Friday, December 31, 2021
၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအင်အားကြီး၁၀နိုင်ငံ၌ ပါဝင်နိုင်ရန်တူရကီကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်း
Tuesday, December 21, 2021
Baltics ready to help Ukraine – ministers
2021-12-21
The Baltic defense ministers met in Lithuania's second-largest city of Kaunas on Tuesday and expressed solidarity with Ukraine and agreed that their countries stand ready to provide necessary assistance to the country fearing Russia's invasion.
"Assistance varies and includes military and non-military assistance. (…) But assistance will be provides and that's a fact," Lithuanian National Defense Minister Arvydas Anusauskas told reporters after the meeting.
Anusauskas and his Latvian and Estonian counterparts Artis Pabriks and Kalle Laanet discussed regional security issues and cooperation within the EU and NATO, and signed an agreement on guidelines for Baltic cooperation in 2022.
"Baltic solidarity and unity does not change in the face of the existing security challenges, and the connection among the Baltic defense ministries remains strong," Anusauskas said.
The Lithuanian minister also said Ukraine could be provided with a field hospital and received assistance in the form of thermovisors.
During their meetings, the ministers also discussed Russia's actions that are, Anusauskas said, aimed at destabilizing the security situation in the region and in the whole of Europe.
Russia has massed some 100,000 troops near Ukraine's border, sparking fears in the West it plans to invade Ukraine.
Speaking about the situation near Ukraine's border, Latvian Defense Minister Artis Pabriks said "international sky before Christmas is overclouded with some dark clouds".
"We agreed that Russia's recent action, especially its military buildup near Ukraine's border, is a dangerous attempt at the sovereignty of Ukraine which is seeking NATO membership," Anusauskas said.
The Estonian minister said Russia's not trying to de-escalate the situation, continues with its military buildup and has made "absurd" demands.
In his words, they show "the Kremlin's goals have remained the same – changing the post-Cold War security architecture and reviving its zones of influence".
Support to Ukraine in this situation remains a priority, Laanet said, adding that the Estonian Defense Ministry is looking for ways to provide additional defense assistance to the country.
"Although we don’t see immediate military threat against the Baltic states at this very moment, we have decided to take some preparatory measures that would support raising defense readiness if the need should arise in the coming weeks," he said.
Pabriks says Ukraine is now defending European interests, demanding the right to decide its own fate, adding that it reminds of the path the Baltic states have gone through.
According to the Latvian minister, Russia's demands to the United States reminds of the situation before WWII when somebody else tried to determine the Baltic states' fate without their involvement.
"Our allies have changed and we have a strong confirmation from our allies that there will be no such talks, while at the same time we can see that the Russian side still thinks in the same manner," Pabriks said, adding that the Baltic states can feel safe because of their own and partners' forces in the region.
The Baltic ministers also agreed to coordinate their actions within international formats and stressed the presence of allied forces as a major guarantor of their security.
Anusauskas also said NATO and EU institutions adequately responded to the migrant crisis at the Baltic and Polish borders.
"We are grateful for received assistance and the understanding of the seriousness of this situation," he said.
Kyiv has been fighting pro-Russian separatists in the east of the country since 2014. The West have accused Moscow of having massed some 100,000 troops near Ukraine's border and getting ready for an invasions. Putin denies that his country's planning an attack, accuses NATO of fueling tensions and has demanded "legal guarantees" that the Alliance will not expand eastwards.
https://www.baltictimes.com/baltics_ready_to_help_ukraine___ministers/
Monday, December 20, 2021
It is important that the state support is targeted - Dombrovskis
2021-12-20
RIGA - The EU member states have the opportunity to react to the crisis caused by the pandemic also if the Covid-19 omicron variant will stretch the pandemic longer, but it is important that the state support is targeted and does not become a burden in the coming years, said European Commission Vice President Valdis Dombrovskis (New Unity) in an interview with LETA.
"It is clear that the EU should keep a flexible approach towards the crisis and should be able to react to the changing situation. The omicron variant has brought along new uncertainty in relation to the epidemiological situation and further possible impact on the economy," Dombrovskis said.
He said that the government debt level of the member states has risen considerably, and after the pandemic is over, a solution should be found how to gradually decrease this level. Therefore, it is important that the state support is targeted and does not become a significant burden to the government budgets in the coming years.
"Largely, absorption of the crisis has been successful, and the economic support instruments continue to work. Therefore, if necessary, there will be a possibility to act if new problems emerge in relation to omicron," Dombrovskis said.
He said that Latvia is among those countries whose fiscal risks have been assessed as low, but the government debt level has risen considerably.
"As a small country, Latvia should be aware of the possible changes in the market that might make service of debts considerably more expensive. Thus, Latvia should already now think how to reduce the government debt after the crisis is over. Looking at this year's budget deficit, the European Commission projects that Latvia's budget deficit is 9.5 percent of the gross domestic product (GDP), which is considerably higher than average in the EU - 6.6 percent. Therefore, it is essential for Latvia that the support measures are targeted carefully and restricted in time," said Dombrovskis.
Sunday, December 19, 2021
လာမည့် ၂၀၂၂ ခုနှစ်တွင် စွမ်းအင်ကုန်ကျစရိတ်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ချက်သမ္မတနိုင်ငံဝန်ကြီးက သတိပေးပြောကြားခဲ့ခြင်း
