Dailysabah;Sep-20(Sun)
လစ်ဗျားနိုင်ငံသည် တူရကီနှင့်ပူးပေါင်း၍ ခေတ်မီတပ်မတော်တစ်ရပ်ထူထောင် နိုင်ရေး
စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လစ်ဗျားကာကွယ်ရေး ဝန်ကြီး ဆာလတ်အက်ဒင်အယ်လ်နမ်ရက်ရှ် (Salah Eddine
al-Namrush) က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့်
လေကြောင်းရန် ကာကွယ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များ၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ရေတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းတို့အား
စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း အယ်လ်နမ်ရက်ရှ်က
၎င်း၏လူမှုကွန်ရက်စာမျက်နှာ တွင်ဖော်ပြခဲ့ပါသည်။ ပထမဆုံးဖွင့်လှစ်မည့်သင်တန်းအား
မြို့တော်ထရီပိုလီ (Tripoli) ၏
အနောက်ဘက်တွင်ဖွင့်လှစ်ရန် ရည်ရွယ်ကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုသည် နိုင်ငံ
တကာအဆင့်မီတပ်မတော်တစ်ရပ်ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း
အယ်လ်နမ်ရက်ရှ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
လစ်ဗျားနိုင်ငံတွင် တပ်မတော်တစ်ရပ်ပြန်လည်ထူထောင်ရာ၌ အကူအညီပေး
ရန်အတွက် တူရကီ၊ ကာတာနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် သဘောတူစာချုပ် တစ်ရပ်အား
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း အယ်လ်နမ်ရက်ရှ်က ကြေညာခဲ့ပါသည်။ တူရကီစစ်ဘက်သည် လစ်ဗျားတပ်မတော်တည်ဆောက်ရာ၌ အာဇာဘိုင်ဂျန်စစ်တပ်အားဖွဲ့စည်းလေ့ကျင့်ရာတွင်
အသုံးပြုခဲ့သည့် နည်းစနစ်များကို အခြေခံ၍
ဆောင်ရွက်သွားနိုင်ဖွယ်ရှိပါသည်။ တူရကီစစ်ဘက်အကြံပေးများနှင့် လစ်ဗျား တပ်မတော်အား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးလျက်ရှိသော
ကာတာနိုင်ငံမှ စစ်ဘက်အဖွဲ့များသည် လေ့ကျင့်ရေး နှင့်
ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်ပါသည်။
လစ်ဗျားတပ်မတော်အား လက်ရှိအချိန်တွင် ပြည်သူ့စစ် များဖြင့်ပေါင်းစုကာ
အလွတ်သဘောဖွဲ့စည်းထားပြီး တူရကီနှင့် ကာတာတို့၏ လေ့ကျင့်မှု များဖြင့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်ရန်
ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်

လစ်ဗျားနိုင်ငံတွင် ဝန်ကြီးချုပ်
ဖာရက်အယ်လ်ဆာရက်ဦးဆောင်သည့် ထရီပိုလီမြို့
အခြေစိုက် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရ အဖွဲ့အား
တူရကီ၊ ကာတာနှင့် အီတလီနိုင်ငံတို့မှ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိပြီး
လစ်ဗျားအမျိုးသားတပ်ဖွဲ့အား အီဂျစ်၊ ရုရှားနှင့် ယူအေအီးနိုင်ငံတို့မှ ထောက်ပံ့ ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိအစိုးရအနေဖြင့်
နိုင်ငံတကာမှအသိအမှတ် ပြုထားသော်လည်း ၎င်းတွင်
တောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်မရှိဘဲ မြို့တော်အနီးတစ်ဝိုက်ရှိ ပြည်သူ့စစ်များဖြင့်သာဖွဲ့စည်းထားသည်ကို
တွေ့ရှိရပါသည်။ လစ်ဗျားနိုင်ငံတွင်
တပ်မတော်တစ်ရပ်ပြန်လည်ထူထောင်ရန်အတွက် တူရကီနိုင်ငံက အကူအညီပေးရန်
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် သဘောတူစာချုပ်တစ်ရပ် အားချုပ်ဆိုခဲ့ကြောင်း
သိရှိရပါသည်။ လေကြောင်းရန်ကာကွယ်ရေး၊ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့များ၊
အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ရေတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ
ပြန်လည်ဖွဲ့စည်းခြင်းတို့ကို စတင်အကောင်အထည်ဖော်လျက် ရှိပြီး ပထမဆုံးဖွင့်လှစ်မည့်သင်တန်းအား
မြို့တော်ထရီပိုလီ၏ အနောက်ဘက်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ လက်ရှိအစိုးရမှာ
တူရကီနိုင်ငံ၏ အကူအညီဖြင့် ခေတ်မီတပ်မတော်တစ်ရပ်တည်ထောင်ရန် ဆောင်ရွက်မှုများသည်
၎င်းတို့အာဏာဆက်လက်တည်မြဲရေးအတွက် အနှောင့်အယှက်ပေးနေသည့်
လစ်ဗျား အမျိုးသားတပ်ဖွဲ့အား နှိမ်နင်းသွားနိုင်ရန်နှင့် နိုင်ငံအားပြန်လည်ထူထောင်ရန် ရည်ရွယ် လုပ်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။