Tuesday, August 30, 2022

ဆားဘီးယားနိုင်ငံ၏ စက်ရုံများ၊ အဖွဲ့အစည်းများနှင့် အများပိုင်နေရာများတွင် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည်ဟု ဆားဘီးယားသတ္တုနှင့် စွမ်းအင် ဝန်ကြီးက တောင်းဆိုခဲ့ခြင်း

ဆားဘီးယားနိုင်ငံ၏ စက်ရုံများ၊ အဖွဲ့အစည်းများနှင့် အများပိုင်နေရာများတွင် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည်ဟု ဆားဘီးယားသတ္တုနှင့် စွမ်းအင် ဝန်ကြီးက တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ နိုင်ငံအတွင်းရှိအဖွဲ့အစည်းများနှင့် စက်ရုံများအနေဖြင့် ဆိုလာပြားများ တပ်ဆင်အသုံးပြုခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုများကို တိုးမြှင့်ခြင်း အပါအဝင် လမ်းမီးတိုင်များအားပိတ်ခြင်း၊ အလှဆင်မီးများအားပိတ်ခြင်း၊ အဆောက်အဦ အတွင်း စွမ်းအင်သုံးစွဲမှုကို အကျိုးရှိစွာအသုံးချခြင်းဖြင့် စွမ်းအင်ခြွေတာသုံးစွဲသင့်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် နွေရာသီ၌ စွမ်းအင် သုံးစွဲမှုသည် တစ်နေ့လျှင် ၉၀ ဂီဂါဝပ်နာရီသုံးစွဲလျက်ရှိပြီး ဆောင်းရာသီ၌ စွမ်းအင်သုံးစွဲမှု သည် တစ်နေ့လျှင် ၁၂၀ ဂီဂါဝပ်နာရီသုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။

Monday, August 29, 2022

ချက်နိုင်ငံသည် ဩဂုတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ၂ ရက်ကြာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ၏ Gymnich အမည်ရှိ အလွတ်သဘောအစည်းအဝေးကို မြို့တော် ပရာဂူး (Prague) ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိခြင်း

ချက်နိုင်ငံသည် ဩဂုတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ၂ ရက်ကြာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ၏ Gymnich အမည်ရှိ အလွတ်သဘောအစည်းအဝေးကို မြို့တော် ပရာဂူး (Prague) ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း Sputnik သတင်းဌာနက ဩဂုတ်လ ၃၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ EU နိုင်ငံခြားရေး ဝန်ကြီးများသည် ၎င်းအစည်းအဝေး၌ အာဖရိကနှင့်ဆက်ဆံရေးအပါအဝင် ယူကရိန်း အရေးတို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ပါသည်။ မော်လ်ဒိုဗာ၊ ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများသည် Gymnich အစည်းအဝေး၏ ဆက်စပ်အစည်းအဝေး၌ သီးခြားတွေ့ဆုံသွားရန် စီစဉ်ထားလျက်ရှိကြောင်း သိရှိရပါသည်။

Sunday, August 28, 2022

ဂရိသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအသုံးပြု၍ တူကီယဲ၏ F-16 ဂျက်တိုက်လေယာဉ်များကို နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ခဲ့ခြင်း

Anadolu Agency; Aug-29(Mon)

ဂရိနိုင်ငံ၏ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အေဂျီယန် (Aegean) ပင်လယ်နှင့် အရှေ့မြေထဲပင်လယ် (Eastern Mediterranean) တို့ကို ဖြတ်ကျော်ပျံသန်းနေသော တူကီယဲဂျက်လေယာဉ်များကို နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအသုံးပြု၍ သြဂုတ်လ ၂၃ ရက်တွင် တူကီယဲ တိုက်လေယာဉ်များကို ထက်ကြပ်မကွာရေဒါဖမ်းယူမှု (Radar locked) များပြုလုပ်ခဲ့ ကြောင်း သတင်းအရင်းအမြစ်များကဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ထိုကဲ့သို့ ရန်လိုသည့် လုပ်ရပ်မျိုးလုပ်ဆောင်ခဲ့သော်လည်း တူကီယဲဂျက်တိုက်လေယာဉ်များသည် ၎င်းတို့စီစဉ်ထားသည့် စစ်ဆင်ရေးများကို အောင်မြင်ပြီးမြောက်ကာ အခြေစိုက်စခန်း များသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဆက်လက် ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့နှောင့်ယှက်ဟန့်တားမှုသည် ခရီတီကျွန်း (Crete) တွင် ထားရှိ သည့် ရုရှားထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အချို့သော NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံထုတ် S-400 စနစ်များကို ဝယ်ယူမှုအတွက် တူကီယဲအား ပြစ်တင်ဝေဖန်မှုများပြုလုပ်လျက်ရှိသော်လည်း ဂရိ နိုင်ငံနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာပြောကြားထားခြင်းမရှိပေ။ တူကီယဲနိုင်ငံသည် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် အမေရိကန်ထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရန် နှစ်ရှည်လများကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ကြောင်း သိရှိလာခဲ့ သည့်အတွက် S-400 စနစ်များကိုဝယ်ယူရန် ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါ သည်။ S-400 စနစ်များသည် NATO စနစ်များနှင့်သဟဇာတမဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း တူကီယဲသည် S-400 စနစ်များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်ကြောင်းနှင့် မဟာမိတ်နိုင်ငံများ၏ လက်နက်စနစ် များအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုများ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း တူကီယဲဘက်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