Expats;
Dec-13(Mon)
ချက်သမ္မတနိုင်ငံအစိုးရသည်
ဥရောပတစ်ဝှမ်းရှိ စွမ်းအင်ပဋိပက္ခများကို ထိရောက်စွာ ထိန်းချုပ်ကန့်သတ်ရန်ကြိုးပမ်းမှုအနေဖြင့်
အိမ်ထောင်စုများအတွက် ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းမဖြစ်စေရန် အဆိုပြုချက်များကို တင်သွင်းခဲ့ကြောင်း
Expats သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါလုပ်ဆောင် မှုများရှိသော်လည်း ဥရောပတစ်ဝှမ်းရှိ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှုသည် ၂၀၂၂ ခုနှစ် အထိဆက်လက်ဖြစ်ပေါ်စေနိုင်ကြောင်း
စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ကယ်ရယ် ဟက်လီဆက် (Karel Havlíček) က ပြောကြားခဲ့ပါသည်။
ထို့ပြင်လာမည့် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားဈေးနှုန်းသည်
၃၀ မှ ၅၀ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ဈေးနှုန်း သည်လည်း ၅၀ မှ ၇၀ ရာခိုင်နှုန်းမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း
၎င်းကပြောကြား ခဲ့ပါသည်။
ချက်သမ္မတနိုင်ငံအစိုးရလုပ်ဆောင်လျက်ရှိသည့်
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တိုက်ဖျက်ရေးကို
အဟန့်အတားဖြစ်စေနိုင်သောစွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန်
အတွက် အစိုးရအနေဖြင့် ပြန်လည်ဖွံ့ဖြိုးဆဲစွမ်းအင်ကဏ္ဍအပေါ်ထည့်ဝင်သည့်
ငွေကြေးကို ပြောင်းလဲသွားမည် ဖြစ်ပါသည်။ အစိုးရသည် ရေရှည်အစီအစဉ်တစ်ရပ်အနေဖြင့်
ရုပ်ကြွင်းလောင်စာအစား နျူကလီးယားစွမ်းအင်ကဏ္ဍကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
သို့သော် နျူကလီးယားစွမ်းအင်ကဏ္ဍကိုလုပ်ဆောင်ရန် နောက်ထပ် ၁၅ နှစ်မှ ၁၇ နှစ်အထိကြာမြင့်မည်ဖြစ်ပြီး
၎င်းမတိုင်မီ နိုင်ငံအတွင်း၌ ရုပ်ကြွင်းလောင်စာ များကိုသာ ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
Cost of energy to spike next year, warns Czech
minister
ဘီလာရုဇ်နှင့်တူရကီတို့သည် ဝန်ဆောင်မှုကဏ္ဍရပ်များတွင် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်မူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း
Belta; Dec-5 (Sun)
တူရကီနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်
သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ
အာဏာပိုင်အဖွဲ့ (Information and Communication
Technologies Authority-ICTA) တို့မှ အဆင့်မြင့်ကိုယ်စားလှယ် များသည် ဝန်ဆောင်မှုကဏ္ဍရပ်များတွင်
လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်မူကြမ်းနှင့်စပ်လျဉ်း၍
ဆွေးနွေးမှုများစတင်ရန် ဒီဇင်ဘာလ ၆ ရက်တွင် ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း
ဘီလာရုဇ်စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် ဘီလာရုဇ်နှင့်တူရကီအကြား
တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုဖြစ်ပြီး ပထမနှင့်ဒုတိယအကြိမ် အစည်းအဝေးများကဲ့သို့
ကြားဖြတ် အစည်းအဝေးများတွင်လည်း အပြန်အလှန်အကျိုးရှိမည့် သဘောတူညီမှုများထားရှိ ခဲ့ကြောင်း
ဘီလာရုဇ်ကိုယ်စားလှယ် မာရီနာယူဇိုဗာ (Marina Ezhova) က ပြောကြား ခဲ့ပါသည်။
ယခုကဲ့သို့
ဆွေးနွေးမှုများမှာ အရေးပါကြောင်းနှင့် နောက်ဆုံးရလဒ်ရရှိရန် နှစ်ဦးနှစ်ဖက်အလေးထားကာ
အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်သွား ရန်လည်း
ယူဇိုဗာက အလေးထားပြောကြားခဲ့ပါသည်။ ဘီလာရုဇ်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးမှုနှင့်
အကောင်အထည်ဖော် ဆောင်ပြီးပါက ဝန်ဆောင်မှုကဏ္ဍများတွင် ပို့ကုန် ၃. ၈ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း
စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့ပါသည်။ ထို့ပြင်အများဆုံးဖွံ့ဖြိုး
လာနိုင်မည့် ကဏ္ဍရပ်များအနေဖြင့် အခြားစီးပွားရေးဆိုင်ရာဝန်ဆောင်မှုတွင် ၄.၉ ဆ၊ လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍတွင်
၁.၇ ဆ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ၈.၆ ရာခိုင်နှုန်းတိုးမြင့်လာနိုင်ကြောင်း သိရှိရပါသည်။
Ref; The draft of Belarusian-Turkish Agreement on
free trade in services to be discussed
နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများအား လျော့ချသွားရန်လုပ်ဆောင်သွားမည်ဟု ပိုလန်ဗဟိုဘဏ်အကြီးအကဲက ကတိပြုပြောကြားခဲ့ခြင်း
Rmx.news; Nov-29 (Wed)
ပိုလန်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့်
ငွေကြေး ဖောင်းပွမှုအား လျော့ချနိုင်ရေးအတွက် ထိရောက်သည့်ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဟု
ပိုလန်ဗဟိုဘဏ်အကြီးအကဲ အာဒန်ဂလက်ပင်စကီ (Adam
Glapinski) က ကတိပြုပြောကြားခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုသည်
နှစ်ဆခန့်တိုးမြင့်လာနိုင်ကြောင်းနှင့် နိုင်ငံအတွင်း အလုပ်အကိုင်လိုအပ်ချက်များ
ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ငွေကြေးဖောင်းပွမှုများ ထပ်မံတိုးမြင့်လာနိုင်သည့် အပြင်
နိုင်ငံအများစုမှာဆယ်စုနှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိလျက်ရှိကြောင်း
ဂလက်ပင်စကီက ဆက်လက်ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ်များနှင့်
ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်မှု၊ ဥရောပဒေသ အတွင်း
ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်း အပေါ် သက်ရောက်မှုရှိသည့်
ဥရောပသမဂ္ဂ၏ရာသီဥတုဆိုင်ရာ မူဝါဒများကြောင့် ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်ထိ
ငွေကြေးဖောင်းပွမှုများ ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း ဂလက်ပင်စကီက
ရှင်းလင်းပြောကြားခဲ့ပါသည်။
ပိုလန်နိုင်ငံအတွင်း
နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းသည် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့်
ကိုက်ညီမှုရှိသည့်အပြင် အဆိုပါငွေကြေးရင်းနှီးမြှုပ်နှံမှုသည်
ကာလလတ်ဈေးနှုန်းတည်ငြိမ်မှုအား ဖြစ်ပေါ်စေသောကြောင့် ငွေကြေးဖောင်းပွမှုနှင့်
စွမ်းအင်ဈေးနှုန်းမြင့်တက်မှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း ဂလက်ပင်စကီက
ပြောကြားခဲ့ပါသည်။ နိုင်ငံအတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် အရေးကြီးသည့်
လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် ပိုလန်စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးရန်ပုံငွေများကို
ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်
ဗဟိုဘဏ်၏ဆောင်ရွက်ချက်များသည် ပိုလန်နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့်
ငွေကြေးဖောင်းပွမှုများကို လျော့ချနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း
ဂလက်ပင်စကီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
ဆိုက်ပရပ်စ်အစိုးရသည် ဗီယက်နမ်နိုင်ငံသား ရွေးပြောင်းအခြေနေထိုင်သူ ၂၅၈ ဦးကိုနေရပ်ပြန်လည်ပို့ဆောင်ခဲ့ခြင်း
ဆိုက်ပရပ်စ်အစိုးရသည်
မြေထဲပင်လယ်အရှေ့ဘက်ကျွန်းတွင် တရားမဝင် နေထိုင်လျက်ရှိသည်ဟု
ယူဆရသော ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအခြေချနေထိုင်သူ ၂၅၈ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း Xinhua
သတင်းဌာနက ဒီဇင်ဘာလ ၁၉ ရက်၌ ဖော်ပြခဲ့ပါသည်။ ဆိုက်ပရပ်စ်အစိုးရသည် ဗီယက်နမ်အစိုးရနှင့်
ပူးပေါင်း၍ ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ဒီဇင်ဘာလ ၁၈ ရက်တွင် အထူးလေယာဉ်ဖြင့်
၎င်းတို့နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဆိုက်ပရပ်စ်နိုင်ငံ
အတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် နေရပ်ခိုလှုံခွင့်
တောင်းခံသူများထားရှိရေး ကန့်သတ်ချက်များ ပြည့်မီနေပြီဖြစ်သည့်အတွက်ကြောင့်
အစိုးရအနေဖြင့် ယခုကဲ့သို့ ပထမဆုံးနေရပ်ပြန်ပို့မှုကို ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သောလအနည်းငယ်တွင်
တူရကီ၊ ဆီးရီးယား၊ အာရှနှင့်အာဖရိကနိုင်ငံများမှ
