Sunday, January 31, 2021
တူရကီနှင့်အီရတ်နိုင်ငံတို့သည် ဆင်ဂျာ (Sinjar) ဒေသရှိ PKK အကြမ်းဖက်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန် စီစဉ်လျက်ရှိခြင်း
တူရကီနှင့်အီရတ်နိုင်ငံတို့သည် ဆင်ဂျာဒေသရှိ PKK အကြမ်းဖက်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန် စီစဉ်လျက်ရှိခြင်း
Daily Sabah; Jan-31 (Sun)
တူရကီနိုင်ငံသည် အနောက်နိုင်ငံများနှင့် တရုတ်၊ရုရှားနိုင်ငံများအပေါ် မှီခိုမှုများနှင့် ရပ်တည်ချက်များလုပ်ဆောင်သွားမည်ဖြစ်ကြောင်သမ္မတပြောကြားခြင်း
တူရကီနိုင်ငံသည် အနောက်နိုင်ငံများအပေါ် မှီခိုမှုအားတဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဖြစ်ခြင်း
တူရကီနိုင်ငံသည် အနောက်နိုင်ငံများဖြစ်သည့် မဟာမိတ်များအပေါ် ၎င်း၏ မှီခိုမှုများအား တဖြည်းဖြည်းချင်းပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နှင့် ရုရှားနိုင်ငံ များအပေါ် ၎င်း၏ရပ်တည်ချက်များအား ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယား၊ လစ်ဗျားနှင့် အဇာဘိုင်ဂျန်တို့၏ ပဋိပက္ခများတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်ခဲ့ပြီး ဂရိနှင့် ဆိုက်ပရက်စ်နိုင်ငံများ နှင့်လည်း အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 ဝယ်ယူခြင်း၊ နေတိုးကာကွယ်ရေးစနစ်များအား ထိခိုက်စေနိုင်သည့် လက်နက်များ ဝယ်ယူခြင်းနှင့် မဟာမိတ်နိုင်ငံများ၏ စည်းမျဉ်းများအား ဖောက်ဖျက်ခြင်းများကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။
တူရကီနှင့်အီရတ်နိုင်ငံတို့သည် ဆင်ဂျာဒေသရှိ PKK အကြမ်းဖက်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန် စီစဉ်လျက်ရှိခြင်း
Daily Sabah; Jan-31 (Sun)
ကာလရှည်ကြာဖြစ်ပွားခဲ့သော
အကြမ်းဖက်တိုက်ခိုက်မှုများကို အဆုံးသတ် နိုင်ရန်
ခက်ခဲသော်လည်း တူရကီနိုင်ငံအနေဖြင့် နိုင်ငံအတွင်းနှင့် အီရတ်နိုင်ငံ မြောက်ပိုင်း ဆင်ဂျာ (Sinjar) ဒေသရှိ ကာဒစ္စတန်အလုပ်သမားပါတီ
(Kurdistan Workers’
Party-PKK) အမည်ခံအကြမ်းဖက်အဖွဲ့အား အပြီးသတ်တိုက်ခိုက်မှုများ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း Daily
Sabah သတင်းဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။
ထို့ပြင် တူရကီနိုင်ငံသည် အီရတ်နိုင်ငံတွင်းရှိ အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေးလုပ်ငန်းများတွင်လည်း ဆက်လက်၍ ကူညီထောက်ပံ့ပေးသွားမည်
ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ပါသည်။ တူရကီနှင့် အီရတ်တို့၏ မဟာဗျူဟာမြောက်အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး ပူးတွဲလုပ်ဆောင်ချက်များသည်
PKK နှင့် IS အကြမ်းဖက်အဖွဲ့များအပေါ်
အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ခြင်းသာမက PKK အကြမ်းဖက်အဖွဲ့၏ အဖွဲ့ခွဲများ ထပ်မံပေါ်ပေါက်လာခြင်းများအတွက်လည်း အတားအဆီးတစ်ရပ်
ဖြစ်လာစေနိုင်ကြောင်း စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ပြောကြားခဲ့ပါသည်။ အဆိုပါ မဟာဗျူဟာမြောက် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး
ပူးတွဲလုပ်ဆောင်ချက်များ အောင်မြင်စေရန်အတွက် အီရတ်အစိုးရနှင့် ၎င်းဒေသရှိ ကာဒစ်စတန်
ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့တို့အကြား စစ်မှန်သောကတိကဝတ်များပြုလုပ်ရန် လိုအပ်ကြောင်း
စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ထပ်လောင်းပြောကြားခဲ့ ပါသည်။
အစ္စရေးနှင့် ကိုဆိုဗိုတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း
Timesofisrael; Feb-1 (Mon)
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး
ဂါဘီအက်ရှ်ကန်နာဇီ (Gabi Ashkenazi) နှင့် ကိုဆိုဗိုနိုင်ငံခြားရေးဝန်ကြီး မယ်လီဇာဟာရာဒီနဂျ်စတုဘယ်လာ
(Meliza
Haradinaj-Stublla) တို့သည်
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ရန် ဖေဖော်ဝါရီလ ၁ ရက်တွင်
