Wednesday, August 30, 2023
ဂရိနိုင်ငံနှင့်အတူ စစ်လက်နက်ပစ္စည်းများပူးတွဲထုတ်လုပ်သွားမည့် အစီအစဉ်တစ်ရပ်အား အာမေးနီးယားနိုင်ငံက ကြေညာခဲ့ခြင်း
လစ်သူရေးနီးယားသည် ၂၀၂၆ ခုနှစ်တွင် ၎င်းနိုင်ငံအတွင်း ဂျာမနီတပ်မဟာတစ်ခု ထားရှိရန် ကြိုးပမ်းလျက်ရှိခြင်း
Anadolu Agency; Aug-30(Wed)
လစ်သူရေးနီးယားသည် ၎င်း၏လုံခြုံရေး ခိုင်မာအားကောင်းလာစေရန်အတွက် ၂၀၂၆ ခုနှစ်တွင် နိုင်ငံအတွင်း၌ ဂျာမနီတပ်မဟာတစ်ခုထားရှိရန် ကြိုးပမ်းလျက် ရှိသည်ဟု လစ်သူရေးနီးယားအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
လစ်သူရေးနီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ် လွတ်လပ်ရေးမရခင်အချိန်ထိ ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါသည်။ ကာလီနင်ဂရက် (Kaliningrad) နယ်မြေအနီး၊ ဘောလ်တစ်ဒေသရှိ လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနိုင်ငံအတွက် ပထဝီအနေအထားအရ မဟာဗျူဟာမြောက် အရေးပါလျက်ရှိပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၂၀၀၄ ခုနှစ်တွင် လစ်သူရေးနီးယားသည် အနောက်တိုင်းဆန်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလာခဲ့ပြီး ဥရောပသမဂ္ဂ (EU) နှင့် NATO အဖွဲ့သို့ ဝင်ရောက်ခဲ့ရာ ရုရှား နိုင်ငံနှင့် ဆက်ဆံရေးတင်းမာလာခဲ့ပါသည်။ ထို့ပြင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း လစ်သူရေးနီးယားသည် ဥရောပနိုင်ငံများ၏ ကြိုးဆွဲရာအတိုင်း လိုက်ပါ ဆောင်ရွက်လျက်ရှိရာ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။
လစ်သူရေးနီးယားသည် ၎င်း၏ဘောလ်တစ်ဒေသအပေါ် ရုရှား၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာလုပ်ဆောင်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းနိုင်ငံအတွင်း NATO ၏နိုင်ငံပေါင်းစုံပါဝင်သော တပ်ရင်းတပ်ဖွဲ့များကို ၂၀၁၇ ခုနှစ်မှစတင်၍ တပ်ဖြန့် ချထားခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ခြင်းနှင့် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခများတွင် ရုရှား၏ လုပ်ဆောင်ချက်များသည် လစ်သူရေးနီးယား နိုင်ငံအတွင်း NATO အဖွဲ့၏ တည်ရှိမှုနှင့် စစ်ရေးလေ့ကျင့်မှုများကို မြင့်တက်လာစေခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် လစ်သူရေးနီးယားသည် ဘီလာရုဇ်မှတစ်ဆင့် ကာလီနင်ဂရက် ဒေသသို့ ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်းများနှင့် ပိတ်ပင်ခြင်းများအပါအဝင် နယ်စပ်ဂိတ်ပေါက်များနှင့် လမ်းကြောင်းများတွင် တပ်ဖွဲ့ဝင် များကို တိုးချဲ့တပ်ဖြန့်ချထားခြင်းများကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။
လစ်သူရေးနီးယားသည် NATO အဖွဲ့သို့ အဓိကဝင်ရောက်လာရခြင်းမှာ ရုရှားနှင့် ဘီလာရုဇ်တို့ကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်နိုင်စေရန်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ လက်ရှိတွင် လစ်သူရေးနီးယားနိုင်ငံသည် ၎င်း၏လုံခြုံရေး ပိုမိုခိုင်မာ အားကောင်းလာစေရန်အတွက် ၂၀၂၆ ခုနှစ်တွင် နိုင်ငံအတွင်း၌ ဂျာမနီတပ်မဟာ တစ်ခုထားရှိရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ပြင် လစ်သူရေးနီးယားအနေဖြင့် ရုရှားနှင့် ဘီလာရုဇ်တို့၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဥရောပနိုင်ငံများ၏ စစ်ရေးဆိုင်ရာအကူအညီများကို တိုးမြှင့်တောင်းခံလာသည်ကိုလည်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ လစ်သူရေးနီးယားနိုင်ငံ၏ အဆိုပါအစီအစဉ်အပေါ် ရုရှားနှင့် ဘီလာရုဇ်တို့၏ တုံ့ပြန်ဆောင်ရွက်မှုများ မြင့်တက်လာနိုင်ဖွယ်ရှိပြီး ဒေသတွင်းနိုင်ငံများ အကြား တင်းမာမှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Sunday, August 27, 2023
တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သတ္တုလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာတစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်း
Tuesday, August 22, 2023
တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဆိုခြင်း
ပိုလန်ရေတပ်၏ MIECZNIK အမည်ရှိ ပထမဆုံး ဖရီးဂိတ်စစ်သင်္ဘောကို စတင် တည်ဆောက်ရန် သံမဏိ ဖြတ်တောက်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ခြင်း
တူကီယဲနိုင်ငံသည် ဂရိနိုင်ငံကို အကူအညီပေးအပ်ရန် ကမ်းလှမ်းခဲ့ခြင်း
Monday, August 21, 2023
Apache ရဟတ်ယာဉ်များ ပိုလန်နိုင်ငံသို့ ရောင်းချပေးမည့်အစီအစဉ်တစ်ရပ်ကို ပင်တဂွန်ကာကွယ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အတည်ပြုခဲ့ခြင်း
Almayadeen; Aug-21(Mon)