တရားမဝင်အခြေချနေထိုင်သူ ထောင်ပေါင်းများစွာသည် ဆိုက်ပရပ်စ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း
သိရှိရပါသည်။
တူရကီနိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံသို့ စစ်ရေယာဉ်များရောင်းချပေးမည်ဆိုခြင်း
Punchng;Dec-18(Sat)
နိုင်ဂျီးရီးယားနိုင်ငံသည် တူရကီနိုင်ငံမှ
ရေတပ်စစ်သင်္ဘောများအား ဝယ်ယူ သွားမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တူရကီနိုင်ငံက
ကြိုဆိုကြောင်း Punchng သတင်းဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ တူရကီ
နိုင်ငံ၊အစ္စတန်ဘူလ်(Istanbul)၌ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် (၃) ကြိမ်မြောက် တူရကီ-အာဖရိက
မိတ်ဖက်နိုင်ငံများညီလာခံ(Turkey-Africa Patnership Summit) မကျင်းပမီ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep
Erdogan)နှင့် နိုင်ဂျီးရီးယား သမ္မတ မိုဟာမက်ဒူဘူဟာရီ(Muhammadu Buhari) တို့တွေ့ဆုံဆွေးနွေးစဉ်
အထက် ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း
အာဒိုဂန်၏ နိုင်ဂျီးရီးယားသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း
လက်မှတ်ရေးထိုး ခဲ့သော သဘောတူညီချက်နှင့်အညီ နိုင်ဂျီးရီးယားမြို့တော်(Kaduna)ရှိ ကာကွယ်ရေး
ဆိုင်ရာစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (Defence Industries Coporation) ၏ စွမ်းဆောင်ရည်များခိုင်မာအားကောင်းစေရန်
ဆက်လက်လုပ်ဆောင်မည့် ကိစ္စရပ်များ အား အာဒိုဂန်က
ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီကလည်း လက်ရှိရင်ဆိုင်နေရသည့်
လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများနှင့်ပတ်သက်၍ နိုင်ငံသားများလုံခြုံမှုရှိစေရန်အတွက်
ကြိုးပမ်း ဆောင်ရွက်မှုအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ယခုကဲ့သို့ တူရီကီနိုင်ငံနှင့်ပူးပေါင်းဆောင်
ရွက်ခြင်းဖြစ်ကြောင်းနှင့် စိန်ခေါ်မှုများအားကိုင်တွယ်ဖြေရှင်းရာတွင် တူရီကီအနေဖြင့်
လက်တွေ့ကျသည့် အတွေအကြုံများရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား
အကျိုးဖြစ်ထွန်းစေရန်အတွက် ဆက်ဆံရေးကဏ္ဍတိုးမြှင့်လုပ်ဆောင် မည်ဟု တူရီကီက အာမခံချက်ပေးမှုအပြင်
နိုင်ဂျီးရီးယားနိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးနယ်ပယ်များတွင် ကူညီထောက်ပံ့ပေးမှုနှင့်
စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရ စဉ်အတွင်း ကူညီပံ့ပိုးပေးမှုများကိုလည်း ဝမ်းမြောက်ပါကြောင်းနှင့်
စစ်ရေယာဉ်များ ဝယ်ယူရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာများမှ အစီရင်ခံတင်ပြမှုများနှင့်
အပြု သဘောဆောင်သည့် အကြံပြုချက်များအပေါ် လက်ခံဆောင်ရွက်ရန်အသင့်ရှိကြောင်း ဘူဟာရီက
အခိုင်အမာပြောကြားခဲ့သည်ဟုသိရှိရပါသည်။
တတိယအကြိမ်မြောက် တူရကီ-အာဖရိက ထိပ်သီးအစည်းအဝေးကျင်းပခဲ့ခြင်း
Xinhua;
Dec-19 (Sun)
တူရကီနှင့် အာဖရိကနိုင်ငံများမှ
ခေါင်းဆောင်တို့သည် အာဖရိကဒေသအတွင်း အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုများ
တိုးမြှင့်လုပ်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပါအဝင် အခြားသောကဏ္ဍအသီးသီးတွင်
၎င်းတို့အကြား မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဒီဇင်ဘာလ
၁၈ ရက်၌ သဘောတူညီခဲ့ကြ ပါသည်။ ၎င်းတို့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင်
ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် တူရကီ-အာဖရိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကျင်းပပြီးနောက် တူရကီနိုင်ငံအနေဖြင့်
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကဏ္ဍများအား
ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် အာဖရိက ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ
ပူးပေါင်းလုပ်ဆောင်သွားရန် တူရကီ ကုမ္ပဏီများအပေါ်
ဆက်လက်တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီနိုင်ငံအနေဖြင့်
အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ကျူးလွန်သော ရာဇဝတ်မှု များကို တိုက်ဖျက်ရန်နှင့် အာဖရိကဒေသတွင်းနိုင်ငံများ၌
ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်သွားရန်
အသင့်ရှိကြောင်း သမ္မတ အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့အတူ အာဖရိကဒေသတွင်းနိုင်ငံများ အနေဖြင့် ကုန်သွယ်မှု၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ခိုင်မာအားကောင်းသည့် စီမံကိန်းများ
ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း
အာဖရိကသမဂ္ဂ (African Union-AU) ဥက္ကဋ္ဌနှင့်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတဖြစ်သူ ဖီးလစ်ရှီစီကီဒီ (Félix Tshisekedi) က ပြောကြားခဲ့ပါသည်။
အာဖရိကဒေသအတွင်းရှိ အချို့သောနိုင်ငံများ အနေဖြင့်
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် အနာဂတ်ကာလ၌
ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကိုလည်း
သမ္မတ ရှီစီကီဒီက ထပ်လောင်း ပြောကြားခဲ့ပါသည်။
အဆိုပါထိပ်သီးအစည်းအဝေးအား ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ ၃ ရက်ကြာပြုလုပ်ခဲ့ရာ
အာဖရိကဒေသမှ ခေါင်းဆောင် ၁၆ ဦးနှင့် ဝန်ကြီးပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Friday, December 17, 2021
ခရိုအေးရှားနှင့် ကိုဆိုဗို ကာကွယ်ရေးဝန်ကြီးတို့အကြား လုံခြုံရေး နှင့်ကာကွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်း
ခရိုအေးရှားကာကွယ်ရေးဝန်ကြီး
မာရီယိုဘနိုဇစ် (Mario Banozic) နှင့် ကိုဆိုဗိုကာကွယ်ရေးဝန်ကြီး အာမန်ဒ်မီဟတ်ဂ်ျ
(Armend Mehaj) တို့သည် လုံခြုံရေး နှင့်ကာကွယ်ရေးဆိုင်ရာကဏ္ဍတို့တွင်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို
ကိုဆိုဗိုနိုင်ငံ၊ မြို့တော် ပရင့်စ်တီနာ (Prishtina) ၌ ဒီဇင်ဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ခရိုအေးရှားနိုင်ငံအနေဖြင့် ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပါအဝင်
ဥရောပ-အတ္တလန္တိတ်အဖွဲ့အစည်း (Euro-Atlantic Institution) များတွင် ကိုဆိုဗို၏ အဖွဲ့ဝင်
ဖြစ်မှုကိုလည်းထောက်ခံကြောင်း၊ လေ့ကျင့်ရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန်
ဆက်လက်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ဘနိုဇစ်က ပြောကြားခဲ့ပါသည်။ ခရိုအေးရှားနှင့်ကိုဆိုဗိုဆက်ဆံရေးသည်
သံတမန် ဆက်ဆံရေးထက်ကျော်လွန်လျက်ရှိပြီး အနာဂတ်လမ်းကြောင်းများကိုလည်း
အတူတကွ ပုံဖော်သွားမည်ဖြစ်ကြောင်း
မီဟတ်ဂ်ျက အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တူရကီပြည်တွင်းတိုက်လေယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိခြင်း
တူရကီနိုင်ငံသည် ပြည်တွင်းတိုက်လေယာဉ်များ ထုတ်လုပ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရန် အဇာဘိုင်ဂျန်နှင့် ပါကစ္စတန်ကဲ့သို့သောနိုင်ငံများနှင့်
ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း
တူရကီကာကွယ်ရေးစက်မှုလုပ်ငန်းကော်မတီ၏ အကြီးအကဲ အစ္စမေးလ်ဒီမီရာ (Ismail
Demir) က CNN သတင်းဌာနနှင့် ဒီဇင်ဘာလ ၁၈ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံ၏
အရင်းအမြစ် များသည် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း စီမံကိန်းတစ်ခုကိုအကောင်
အထည်ဖော်ရန် မလုံလောက်သည့်အတွက် အပြုသဘောဆောင်သောနိုင်ငံများနှင့် ပူးတွဲ ဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည်
၎င်း၏ပဉ္စမမျိုးဆက် တိုက်လေယာဉ် TF-X ကို ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ကြေညာ ခဲ့ပြီး
၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ပျံသန်းနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိ ရပါသည်။
တူရကီလွှတ်တော်သည် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျတ်အား အတည်ပြုပေးခဲ့ခြင်း
တူရကီလွှတ်တော်သည်
၁၂ ရက်ကြာ လွှတ်တော်အစည်းအဝေးပြုလုပ်ပြီးနောက် ဒီဇင်ဘာလ
၁၇ ရက်တွင် အစိုးရ၏လာမည့် ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်အား အတည်ပြုပေးခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မူစတာဖာဆန်တော့ (Mustafa Suntop) က