ဆွေးနွေးပွဲတစ်ရပ်အား အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့်
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏
စေ့စပ်ညှိနှိုင်းမှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်တွင် ပုံမှန်သံတမန်ဆက်ဆံရေးထူထောင်ပြီးသည့်နောက်
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ကိုဆိုဗိုသည် အစ္စရေးနိုင်ငံနှင့် ပထမဆုံး အွန်လိုင်းမှတစ်ဆင့်
သံတမန်ဆက်ဆံရေးတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်းလည်း
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အစ္စရေးနှင့်
ကိုဆိုဗိုနိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများအတွက်
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ရန်နှင့်
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ၏
လှုပ်ရှားဆောင်ရွက်မှုများနှင့်ဆက်စပ်၍ ပူးတွဲသဘော တူညီချက် ၂ ရပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် နှစ်နိုင်ငံအနေဖြင့်
သဘောတူစာချုပ်မိတ္တူများအား အီးမေးလ်မှတစ်ဆင့် အပြန်အလှန်ပေးပို့သွားမည်ဖြစ် ပါသည်။
ကိုဆိုဗိုသည် အနာဂတ်တွင် ၎င်း၏သံရုံးအား အစ္စရေးနိုင်ငံ၊ မြို့တော် ဂျေရုဆလင် (Jerusalem) တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းသည် အမေရိကန်နှင့် ဂွါတီမာလာ (Guatemala) ပြီးနောက် ဂျေရုဆလင်မြို့တွင် တတိယမြောက်ဖွင့်လှစ်သည့် နိုင်ငံခြားသံရုံးဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Estonia’s first female prime minister vows to tackle climate crisis
Mon 1 Feb 2021
Estonia’s first female prime minister has promised to implement changes in both style and substance in the governance of the Baltic nation, as she takes charge after two years in which a far-right party was in the ruling coalition.
Kaja Kallas, a 43-year-old lawyer and head of Estonia’s Reform party, was sworn into office on Tuesday.
“My government will be very pro-European, especially in supporting European values such as the rule of law,” she said in an interview. “We will also have a very clear change in policies when it comes to issues like climate policy.”
The new coalition government has vowed to develop plans to stop the production of oil shale power in the country by 2035 and achieve carbon neutrality by 2050.
The previous coalition collapsed after a corruption scandal involving the Centre party of Jüri Ratas, who resigned as prime minister. He caused controversy after elections two years ago by going into coalition with the far-right EKRE, whose members opposed all immigration, were often Eurosceptic and on occasion praised Nazi economic policy.
A flagship EKRE policy was holding a referendum on whether to explicitly define marriage as between a man and a woman in the Estonian constitution, which they demanded as a condition of joining the government and which was due to take place later this year. With EKRE out of government, the referendum will now not take place.
Estonia passed a law allowing civil partnerships for same-sex couples six years ago, but many of the provisions are not yet in force. Kallas said she wanted to see progress on that, but added her government would not push for same-sex marriage.
“We will not open the marriage definition in order to keep division down in society, but we will try to move on with granting full rights to civil partnerships, so eventually we will achieve the same goal: that all people have the same rights,” she said.