ဂရိနိုင်ငံသည် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအသုံးပြု၍ သြဂုတ်လ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာလေပိုင်နက်၌ စစ်ဆင်ရေးဆောင်ရွက်လျက် ရှိသည့် တူကီယဲဂျက်တိုက်လေယာဉ်များကို ထက်ကြပ်မကွာရေဒါဖမ်းယူမှု (Radar locked) များပြုလုပ်ခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ထိုကဲ့သို့ရန်လိုသည့် လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သော်လည်း တူကီယဲဂျက်တိုက်လေယာဉ်များသည် ၎င်းတို့စီစဉ်ထားသည့် စစ်ဆင်ရေးများကို အောင်မြင်ပြီးမြောက်ကာ အခြေစိုက်စခန်းများသို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တူကီယဲအနေဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူမှုအတွက် အချို့သော NATO အဖွဲ့ဝင်နိုင်ငံများသည် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိသော်လည်း ဂရိနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာပြစ်တင်ပြောကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် NATO စနစ် များနှင့်သဟဇာတမဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း တူကီယဲသည် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်ကြောင်းနှင့် နိုင်ငံ၏စစ်ရေးအင်အားအပေါ် ခြိမ်းခြောက်လာနိုင်မှု များကို ကာကွယ်ရန်သာ အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ဂရိ၏ အထက်ပါကဲ့သို့ဆောင်ရွက်ချက်များသည် NATO အဖွဲ့၏ မဟာမိတ်စိတ်ဓာတ်နှင့် သဟဇာတမဖြစ်စေဘဲ ထိတွေ့ဆက်ဆံမှုစည်းမျဉ်းအရ ရန်လိုသည့်လုပ်ရပ်များဖြစ်ပါသည်။ တူကီယဲနှင့် ဂရိနိုင်ငံတို့သည် အရှေ့မြေထဲပင်လယ်အရေး၊ ကမ်းလွန်ရေကြောင်း နယ်နိမိတ်၊ လေကြောင်းပိုင်နက်၊ စွမ်းအင်၊ ဆိုက်ပရပ်စ်အရေးအပါအဝင် ပြဿနာ များစွာ၌ ဆန့်ကျင်ဘက်ရပ်တည်ကြသည့် နိုင်ငံများဖြစ်ခြင်းကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စရပ်များသည်လည်း ရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွားလာစေ နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်ကိုကာကွယ်ရန် သဘောတူညီခဲ့ကြခြင်း

ABC New;Aug-28(Sun)

ဆလိုဗက်ကီးယား၊ ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယား လေပိုင်နက်အား ကာကွယ်ပေးရန်နှင့်ပတ်သက်သည့် သဘောတူညီချက်အား ဩဂုတ်လ ၂၇ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ABC သတင်းဌာနက ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ခြင်း

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဩဂုတ်လ ၂၇ ရက်တွင် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ သည်။

Saturday, August 27, 2022

ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်ကိုကာကွယ်ရန် သဘောတူညီခဲ့ကြခြင်း

ABC New;Aug-28(Sun)

ဆလိုဗက်ကီးယား၊ ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယား လေပိုင်နက်အား ကာကွယ်ပေးရန်နှင့်ပတ်သက်သည့် သဘောတူညီချက်အား ဩဂုတ်လ ၂၇ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ABC သတင်းဌာနက ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းသဘောတူညီချက်အား ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ဂျာရိုဆလပ်နက်ဒ် (Jaroslav Nad)၊ ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) နှင့် ချက်ကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cerno-chova) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် ၎င်းတို့လေတပ်တွင်အသုံးပြုလျက်ရှိသည့် ဆိုဗီယက်ခေတ်ထုတ် MiG-29 တိုက်လေယာဉ် များအား ဆက်လက်အသုံးမပြုရန်နှင့် အနားပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် အထက်ပါ သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

၎င်းသဘောတူညီချက်အရ ဆလိုဗက်ကီးယားနိုင်ငံက အမေရိကန်နိုင်ငံထံမှ F-16 တိုက်လေယာဉ်များ လက်ခံရရှိသည့်အချိန်ထိ ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် ဆလိုဗက်ကီးယားလေပိုင်နက်အား ကာကွယ်ပေးသွားမည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်မှသာ ဆလိုဗက်ကီးယားနိုင်ငံသို့ F-16 တိုက်လေယာဉ် များအား လွှဲပြောင်းပေးအပ်သွားနိုင်ဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိ ပါသည်။ ၎င်းတို့လေတပ်တွင် ဆက်လက်အသုံးမပြုတော့သည့် MiG-29 တိုက်လေယာဉ် များထဲမှ ၁၁ စီးအား ယူကရိန်းနိုင်ငံသို့ပေးအပ်သွားမည်ဟု ဆလိုဗက်ကီးယားနိုင်ငံက ပြီးခဲ့သည့်ဇူလိုင်လအတွင်း၌ ပြောကြားထားကြောင်း သိရှိရပါသည်။

ပိုလန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစွ္စည်းဝယ်ယူရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Yonhap; Aug-27(Sat)

ပိုလန်နိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စစ်ဘက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ် တားဆီးနိုင်ရေး ကြိုးပမ်းမှုအဖြစ် ဩဂုတ်လ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးသဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါသည်။

Friday, August 26, 2022

ပိုလန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစွ္စည်းဝယ်ယူရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Yonhap; Aug-27(Sat)

ပိုလန်နိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စစ်ဘက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ် တားဆီးနိုင်ရေး ကြိုးပမ်းမှုအဖြစ် ဩဂုတ်လ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးသဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) နှင့် တောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရောင်းချရေး အေဂျင်စီအကြီးအကဲ အမ်ဒေါင်ဟွမ် (Eom Dong-hwan) တို့က ပိုလန်နိုင်ငံ၊ မိုရက် (Morag) မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် ပါသည်။ အဆိုပါသဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုးရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မ တိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Hanhwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွား မည်ဖြစ်ပါသည်။

၎င်းစစ်လက်နက်ပစ္စည်းများအနက် တင့်များနှင့် အမြောက်များသည် ပထမ အသုတ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အကုန်၌ အပြီးသတ်ရရှိသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘလက်ဇ်က်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် အဆိုပါစစ်လက်နက်ပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်နိုင်သည်အထိ နည်းပညာများ ရှာဖွေသွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