ပြောကြားခဲ့ပါသည်။ အဆိုပါဘတ်ဂျက်အား ထောက်ခံမဲ ၃၂၇ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်အတွက်
အသုံးစရိတ်တောင်းခံမှုသည် နှစ်ပေါင်းအတန်ကြာ အာဏာရယူထားသည့် AK ပါတီအစိုးရ၏ (၂၀) ကြိမ်မြောက်
တောင်းခံမှုဖြစ်ပါသည်။ အဆိုပါဘတ်ဂျက်အတွင်း အစိုးရအသုံးစရိတ်အဖြစ်
အမေရိကန် ဒေါ်လာ ၁၀၄.၉ ဘီလီယံနှင့် ဘဏ္ဍာရေးရငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၈.၂ ဘီလီယံ
ပါဝင်ကြောင်း သိရှိရပါသည်။
Thursday, December 16, 2021
ဂျော်ဒန်ဘုရင်သည် ဆိုက်ပရပ်စ်သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်ရှိခြင်း
Financialmirror; Dec-16 (Thu)
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ(၂) ဘင်အယ်လ်ဟူစိန် (Abdullah II bin Al-Hussein) သည်
ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာစတာဆီရာဒစ် (Nikos
Anastasiadis) နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်အတွက်
ဒီဇင်ဘာလ ၁၇ ရက်တွင် ဆိုက်ပရပ်စ်သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊
ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပျံ့နှံ့မှုနှင့် ဆိုက်ပရပ်စ်ပြဿနာတို့၏
အကျိုးသက်ရောက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင်
၎င်းတို့သည် ဆိုက်ပရပ်စ်နှင့် ဂျော်ဒန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီး
ဌာနများ၏ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
အခွန်နှစ်ထပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့်
တရားခံလွှဲပြောင်းပေးအပ်ရေးဆိုင်ရာ သဘောတူညီချက်များအား
လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။
အဆိုပါနှစ်နိုင်ငံ ခေါင်းဆောင်များ၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုအပြီးတွင်
နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ များပါဝင်သော ဆွေးနွေးညှိနှိုင်းမှုများ
ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တွေ့ဆုံမှုအတွင်း
သမ္မတ အက်နာစတာဆီရာဒစ်နှင့် ဂျော်ဒန်ဘုရင်တို့သည် ဂုဏ်ထူးဆောင်
ဘွဲ့တံဆိပ်များကိုလည်း အပြန်အလှန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုအေးရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူများအတွက် ကြီးလေးသောဒဏ်ငွေ များချမှတ်သွားမည့် ဥပဒေသစ်တစ်ရပ်ကို ခရိုအေးရှားလွှတ်တော်က အတည်ပြုခဲ့ခြင်း
ခရိုအေးရှားနိုင်ငံအတွင်း
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချိုးဖောက်သူများအတွက် ကြီးလေးသောဒဏ်ငွေ များချမှတ်သွားမည့် ဥပဒေသစ်တစ်ရပ်ကို ခရိုအေးရှားလွှတ်တော်က
ဒီဇင်ဘာလ ၁၅ ရက်တွင် အတည်ပြုခဲ့ကြောင်း Xinhua သတင်းဌာနက
ဒီဇင်ဘာလ ၁၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါဥပဒေအား ထောက်ခံမဲ ၇၇ မဲနှင့် ကန့်ကွက်မဲ
၂၇ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး
ပြစ်ဒဏ်ချိုးဖောက်သူများအား အမေရိကန်ဒေါ်လာ ၄,၆၀၀ မှ ၇,၇၀၀ အထိ ချမှတ်သွားမည်ဖြစ်ပါသည်။ ခရိုအေးရှားအစိုးရသည် အစိုးရ၊ သို့မဟုတ် ပြည်နယ်အဖွဲ့အစည်းများနှင့် စာသင်ကျောင်းများသို့
ဝင်ခွင့်ပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို နိုဝင်ဘာလ ၁၆ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများ၊ ရောဂါဖြစ်ပွားမှုမှ ပြန်လည်
ကောင်းမွန်လာသူများ၊ သို့မဟုတ် ကူးစက်ရောဂါဖြစ်ပွားခြင်းမရှိသူများအတွက် ၎င်းလက်မှတ်များကို
ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Wednesday, December 15, 2021
တူရကီကာကွယ်ရေးဝန်ကြီးသည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း
တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi
Akar) သည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ် (Shukhrat
Kholmukhamedov) အား တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ဒီဇင်ဘာလ ၁၅
ရက်တွင် တွေ့ဆုံ ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှု
အတွင်း စစ်ဘက်ပညာရေးပူးပေါင်းဆောင်ရွက်မှုများနှင့်
ကာကွယ်ရေးလုပ်ငန်းများတွင် ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန်
အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီး ဟူလူဆီအကာက ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ် ရှုခါဒိုမူခါမီဒေါ့ဗ်အနေဖြင့်
တူရကီ စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ရက်ဆာဂူလာ (Yasar Guler) ၏ ဖိတ်ကြားချက်အရ တူရကီ
နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း Yenisafak သတင်းဌာန၏ ဖော်ပြချက်အရ
သိရှိရပါသည်။
တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များ ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအပေါ် ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
တူရကီနှင့် အာမေးနီးယားနိုင်ငံတို့အကြား
ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအထူးကိုယ်စားလှယ်များ
ခန့်အပ်ခြင်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအပေါ် ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Anthony Blinken) က ဒီဇင်ဘာလ
၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် အာမေးနီးယားအစိုးရများအနေဖြင့် နှစ်နိုင်ငံအထူးသံတမန်များကို မကြာမီခန့်အပ်သွားမည်ဖြစ်ကြောင်း
တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃
ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ယခင်ဆိုဗီယက် ပြည်ထောင်စုမှခွဲထွက်ခဲ့သည့် အာမေးနီးယားနိုင်ငံ၏ လွတ်လပ်ရေးရရှိမှုကို
အသိအမှတ် ပြုခဲ့သည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း
သိရှိရပါသည်။
တူရကီကာကွယ်ရေးဝန်ကြီးသည် ဥဇဘက်ကစ္စတန်စစ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံခဲ့ခြင်း
ဆိုက်ပရပ်စ်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့သည့် မြေထဲပင်လယ်အရှေ့ပိုင်း အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြခြင်း
Xinhua;Dec-15(Wed)
ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး
နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christod
oulides) သည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) အား ဆိုက်ပရပ်စ်နိုင်ငံ၊ မြို့တော်နီကိုရှား (Nicosia) ၌လက်ခံတွေ့ဆုံခဲ့ပြီး မြေထဲပင်လယ် အရှေ့ပိုင်းနှင့်ပတ်သက်၍
နိုင်ငံတကာဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာပူးပေါင်းဆောင်
ရွက်သွားကြရန်ဆွေးနွေးခဲ့ကြောင်း Xinhua
သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။
အဆိုပါဆွေးနွေးမှုအတွင်း ဆိုက်ပရပ်စ်နှင့် အီဂျစ်နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်
အမြင့်ဆုံးအဆင့်တွင်ရောက်ရှိလျက် ရှိကြောင်းလည်း လီဒက်စ်က ပြောကြားခဲ့ပါသည်။
ထို့ပြင် ဆိုက်ပရပ်စ်၊ အီဂျစ်၊ ဂရိ၊ အစ္စရေး၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပြင်သစ်နှင့်
အမေရိကန်နိုင်ငံတို့ပါဝင်သည့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များသည်
မဟာဗျူဟာမြောက်သဘောတူညီချက် များဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း လီဒက်စ်က ဆက်လက်ပြောကြားခဲ့ပါသည်။
ဆိုက်ပရပ်စ်နိုင်ငံအနေဖြင့်
အရှေ့မြေထဲပင်လယ်အရေးနှင့်ပတ်သက်၍ တူရကီ နိုင်ငံက မူဝါဒအမျိုးမျိုးချမှတ်လုပ်ဆောင်နေမှုများ၊ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူညီချက်အရ
ပိုင်းခြားသတ်မှတ်ထားသော ဆိုက်ပရပ်စ်အထူးသီးသန့် စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) ၏ ပင်လယ်ပြင်ပိုင်နက်များနှင့် ပတ်သက်၍
တူရကီ၏တောင်းဆိုချက်အပေါ်တွင်လည်း စိုးရိမ်လျက်ရှိကြောင်း လီဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
အီဂျစ်နိုင်ငံအနေဖြင့် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို
ကိုင်တွယ်ဖြေရှင်းရာတွင် နယ်မြေချဲ့ထွင်ရေးမူဝါဒများနှင့် ရန်လိုသော လုပ်ရပ်များမပါဘဲ
နိုင်ငံတကာဥပဒေ၊ ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်
နယ်မြေပိုင်ဆိုင်မှုများကို အလေးထား၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှော့ခ်ရီက ပြန်လည်ပြောကြားခဲ့ပါသည်။
အီဂျစ်နိုင်ငံသည် ဆိုက်ပရပ်စ်အထူးစီးပွားရေးဇုန် (EEZ) နယ်နိမိတ်သတ်မှတ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးသည့် ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း
သိရှိရပါသည်။
Sunday, December 12, 2021
ပိုလန်နှင့် ဂျာမနီတို့သည် Nord Stream 2 ၏ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အန္တရာယ် များကို တုံ့ပြန်နိုင်မည့်နည်းလမ်းများအား အသေးစိတ်ပြင်ဆင်လျက်ရှိသည်ဆိုခြင်း
Tass; Dec-13 (Mon)
ပိုလန်နှင့်
ဂျာမနီနိုင်ငံတို့ပူးပေါင်း၍ Nord Stream 2 စီမံကိန်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသောအန္တရာယ်များကို တုံ့ပြန်နိုင်မည့်နည်းလမ်းများအား
အသေးစိတ် ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း Tass သတင်းဌာနက ဒီဇင်ဘာလ ၁၃
ရက်တွင် ပြောကြားခဲ့ပါသည်။ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz
Morawiecki) သည် ၎င်း၏နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ်
(Olaf Scholz) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်တွင်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ရုရှားအနေဖြင့် Nord Stream 2 ကို ဖိအားပေးခြိမ်းခြောက်မှုဆိုင်ရာလက်နက်တစ်ခုအဖြစ်
အသုံးပြုနိုင်ပြီးဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များအား မှန်းဆနိုင်ခြင်းမရှိကြောင်း
မိုရာဝီခ်ကီ က ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံသည် Nord Stream 2 ကို ဖိအားပေးလက်နက်တစ်ခုအဖြစ် အသုံးပြုမည်ဆိုပါက ယူကရိန်း၊ ပိုလန်နှင့် အရှေ့ဥရောပနိုင်ငံအများအပြားသည် ရုရှား၏ ခြိမ်းခြောက်မှုအောက်သို့ရောက်ရှိလာနိုင်ပြီး အဆိုပါခြိမ်းခြောက်မှုသည် အီးယူနှင့်နေတိုး အပါအဝင် ဥရောပအရှေ့ပိုင်းနိုင်ငံများကို မတည်မငြိမ်ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါအန္တရာယ်များကို တုံ့ပြန်နိုင်မည့်နည်းလမ်းများအား ဂျာမနီနိုင်ငံနှင့်အတူ အသေးစိတ်ဆွေးနွေးလျက်ရှိ ကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ Nord Stream 2 သည် ဥရောပမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာစီမံကိန်းတစ်ခုဖြစ်သည်ကို ရုရှားအစိုးရအနေဖြင့် အကြိမ်ကြိမ်ပြောကြား ခဲ့ပြီးဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံသည် စွမ်းအင်အရင်းအမြစ်များကို ဖိအားပေးလက်နက် တစ်ခုအဖြစ် မည်သည့်အခါတွင်မျှ အသုံးပြုမည်မဟုတ်ကြောင်း ရုရှားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Saturday, December 11, 2021
မော်ဒိုဗာခွဲထွက်ပြည်နယ်ဖြစ်သော ထရန်စ်နစ္စထရီးယား သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက်ပေးသူအနည်းငယ်သာရှိပြီး ရွေးကောက်ပွဲဥပဒေများ ချိုးဖောက်မှုမရှိခဲ့ခြင်း
မော်ဒိုလ်ဗာနိုင်ငံ၏ ခွဲထွက်ပြည်နယ်ဖြစ်သော ထရန်စ်နစ္စထရီးယား သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာရောက်ပေးသူအနည်းငယ်သာရှိပြီး ရွေးကောက်ပွဲဥပဒေများ ချိုးဖောက်မှုမရှိကြောင်း ရုရှားအောက်လွှတ်တော်၏ ယူရေးရှားပေါင်းစည်းရေးနှင့် ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ လီယိုနစ်ကာလက်ရှ်နီကော့ဗ် (Leonid Kalashnikov) က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ကာလက်ရှ်နီကော့ဗ်အပါအဝင် ရုရှား လွှတ်တော်အမတ် ၄ ဦးတို့သည် ရွေးကောက်ပွဲအခြေအနေများအား လေ့လာ စောင့်ကြည့်ရန် ထရန်စ်နစ္စထရီးယားသို့ရောက်ရှိနေစဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတရွေးကောက်ပွဲတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဗာဒင်ခရာစနိုဆာစကီ (Vadim Krasnoselsky)နှင့် ဂရီဂိုရီယိုပိုလ် (Grigoriopol) ခရိုင်လွှတ်တော်အမတ် ဆာဂျီလ်ပိုင်ဇာ (Sergey Pynzar) တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါသည်။ ထရန်စ်နစ္စထရီးယားသမ္မတရွေးကောက်ပွဲအား ဒီဇင်ဘာလ ၁၂ ရက်တွင် ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်တွင် မဲရလဒ်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဩစတြီးယားတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်၍ ကန့်ကွက် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြခြင်း
ဩစတြီးယားနိုင်ငံ၊
ဗီယင်နာမြို့တွင် လူပေါင်း ၄၄,၀၀၀ ဦးခန့်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ
စည်းမျဉ်းများနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ကန့်ကွက် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပါသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ထိုးနှံထားခြင်းမရှိသူများအနေဖြင့်
နေအိမ်များတွင်သာ နေထိုင်ရမည်ဖြစ်ကြောင်း ဩစတြီးယားအစိုးရက ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံအတွင်းရှိ အသက် ၁၄ နှစ်ပြည့်ပြီးသူ အားလုံးအနေဖြင့် ကာကွယ်ဆေးမဖြစ်မနေထိုးနှံရန်
လိုအပ်ကြောင်း ဩစတြီးယား အစိုးရက ဖေဖော်ဝါရီလတွင်
သတ်မှတ်ခဲ့ပါသည်။ ကာကွယ်ဆေးထိုးရန် အတင်းအကျပ် ဖိအားပေးမည်မဟုတ်သော်လည်း ဆေးထိုးနှံထားခြင်းမရှိသူများအနေဖြင့် ပထမအကြိမ်
အဖြစ် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၆၇၀ ပေးဆောင်ရမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရန်ပျက်ကွက်နေကြောင်း
နောက်တစ်ကြိမ် ထပ်မံစစ်ဆေးတွေ့ရှိပါက ဒဏ်ကြေး ငွေကို အမေရိကန်ဒေါ်လာ ၄,၀၀၀ အထိ
တိုးမြှင့်ပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Friday, December 10, 2021
လူမှုကွန်ရက်မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်နေကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း
Washinton Times;
Dec-11(Sat)
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်
(Isanbul) ၌ ဒီဇင်ဘာလ ၁၁ ရက်တွင် ပြုလုပ်သည့် ဆက်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲသို့
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဗီဒီယိုကွန်ဖရင့်နည်းဖြင့်
တက်ရောက်ခဲ့ပြီး လူမှု မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်လျက်ရှိကြောင်း
အမှာစကားပေးပို့ပြောကြား ခဲ့ပါသည်။
မှန်ကန်ပြီး တိကျခိုင်မာသည့်သတင်းအချက်အလက်များရရှိရန်၊ လုပ်ကြံ သတင်းများနှင့် သတင်းအမှားများပျံ့နှံ့ခြင်းအန္တရာယ်မှ
ပြည်သူလူထုကိုကာကွယ်ရန် အတွက် နိုင်ငံသားအခွင့်အရေးကိုချိုးဖောက်ခြင်းမရှိဘဲ
ကြိုးပမ်းလျက်ရှိကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံသည် နိုင်ငံအတွင်းရှိ လူမှုကွန်ရက်အသုံးပြု သူများ၏ အချက်အလက်ကိုရယူနိုင်သည့်
ဥပဒေတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
တူရကီအစိုးရအနေဖြင့်
လူမှုကွန်ရက်များတွင် လုပ်ကြံသတင်းများနှင့် သတင်း အမှားများပျံ့နှံ့မှုကိုတားဆီးရန်
ရည်ရွယ်၍ ဉပဒေတစ်ရပ်ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိရာ အဆိုပါအစီအစဉ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း
ဝေဖန်ရေးသမားများက ပြစ်တင်ပြောကြားလျက်ရှိပါသည်။
၎င်းဥပဒေအရ လူမှုကွန်ရက် မီဒီယာထိန်းချုပ်ရေးအဖွဲ့တစ်ခုကို ထူထောင်သွားမည်ဖြစ်ပြီး
လုပ်ကြံသတင်းများနှင့် သတင်းအမှားများဖြန့်ဝေသူများအနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံ
ရမည်ဖြစ်ပါသည်။ တူရကီနိုင်ငံတွင် အဓိကမီဒီယာကုမ္ပဏီအများစုသည်
အစိုးရထိန်းချုပ်မှု အောက်တွင် တည်ရှိနေပြီး နိုင်ငံသားများအနေဖြင့် အစိုးရအား
ဝေဖန်ပြစ်တင်သည့် အကြောင်းအရာများကို ပြောဆိုရေးသားရန်အတွက် လူမှုကွန်ရက်မီဒီယာများကိုသာ
အဓိကအားထားနေရကြောင်း သိရှိရပါသည်။
လူမှုကွန်ရက်မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်နေကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း
