စေလွှတ်ပေးခြင်း’’ ခေါင်းစဉ်ဖြင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် အထက်ပါတယ်လီဖုန်းပြောဆိုမှု ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ 
         ထို့ပြင် ပူတင်အနေဖြင့် အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီယက် (Ilham Aliyev) နှင့်လည်း တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ တူရကီသမ္မတ အာဒိုဂန်သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသအတွင်း ပဋိပက္ခအခြေအနေများ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့သည့် ရုရှား၏လုပ်ဆောင်မှုအပေါ် ချီးကျူးစကားပြောကြားခဲ့ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် တောင် ကော့ကေးဆပ်ဒေသတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်အား အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ သည်ဟု ၎င်းက ထပ်လောင်းကြေညာခဲ့ကြောင်း သိရှိရပါသည်။

Saturday, April 10, 2021

ဆားဘီးယားနိုင်ငံဆိုင်ရာကောင်စစ်ဝန်အဖြစ်ခန့်အပ်လွှာအားဆားဘီးယားနိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီးထံသို့ပေးအပ်၍ကောင်စစ်ဝန်လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း

        ဆားဘီးယားနိုင်ငံဆိုင်ရာ တူရကီကောင်စစ်ဝန် ဘာဆာဘဆို (Basar Basol) သည် ဆားဘီးယားနိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီး ဗီရာဗူကီဆီဗစ် (Vera Vukicevic) ထံသို့ ၎င်း၏ဆားဘီးယားနိုင်ငံဆိုင်ရာ တူရကီကောင်စစ်ဝန်အဖြစ်ခန့်အပ်လွှာအား ဧပြီလ ၉ ရက်တွင်ပေးအပ်ခဲ့ပြီး ကောင်စစ်ဝန်လုပ်ငန်းများ တရားဝင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကောင်စစ်ဝန်ရုံးဖွင့်ပွဲအခမ်းအနားအား မြို့တော် ဘယ်လ်ဂရိတ် (Belgrade) တွင် ကျင်းပပြုလုပ်ခဲ့ပြီး တူရကီသံအမတ်ကြီး ဟာမီအက်စ်ဆိုင် (Hami Aksoy) တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားပြီးနောက် ဗူကီဆီဗစ်နှင့်တွေ့ဆုံဆွေးနွေးမှုတွင် ဆားဘီးယား နှင့်တူရကီနိုင်ငံအကြား ကောင်စစ်ဝန်နှင့်အရာရှိများ လည်ပတ်မှုများပြုလုပ်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါသည်။ တူရကီနိုင်ငံ၏ ကောင်စစ်ဝန်ထားရှိမှုသည် ဆားဘီးယားနိုင်ငံ၊ နိုဗီပဇာ (Novi Pazar) ခရိုင်တွင် ပထမဆုံးအကြိမ် သံတမန်ဆက်ဆံရေးတည်ဆောက်ခြင်း ဖြစ်ပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၂၀၁၉ ခုနှစ်တွင် ဆားဘီးယားနိုင်ငံသို့ရောက်ရှိစဉ်အတွင်း တူရကီနိုင်ငံ၏ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံအတွင်း COVID -19ကပ်ရောဂါတတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါထိန်းချုပ်နိုင်မှု လုပ်ငန်းစဉ်များလျော့ကျလျက်ရှိကြောင်း

        ပိုလန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးနိုင်ခဲ့သော်လည်း ၎င်းနိုင်ငံအတွင်း၌ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်းရှိဆေးရုံများအနေဖြင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်စွမ်းလျော့ကျလျက်ရှိကြောင်း CGTN သတင်းဌာနက ဧပြီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ လာမည့်သီတင်းပတ်အတွင်း အီစတာ (Easter) ပွဲတော်ဆင်နွှဲရာ၌ ကပ်ရောဂါကူးစက်မှုများ တိုးပွားလာနိုင်သောကြောင့် ပိုလန်အစိုးရ အနေဖြင့် နိုင်ငံအတွင်း ချမှတ်ထားသည့် ထိန်းချုပ်ကန့်သတ်မှုများကို ဧပြီလ ၈ ရက်မှ ၁၈ ရက်အထိ တိုးမြှင့်ခဲ့ပါသည်။ ပိုလန်ဆေးရုံများတွင် ဆေးရုံကုတင်များနှင့် အသက် ရှူစက်များကို ၈၀ ရာခိုင်နှုန်းနီးပါး အသုံးပြုနေရခြင်းကြောင့် အန္တရာယ်ရှိသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပိုလန်ကျန်းမာရေးဝန်ကြီး၏ သတိပေး ပြောကြားချက်အရ သိရှိရပါသည်။

Friday, April 9, 2021

D-8 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်အား အတူတကွ တည်ဆောက်ရန် အရေးကြီးကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

Dhakatribune; Apr–8 (Thu)