EKRE politicians had become known for scandalous outbursts over the past two years, with President Kersti Kaljulaid even convening the country’s security council over fears that EKRE politicians were jeopardising relations with allies. She accused the Ratas government of being “a threat to national security and constitutional order”. EKRE’s leader, Mart Helme, who served as interior minister until late last year, called Joe Biden “corrupt” and referred to Finland’s 35-year-old prime ministerm Sanna Marin, as a “sales girl”.
Now, Estonia becomes one of the few countries in the world where both the prime minister and head of state are women. Kallas, who is the daughter of former prime minister Siim Kallas, also appointed women to the key cabinet posts of finance and foreign ministers. “Everybody asks me about their gender, it’s not about their gender it’s about them being really competent people,” she said.
The Centre party remains in the coalition, sharing ministerial posts with Kallas’s Reform party despite the corruption scandal.
Kallas said there was little that could be done to win over the support of EKRE voters, with the party neither winning new fans nor losing supporters during its time in government, instead staying at around 15% of support.
“It’s like a religion. It’s not based on the policies, but [their supporters] believe in them and nothing will make them decide otherwise,” she said, citing polls that showed EKRE voters were the least likely to be swayed by new policies into voting for other parties.
She said, however, that she had little time for the criticisms being made by EKRE politicians about the new direction of the government. “It’s like, can’t you have this monologue in front of a mirror? You were in the government for two years … and did nothing for the places and people further from Tallinn.”
The first major challenge for the new government will be dealing with the coronavirus pandemic. The slow speed of EU vaccine procurement and distribution, as well as neighbouring Finland’s decision to close its borders to Estonians, is testing Europhile sentiment, but Kallas said, while the vaccine situation was frustrating, it was still better than each country looking after only itself.
“Without the joint approach … a small country that doesn’t need so many vaccines can’t really get on board of any agreement that pharmaceutical companies have with a big country; we could only ask other countries to also buy some for us,” she said. Once vaccines do arrive in larger quantities than the current trickle, a large proportion of Estonia’s 1.3 million population could be vaccinated quickly, she said.
https://www.theguardian.com/world/2021/feb/01/estonias-first-female-prime-minister-vows-to-tackle-climate-crisis
Saturday, January 30, 2021
အဇာဘိုင်ဂျန်နှင့် တူရကီကာကွယ်ရေးဝန်ကြီးတို့သည် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်ဆွေးနွေးခဲ့ခြင်း
TASS ; Jan-31 (Sun)
အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး
ဇာကီရာဟာဆန်နော့(Zakir Hasanov) နှင့် တူရကီဒုတိယကာကွယ်ရေးဝန်ကြီး
ရန်းနပ်စ်အမ်မရီကားရော့စ်မန်နိုဂလူ
(Yunus Emre Karasmanoglu) တို့သည် ဇန်နဝါရီလ ၃၀ ရက်တွင် တွေ့ဆုံ၍ စစ်ဘက်နည်းပညာ ဆိုင်ရာကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့တွေ့ဆုံစဉ်
နာဂေါ်နို-ကရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ရုရှား-တူရကီ နှစ်နိုင်ငံ ပူးတွဲလေ့လာစောင့်ကြည့်ရေးစင်တာနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလည်း ဆွေးနွေး