Washinton Times;
Dec-11(Sat)
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်
(Isanbul) ၌ ဒီဇင်ဘာလ ၁၁ ရက်တွင် ပြုလုပ်သည့် ဆက်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲသို့
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဗီဒီယိုကွန်ဖရင့်နည်းဖြင့်
တက်ရောက်ခဲ့ပြီး လူမှု မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်လျက်ရှိကြောင်း
အမှာစကားပေးပို့ပြောကြား ခဲ့ပါသည်။
မှန်ကန်ပြီး တိကျခိုင်မာသည့်သတင်းအချက်အလက်များရရှိရန်၊ လုပ်ကြံ သတင်းများနှင့် သတင်းအမှားများပျံ့နှံ့ခြင်းအန္တရာယ်မှ
ပြည်သူလူထုကိုကာကွယ်ရန် အတွက် နိုင်ငံသားအခွင့်အရေးကိုချိုးဖောက်ခြင်းမရှိဘဲ
ကြိုးပမ်းလျက်ရှိကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံသည် နိုင်ငံအတွင်းရှိ လူမှုကွန်ရက်အသုံးပြု သူများ၏ အချက်အလက်ကိုရယူနိုင်သည့်
ဥပဒေတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
တူရကီအစိုးရအနေဖြင့်
လူမှုကွန်ရက်များတွင် လုပ်ကြံသတင်းများနှင့် သတင်း အမှားများပျံ့နှံ့မှုကိုတားဆီးရန်
ရည်ရွယ်၍ ဉပဒေတစ်ရပ်ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိရာ အဆိုပါအစီအစဉ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း
ဝေဖန်ရေးသမားများက ပြစ်တင်ပြောကြားလျက်ရှိပါသည်။
၎င်းဥပဒေအရ လူမှုကွန်ရက် မီဒီယာထိန်းချုပ်ရေးအဖွဲ့တစ်ခုကို ထူထောင်သွားမည်ဖြစ်ပြီး
လုပ်ကြံသတင်းများနှင့် သတင်းအမှားများဖြန့်ဝေသူများအနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံ
ရမည်ဖြစ်ပါသည်။ တူရကီနိုင်ငံတွင် အဓိကမီဒီယာကုမ္ပဏီအများစုသည်
အစိုးရထိန်းချုပ်မှု အောက်တွင် တည်ရှိနေပြီး နိုင်ငံသားများအနေဖြင့် အစိုးရအား
ဝေဖန်ပြစ်တင်သည့် အကြောင်းအရာများကို ပြောဆိုရေးသားရန်အတွက် လူမှုကွန်ရက်မီဒီယာများကိုသာ
အဓိကအားထားနေရကြောင်း သိရှိရပါသည်။
အမေရိကန်အစိုးရသည် ဂရိနိုင်ငံသို့ ဖရီးဂိတ်သင်္ဘောများ ရောင်းချမည့် အစီအစဉ်ကိုအတည်ပြုခဲ့ခြင်း
Trtworld;
Dec-11 (Sat)
အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာ
၆.၉ ဘီလီယံတန်ဖိုးရှိသော Lockheed Martin ကုမ္ပဏီထုတ်
ဖရီးဂိတ်စစ်ရေယာဉ် ၄ စီးအား ဂရိနိုင်ငံသို့ရောင်းချရန်
အတည်ပြုခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် အမေရိကန်ကာကွယ်ရေးနှင့်လုံခြုံရေး
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Defense
Security Cooperation Agency-DSCA) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ဂရိနိုင်ငံသို့ ဖရီးဂိတ်စစ်ရေယာဉ် ၃
စီးရောင်းချခဲ့မှုအပေါ် ပြိုင်ဆိုင် သည့်အနေဖြင့် ယခုကဲ့သို့ ဖရီးဂိတ်စစ်ရေယာဉ်များရောင်းချရန် အတည်ပြုခဲ့ခြင်းဖြစ်
ပါသည်။ ပြင်သစ်နှင့်ဂရိနိုင်ငံအကြား ဖရီးဂိတ်စစ်ရေယာဉ်ဝယ်ယူရေးနှင့်ပတ်သက်၍
နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သီတင်းပတ် ၁၀ ပတ်အကြာတွင်
အမေရိကန်နိုင်ငံ၏ အထက်ပါအတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
DSCA
သည် MEKO အမျိုးအစားဖရီးဂိတ်စစ်ရေယာဉ် ၄
စီးအား အဆင့် မြှင့်တင်ရန်အတွက် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ
ကုန်ကျနိုင်မည်ဖြစ် ကြောင်းကိုလည်း
အမေရိကန်လွှတ်တော်သို့တင်ပြခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် အမေရိကန် နိုင်ငံနှင့် ပြီးခဲ့သည့်စက်တင်ဘာလတွင်
ဩစတြေးလျနိုင်ငံ၏ ရေငုပ်သင်္ဘောဝယ်ယူရေး နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကြောင့်
နှစ်နိုင်ငံအကြားတင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက်
၎င်း၏လက်နက်ကုန်သွယ်ရေးကိစ္စရပ်များတွင် ခြိမ်းခြောက်မှုပြဿနာများနှင့်ကြုံတွေ့ ခဲ့ရပါသည်။ ပြင်သစ်နှင့်ဂရိနိုင်ငံတို့သည်
ဖရီးဂိတ်စစ်ရေယာဉ်ဝယ်ယူရေးနှင့်ပတ်သက်၍ အပြီးသတ်သဘောတူညီမှုတစ်ရပ်ကို
ယခုနှစ်အတွင်းရရှိခဲ့ပြီးဖြစ်၍ လာမည့် ၂၀၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံအနေဖြင့်
ဂရိနိုင်ငံသို့ ဖရီးဂိတ်စစ်ရေယာဉ်များအား လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း
သတင်းအရင်းအမြစ်များ၏ဖော်ပြချက်အရ သိရှိရပါသည်။
သုံးသပ်ချက်
ပြင်သစ်နှင့်အမေရိကန်နိုင်ငံတို့သည် ပြီးခဲ့သည့်
စက်တင်ဘာလတွင် ဩစတြေးလျ
ရေငုပ်သင်္ဘောဝယ်ယူရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာ
ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည်
လက်နက်ကုန်သွယ်ရေးခြိမ်းခြောက်မှုပြဿနာများနှင့် ကြုံတွေ့ခဲ့ရပါသည်။
လက်ရှိတွင်လည်း ပြင်သစ်နိုင်ငံက ဂရိနိုင်ငံအား ဖရီးဂိတ်သင်္ဘော ၃ စီး
ရောင်းချခဲ့မှုအပေါ် ပြိုင်ဆိုင်သည့်အနေဖြင့် အမေရိကန်အစိုးရသည် ဂရိနိုင်ငံအား Lockheed Martin ကုမ္ပဏီထုတ်
ဖရီးဂိတ်သင်္ဘော ၄ စီးရောင်းချရန် အတည်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
ပြင်သစ်နှင့်ဂရိနိုင်ငံတို့အကြား ဖရီးဂိတ်စစ်သင်္ဘောဝယ်ယူရေးနှင့် ပတ်သက်၍
သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သီတင်းပတ် ၁၀ ပတ်အကြာတွင် အမေရိကန်နိုင်ငံ၏
သင်္ဘောရောင်းချမည့်အတည်ပြုချက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်အစိုးရသည်
ဂရိနိုင်ငံအား ဖရီးဂိတ်သင်္ဘောများရောင်းချပေးရန် အတည်ပြု ခဲ့ခြင်းကြောင့်
မြေထဲပင်လယ်အရှေ့ပိုင်းဒေသတွင်း ရေကြောင်းလုံခြုံရေးနှင့် ရေတပ်၏
စစ်ရေးစွမ်းရည်ကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော
ဂရိနိုင်ငံအား ခေတ်မီစစ်သင်္ဘောများရောင်းချပေးခြင်းဖြင့် နေတိုးအဖွဲ့နှင့်
အမေရိကန်နိုင်ငံတို့၏ ဒေသတွင်းလုံခြုံရေးနှင့် မဟာဗျူဟာမြောက် စစ်အင်အားတည်ဆောက်မှုများကိုလည်း
အထောက်အပံ့ဖြစ်စေကြောင်း တွေ့ရှိရပါသည်။
ကမ္ဘာတွင် ကိုဗစ်-၁၉
ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းလျက် ရှိသော်လည်း စီးပွားရေးမကျဆင်းသည့်အပြင် တစ်နှစ်ထက်တစ်နှစ် အမြတ်အစွန်း ရရှိသည့်လုပ်ငန်းမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းဖြစ်ကြောင်း
တွေ့ရှိရပါသည်။ တစ်ကမ္ဘာလုံးတွင် အမြတ်အစွန်းအများဆုံးရရှိသည့် စစ်လက်နက် ပစ္စည်းကုမ္ပဏီများအနက်
ထိပ်တန်းကုမ္ပဏီ ၅ ခုသည် အမေရိကန်မှဖြစ်ပါသည်။ ၎င်းတို့အနက်
လော့ဟိမာတင်ကုမ္ပဏီသည် နံပတ်(၁)နေရာတွင်တည်ရှိပြီး စစ်လက်နက် ပစ္စည်းရောင်းချရငွေမှ ဝင်ငွေစုစုပေါင်း
အမေရိကန်ဒေါ်လာ ၅၈.၂ ဘီလီယံရရှိထား ကြောင်း သိရှိရပါသည်။ သို့သော်လည်း ထူးထူးခြားခြားရောင်းအားကျဆင်းသွားသည့်
ထိပ်တန်းကုမ္ပဏီများတွင် ပြင်သစ်နိုင်ငံမှ
စစ်လက်နက်ပစ္စည်းကုမ္ပဏီများပါဝင်နေပြီး သားလက်(စ်)စစ်နက်လက်ပစ္စည်းကုမ္ပဏီသည် ၅.၈
ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။
ထို့ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကိုပြယုဂ်တစ်ခုအဖြစ်သာ လက်ကိုင်ထားပြီး
စစ်လက်နက်ပစ္စည်း များအပြိုင်အဆိုင်ထုတ်လုပ်ရောင်းချနေသည်ကို
တွေ့ရှိရသကဲ့သို့ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့၏
ကမ္ဘာ့စစ်လက်နက်ပစ္စည်းဈေးကွက်ပြိုင်ဆိုင်မှုမှာလည်း ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
Wednesday, December 8, 2021
ခရိုအေးရှားနိုင်ငံသည် တရုတ်နိုင်ငံမှဆောက်လုပ်သော လေအားလျှပ်စစ်စက်ရုံအား ဖွင့်လှစ်ခဲ့ခြင်း
News.cn; Dec-8
(Wed)
ခရိုအေးရှားနိုင်ငံသည်
တရုတ်ကုမ္ပဏီ Norinco မှဆောက်လုပ်သော လေအား
လျှပ်စစ်စက်ရုံတစ်ခုကို ဒီဇင်ဘာလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့
ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေပလန်ကိုဗစ်
(Andrej Plenkovic) နှင့် တရုတ်သံအမတ်ကြီး ရှီးရှန်းဂျန့် (Qi Qianjin) တို့ တက်ရောက်ခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။
အဆိုပါစက်ရုံသည် ခရိုအေးရှားနိုင်ငံ၏
သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ခရိုအေးရှား
ဝန်ကြီးချုပ် ပလန်ကိုဗစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နှင့်
ခရိုအေးရှားနိုင်ငံ တို့အကြား ကောင်းမွန်သောဆက်ဆံရေးနှင့် ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတိုးမြင့်လာမှုကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် ကိုဗစ်-၁၉