ပိုလန်အစိုးရသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ရုရှား-ယူကရိန်းတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ရုရှားနိုင်ငံ၏ စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန် ကာကွယ်ဟန့်တားနိုင်ရေးအတွက် ပိုလန်တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်များအား မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အစိုးရအနေဖြင့် အဆိုပါအဆင့်မြှင့်တင်ရေးစီမံချက် အရ မဟာမိတ်နိုင်ငံများမှ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၂၀,၀၀၀ နီးပါးရှိ ပိုလန်တပ်မတော်အား အင်အား ၃၀၀,၀၀၀ အထိ တိုးချဲ့သွားရန်နှင့် ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ပိုလန်နိုင်ငံအနေဖြင့် ၎င်းစီမံချက်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက် တောင်ကိုရီးယား နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများဝယ်ယူရေး အတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုး ရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မတိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Han hwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွားမည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိပါသည်။ ပိုလန် နိုင်ငံအနေဖြင့် အဆိုပါ FA-50 တိုက်လေယာဉ်များအား လက်ရှိအသုံးပြုနေသည့် ဆိုဗီယက်ခေတ်တိုက်လေယာဉ်များနေရာတွင် အစားထိုးသွားရန်စီစဉ်ထားပြီး ပယ်ဖျက် သွားမည့် ၎င်းတိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ပေးပို့သွားမည်ဟု ယူဆရကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားထားလျက်ရှိပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံ အနေဖြင့် ယခုကဲ့သို့ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းသည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်အား ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သကဲ့သို့ ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ခြင်း

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်သည် ဩဂုတ်လ ၂၇ ရက်တွင် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်ရန် အဆိုပြု လျှောက်ထားမှုအား အတည်ပြုထောက်ခံခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ သည်။ ထို့ကြောင့် ချက်သမ္မတအနေဖြင့် အထက်ပါအဆိုပြုချက်အား အတည်ပြုလက်မှတ် ရေးထိုးပေးခဲ့ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံ တို့သည် NATO အဖွဲ့သို့ဝင်ရောက်ရန်အတွက် ပြီးခဲ့သည့်ဇူလိုင်လတွင် NATO အဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ရိုမေးနီးယားနိုင်ငံသည် ယူကရိန်းဒုက္ခသည်များအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၆၃.၉ သန်း သုံးစွဲခဲ့ခြင်း

ရိုမေးနီးယားနိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့ချိန်မှစ၍ ၎င်းတို့ လက်ခံထားသည့် ယူကရိန်းဒုက္ခသည်များအတွက် ထောက်ပံ့ငွေအဖြစ် ယူရို ၆၃.၉ သန်း သုံးစွဲခဲ့ကြောင်း ရိုမေးနီးယားပြည်ထဲရေးဝန်ကြီး လူစီယန်ဘုတ် (Lucian Bode) က ပြောကြားခဲ့ပါသည်။

Thursday, August 25, 2022

ဖင်လန်၊ ဆွီဒင်နှင့် တူကီယဲနိုင်ငံတို့မှ သံတမန်များတွေ့ဆုံခဲ့ခြင်း

ဖင်လန်၊ ဆွီဒင်နှင့် တူကီယဲနိုင်ငံတို့မှ သံတမန်များသည် NATO အဖွဲ့ဝင်နိုင်ငံ များ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဩဂုတ်လ ၂၆ ရက်တွင် ဖင်လန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်လင်းဒီ (Ann Linde ) က ပြောကြားခဲ့သည်ဟု Arcti Today သတင်းဌာနက ဩဂုတ်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

လာမည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း ဥရောပခေါင်းဆောင်များသည် ရုရှားဓာတ်ငွေ့စျေးနှုန်းများကန့်သတ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ခြင်း

Sputnik;Aug-25(Thu)

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ လာမည့်အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း ဥရောပခေါင်းဆောင်များသည် ရုရှားဓာတ်ငွေ့ တင်သွင်းမှုအတွက် စျေးနှုန်းကန့်သတ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် မာရီယိုဒရာဂီ (Mario Draghi) က ဩဂုတ်လ ၂၄ ရက်တွင် ပြောကြား ခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ယူကရိန်းအတွက် ဘဏ္ဍာရေးအကူအညီများထပ်မံပေးအပ်ရန် ဥရောပသမဂ္ဂက စီစဉ်လျက်ရှိခြင်း

ANI;Aug-25(Thu)

ဥရောပသမဂ္ဂသည် လက်ရှိအချိန်အထိ ယူကရိန်းနိုင်ငံထံသို့ ဘဏ္ဍာရေးအကူအညီ ယူရို ၉.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ) ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယူရို ၈ ဘီလီယံတန်ဖိုးရှိသော ဘဏ္ဍာရေးအကူအညီများကို ထပ်မံပေးအပ်ရန် ပြင်ဆင် လျက်ရှိကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ဩဂုတ်လ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ANI သတင်းဌာနက ဩဂုတ်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

Wednesday, August 24, 2022

အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသည် လုံးဝကျရှုံးသွားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း


Xinhua; Sep-26(Mon)

ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် ဥရောပကို ထိခိုက်ပျက်စီးစေခဲ့ပြီး လုံးဝကျရှုံးမှုတစ်ရပ်ဖြစ်စေသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က စက်တင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, August 23, 2022

ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း





APnews; Sep-24 (Sat)

ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

အဆိုပါသဘောတူညီချက်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးအတွင်း နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း



                                                                                                                            APnews; Sep-24 (Sat)

ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား စက်တင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းအပေါ် ပါလက်စတိုင်းက ကြိုဆိုလျက်ရှိသည်ဆိုခြင်း

Xinhua; Aug-23(Tue)

အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းသည် ပါလက်စတိုင်းအရေးတွင် တူကီယဲနိုင်ငံ၏ ထောက်ခံအားပေးမှုအပေါ် အထောက်အကူဖြစ်စေ နိုင်သဖြင့် အဆိုပါဆက်ဆံရေးပြန်လည်ထူထောင်သည့်ကိစ္စရပ်အား ဂါဇာကမ်းမြောင် ဒေသကိုအုပ်ချုပ်နေသော ဟားမက်စ်အပါအဝင် ပါလက်စတိုင်းအာဏာပိုင်များက ကြိုဆို ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူက (Mevlut Cavusoglu) က ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်မှုသည် ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်၍ တူကီယဲနိုင်ငံက အလျော့ပေးလိုက်ခြင်းဖြစ် သည်ဟု မဆိုလိုကြောင်းနှင့် ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) သည် သမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံရန် ဩဂုတ်လ ၂၃ ရက်တွင် တူကီယဲ မြို့တော် အန်ကာရာသို့ ရောက်ရှိစဉ်အတွင်း အထက်ပါပြောကြားချက်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင် အစ္စမေလ်းဟာနီယက် (Ismail Haniyeh) တို့သည်လည်း ဩဂုတ်လ ၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ တူကီယဲနှင့် အစ္စရေးနိုင်ငံတို့ သည် ၎င်းတို့၏ သံအမတ်ကြီးများအား ပြန်လည်ခန့်အပ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂျေရုစလင်မြို့တွင် အမေရိကန်သံရုံးဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများအတွင်း ပါလက်စတိုင်းပြည်သူ ၆၀ ဦးခန့်အား အစ္စရေး တပ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီးနောက် တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့၏ သံအမတ်ကြီးများကို အပြန်အလှန်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရှိ ရပါသည်။

ဂရိသည် တူကီယဲနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသ၌ နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် စောင့်ကြည့်လေ့လာမှုများကို တိုးချဲ့လုပ်ဆောင်သွားမည်ဆိုခြင်း

APnews; Aug-23(Tue)

တူကီယဲနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားလာပြီးနောက် ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကို တဖြည်းဖြည်းချင်း တိုးချဲ့ကာရံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသအား စောင့်ကြည့်လေ့လာမှု တိုးမြှင့် မည်ဖြစ်ကြောင်း ဂရိအစိုးရက ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) မှ သဘာပတိအဖြစ်ဦးဆောင်ကျင်းပသည့် အစည်းအဝေးတစ်ခုအတွင်း ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာထိပ်တန်း အရာရှိများလည်း တက်ရောက်ခဲ့ပါသည်။ ၎င်းတို့သည် အစည်းအဝေးအတွင်း အေဂျီယန် ပင်လယ်အရှေ့ပိုင်းရှိ ကုန်းမြေနယ်စပ်တစ်လျှောက်နှင့် ပင်လယ်နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိသော တရားမဝင် ဝင်ရောက်မှုပြဿနာကို ဆွေးနွေးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဂရိနိုင်ငံသည် အရှေ့မြောက်ကုန်းမြေနယ် နိမိတ်တစ်လျှောက်တွင်ရှိသည့် အဗ်ရို့စ် (Evros) မြစ်အနီး၌ ကီလိုမီတာ ၄၀ (၂၅ မိုင်) ရှည်လျားသော ခြံစည်းရိုးကို တည်ဆောက်ပြီး ဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် ဂရိနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်လာစေရန် တူကီယဲတွင် နေထိုင်လျက်ရှိသော ထောင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဂရိနိုင်ငံသို့ ရည်ရွယ်ချက်ရှိစွာဖြင့် စေလွှတ်ခဲ့သည်ဟု ဂရိက အကြိမ်ကြိမ်စွပ်စွဲခဲ့ပါသည်။ ထို့ကြောင့် ဒေသတွင်းပြိုင်ဖက်များဖြစ်သော ဂရိနှင့် တူကီယဲအကြား ဆက်ဆံရေးသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ရေအောက်စွမ်းအင်ရှာဖွေရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ တင်းမာလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တူကီယဲသည် ဥရောပသို့ ခရီးသွားလိုသော ရွှေ့ပြောင်းနေထိုင်သူများအတွက် ၎င်း၏ အနောက်ဘက်နယ်နိမိတ်ကို ဖွင့်လှစ်ပေးခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကြောင့် ဂရိနိုင်ငံသည် အဗ်ရို့စ် (Evros) မြစ်ကိုဖြတ်၍ ဝင်ရောက်လာနိုင်သည့် ထောင်နှင့်ချီသော တရားမဝင်ဖြတ်ကျော်သူများအား တားဆီးရန် အတွက် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နယ်စပ် ခြံစည်းရိုးတိုးချဲ့ကာရံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရနှင့် ဆွေးနွေးရန်အတွက် ကြိုတင် သတ်မှတ်ချက်များမရှိကြောင်းနှင့် ဆွေးနွေးမှုများသည် ပန်းတိုင်ဆီသို့ဦးတည်သင့်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီးပြောကြားခဲ့ခြင်း

    တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရနှင့် ဆွေးနွေးရန်အတွက် ကြိုတင် သတ်မှတ်ချက်များမရှိကြောင်းနှင့် ဆွေးနွေးမှုများသည် ပန်းတိုင်ဆီသို့ဦးတည်သင့်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူကီယဲစစ်ဘက်အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များအပေါ် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲသွားမည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က သတိပေးထားကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။ ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) ကိုဖြုတ်ချရန် တိုက်ခိုက် နေသည့် သူပုန်အဖွဲ့များအား တူကီယဲနိုင်ငံက ကျောထောက်နောက်ခံ ပေးထားမှုကြောင့် တူကီယဲ-ဆီးရီးယားသံတမန်ဆက်ဆံရေးမှာ ပြတ်တောက်ခဲ့ ရကြောင်း သိရှိရပါသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် သင်ကြားရေးနည်းပြဆရာ ၃၀ ဦးကို ဗြိတိန်နိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

    ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် သင်ကြားရေးနည်းပြဆရာ ၃၀ ဦးကို ဗြိတိန်နိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေး ဝန်ကြီး အာဗီဒက်စ်အန်နျူဆော့စ်ကက်စ် (Arvydas Anusauskas) က ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဗြိတိန်-ယူကရိန်းသဘောတူညီချက်အရ ယူက ရိန်း အမျိုးသားရေးဝါဒီများအတွက် စစ်ရေးဆိုင်ရာလေ့ကျင့်သင်ကြားမှုများကို ပြီးခဲ့ သည့် ဇူလိုင်လအတွင်းမှစ၍ ဗြိတိန်နိုင်ငံက လက်ခံဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ တွင်လည်း မိမိသဘောဆန္ဒအလျောက်စစ်မှုထမ်းဆောင်မည့် ယူကရိန်းအမျိုးသားရေး ဝါဒီ အရေအတွက်မှာ ၁၀,၀၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့သည် စစ်ရေးဆိုင်ရာ ကျွမ်းကျင်မှုလုံးဝ မရှိသည့်အတွက် ဗြိတိန်နိုင်ငံ၌ပင် လေ့ကျင့်သင်ကြားမှု များပြုလုပ် ပေးသွားရန် စီစဉ် ထားရှိကြောင်း သိရှိရပါသည်။

ပိုလန်သမ္မတသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း

    ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) သည် ဩဂုတ်လ ၂၃ ရက်တွင် ယူကရိန်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ဒူဒါသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့်တွေ့ဆုံကာ ယူကရိန်းနိုင်ငံသို့ စီးပွားရေး၊ လူသားချင်းစာနာမှုနှင့် စစ်ရေးဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်သွားရေးတို့နှင့်စပ်လျဉ်း၍ ကတိပြုခဲ့ပါသည်။ ထို့နောက် ၎င်းသည် ၂၀၁၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်သိမ်းသွင်းမှုအဆုံး သတ်ရေးနှင့် ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေး ကြိုးပမ်းသည့် ဖိုရမ်တစ်ခုဖြစ်သော Crimea Platform ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

Monday, August 22, 2022

NATO အဖွဲ့၏ ကြားဝင်ဖျန်ဖြေမှုမအောင်မြင်ပါက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း

Xinhua;Aug-22(Mon)

ဆားဘီးယားနိုင်ငံသည် ကိုဆိုဗိုမြောက်ပိုင်းတွင် ကားလိုင်စင်နံပါတ်ပြားများ၊ ခရီးသွားစာရွက်စာတမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုအသစ်များကို လာမည့် ၁၀ ရက်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဘူစစ် (Aleksandar Vucic) က ဩဂုတ်လ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ ကြားဝင်ဖျန်ဖြေမှုဆောင်ရွက်ရာတွင် အောင်မြင်မှုမရရှိပါက ဆားဘီးယားအစိုးရအနေဖြင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဘူစစ်က သတိပေးပြောကြား ခဲ့ပါသည်။ NATO အဖွဲ့၏တာဝန်မှာ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးရန်နှင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဝင်များအား အိုက်ဘာ (Ibar) မြစ်ကို ကျော်လွန်ဖြတ်သန်းခြင်းမှ တားဆီး ပေးရန်ဖြစ်ပြီး ကိုဆိုဗိုသည် ရဲတပ်ဖွဲ့ဝင်များကို ဆားဘီးယားအနီး လူနေရပ်ကွက်များသို့ စေလွှတ်၍ ကိုဆိုဗိုအတွင်း အခြေအနေမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု သမ္မတ ဘူစစ်က စွပ်စွဲပြောကြားခဲ့ပါသည်။

ကိုဆိုဗိုအာဏာပိုင်များ၏ ရည်ရွယ်ချက်သည် လက်ကျန်ဆာ့ဘ်လူမျိုးများအား ညှဉ်းပန်းနှိပ်စက်ရန်နှင့် ကိုဆိုဗိုအတွင်း ဆားဘီးယားအချုပ်အခြာအာဏာပိုင်အဖြစ် ကျန်ရှိနေသောအရာများကို ပယ်ဖျက်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော်ဘရက်ဆဲလ်၌ပြုလုပ်သည့် ညှိနှိုင်းမှု အတွင်း ဆားဘီးယားနိုင်ငံ၏ အပြုသဘောဆောင်သော အဆိုပြုချက်အားလုံးကို ကိုဆိုဗိုက မကျေနပ်သည့်ပုံစံဖြင့်ပယ်ချခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ကိုဆိုဗို သည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

ဆားဘီးယားသမ္မတနှင့် အဇာဘိုင်ဂျန် သမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း

    ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် အဇာဘိုင်ဂျန် သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် ဩဂုတ်လ ၂၁ ရက်တွင် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း Trend သတင်းဌာနက ဩဂုတ်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စွာဖွံ့ဖြိုးတိုးတက်လာမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ခဲ့မှုကိုလည်း ဆားဘီးယားသမ္မတက ချီးကျူး ဂုဏ်ပြုခဲ့ပါသည်။ ထို့ပြင် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေးအား တိုးချဲ့ ဆောင်ရွက်နေမှုအပြင် စိုက်ပျိုးရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောကဏ္ဍရပ် များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

Sunday, August 21, 2022

ရုရှားနိုင်ငံသည် တူကီယဲနိုင်ငံကို ကြားခံနယ်အဖြစ်အသုံးချ၍ အနောက်နိုင်ငံ များထံမှ ချမှတ်ခြင်းခံထားရသည့် အရေးယူပိတ်ဆို့မှုများကိုကျော်လွှားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု အမေရိကန်ဒုတိယဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့ခြင်း

 