    ဖွံ့ဖြိုးဆဲ ၈ နိုင်ငံ (Developing–8) ဟုခေါ်ဆိုသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (D-8 Organization for Economic Cooperation) ၏ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လက်ရှိအချိန်၌ ပိုမိုကောင်းမွန်သည့်အနာဂတ်အား အတူတကွ တည်ဆောက်ရန် အရေးကြီးကြောင်းနှင့် D-8 အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်အား ဖန်တီးနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) က ဧပြီလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဧပြီလ ၅ ရက်မှ ၈ ရက်အထိ online မှတစ်ဆင့် ကျင်းပပြု လုပ်ခဲ့သည့် D-8 အဖွဲ့၏ (၁၀)ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ အပိတ်မိန့်ခွန်း၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်၌ ကမ္ဘာ့နိုင်ငံ များသည် အလွန်အရေးကြီးသည့်အချိန်ကာလကို ဖြတ်သန်းနေရသည့်အချိန်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး၌ ထိခိုက်မှုများဖြစ်ပွားခဲ့ရကြောင်းလည်း ဟာဆီနာက ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် D-8 ဆွေးနွေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ တူရကီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှခေါင်းဆောင်များ တက်ရောက်ခဲ့ ပါသည်။

    အဆိုပါဆွေးနွေးပွဲ၌ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် လာမည့် ၂ နှစ်တာ ကာလအတွင်း တာဝန်ထမ်းဆောင်မည့် D-8 အဖွဲ့၏ဥက္ကဋ္ဌတာဝန်ကိုလည်း တူရကီ နိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပါသည်။ D-8 အဖွဲ့ဝင်နိုင်ငံများ၏ လူငယ်များဆိုင်ရာ ဆွေးနွေးပွဲအား ယခုနှစ်၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲမှ တစ်ဆင့် အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ D-8 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ် ကြောင်းလည်း ဟာဆီနာက ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုထက် ပိုမိုကောင်းမွန် သည့် D-8 အဖွဲ့ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များ၌လည်း အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများအတွက် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာသည့် ရလဒ်ကောင်းများရရှိစေရေး အတူတကွ ကြိုးပမ်းဆောင်ရွက် ကြရန်လိုသည်ဟု ဟာဆီနာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    D-8 Organization for Economic Cooperation) အနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးသို့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေး အညီအမျှ ရောက်ရှိစေရန် ကုန်စည်တင်ပို့မှုကန့်သတ်ချက်များအား လျှော့ချပေးသွားသင့်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း (Imran Khan) က ပြောကြားခဲ့ပါသည်။ ကမ္ဘာ တစ်ဝန်းရှိပြည်သူများ အသက်ရှင်သန်နိုင်စေရေးတို့အတွက် COVID-19 ကာကွယ်ဆေးများ အချိန်မီပေးပို့နိုင်စေရန် ထုတ်လုပ်မှုတိုးမြှင့်ခြင်းများပြုလုပ်သွားသင့်ကြောင်း အမ်ရန်ခန်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် လူငယ်များ၏ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကျွမ်းကျင် မှုနှင့် လေ့ကျင့်မှုများဆောင်ရွက်ခြင်း၊ တီထွင်ဖန်တီးမှုများမြှင့်တင်ခြင်း၊ နည်းပညာများ အသုံးပြုခြင်းမှတစ်ဆင့် လူငယ်များ၏အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ D-8 အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Thursday, April 8, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဂရိနိုင်ငံခြားရေးဝန်ကြီးတို့လာမည့်သတင်းပတ်တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း

        တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် လာမည့်သီတင်းပတ်အတွင်း ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှု မတိုင်မီ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူသည် တူရကီနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး မိုက်ကယ်ခရစ္စတို့စ် (Michael-Christos) အား ဧပြီလ ၇ ရက်တွင် လက်ခံ တွေ့ဆုံခဲ့ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ကနဦးဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ တူရကီနှင့် ဂရိ နိုင်ငံတို့သည် နှစ်နိုင်ငံအကြား အငြင်းပွားလျက်ရှိသော အေဂျီယံနှင့်မြေထဲပင်လယ်ဆိုင်ရာ နယ်နိမိတ်အငြင်းပွားမှုများကို ယခုနှစ်အတွင်း အဆုံးသတ်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းနိုင်ငံသို့ချစ်ကြည်ရေးသွားရောက်၍ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း

        ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇဘစ်နီရူ (Zbigniew Rau) သည် ယူကရိန်းနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီး ဒမီထရိုကူလီဘာ (Dmytro Kuleba)နှင့်တွေ့ဆုံခဲ့ကြောင်း ဧပြီလ ၈ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ ယင်းတွေ့ဆုံမှုအတွင်း ဒွန်းဘတ်(Donbass) ဒေသရှိ အခြေအနေများ ပိုမိုဆိုးရွားလာမှုနှင့် ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမှုများနှင့် ပတ်သက်သောကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။ ဇဘစ်နီရူသည် ၎င်းခရီးစဉ်အတွင်း ဒွန်းဘတ်အရေးနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များ နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူရကီသမ္မတသည် D-8 ညီလာခံသို့တက်ရောက်သွားမည်ဆိုခြင်း