ခဲ့ကြပါသည်။ တူရကီကာကွယ်ရေးဝန်ကြီးသည်
ရုရှား-တူရကီ နှစ်နိုင်ငံ ပူးတွဲလေ့လာ စောင့်ကြည့်ရေးစင်တာနှင့်ပတ်သက်၍
အဇာဘိုင်ဂျန်နိုင်ငံသို့
ရောက်ရှိနေချိန်တွင် အထက်ပါအတိုင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးနှင့်
တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်။
နာဂေါ်နို- ကရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေးအပေါ် စောင့်ကြည့် လေ့လာမှုများပြုလုပ်သွားမည့် ရုရှား-တူရကီ နှစ်နိုင်ငံပူးတွဲလေ့လာစောင့်ကြည့်ရေး
စင်တာအား အဇာဘိုင်ဂျန်နိုင်ငံတွင်ထားရှိသွားရန်နှင့်ပတ်သက်သည့်
နားလည်မှု စာချွန်လွှာတစ်စောင်အား
ရုရှားကာကွယ်ရေးဝန်ကြီး
ဆာဂျီရှိုးဂူ (Sergei Shoigu) နှင့် တူရကီကာကွယ်ရေးဝန်ကြီး
ဟူလူဆီအက်ကာ(Hulusi Akar)တို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါနှစ်နိုင်ငံပူးတွဲ
စောင့်ကြည့်ရေးစင်တာအနေဖြင့်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ရုရှား၊ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးခဲ့သည့် နာဂေါ်နို- ကရာဘတ်ခ်ဒေသအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များနှင့်
ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများအား
ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
Friday, January 29, 2021
တူရကီနိုင်ငံသို့ ရေငုပ်သင်္ဘောရောင်းချမှုမပြုလုပ်ရန် ဂရိအစိုးရ၏ တောင်းဆိုမှုအား ဂျာမနီအစိုးရက ငြင်းဆိုခဲ့ခြင်း
greece.greekreporter; Jan -30 (Sat)
ဂရိကာကွယ်ရေးဝန်ကြီး
နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikos
Panagioto poul os) နှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး
အန်နီဂရက်ခရမ့်ကရန်ဘောင်ရာ (Annegret Kramp-) တို့သည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်
ဆွေးနွေးမှုများပြုလုပ်ရာတွင် ဂျာမနီနိုင်ငံ အနေဖြင့်
တူရကီနိုင်ငံသို့ ရေငုပ်သင်္ဘောရောင်းချမှုမပြုလုပ်ရန် ဂရိအစိုးရ၏တောင်းဆိုမှု
အား ဂျာမနီအစိုးရက ငြင်းဆိုခဲ့ကြောင်း
ဇန်နဝါရီလ ၃၀ ရက်တွင် greece.greekreporter
သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် Thyseen ကုမ္ပဏီအနေဖြင့် ၂၀၀၂ ခုနှစ်မှ စတင်ကာ သဘောတူစာချုပ်လက်မှတ်ရေးထိုးထားခြင်းဖြစ်သည့်အတွက်
တူရကီနိုင်ငံ သို့ Type-214 ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ရောင်းချရေးအစီအစဉ်အား
ရပ်ဆိုင်း သွားမည်မဟုတ်ကြောင်း ကရန်ဘောင်ရာက ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လများ အတွင်းကလည်း
တူရကီနိုင်ငံအပေါ် ဂျာမနီနိုင်ငံ၏ စစ်လက်နက်ပစ္စည်းရောင်းချခဲ့မှု များအား ရပ်ဆိုင်းသွားရန်
ဂရိနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့အပါအဝင်
ဂရိအစိုးရအဖွဲ့ဝင်အရာရှိများအား မကြာခဏတောင်းဆိုမှုပြုလုပ်ခဲ့ကြပါသည်။
အဆိုပါရေငုပ်သင်္ဘောရောင်းချမှုသည်
ဥရောပသမဂ္ဂ၏လုံခြုံရေးအပေါ် အကျိုး သက်ရောက်နိုင်သည့်အတွက် ဂရိအနေဖြင့်
ဂျာမနီအစိုးရထံ ဇန်နဝါရီလ ၂၇ ရက်တွင် ဖျောင်းဖျပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံသည်
အဆိုပါရေငုပ်သင်္ဘောများအား
ပိုင်ဆိုင်ထားရှိပြီး ဒေသတွင်းမဟာဗျူဟာမြောက် အရေးပါလျက်ရှိသော်လည်း ဂျာမနီ၏ ရောင်းချမှုသည်
မြေထဲပင်လယ်အတွင်း ရှိရင်းစွဲတင်းမာမှုများကို
ပိုမိုမြင့်တက်စေပါ သည်။
ဂျာမနီအစိုးရအနေဖြင့် တူရကီနိုင်ငံသို့ လက်နက်ရောင်းချမှုနှင့်
ရေငုပ်သင်္ဘော ရောင်းချမှုအားမပြုလုပ်ရန်
ဂရိအစိုးရ၏တောင်းဆိုချက်ကိုကန့်ကွက်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး
ဟိုက်ကိုမက်စ် (Heiko Maas) က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက လည်း ထုတ်ဖော်ပြောကြားထားကြောင်း သိရှိရပါသည်။
Monday, January 25, 2021
Estonia's first female PM sworn in as new government takes power
Tue 26 Jan 2021 14.43 GMT
Estonia’s new prime minister has promised to restore the Baltic nation’s reputation, after two turbulent years in which a far-right party was part of the country’s government.