    ရုရှားနိုင်ငံသည် တူကီယဲနိုင်ငံကို ကြားခံနယ်အဖြစ်အသုံးချ၍  အနောက်နိုင်ငံ များထံမှ ချမှတ်ခြင်းခံထားရသည့် အရေးယူပိတ်ဆို့မှုများကိုကျော်လွှားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု အမေရိကန်ဒုတိယဘဏ္ဍာရေးဝန်ကြီး ဝါးလီအေဒီရာမို (Wally Adeyemo) က တူကီယဲဒုတိယဘဏ္ဍာရေးဝန်ကြီး  ယူနက်စ်အီလီတတ်စ် (Yunus Elitas) နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ်ပြောကြားခဲ့ကြောင်း MNA သတင်းဝဘ်ဆိုက်က ဩဂုတ်လ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးစဉ်အတွင်း ၎င်းတို့သည် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုများ ဆက်လက်ချမှတ်နိုင်ရေးနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ရုရှားထုတ်ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်အတွင်းသို့ အဟန့်အတားမရှိ ဝင်ရောက်ရန်လိုကြောင်းနှင့် ထိုသို့ဝင်ရောက်လာခြင်းမရှိပါက ကမ္ဘာ တစ်ဝန်း၌ စားနပ်ရိက္ခာပြတ်လပ်မှုအား လာမည့်နှစ်အစောပိုင်း၌ ရင်ဆိုင်ရနိုင်ဖွယ်ရှိ သည်ဟုလည်း ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်က ပြောကြားထားကြောင်း သိရှိရပါသည်။

အမေရိကန်သည် ချက်သမ္မတနိုင်ငံသို့ စစ်သုံးရဟတ်ယာဉ် ၈ စီး အခမဲ့လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက်ရှိခြင်း

 

AM News; Aug-19(Fri)

              အမေရိကန်ပြည်ထောင်စုသည် ချက်သမ္မတနိုင်ငံသို့ Bell အမျိုးအစား စစ်သုံး ရဟတ်ယာဉ် ၈ စီး အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ဆိုဗီယက်ခေတ်စစ်လက်နက် ပစ္စည်းများနေရာတွင် ခေတ်မီလက်နက်များဖြင့် အစားထိုးဖြည့်ဆည်းရန် ကြိုးပမ်း လျက်ရှိရာ ရဟတ်ယာဉ်များသည်လည်း အပါအဝင်ဖြစ်ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ၎င်းတို့အတွက်ပိုလျှံနေသော စစ်လက်နက်ပစ္စည်းကိရိယာများကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပေးအပ်ခဲ့ခြင်းအတွက် မဟာမိတ်များ၏ အသိအမှတ် ပြုလေးစားမှုကိုရရှိရုံသာမက တပ်မတော်အား အဆင့်မြှင့်တင်ရာတွင်လည်း ကူညီထောက်ပံ့ မှုများရရှိကြောင်း ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cernochova) က ပြောကြားခဲ့ပါသည်။

              ချက်သမ္မတနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ Bell အမျိုးအစား ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူရန်မှာကြားထားပြီးဖြစ်ရာ အမေရိကန်ဘက်မှ နောက်ထပ် ၈ စီးကို အခမဲ့ပေးအပ်သွားရန် စီစဉ်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော် အဆိုပါရဟတ်ယာဉ် များအတွက် လွှဲပြောင်းပို့ဆောင်မှုနှင့် ခေတ်မီအဆင့်မြှင့်တင်မှုအတွက် ကုန်ကျစရိတ်ကိုမူ ချက်သမ္မတနိုင်ငံဘက်မှ ကျခံရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ချက်သမ္မတနိုင်ငံအနေဖြင့် ယခင်မှာကြားဝယ်ယူထားသော ရဟတ်ယာဉ် ၁၂ စီးနှင့် ယခုအခမဲ့ပေးအပ်သော ရဟတ်ယာဉ် ၈ စီးတို့ကို ၂၀၂၃ ခုနှစ်မတိုင်မီ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ဟန်ဂေရီနှင့် တူကီယဲနိုင်ငံတို့သည် မောင်းသူမဲ့လေယာဉ်များပူးတွဲထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း News.am သတင်းဌာနက ဩဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီနည်းပညာနှင့် စက်မှုဝန်ကြီး လက်စ်ဇလိုပါလ်စဗစ် (Laszlo Palkovics) နှင့် တူကီယဲနည်းပညာနှင့် စက်မှုဝန်ကြီး မူစတာဖာဗရန့် (Mustafa Varank) တို့အကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုအတွင်း အထက်ပါအတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ဟန်ဂေရီနိုင်ငံသည် ပြည်ပမဟာမိတ်နိုင်ငံများနှင့်ပူးပေါင်း၍ ပြည်တွင်း၌ စစ်လက်နက် ပစ္စည်းများထုတ်လုပ်ရန် ဆုံးဖြတ်ထားကြောင်း၊ မောင်းသူမဲ့လေယာဉ်များထုတ်လုပ်မှု ကဏ္ဍတွင် ချပ်ဝတ်တန်ဆာနှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်းများပါဝင်မည့် အပြင် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်ရန်ရည်ရွယ်ထား ကြောင်း ပါလ်စဗစ်က ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ အဆိုပါထုတ်လုပ်မှုကို ဟန်ဂေရီနိုင်ငံအနောက်ပိုင်း၊ ကာပေါ့စ်ဗာ (Kaposvar) မြို့ရှိ ပူးတွဲလုပ်ငန်းတစ်ခု၌ စတင်သွားမည်ဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆားဘီးယားပြည်ထဲရေးဝန်ကြီး ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ခြင်း

