Tuesday, August 31, 2021

အက်စတိုးနီးယားရွေးကောက်ခံသမ္မတအသစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြေကြားခဲ့ခြင်း

 အက်စတိုးနီးယားနိုင်ငံ၏ ရွေးကောက်ခံသမ္မတအသစ် အလာကာရစ် (Alar Karis) သည် အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်တွင် ကတိပြုပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာဖွေသွားမည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာရစ်က ပြောကြားခဲ့ပါသည်။ အလာကာရစ်သည် အက်စတိုးနီးယားနိုင်ငံ၌ ဩဂုတ်လ ၃၁ ရက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၁၀၁ ဦးအနက် သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသည့် တစ်ဦး တည်းသော ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း သိရှိရပါသည်။