ကပ်ရောဂါကာလအတွင်း ခရိုအေးရှားသို့ တရုတ်၏ ဆေးဘက်ဆိုင်ရာပစ္စည်းများပေးပို့မှုကို ကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
လေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေး Senj ပရောဂျက်သည် တရုတ်-ခရိုအေးရှားနှင့်
တရုတ်-ဥရောပ အစိမ်းရောင်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ မှတ်တိုင်တစ်ခုဖြစ်ပြီး
နိုင်ငံအတွင်း သန့်ရှင်းသောစွမ်းအင်ထုတ်လုပ် သုံးစွဲမှုတိုးမြှင့်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း
သံအမတ်ကြီး ရှီးရှန်းဂျန့်က ပြောကြားခဲ့ပါသည်။ အဆိုပါလေအားလျှပ်စစ်စက်ရုံအား တရုတ်နိုင်ငံပိုင်
Norinco International ကုမ္ပဏီမှ တည်ဆောက်ထားခြင်းဖြစ်ပြီး
ခရိုအေးရှားနိုင်ငံ၊ ဆန်ဂျေ (Senj) မြို့၌ တည်ရှိ၍ သဘာဝလျှပ်စစ်ဓာတ်အား (Green Electricity) တစ်နာရီလျှင်
သန်း ၅၃၀ ကီလိုဝပ်ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး
နိုင်ငံ၏ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တစ်နှစ်လျှင်တန်ချိန်
၄၆၀,၀၀၀ ခန့် လျှော့ချ နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
တူရကီနှင့် ကာတာတို့သည် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ခြင်း
Xinhua; Dec-8 (Wed)
တူရကီနှင့် ကာတာနိုင်ငံတို့သည် တူရကီ-ကာတာ
မဟာဗျူဟာမြောက် ပူးတွဲ ကော်မတီ၏ (၇)ကြိမ်မြောက်အစည်းအဝေးကို ကာတာနိုင်ငံ၊ ဒိုဟာ
(Doha) မြို့၌ ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု
များ ပြုလုပ်သွားရေးအတွက် သဘောတူညီချက်များအား
လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ကာတာစော်ဘွား
ရှိတ်တာမင်ဘင်ဟာမတ်အယ်လ်သာနီ (Sheikh Tamim bin Hamad Al Thani) နှင့် တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့ သည် အဆိုပါအစည်းအဝေးအား ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း
ကာတာ အစိုးရအဖွဲ့ရုံး (Amiri Diwan) က ၎င်း၏ဝက်ဘ်ဆိုက်တွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ခိုင်မာစေရေးနှင့်
စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ကာကွယ်ရေး၊ လုံခြုံရေး၊ မတည်ထောက်ပံ့လှူဒါန်း
မှုများ၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် အားကစားအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်း ဆောင်ရွက်မှုများ အဆင့်မြှင့်တင်နိုင်ရေး အလားအလာများကိုလည်း
နှစ်နိုင်ငံခေါင်းဆောင် များက ဆွေးနွေးခဲ့ကြကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
တူရကီနှင့် ကာတာနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး
ခိုင်မာစေရန်နှင့် ကော်မတီ၏ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နှစ်နိုင်ငံ အစည်းအဝေးများ
ကျင်းပရခြင်း၏ အရေးပါမှုကိုလည်း ကာတာစော်ဘွားက အလေး အနက်ထား ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား သဘောတူညီချက်များသည် နှစ်နိုင်ငံ
ပြည်သူများ၏ အကျိုးစီးပွားကိုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဟု မျှော် လင့်ကြောင်းလည်း
၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံး အတွက် ဘုံစိုးရိမ်ဖွယ်ရာကိစ္စရပ်များဖြစ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ
နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြပါသည်။ ကော်မတီအစည်းအဝေးအတွင်း နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့်
သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာ
(MoUs) အများအပြားကိုလည်း လက်မှတ် ရေးထိုးခဲ့ကြကြောင်း ကာတာအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန်အတွက် တူရကီသမ္မတ အာဒိုဂန်သည် ဒီဇင်ဘာလ ၆ ရက်မှစ၍
ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ၂ ရက်ကြာ တရားဝင်အလည်အပတ်ခရီးရောက်ရှိနေခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
လစ်သူရေးနီးယားလွတ်တော်သည် ဘီလာရုဇ်နှင့် ၎င်း၏နယ်စပ်တွင် အရေးပေါ် အခြေအနေကို နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးမြှင့်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်း
လစ်သူရေးနီးယားပါလီမန်သည် ဘီလာရုဇ်နှင့်
၎င်း၏နယ်စပ်တွင် အရေးပေါ် အခြေအနေကို နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးမြှင့်ရန် ဒီဇင်ဘာလ
၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြခဲ့ပါသည်။
အဆိုပါသက်တမ်း တိုးမြှင့်မှုကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိတိုင် ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး
လွှတ်တော်ကိုယ်စားလှယ် ၁၀၂ ဦးက ထောက်ခံမဲပေးခဲ့ကြပါသည်။ အဆိုပါအရေးပေါ် အခြေအနေကြေညာမှုသည်
ဘီလာရုဇ်နိုင်ငံနှင့် လစ်သူရေးနီးယားနယ်စပ်တစ်လျှောက် အပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သည့်
စခန်းများ၏ ၅ ကီလိုမီတာအကွာအထိ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ပိုလန်နိုင်ငံနှင့် ဘီလာရုဇ်နယ်စပ်တစ်လျှောက်
ရွှေ့ပြောင်းအခြေချနေထိုင်သူများ အကျပ်အတည်းကို တုံ့ပြန်ရန်အတွက် ယခင်က နိုဝင်ဘာလ ၁၀
ရက်တွင် အရေးပေါ်အခြေအနေအား ကြေညာခဲ့ပြီး ၎င်းသည် ဒီဇင်ဘာလ ၉ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း
သိရှိရပါသည်။
ချက်သမ္မတနိုင်ငံသည် ပိုလန်-ဘီလာရုဇ်နယ်စပ်သို့ တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဆိုခြင်း
Thehill;Dec-9(Thu)
ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာပဋိပက္ခများ
ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပိုလန်-ဘီလာရုဇ်နယ်စပ်သို့ တပ်ဖွဲ့ဝင် ၁၅၀ ဦး စေလွှတ်သွားမည်ဖြစ်ကြောင်း
ချက် အစိုးရက ဒီဇင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနှင့် ဗြိတိန် နိုင်ငံတို့အနေဖြင့်
ပိုလန်-ဘီလာရုဇ်နယ်စပ်သို့ ၎င်းတို့၏ တပ်ဖွဲ့ဝင် ၁၀၀ ဦးစီ စေလွှတ်
ခဲ့ပြီးနောက် ချက်သမ္မတနိုင်ငံအနေဖြင့် အထက်ပါအတိုင်း စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ပိုလန်-ဘီလာရုဇ်နယ်စပ်သို့ တပ်ဖွဲ့ဝင်များစေလွှတ်သွားမည့်ကိစ္စရပ်အား
လွှတ်တော် နှစ်ရပ်စလုံး၏ အတည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အတည်ပြုချက်ရရှိပါက တပ်ဖွဲ့ဝင် ၁၅၀ ဦးအား ၎င်းနယ်စပ်တွင်
ရက်ပေါင်း ၁၈၀ ကြာ တာဝန်ထမ်းဆောင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း ချက်ကာကွယ်ရေးဝန်ကြီး
လူဘိုမီယာမက်နာ (lubomir
Metnar) က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။
အရှေ့အလယ်ပိုင်းဒေသများမှ ထောင်နှင့်ချီသော
ရွှေ့ပြောင်းဒုက္ခသည်များသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ဝင်ရောက်ရန်အတွက် အဆိုပါနိုင်ငံအချို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ဘီလာရုဇ်နယ်စပ်သို့
စုရုံးရောက်ရှိလျက်ရှိပါသည်။ ထိုအခြေအနေ တွင် ဘီလာရုဇ်အစိုးရအနေဖြင့် ၎င်းဒုက္ခသည်များအား
ပိုလန်၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယား အစရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆီသို့
တရားမဝင်ဖြတ်ကျော် ဝင်ရောက်ရန် တိုက်တွန်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။
ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Alexander Lukashenko) သည် ၎င်း၏ အစိုးရအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို
တုံ့ပြန်နိုင်ရန်အတွက် ရွှေ့ပြောင်း ဒုက္ခသည်များကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်တစ်ခုသဖွယ်အသုံးပြုနေခြင်း
ဖြစ်သည်ဟု ဥရောပသမဂ္ဂက စွပ်စွဲပြောကြားမှုများပြုလုပ်ထားကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ
တရားမဝင်ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား
ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် ပိုလန်၊ လက်ဗီးယားနှင့် လစ်သူရေးနီးယား နိုင်ငံများသို့ပို့ဆောင်ရန် ဆောင်ရွက်ခဲ့ခြင်းကြောင့်