ပင်တဂွန်ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီအနေဖြင့် ပိုလန်နိုင်ငံသို့ AH-64E Apache ရဟတ်ယာဉ်များ ရောင်းချမည့် အစီအစဉ်တစ်ရပ်ကို ဩဂုတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့ကြောင်း Almayadeen သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ပိုလန်နိုင်ငံသည် ၎င်းနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်၍ ကာကွယ်ရေးစွမ်းအားကို မြှင့်တင် နိုင်ရေးအတွက် စစ်လက်နက်ပစ္စည်းအမြောက်အမြားကို ဝယ်ယူဖြည့်တင်းလျက်ရှိ ပါသည်။ ပိုလန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ K2 တင့်ကား အစီး ၁,၀၀၀ ဝယ်ယူရန် အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ HIMARS တာဝေးပစ်ဒုံးပစ်လောင်ချာ ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်း ပိုလန်အမျိုးသားကာကွယ်ရေးဝန်ကြီး မာရွတ်ဇ် ဘလက်ဇက် (Mariusz Blaszczak) က ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်တွင် ပြောကြား ခဲ့ပါသည်။
လက်ရှိတွင်လည်း ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ AH-64E Apache ရဟတ်ယာဉ်များကို ဝယ်ယူခွင့်ရရှိတော့မည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် မဟာမိတ်နိုင်ငံများနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ပိုလန် နိုင်ငံသည် ရုရှားနိုင်ငံ၏မဟာမိတ်နိုင်ငံဖြစ်သော ဘီလာရုဇ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဘီလာရုဇ်နိုင်ငံ၌ Wagner ကြေးစားတပ်ဖွဲ့ဝင်များ တည်ရှိနေသောကြောင့် ၎င်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်နိုင်ရန်နှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းများတိုးမြှင့်ဝယ်ယူ ခြင်းသည် နိုင်ငံ၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သကဲ့သို့ ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအပေါ် ထိရောက်စွာတုံ့ပြန်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Sunday, August 20, 2023
ရုရှားသမ္မတနှင့် တူကီယဲသမ္မတတို့တွေ့ဆုံသွားမည် ဆိုခြင်း
ဆားဗီးယားနိုင်ငံသည် တူကီယဲနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက် ထိန်းသိမ်းသွားမည်ဆိုခြင်း
Thursday, August 17, 2023
တူကီယဲနှင့် တရုတ်နိုင်ငံတို့သည် ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအာအားကောင်းစေရေး ကတိပြုခဲ့ကြခြင်း
ဘောလ်တစ် ၃ နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သည် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များအား အပြီးသတ်ပိတ်သိမ်းရန် ဆွေးနွေးခဲ့ခြင်း
Anadolu Agency; Aug-17 (Thu)
ဘောလ်တစ် ၃ နိုင်ငံဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေး နီးယားနိုင်ငံနှင့် ပိုလန်နိုင်ငံတို့သည် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များ အပြီးပိတ်သိမ်းမည့် အဆိုပြုချက်အား ဆွေးနွေးခဲ့ကြောင်း လစ်သူရေးနီးယားနိုင်ငံပိုင် Anadolu Agency သတင်းဌာနက ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် NATO အဖွဲ့ဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေး နီးယားနှင့် ပိုလန်နိုင်ငံတို့သည် ယူကရိန်းနိုင်ငံအား ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ အဆိုပါ ၄ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ဘီလာရုဇ် နိုင်ငံသည် ရုရှားနိုင်ငံ၏မဟာမိတ်ဖြစ်ပြီး ရုရှား၏လုပ်ဆောင်ချက်များအား ထောက်ခံ လျက်ရှိသော နိုင်ငံဖြစ်ပါသည်။ ထို့ပြင် ရုရှားနိုင်ငံသည် ၎င်း၏အရန်တပ်ဖွဲ့ဖြစ်သော Wagner Group အား ဘီလာရုဇ်သို့ ပြောင်းရွှေ့တပ်ဖြန့်ထားလျက်ရှိရာ အထက်ပါ ၄ နိုင်ငံ သည် ၎င်းတို့၏ နယ်စပ်လုံခြုံရေးအား စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် ပိုလန်အစိုးရသည် Wagner Group မှ နိုင်ငံအတွင်းသို့ ကျူးကျော်မှုများ ပြုလုပ်လာမည် ဆိုပါက ခုခံကာကွယ်နိုင်ရန်အတွက် ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသသို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးအား ဩဂုတ်လ ၁၀ ရက်တွင် စေလွှတ်တပ်ဖြန့်ချထားခဲ့ပြီး နယ်စပ်ဂိတ်များအား ပိတ်သိမ်းခဲ့ပါသည်။
အလားတူ လစ်သူရေးနီးယားနိုင်ငံသည်လည်း ဘီလာရုဇ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ် ၆ ခုအနက် ၂ ခုအား ဩဂုတ်လ ၁၈ ရက်တွင် စတင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ ၁၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဘီလာရုဇ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အထက်ပါ ၄ နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လုံခြုံရေးကို ရှေးရှု၍ ဘီလာရုဇ်နှင့်ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်အားလုံးကိုပိတ်ရန် စီစဉ်လျက် ရှိပါသည်။ ၎င်းနိုင်ငံများသည် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ဆွေးနွေးပွဲအတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက် ချနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါ ၄ နိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များ အား ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ပါက ဘီလာရုဇ်နိုင်ငံနှင့်ဆက်ဆံရေးမှာ ယခုထက် ပိုမိုတင်းမာလာနိုင်ပြီး ဘောလ်တစ်ဒေသအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။