AP, Aug-22(Mon)
ဆားဘီးယားပြည်ထဲရေးဝန်ကြီး အလက်ဇန္ဒြားဗူလင် (Aleksandar Vulin) သည် ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုသို့သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက် ဗရော့ဗ် (Sergey Lavrov) နှင့် ဩဂုတ်လ ၂၂ ရက်တွင် တွေ့ဆုံခဲ့ပါသည်။ အလက် ဇန္ဒြားဗူလင်၏ ခရီးစဉ်သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ရုရှားအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအား ကန့်ကွက်ကြောင်းပြသသည့် ခရီးစဉ် တစ်ခုလည်းဖြစ်ပါသည်။ ဆားဘီးယားနိုင်ငံသည် ရုရှားအပေါ်ချမှတ်သည့် အရေးယူပိတ်ဆို့ မှုများကို လိုက်ပါဆောင်ရွက်မှုမရှိခြင်းနှင့် ရုရှားအပေါ် ဆန့်ကျင်မှုမရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း ဗူလင်က တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး တရားဝင်ကြိုးပမ်းနေသည့် ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး လမ်းကြောင်းမှသွေဖည်ခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် အစဉ်အလာအရ ဆလပ်ဘာသာ စကားဆိုင်ရာ (Slavic) မဟာမိတ်ဖြစ်သော ရုရှားနိုင်ငံထံ ဦးတည်စေခဲ့ပါသည်။ ဆားဘီးယား နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးပန်းတိုင်ကို စွန့်လွှတ်ပြီး ရုရှားဘက်သို့ လှည့်သွားသင့်ကြောင်း ဗူလင်က ပြောကြားခဲ့ပြီး ဆားဘီးယား၏ အိမ်နီးချင်းများနှင့် ၎င်းတို့၏ခေါင်းဆောင်များကို နှိမ့်ချသောအမည်များဖြင့် မကြာခဏပြစ်တင်ပြောဆိုခဲ့ ပါသည်။ ထို့ကြောင့် ဗူလင်ကို ဆားဘီးယားအစိုးရအတွင်း “မော်စကိုလူ” ဟု သတ်မှတ် ထားပါသည်။ ထို့ပြင် ဗူလင်သည် ဆားဘီးယားသမ္မတ အလက်ဇန္ဒြားဗူစစ် (Aleksandar Vucic) ၏ ဦးဆောင်မှုအောက်တွင် ဘော်လ်ကန်ရှိ ဆာ့ဘ်လူမျိုးအားလုံးကို စည်းလုံးစေမည့် "ဆားဘီးယားကမ္ဘာ" ကို ဖန်တီးရန်အတွက် ထောက်ခံသူတစ်ဦးဖြစ်ပါသည်။ ဆိုဗီယက်ပြည်ထောင်စုလက်ထက်တွင် ရောင်စုံတော်လှန်ရေးများကို ဖြေရှင်းရန် လွန်ခဲ့သည့်နှစ်တွင် ဗူလင်သည် ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး နီကိုလိုက်ပါ ထရစ်ရှဗ် (Nikolai Patrushev) နှင့် လုပ်ငန်းအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ရုရှားအတိုက်အခံအဖွဲ့များသည် ရုရှားတွင် အစည်းအဝေးများကျင်းပရန် ခက်ခဲသဖြင့် ဗီဇာမလိုအပ်သော ဆားဘီးယားနိုင်ငံတွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဗူလင်သည် ၎င်းအစည်းအဝေးမှ အသံဖိုင်များကို ပတ်ထရုရှဗ်အား ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ရုရှား နိုင်ငံ၊ မော်စကိုမြို့၌ပြုလုပ်သည့် တွေ့ဆုံပွဲအတွင်း ပေးအပ်ခဲ့ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ရုရှားအစိုးရက ဆားဘီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့တက်ရောက်သူအချို့အား အချိန်တိုကာလအတွင်း ဖမ်းဆီးနိုင်ခဲ့ပါသည်။ ဗူလင်သည် ပါထရစ်ရှဗ်သို့ အသံဖိုင်များလွှဲပြောင်းပေးခဲ့သည်မှာမဟုတ်ကြောင်း ငြင်းဆို ခဲ့ပါသည်။ ပြီးခဲ့သောဧပြီလတွင်ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဆားဘီးယားအစိုးရသစ်ဖွဲ့စည်းတော့မည်ဖြစ်သောကြောင့် ဗူလင်၏ ရုရှားခရီးစဉ်အပေါ် ဆားဘီးယားအတိုက်အခံအရာရှိများက မေးခွန်းထုတ်လျက်ရှိပါသည်။ ၎င်း၏ ရုရှား ခရီးစဉ်ကို ရုရှားဘက်က စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယုံကြည်ကြပြီး အစိုးရသစ်တွင် ၎င်းကိုထည့်သွင်းရန် ဆားဘီးယားအား ဖိအားပေးရန်ဖြစ်ပါသည်။ လက်ဗရော့ဗ်သည် ဇွန်လတွင် ဆားဘီးယားသို့သွားရောက်ရန် စီစဉ်ထားသော်လည်း ဆားဘီးယား၏ နေတိုးအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများက လေယာဉ်အား ၎င်းတို့၏လေပိုင်နက်အတွင်း ပျံသန်းခွင့်ပြုရန် ငြင်းဆိုထားခြင်းကြောင့် ခရီးစဉ်ပျက်ခဲ့ရကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတသည် ယူကရိန်း-ရုရှားတို့၏ နှစ်နိုင်ငံငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တိုက်တွန်းအားပေးခဲ့ခြင်း

Uawire.org; Aug-22(Mon)

ယူကရိန်းအစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဆန္ဒမရှိသော်လည်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့အကြား ဆွေးနွေးညှိနှိုင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါဆွေးနွေးညှိနှိုင်းမှုဖြစ်မြောက်ရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ဩဂုတ်လ ၂၂ ရက်တွင် Uawire.org သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်မတ်လအတွင်း တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ (Istanbul) တွင် ရရှိခဲ့သော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ နှစ်နိုင်ငံငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များမှ တစ်ဆင့် နှစ်နိုင်ငံအကြားစေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ဖွယ်ရှိသော ကြောင့် အာဒိုဂန်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အာဒိုဂန်သည် ရုရှား-ယူကရိန်းပဋိပက္ခ၏ အနုတ်သဘောဆောင်သော အကျိုးဆက်ဆိုးများကိုလျှော့ချရန်နှင့် ငြိမ်းချမ်းရေးရရှိစေရန် ၎င်း၏ကြိုးပမ်းဆောင်ရွက်နေမှုများကို နိုင်ငံတော်မိန့်ခွန်းအတွင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် ပင်လယ်နက်ဒေသတွင်းမှတစ်ဆင့် ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများ ပြန်လည်တင်ပို့နိုင်ရေးကိစ္စရပ်တွင်လည်း ကြားဝင်စေ့စပ်ဆောင်ရွက်ပေးခြင်းဖြင့် အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးနိုင်ခဲ့မှုကိုလည်း အလေးထားပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် ရုရှား-ယူကရိန်းနှစ်နိုင်ငံအကြား ယခုကဲ့သို့ ကြားဝင်စေ့စပ်ဆောင်ရွက် နေခြင်းသည် လာမည့်တူကီယဲသမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ထပ်မံအနိုင်ရရှိ လိုခြင်းကြောင့်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ အာဒိုဂန်သည် စီးပွားရေးပြဿနာများစွာကို ဖြေရှင်းဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် အနောက်နိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် မြေထဲပင်လယ်ဒေသတွင်းနိုင်ငံများကိုပါ ဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ယူကရိန်း သမ္မတရုံး၏အကြံပေးအရာရှိ မက်ခိုင်လိုပိုဒိုလေယာ (Mykhailo Podolyak) က ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