Anadalu Agency; Apr-8(Thu)
            တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဧပြီလ ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၁၀)ကြိမ်မြောက် D-8 ညီလာခံသို့တက်ရောက်သွားမည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အဆိုပါဆွေးနွေးပွဲ၌ လာမည့် ၂ နှစ်တာကာလအတွက် တာဝန်ထမ်းဆောင်မည့် D-8 အဖွဲ့၏ဥက္ကဋ္ဌတာဝန်အား တူရကီနိုင်ငံထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။ “ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတစ်ခုအတွက် မိတ်ဖက်ဆက်ဆံရေး၊ လူငယ်နှင့်နည်းပညာ စွမ်းအားကိုအသုံးချခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမည့် ညီလာခံသို့ D-8 အဖွဲ့ဝင် နိုင်ငံများ၏ခေါင်းဆောင်များအပြင် အထူးဧည့်သည်အဖြစ်ဖိတ်ကြားခံရသည့် အစ္စလာမ္မစ် ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဥက္ကဋ္ဌလည်း တက်ရောက်မည်ဖြစ်ပါသည်။ 
     ညီလာခံအတွင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များသည် D-8 ၏အစီအစဉ်တွင် ပါဝင်သွားမည်ဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်များဖလှယ်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုတိုက်ဖျက်ရာ၌ ညှိနှိုင်းဆောင်ရွက်ခြင်း အပြင် အဖွဲ့အစည်းအတွင်းရှိ နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်ရန်၊ အနာဂတ်အတွက် မျှော်မှန်းချက်ကိုဖော်ထုတ်ရန်နှင့် လမ်းပြမြေပုံရေးဆွဲရန်တို့ကို ရည်ရွယ်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ညီလာခံအပြီးတွင် ၂၀၂၀-၂၀၃၀ ပြည့်နှစ်အတွက် Dhaka Declaration နှင့် D-8 Decennial Roadmap စာရွက်စာတမ်းနှစ်ခုကို အတည်ပြုသွား မည်ဖြစ်သည်ဟု သိရှိရပါသည်။

Wednesday, April 7, 2021

တူရကီသမ္မတသည် ဥရောပကောင်စီအကြီးအကဲ၊ဥရောပသမ္မဂအကြီးအကဲ တို့နှင့်တူရကီနိုင်ငံ၌ အစည်းအဝေးကျင်းပခဲ့ခြင်း

            တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဥရောပကောင်စီအကြီးအကဲ ချားလ်မီရှယ် (Charles Michel)၊ ဥရောပသမဂ္ဂက ကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula van der Leyen) တို့နှင့် အတူ တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာ (Ankara) ၌ တံခါးပိတ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအတွင်း တူရကီနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ပြီးခဲ့သည့်နွေရာသီအတွင်း တူရကီနိုင်ငံသည် ရေနံရှာဖွေရေးသင်္ဘောအား မြေထဲပင်လယ်အတွင်း စေလွှတ်ခဲ့ခြင်းကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပေါ်ခဲ့သည့်တင်းမာမှုများနှင့် သဘောထားကွဲလွဲမှုများသည် ပိုမိုဆိုးရွားလာခဲ့ ပြီးနောက် အဆိုပါအစည်းအဝေး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက EU ခေါင်းဆောင်များသည် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကုန်သွယ်မှုကိစ္စရပ်များတွင် တိုးမြှင့်ဆောင်ရွက် သွားရန် တူရကီနိုင်ငံနှင့် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

လစ်ဗျားနှင့် ဂရိဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Xinhua; Apr-7(Wed)

        လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒ်ဒီဘီဘတ် (Abdul Hamid Dbeibah) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတာကစ် (Kyriakos Mitsotakis) တို့သည် ဧပြီလ ၆ ရက်တွင် မြို့တော်ထရီပိုလီ (Tripoli) ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ဖော်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိ အချိန်တွင် လစ်ဗျားနိုင်ငံသည် နှစ်နိုင်ငံဆိုင်ရာဘုံအကျိုးစီးပွားကို ပြန်လည်တည်ဆောက် ပေးနိုင်မည့် သံတမန်ဆက်ဆံ‌ရေးတစ်ရပ်ကို ဖော်ဆောင်သွားနိုင်ရန် မျှော်လင့်လျက် ရှိကြောင်း ဒီဘီဘတ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် မြို့တော်ထရီပိုလီ၌ ဂရိသံရုံးပြန်လည်ဖွင့်လှစ်ရေး၊ နှစ်နိုင်ငံဆိုင်ရာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံနှင့် ပညာရပ်များဖလှယ်ရေးဆိုင်ရာကိစ္စရပ်အပြင် စီးပွားရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၊ စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန်သဘော တူညီချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များက‌ ဖော်ပြခဲ့ပါသည်။ 
     လစ်ဗျား၊ ဂရိ၊ တူရကီနိုင်ငံတို့၏ အခွင့်အရေးများနှင့် အဆိုပါဒေသအတွင်း ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာကိစ္စရပ်များအတွက် ပင်လယ်ရေကြောင်းသတ်မှတ်ရေးဆိုင်ရာ လစ်ဗျား-တူရကီ နားလည်မှုစာချွန်လွှာ (Libyan-Turkish Memorandum of Understanding) ဖော်ဆောင်သွားရန်လိုအပ်ကြောင်း ဒီဘီဘတ်က ဖော်ပြခဲ့ပါသည်။ လစ်ဗျားနိုင်ငံတွင် လက်ရှိဖွဲ့စည်းထားရှိသော လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (Libyan Government of National Unity) သည် ပြည်ပနိုင်ငံများ အထူးသဖြင့် မြေထဲပင်လယ်အတွင်းရှိနိုင်ငံများနှင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်လာရန် ဆောင်ရွက် လျက်ရှိပါသည်။ ဂရိဝန်ကြီးချုပ်အနေဖြင့် လစ်ဗျားနိုင်ငံသို့ ယခုတစ်ကြိမ် ချစ်ကြည်‌ရေး ခရီးစဉ် လာရောက်ခဲ့ခြင်းသည် လစ်ဗျား-ဂရိ ပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်များ တည်ဆောက်ရန်နှင့် လစ်ဗျားနိုင်ငံအတွက် ငြိမ်းချမ်း‌ရေးလမ်းစဉ်များကို ဖော်ဆောင် ပေးရန်အတွက်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂနှင့် တူရကီတို့သည် စီးပွားရေးနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားရန်ရှိခြင်း

Xinhua; Apr-7 (Wed)

    ဥရောပသမဂ္ဂ (EU) အနေဖြင့် ပိုမိုကောင်းမွန်သော စီးပွားရေးနှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်နိုင်ရန် အတွက် တူရကီနိုင်ငံနှင့် တိကျသောအစီအစဉ်များ ပြုလုပ်သွားရန်အသင့်ရှိကြောင်း ဧပြီလ ၆ ရက်တွင် EU ထိပ်တန်းအရာရှိများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီရန် (Ursula von der Leyen) နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌ ချားစ်မိုက်ကယ် (Charles Michel) တို့သည် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် မြို့တော်အန်ကာရာ၌ တွေ့ဆုံမှုအပြီးတွင် အထက်ပါမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် အခြေခံအခွင့်အရေးများအား လေးစားလိုက်နာခြင်းသည် ဥရောပသမဂ္ဂ၏ အဓိကတန်ဖိုးများဖြစ်ပြီး တူရကီနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေမှုများကိုလည်း အလေးအနက်ထားကြောင်း မိုက်ကယ်က ပြောကြားခဲ့ပါသည်။

    ဥရောပသမဂ္ဂသည် တူရကီနိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်ကဏ္ဍတွင် အရေးပါသည့် မိတ်ဖက်အဖွဲ့အစည်းဖြစ်ပြီး နှစ်နိုင်ငံအကြား အကောက်ခွန်ဆိုင်ရာ အခက်အခဲများအား ဖယ်ရှားရန် အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုတိုးမြှင့်ခြင်းနှင့် သဘောတူညီချက် အဆင့်မြှင့်တင်ခြင်းများလည်း လုပ်ဆောင်သွားမည်ဟု ဗွန်ဒါလီရန်က အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် လူအများအပြား ရွှေ့ပြောင်းသွားလာနေထိုင်ရေးဆိုင်ရာ Erasmus အစီအစဉ်ကိုလည်း ထောက်ပံ့သွားရန် ဆန္ဒရှိကြောင်း မိုက်ကယ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ နောက်ဆုံးအချက် အနေဖြင့် ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံတို့အကြား ၂၀၁၆ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ သဘောတူညီချက်အရ နေရပ်စွန့်ခွာထွက်ပြေး နေရသည့် ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးအတွက် တူရကီနိုင်ငံအပေါ် ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂတာဝန်ရှိသူများက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

Tuesday, April 6, 2021

အမေရိကန်သည် ရုရှားနှင့်လက်နက်ရောင်း၀ယ်မှုပြုလုပ်ခဲ့သည့် တူရကီအရာရှိများအား အရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဆိုခြင်း

Sputnik; April-5 (Mon) 
     တူရကီကာကွယ်ရေးစက်မှုလက်မှုလုပ်ငန်း (Savunma Sanayii Başkanlığı- SSB) အကြီးအကဲဖြစ်သူ အစ်မေးလ်ဒီမီရာ( (Ismail Demir) အပါအဝင် ထိပ်တန်း အရာရှိကြီး ၄ ဦးအား တန်ပြန်ပိတ်ဆို့မှုအက်ဥပဒေ (Countering American Adversaries Through Sanctions Act- CAATSA) နှင့်အညီ အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း Sputnik သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

