Monday, October 16, 2023

တူကီယဲမောင်းသူမဲ့လေယာဉ်တစ်စင်းသည် အီရတ်နိုင်ငံ မြောက်ပိုင်း၌ တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ခြင်း

တူကီယဲမောင်းသူမဲ့လေယာဉ်တစ်စင်းသည် အီရတ်နိုင်ငံ မြောက်ပိုင်း၌ စက်တင်ဘာလ ၁၇ ရက်တွင် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ ကာ့ဒ်အလုပ်သမားပါတီ (PKK) မှ အကြီးတန်းအဖွဲ့ဝင် ၁ ဦးနှင့် စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ကြောင်း ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၎င်းတိုက်ခိုက်မှုသည် မိုဆူလ် (Mosul) မြို့၊ နီနီဗေးပြည်နယ်၏ အနောက်ဘက်ကီလိုမီတာ ၁၂၀ အကွာ၊ ဆင်ဂျာ (Sinjar) တောင်၏ ချာမာ (Chalmir) ဧရိယာရှိ လမ်းတစ်ခုပေါ်၌ ဒေသစံတော်ချိန် ၃ နာရီတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲတပ်ဖွဲ့များသည် အီရတ်မြောက်ပိုင်းတွင် PKK အဖွဲ့အား တိုက်ခိုက်သည့် မြေပြင်စစ်ဆင်ရေးများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများအား မကြာခဏလုပ်ဆောင်လေ့ရှိပါသည်။ တူကီယဲ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားသော PKK အဖွဲ့သည် တူကီယဲအစိုးရအား နှစ်ပေါင်း ၃၀ ကျော်ကြာ တိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။