NATO အဖွဲ့၏ ကြားဝင်ဖျန်ဖြေမှုမအောင်မြင်ပါက ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း

Xinhua;Aug-22(Mon)

ဆားဘီးယားနိုင်ငံသည် ကိုဆိုဗိုမြောက်ပိုင်းတွင် ကားလိုင်စင်နံပါတ်ပြားများ၊ ခရီးသွားစာရွက်စာတမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုအသစ်များကို လာမည့် ၁၀ ရက်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဘူစစ် (Aleksandar Vucic) က ဩဂုတ်လ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ ကြားဝင်ဖျန်ဖြေမှုဆောင်ရွက်ရာတွင် အောင်မြင်မှုမရရှိပါက ဆားဘီးယားအစိုးရအနေဖြင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဘူစစ်က သတိပေးပြောကြား ခဲ့ပါသည်။ NATO အဖွဲ့၏တာဝန်မှာ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးရန်နှင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဝင်များအား အိုက်ဘာ (Ibar) မြစ်ကို ကျော်လွန်ဖြတ်သန်းခြင်းမှ တားဆီး ပေးရန်ဖြစ်ပြီး ကိုဆိုဗိုသည် ရဲတပ်ဖွဲ့ဝင်များကို ဆားဘီးယားအနီး လူနေရပ်ကွက်များသို့ စေလွှတ်၍ ကိုဆိုဗိုအတွင်း အခြေအနေမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု သမ္မတ ဘူစစ်က စွပ်စွဲပြောကြားခဲ့ပါသည်။
ကိုဆိုဗိုအာဏာပိုင်များ၏ ရည်ရွယ်ချက်သည် လက်ကျန်ဆာ့ဘ်လူမျိုးများအား ညှဉ်းပန်းနှိပ်စက်ရန်နှင့် ကိုဆိုဗိုအတွင်း ဆားဘီးယားအချုပ်အခြာအာဏာပိုင်အဖြစ် ကျန်ရှိနေသောအရာများကို ပယ်ဖျက်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော်ဘရက်ဆဲလ်၌ပြုလုပ်သည့် ညှိနှိုင်းမှု အတွင်း ဆားဘီးယားနိုင်ငံ၏ အပြုသဘောဆောင်သော အဆိုပြုချက်အားလုံးကို ကိုဆိုဗိုက မကျေနပ်သည့်ပုံစံဖြင့်ပယ်ချခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ကိုဆိုဗို သည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက် 
    ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ ကိုဆိုဗိုရှိအရာရှိ များသည် သြဂုတ်လ ၁ ရက်မှစတင်ကာ ဆားဘီးယားနိုင်ငံမှ ဝင်ရောက်လာသောယာဉ် များကို ကိုဆိုဗိုလိုင်စင်ပြားများ အစားထိုးလဲလှယ်ရန်စီစဉ်ခဲ့ပြီး ယခုလုပ်ဆောင်မှုမျိုးကို လွန်ခဲ့သော ၁၁ နှစ်အတွင်း ဆားဘီးယားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ၎င်း၏ ဆာ့ဘ်လူနည်းစုတိုင်းရင်းသားများကို နယ်စပ်ဖြတ်ကျော်သည့်အခါ ဆားဘီးယား နိုင်ငံသားများ၏ သက်သေခံကတ်ပြားများကိုသာအသုံးပြုမှုအား ပိတ်ပင်ရန် စီစဉ်လျက်ရှိ ပါသည်။ ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်များအပါအဝင် နိုင်ငံသားတိုင်းအတွက် ကိုဆိုဗို မှတ်ပုံတင်ကတ်ပြားနှင့် လိုင်စင်နံပါတ်ပြားရှိရန် သြဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည့် ကိုဆိုဗိုဥပဒေသစ်မတိုင်မီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ယခုအခါ နယ်နိမိတ်စည်းမျဉ်းသစ်ကို အကောင်အထည်ဖော်မည့်ရက်အား စက်တင်ဘာလ ၁ ရက်သို့ အချိန်တစ်လရွှေ့ဆိုင်းခဲ့ ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် NATO ၏ ကြားဝင်ဖျန်ဖြေပေးမှုကြောင့် ဘယ်လ်ဂျီယံ နိုင်ငံ၊ မြို့တော်ဘရက်ဆဲလ်၌ပြုလုပ်သည့် Belgrade-Pristina ဆွေးနွေးညှိနှိုင်းမှုအတွင်း ဆားဘီးယားနိုင်ငံ၏ အပြုသဘောဆောင်သော အဆိုပြုချက်အားလုံးကို ကိုဆိုဗိုက ပယ်ချခဲ့ပါသည်။ ထို့ကြောင့် ညှိနှိုင်းဆောင်ရွက်မှုများထပ်မံပြုလုပ်သည့်အခါတွင်လည်း ဆားဗီးယားနှင့် ကိုဆိုဗိုအကြား သဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ပါက ဆားဘီးယား အနေဖြင့် ၎င်း၏ ဆားဘီးယားပြည်သူများအား ကိုယ်တိုင်ကာကွယ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ဆားဘီးယား-ကိုဆိုဗို ပဋိပက္ခမှာလည်း NATO နှင့် ဥရောပသမဂ္ဂအဖွဲ့ပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။