ဂရိနှင့် ဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း

        ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် ဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christodoulides) တို့သည် ဧပြီလ ၅ ရက်တွင် ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ် (Belgrade) မြို့တော်၌ ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီး နီကိုလာဆီလာကိုဗစ် (Nikola Selakovic) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား အတူတကွလုပ်ဆောင်ရန်ကတိပြုခဲ့ကြပြီး ၃ နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၆ လတစ်ကြိမ် ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပါသည်။ ယခုတွေ့ဆုံမှုသည် ၎င်းတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုတစ်ခုဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အဦ၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍများတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ဆီလာကိုဗစ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီတိုက်လေယာဉ်များ အီရတ်နိုင်ငံမြောက်ပိုင်းကာ့ဒ်ဒေသရှိ ဒူဟော့စီရင်စုအားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း

        တူရကီ F-16 တိုက်လေယာဉ်များသည် အီရတ်နိုင်ငံမြောက်ပိုင်းကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒူဟော့ခ် (Duhok) စီရင်စုအား ဧပြီလ ၅ ရက်ညက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အီရတ်နိုင်ငံရှိ Shafaq သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီတိုက်လေယာဉ်များသည် ကာဘီကီ (Kabirki) တောင်ကုန်းအား အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုအားမသိရှိရသေးကြောင်း အဆိုပါသတင်းဌာနကဖော်ပြခဲ့ပါသည်။ တူရကီ လေတပ်သည် ဆီးရီးယား၊ အီရတ်နိုင်ငံတို့သာမက နိုင်ငံတောင်ပိုင်းနယ်စပ်ရှိ ကာ့ဒ်တပ်ဖွဲ့ များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ကာ့ဒ်တပ်ဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တူရကီနိုင်ငံအတွင်းမှတိုက်ခိုက်လျက်ရှိပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံသို့ ထွက်ပြေးအခြေပြုကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်သည် ရုရှားနှင့်လက်နက်ရောင်း၀ယ်မှုပြုလုပ်ခဲ့သည့် တူရကီအရာရှိများအား အရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဆိုခြင်း

Sputnik; Apr -5 (Mon)

    တူရကီကာကွယ်ရေးစက်မှုလုပ်ငန်း (Presidency of Defense Industries-SSB) အကြီးအကဲဖြစ်သူ အစ္စမေးလ်ဒီမီရာ (Ismail Demir) အပါအဝင် ထိပ်တန်း အရာရှိကြီး ၄ ဦးအား ပိတ်ဆို့အရေးယူမှုမှတစ်ဆင့် အမေရိကန်၏ပြိုင်ဘက်များအား တန်ပြန်ခြင်းအက်ဥပဒေ (Countering America’s Adversaries Through Sanctions Act- CAATSA) နှင့်အညီ အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း Sputnik သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အမေရိကန်အစိုးရသည် တူရကီနှင့် ရုရှား နိုင်ငံတို့အကြား ကာကွယ်ရေးနှင့် ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုကို လိုလားခြင်း မရှိသကဲ့သို့ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ် များအား တူရကီနိုင်ငံကဝယ်ယူမှုအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိပါသည်။

အထက်ပါအရေးယူပိတ်ဆို့မည့်ထုတ်ပြန်ကြေညာချက်တွင် SSB ဥက္ကဋ္ဌ အစ်မေးလ်ဒီမီရာအပါအဝင် ဒုတိယဥက္ကဋ္ဌ ဖာရက်ရီဂျစ် (Faruk Yigit)၊ SSB ၏ အာကာသနှင့် လေကြောင်းကာကွယ်ရေးဌာနအကြီးအကဲဖြစ်သူ ဆာဟတ်ဂျန်ကိုဂလူ (Serhat Gencoglu) နှင့် SSB ၏ ဒေသတွင်းလေကြောင်းကာကွယ်ရေးဦးစီးဌာန၏ စီမံကိန်းမန်နေဂျာ မူစတာဖာအယ်လ်ပါဒန်းနစ်ဇ် (Mustafa Alper Deniz) တို့အား CAATSA အက်ဥပဒေနှင့်အညီ အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု ပါရှိပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုများအပေါ် အမေရိကန်အနေဖြင့် အရေးယူမှုလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့သော်လည်း ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များ ဝယ်ယူခဲ့ ခြင်းကြောင့် CAATSA အက်ဥပဒေအား လက်ကိုင်ပြု၍ တူရကီနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ရန် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Monday, April 5, 2021

အရှေ့ဥရောပဒေသ၌ ရုရှားနိုင်ငံ၏ ကျူးကျော်ရန်စမှုများ မြင့်တက်လာသောကြောင့် အမေရိကန်ဥရောပစစ်ဌာနချုပ်က တပ်အသင့်ရှိစေရန် သတိပေးမှုများပြုလုပ်ခဲ့ခြင်း

Newsmax; Apr-5(Mon)