ဥရောပသမဂ္ဂနှင့် ဘီလာရုဇ်နိုင်ငံ အကြား ပဋိပက္ခဖြစ်ပွားလာခြင်းဖြစ်ပါသည်။
ဘီလာရုဇ်နိုင်ငံအနေဖြင့် ၎င်းဒုက္ခသည် များကို ပိုလန်နယ်စပ်သို့ပို့ဆောင်၍
ဥရောပသမဂ္ဂအား ဖိအားပေးခြိမ်းခြောက်နေသည့် အဓိကရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂက ဘီလာရုဇ်အပေါ်ချမှတ်ထားသည့်
အရေးယူ ပိတ်ဆို့မှုများကို
ပြန်လည်ရုပ်သိမ်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည် လုပ်ဆောင်စေရန်တို့ကြောင့်ဖြစ်ပါသည်။
ဘီလာရုဇ်နိုင်ငံသည် တရားမဝင်ရွှေ့ပြောင်း အခြေချနေထိုင်သူများကို လူသားလက်နက်တစ်ခုအဖြစ်အသုံးပြုလျက် မျိုးစပ်စစ်ပွဲဖန်တီး နေကြောင်း ဥရောပသမဂ္ဂက ပြစ်တင်ပြောကြားခဲ့ပြီး
ဥရောပခေါင်းဆောင်များကိုလည်း အကျပ်အတည်းတွေ့စေခဲ့သည့် ကိစ္စရပ်တစ်ခုဖြစ်လာကြောင်း
တွေ့ရှိရပါသည်။ ဥရောပ နိုင်ငံများအနေဖြင့် အဆိုပါရွှေ့ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက်သည့်
စိုးရိမ်ပူပန်မှု များကြောင့် အက်စတိုးနီးယားနှင့်
ဗြိတိန်နိုင်ငံတို့သည် တပ်ဖွဲ့ဝင် ၁၀၀ ဦးစီအား ပိုလန် နိုင်ငံသို့ အသီးသီးစေလွှတ်ခဲ့ကြပါသည်။
ယခုအခါ ချက်သမ္မတနိုင်ငံအနေဖြင့်လည်း ၎င်း၏တပ်ဖွဲ့ဝင် ၁၅၀ ဦးအား
စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ရက်ပေါင်း ၁၈၀ ကြာ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဥရောပနိုင်ငံအသီးသီးမှ ပိုလန်နယ်စပ်သို့
တပ်ဖွဲ့ဝင်များစေလွှတ်ပေးခြင်းကြောင့် ဥရောပ-ဘီလာရုဇ်အကြား ရွှေ့ပြောင်းဒုက္ခသည်များ
နယ်စပ်ဖြတ်ကျော်မှုပြဿနာမှာ အထိုက်အလျောက်တည်ငြိမ် သွားနိုင်ဖွယ်ရှိသော်လည်း ဒေသတွင်းအင်အားကြီးနိုင်ငံများ၏
ဝင်ရောက်စွက်ဖက်မှုများ နှင့်အတူ ဥရောပသမဂ္ဂ၏
ဘီလာရုဇ်အပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်နေပါက တင်းမာမှုများမှာ
အဆုံးသတ်သွားနိုင်ဖွယ်မရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
Tuesday, December 7, 2021
အီရန်သမ္မတနှင့် တူရကီသမ္မတတို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
Xinhua;Dec-9(Thu)
အီရန်သမ္မတ အီဗရာဟင်ရိုင်စီ (Ebrahim Raisi) နှင့် တူရကီသမ္မတ
ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် နှစ်နိုင်ငံဆက်ဆံရေးအား
ပိုမို ကောင်းမွန်အောင်ဆောင်ရွက်သွားမည့်ကိစ္စရပ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၈ ရက်တွင် တယ်လီဖုန်းဖြင့်
ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အီရန်သမ္မတရုံးက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်
စီးပွားရေး ဆိုင်ရာကဏ္ဍများတွင် အီရန်နှင့် တူရကီတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါ
ကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကသတိထား ရမည့်အချက်မှာ
အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်ဖြစ် ကြောင်း အီရန်သမ္မတ ရိုင်စီက
ပြောကြားခဲ့ပါသည်။ ထို့ပြင်ဒေသတွင်းအရေးကိစ္စများ ကိုလည်း ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်မှုမရှိစေဘဲ
ပြေလည်မှုရရှိအောင် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ရိုင်စီက ဆက်လက်ပြောကြားခဲ့ပါသည်။
တူရကီသမ္မတ အာဒိုဂန်ကလည်း စီးပွားရေးနှင့်
လုံခြုံရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်အရေးပါကြောင်း၊ ၎င်းအနေဖြင့် အနာဂတ်ကာလတွင်
အီရန် နိုင်ငံသို့
ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်းနှင့် ၎င်းချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်အောင်
လုပ်ဆောင်သွားမည့်ကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌ
မိုဟာမတ်ဘာ ကွာကောလီဘတ် (Mohammad Baqer Qalibaf) သည်လည်း တူရကီနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ်(Istanbul)
၌ကျင်းပမည့် (၁၆)ကြိမ်မြောက်
OIC အဖွဲ့ဝင်နိုင်ငံလွှတ်တော် များအသင်းအစည်းအဝေးသို့တက်ရောက်ရန် ဒီဇင်ဘာလ
၈ ရက်တွင် ထွက်ခွာခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တူရကီအာဏာပိုင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား
ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီအစဉ်များကို
အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဩစတြီးယားအာဏာရပါတီသည် ဝန်ကြီးချုပ်အသစ်ခန့်အပ်ခဲ့ခြင်း
Global World News; Dec-6 (Mon)
ဩစတြီးယားနိုင်ငံ၏ လက်ရှိအာဏာရ ပြည်သူ့ပါတီ
(People’s Party-OVP) သည် ၎င်းပါတီမှ ယခင်ပြည်ထဲရေးဝန်ကြီးနှင့် OVP
ပါတီအထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ကားလ်နေဟန်မာ (Karl
Nehammer) အား ဝန်ကြီးချုပ် အဖြစ်
ဒီဇင်ဘာလ ၆ ရက်တွင် ခန့်အပ်ခဲ့ကြောင်း Global World News သတင်းဌာနက
ဖော်ပြခဲ့ပါသည်။ အဆိုပါခန့်အပ်မှုသည် OVP ပါတီ၏ ၂ လအတွင်း
တတိယမြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၉ နှစ်ရှိ
ကားလ်နေဟန်မာသည် ယခင်ဝန်ကြီးချုပ်ဟောင်း ဆီဘက်စတိန်ကာ့ဇ် (Sebastain Kurz) ၏ မူဝါဒဖြစ်သည့် ကပ်ရောဂါထိန်းချုပ်ကန့်သတ်မှုများအပါအဝင် လူဝင်မှုကြီးကြပ်ရေးအားတင်းကျပ်စွာ အကောင်အထည်ဖော်ဆောင်ခြင်းကို
ထောက်ခံအားပေးသူတစ်ဦးလည်းဖြစ်ပါသည်။ ဝန်ကြီးချုပ်
ကားလ်နေဟန်မာအနေဖြင့် သမ္မတ အလက်ဇန်းဒါးဗန်ဒါဘဲလန် (Alexander Van
Der Bellen) ၏ရှေ့မှောက်၌
ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ယခင်ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်ခေတ်အလွန်
ဩစတြီးယားအစိုးရအား ဦးဆောင်သွားမည်ဖြစ်ပါသည်။
ဝန်ကြီးချုပ် ကားလ်နေဟန်မာအနေဖြင့်
ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်၏ ၂၀၁၇ ခုနှစ် မှစတင်၍ အင်အားကြီးမားလာအောင်
ဖွဲ့စည်းတည်ထောင်လာသည့် လက်ရှိအာဏာရ OVP ပါတီအား လတ်တလောအကျပ်အတည်းကာလတွင်
ဦးဆောင်ခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ကာ့ဇ်၏
အမိန့်နှင့်ညွှန်ကြားချက်လုပ်ငန်းအစီအစဉ်များအား ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ခြင်းအပါအဝင် Greens ပါတီနှင့် သဘောထားကွဲလွဲမှုများကိုလည်း ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရှင်းလင်းပြောဆိုခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း
နိုင်ငံအတွင်း၌ ကပ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းရေးအား
ကြိုးပမ်းလုပ်ဆောင်ခြင်းအပါအဝင် အသွားအလာထိန်းချုပ် ကန့်သတ်ခြင်းများအား
ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်ဟောင်း ကာ့ဇ်အပေါ်
စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ချိန်မှစ၍ OVP ပါတီသည်
အနီးဆုံးပြိုင်ဘက်အတိုက်အခံ လူမှုဒီမိုကရက်တစ်ပါတီ
(Social Democratic Party) အား မဲအရေအတွက် ၁၀ ရာခိုင်နှုန်း အသာဖြင့်သာ
ဦးဆောင်နိုင်ခဲ့သောကြောင့် ၎င်းအနေဖြင့် ပါတီပုံရိပ်ပြန်လည်ကောင်းမွန်လာစေရန်
ပြင်ဆင်မှုများပြုလုပ်သွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
ဆလိုဗက်ကီးယားသည် ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဆိုခြင်း
Webindia; Dec-6 (Mon)
ဆလိုဗက်ကီးယားနိုင်ငံသည် ထိုင်ဝမ်အပေါ် အပြည့်အဝကူညီထောက်ပံ့ပေးရေး
အပါအဝင် စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာ
စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း စီးပွားရေးဒုတိယဝန်ကြီး
ကာရိုဂါလက် (Karol Galek) က ဒီဇင်ဘာလ ၆ ရက်တွင် ထိုင်ဝမ်မြို့တော် တိုင်ပေ၌ပြုလုပ်သည့်
ထိုင်ဝမ်-ဆလိုဗက်ကီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကော်မရှင်ဆွေးနွေးပွဲအတွင်း
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်သည် ဆလိုဗက်ကီးယားနိုင်ငံ၏
ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်း၏ရင်းနှီးမြှုပ်နှံမှု ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း
ဂါလက်က ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုမှတစ်ဆင့်
အနာဂတ်ကာလပူးပေါင်း ဆောင်ရွက်မှုတွင်
၎င်းတို့နှစ်ဖက်အကြား၌ စီးပွားရေးဆိုင်ရာ အလားအလာကောင်း များရရှိလာမည်ဖြစ်ကြောင်း
ဂါလက်က ထပ်လောင်းပြောကြားခဲ့ပါသည်။