            ရုရှားနိုင်ငံအနေဖြင့် ပြီးခဲ့သည့်သီတင်း ၂ ပတ်အတွင်း အာတိတ်နှင့် အရှေ့ ဥရောပဒေသများ၌ ကျူးကျော်ရန်စမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန် ဥရောပစစ်ဌာနချုပ်က တပ်အသင့်ရှိနေစေရန် သတိပေးမှုတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း Politico သတင်းဌာနက ဧပြီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ယူကရိန်းအရှေ့ပိုင်း၌ စစ်ဘက်တပ်ဖွဲ့များနှင့် စစ်လက်နက်ပစ္စည်းများတိုးမြှင့်ချထားခြင်းနှင့် အမေရိကန်နိုင်ငံ၊ အလက်စကာ (Alaskan) ပြည်နယ် လေပိုင်နက်အနီး ရုရှားလေယာဉ်များ ပျံသန်းခြင်းများပြုလုပ်ခဲ့ခြင်းဖြစ် ပါသည်။ ရုရှားနိုင်ငံ၏ ယူကရိန်းနှင့်ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် ချိုးဖောက်မှုများအပါအဝင် ဒေသတွင်းတင်းမာမှုနှင့်ပတ်သက်၍ အမေရိကန်အနေဖြင့် နေတိုး (NATO) မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အနေဖြင့် ယူကရိန်းအရှေ့ပိုင်း ဒိုနတ်စ်က်ခ် (Donetsk) ဒေသ၌ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများနှင့် ယူကရိန်း တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်လျက်ရှိကြောင်း ဂျွန်ကာဘီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် လက်ရှိလုပ်ဆောင်မှုများသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အစိုးရ၏ မကြာသေးမီက လုပ်ဆောင်ခဲ့သည့် နိုင်ငံခြားရေးမူဝါဒအသစ်များကို စိန်ခေါ်နေခြင်းဖြစ်ပြီး ဂျိုးဘိုင်ဒင်၏ ဦးဆောင်နိုင်မှုကို စမ်းသပ်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ 
                ထို့ပြင် ရုရှား နိုင်ငံသည် စစ်အေးကာလအတွင်း ကမ္ဘာပေါ်၌ ၎င်း၏လွှမ်းမိုးမှုများကို မြင့်မားစေရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ အဖြစ်ရပ်တည်လျက်ရှိကြောင်း အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျီလန်ဗန်ဟာခ့် (Glen VanHerck) က ပြောကြားခဲ့ပါသည်။ NATO တိုက်လေယာဉ် များသည် မြောက်အတ္တလန္တိတ်၊ မြောက်ပင်လယ် (North Sea)၊ ပင်လယ်နက် (Black Sea) နှင့် ဘောလ်တစ် (Baltic Sea) ပင်လယ်များ၌ ပျံသန်းမှုများပြုလုပ်ခဲ့သည့် ရုရှား ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များကို နောက်ယောင်ခံရန်အတွက် မတ်လ ၂၉ ရက်တွင် (၁၀)ကြိမ်ခန့် ခြိမ်းခြောက်ပျံသန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဘူလ်ဂေးရီးယားဝန်ကြီးချုပ်၏ပါတီသည် ရွေးကောက်ပွဲအတွင်း မဲအများဆုံးရရှိခဲ့ခြင်း


Bangkokpost; Apr-5 (Mon)

လက်ရှိ ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ် (Boyko Borisov)၏ ဗဟိုလက်ယာယိမ်း GERB ပါတီသည် ဧပြီလ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၂၃.၇၈ ရာခိုင်နှုန်းဖြင့် မဲအများဆုံးပါတီဖြစ်လာခဲ့ ပါသည်။ အတိုက်အခံပါတီခေါင်းဆောင် ဆလာဗီတရဖ်အွန်နော့ဇ် (Slavi Trifonov) ဦးဆောင်သော There is such a people ပါတီသည် ၁၉.၀၃ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာနှင့် ဘူလ်ဂေးရီးယားဆိုရှယ်လစ်ပါတီ (Bulgarian Socialist Party-BSP) သည် ၁၄.၈၅ ရာခိုင်နှုန်းဖြင့် တတိယနေရာရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဘူလ်ဂေးရီးယား ဒီမိုကရက်တစ် (Democratic Bulgaria) ပါတီသည် ၁၁.၀၅ ရာခိုင်နှုန်း၊ တူရကီအခွင့် အရေးနှင့်လွတ်လပ်ခွင့်လှုပ်ရှားမှု (Turkish Movement of Rights and Freedoms-DPS) ပါတီသည် ၈.၉၂ ရာခိုင်နှုန်း၊ Stand up, Mafia out ပါတီသည် ၅.၂ ရာခိုင်နှုန်းနှင့် VMRO အမည်ရှိ အမျိုးသားရေးပါတီသည် ၄ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါသည်။

GERB ပါတီရရှိခဲ့သည့် မဲအရေအတွက်သည် အစိုးရတစ်ရပ်ဖွဲ့စည်းရန် မဖြစ်နိုင်သဖြင့် ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်အနေဖြင့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် အခြားသောပါတီများအား တိုက်တွန်းခဲ့ပါသည်။ အလားတူ There is such a people ပါတီသည် Democratic Bulgaria ပါတီ၊ Stand up, Mafia out ပါတီတို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းသွားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါ ပါတီ ၃ ခု၏ စုပေါင်းအင်အားသည် လွှတ်တော်အမတ်နေရာ ၂၄၀ တွင် အမတ်နေရာအများဆုံးရရှိရန် လုံလောက်မှုမရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ သို့သော် GERB ပါတီက ကမ်းလှမ်းသည့် ညွန့်ပေါင်းအစိုးရအဖွဲ့သို့ ဝင်ရောက်မည်မဟုတ်ကြောင်း Democratic Bulgaria ပါတီ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဟစ်စတိုအီဗန်နော့ဗ် (Hristo Ivanov) က အစိုးရအသစ်ဖွဲ့စည်းရန်အတွက် ဆွေးနွေးပွဲ များမပြုလုပ်မီ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sunday, April 4, 2021

တူရကီနိုင်ငံသည် ပြည်တွင်းထုတ် Altay တင့်ကားအား စမ်းသပ်မှုများပြုလုပ်သွားမည်ဆိုခြင်း

Armyrecognition; Apr-3 (Sat)

တူရကီနိုင်ငံသည် ၎င်းတို့ပြည်တွင်းကုမ္ပဏီဖြစ်သည့် BMC ကုမ္ပဏီမှထုတ်လုပ် သည့် Altay အမျိုးအစား ပင်မတိုက်ပွဲဝင်တင့်ကားအား ဧပြီလအတွင်း စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းဥက္ကဋ္ဌ အစ်မလီ ဒီမာ (Ismail Demir) က ပြောကြားခဲ့ပါသည်။ ပြည်တွင်းထုတ် Altay ပင်မတိုက်ပွဲဝင် တင့်ကားတည်ဆောက်ရေးစီမံကိန်းအား အိုတိုကာ (Otokar) ကုမ္ပဏီမှ ၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံးရှေ့ပြေးပုံစံသစ်ကို ဆာကာရာ (Sakarya) ရှိ အိုတိုကာစက်ရုံ၌ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်ကာ အဆိုပါတင့်ကားများ ဆက်လက်ထုတ်လုပ်ရေးအတွက် ကန်ထရိုက် ရရှိခဲ့ကြောင်း BMC ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် BMC ကုမ္ပဏီသည် ပြည်တွင်းထုတ် Altay ပင်မ တိုက်ပွဲဝင်တင့်ကား ပထမဆုံးအကြိမ် အစီးရေ ၂၅၀ ဝယ်ယူရေးနှင့် အစီးရေ ၁,၀၀၀ အထိ ထုတ်လုပ်ရေးအတွက် တူရကီကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းထံမှ ကန်ထရိုက် တစ်ခုကို တရားဝင်လက်ခံရရှိခဲ့ပါသည်။ Altay ပင်မတိုက်ပွဲဝင်တင့်ကားအား သမားရိုးကျ အတိုင်း ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ပြီး မြင်းကောင်ရေ ၁,၅၀၀ ရှိသော ဒီဇယ်အင်ဂျင်အားတပ်ဆင်ထားပြီး Rokestan ကုမ္ပဏီမှထုတ်လုပ်သော ခေတ်မီတင့်ဖျက် ပဲ့ထိန်းဒုံးကျည်နှင့် RPG လက်နက်များဒဏ်ကိုခံနိုင်သည့် သံချပ်ကာ ကာကွယ်ရေး နည်းပညာအပါအဝင် နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါ သည်။ Altay ပင်မတိုက်ပွဲဝင်တင့်ကား၌ တောင်ကိုရီးယားနိုင်ငံ Hyundai Rotem ကုမ္ပဏီမှ နည်းပညာလွှဲပြောင်းပေးထားပြီး တူရကီ MEK ကုမ္ပဏီကထုတ်လုပ်သည့် ၁၂၀ မမ ပြောင်းချောတပ်ဆင်ထားကာ ၇.၆၂ မမ စက်သေနတ်ကြီးတစ်လက်နှင့် ၇.၆၂ ၊ သို့မဟုတ် ၁၂.၇ မမ စက်သေနတ်တပ်ဆင်ပစ်ခတ်နိုင်သည့် အဝေးထိန်းစက်သေနတ် တစ်လက်တို့ တပ်ဆင်ထားကြောင်း သိရှိရပါသည်။

Saturday, April 3, 2021

Poland accused of abandoning domestic violence victims

 

Wed 7 Apr 2021 14.25 BSTWomen’s rights activists and opposition MPs have accused the Polish government of abandoning victims of domestic violence as a bill that would in effect take the country out of a key international convention on violence against women moved through parliament.

A vote last week on its first reading prompted demonstrations around Warsaw, including at the parliament, constitutional court and education ministry. Activists fear that victims of domestic violence will be left with no support or protection.

The vote to send it for examination by parliamentary committees took place only days after Turkey, the first state to ratify the Istanbul convention, withdrew from it by presidential decree. No date for a second reading in Poland has yet been set.

Advertisement

“Withdrawal from the Istanbul convention would signal to the international community that Poland is moving away from the west, from democracy and human rights, and is instead going in the direction of Turkey and dictatorship,” said the opposition MP Barbara Nowacka, the leader of the centre-left Polish Initiative party.

The Istanbul convention aims to prevent domestic violence and other forms of violence against women. The legally binding treaty was signed by 34 European countries and came into effect in 2014.

Rightwing politicians in Poland and activists from Ordo Iuris, the ultraconservative legal group behind the bill, have argued that the convention promotes “gender ideology”. Proponents of the bill – named“Yes to family, no to gender” – want the Polish government to write its own anti-violence legislation that will “secure the rights of families”.

Marta Lempart, the leader of the National Women’s Strike, the organisation behind Poland’s large pro-choice demonstrations and last week’s protests, accused the government of wanting “to legalise domestic violence”.

She said a 2019 bill that would have decriminalised first instances of domestic violence was rejected by parliament, but she feared that without the protection of the convention, similar legislation would be allowed to pass in the future.

“The government has already cut funding to organisations which support victims of domestic violence. They want to disassemble the whole system of support,” she said.

The bill was introduced to parliament only months after the Polish government approved a near-total abortion ban.

“Poland’s conservative and authoritarian government opposes female emancipation and seeks to preserve a certain status quo,” said Wanda Nowicka, an MP from the leftwing Spring party.

Recent polls suggest such social conservatism does not have overwhelming support, with 70% of Poles backing the widespread protests against the abortion ban and a majority wanting same-sex relationships to have legal recognition.

Lempart argues that the government’s abortion ban has only mobilised opposition. “There are now more people who support legal abortion than there are those who support the government,” she said. “Now everyone knows the phone number to Abortion Without Borders [an organisation that helps people access abortion pills or surgical abortions abroad]. I know that eventually we will become a normal, modern, secular country.”

Many opposition-controlled city councils have taken steps to publicly challenge the government. In February, Kraków announced that the square outside the headquarters of the ruling Law and Justice party, where the first pro-choice protesters gathered, would be renamed the Square of Women’s Rights.

Kraków has also recently joined other cities, such as Warsaw, Gdańsk, Łódź and Częstochowa, which finance IVF treatment for their residents after the government cut funding for the procedure in 2016. This week Wrocław, Poland’s fourth-largest city, signed a “declaration of respect and human rights” that is seen as a response to the notorious “LGBT-free zone” legislations introduced by some local councils.

“I think we made huge progress,” said Anna Wiatrowska, a postgraduate psychology student in Warsaw who has taken part in the pro-abortion protests and who runs a feminist Instagram account. “During the first [pro-abortion] protests [in 2016], people were reluctant to shout ‘abortion’ in a public space. They would say: ‘Let’s shout pregnancy termination instead,’” Wiatrowska recalled. “While today, no one is pondering on whether or not it’s appropriate to say ‘abortion’ – we just shout it.”

https://www.theguardian.com/world/2021/apr/07/poland-accused-of-abandoning-domestic-violence-victims


ကုလသမ္မဂ၊တူရကီ၊ကာတာနှင့်အမေရိကန်တို့မှ ကိုယ်စားလှယ်များသည်တူရကီနိုင်ငံ၌ကျင်းပမည့်အာဖဂန်ငြိမ်းချမ်းရေးညီလာခံမတိုင်မီ ဆွေးနွေးမှုများပြုလုပ်ရန် အာဖဂန်နစ္စတန်အစိုးရ၏စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်ကပြောကြားခဲ့ခြင်း

            ကုလသမဂ္ဂ၊ တူရကီ၊ ကာတာနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များသည် တူရကီနိုင်ငံ၌ကျင်းပမည့် အာဖဂန်ငြိမ်းချမ်းရေးညီလာခံမတိုင်မီ ဆွေးနွေးမှုများပြုလုပ်ရန် အာဖဂန်နစ္စတန်အစိုးရ၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့နှင့် ကာတာ နိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း အာဖဂန်အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင် ဂူလမ်ဖာရုမဂျ်ရော့ (Ghulam Farooq Majroh) က ဧပြီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အာဖဂန်ငြိမ်းချမ်းရေး ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဇယ်လ်မေးခါလီဇက် (Zalmay Khalilzad) သည် ကာတာရှိ တာလီဘန်ခေါင်းဆောင် မူလ်လာဘာရာဒါ (Mullah Baradar) အပါအဝင် တာလီဘန်အဖွဲ့၏ အခြားထိပ်တန်းခေါင်းဆောင်များနှင့် မတ်လ ၃၀ ရက်တွင်တွေ့ဆုံ၍ အာဖဂန်မှ အမေရိကန်တပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအပါအဝင် ယခင်ရရှိထားသည့် အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ တူရကီ၌ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ကျင်းပမည့် အာဖဂန်ငြိမ်းချမ်းရေးညီလာခံသည် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန် သည့် အထောက်အပံ့ကောင်းတစ်ခုအားရရှိလိမ့်မည်ဟု အာဖဂန်နိုင်ငံရေးသမားများက ယုံကြည်လျက်ရှိကြောင်း သိရှိရပါသည်။