“We will again build our relations with our allies, our neighbours, and we will try to restore our name as a good country to invest in,” Kaja Kallas told Reuters in Tallinn on Tuesday, after taking her oath of office.
The 43-year-old Kallas becomes the country’s first female prime minister since Estonia regained independence in 1991. The Reform Party, which she leads, won the most votes in a 2019 general election, but was unable to form a government, as the rival Centre Party instead looked to the far-right EKRE and another right-wing party to form a controversial coalition, with Centre’s Juri Ratas as prime minister.
That coalition was always fragile, and was repeatedly rocked by far-right rhetoric used by EKRE government members. In 2019, EKRE MP Ruuben Kaalep told the Guardian that the party’s agenda was to fight against “native replacement”, “the LGBT agenda” and “leftist global ideological hegemony”.
In December that year, the Estonian president Kersti Kaljulaid apologised to Finland, after interior minister Mart Helme, the EKRE leader, mocked Finland’s newly elected prime minister Sanna Marin as a “sales girl”.
Last year, Kaljulaid convened the country’s security council to discuss remarks by Helme calling the then-US presidential nominee Joe Biden “corrupt”. She said the remarks could put Estonia’s alliances under threat.
In the end, the Ratas government was felled not by EKRE’s rhetoric but by a corruption scandal. He resigned earlier in January, and a new coalition was formed between the Centre and Reform parties, with seven cabinet posts each and Kallas as prime minister. The new cabinet will be in office for two years before a new election is due in spring 2023.
Kallas, a former lawyer and MEP, is the daughter of Sim Kallas, who founded the Reform Party and was prime minister in 2002-2003. She said gender balance was an important factor in the new cabinet, with numerous women appointed to key positions, including the finance and foreign ministers.
Estonia is now one of just a few countries where both the head of state and of government are women, though president Kaljulaid’s five-year term will come to an end this year, and she has not yet announced whether she will seek another term.
https://www.theguardian.com/world/2021/jan/26/estonia-first-female-pm-appointed-as-new-government-takes-power
Monday, January 18, 2021
ဆားဘီးယားသည် တရုတ်ထုတ် COVID-19 ကာကွယ်ဆေးများကို ပထမဆုံး အသုံးပြုသည့် ဥရောပနိုင်ငံဖြစ်လာခဲ့ခြင်း
Reuter;Jan 19 (Tue)
ဆားဘီးယားနိုင်ငံအနေဖြင့် တရုတ်ဆေးကုမ္ပဏီ Sinopharm မှထုတ်လုပ်
သည့် COVID-19 ကာကွယ်ဆေး ၁ သန်းခန့်အား ပြီးခဲ့သည့်သီတင်းပတ်က လက်ခံ ရရှိခဲ့ပြီးနောက်တွင်
၎င်းကာကွယ်ဆေးများဖြင့် အများပြည်သူကာကွယ်ဆေးထိုးနှံ သည့်အစီအစဉ်များအား ပထမဆုံးစတင်ခဲ့သည့်
ဥရောပနိုင်ငံဖြစ်လာခဲ့ပါသည်။ နိုင်ငံ၏ စစ်ဘက်တပ်ဖွဲ့ဝင် ရာပေါင်းများစွာအား မြို့တော်
ဘဲလ်ဂရိတ် (Belgrade) ရှိ ပြပွဲ ခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်တွင် ကာကွယ်ဆေးထိုးနှံမှုများ
ပြုလုပ်ပေးခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း Pfizer and BioNTech အမျိုးအစားနှင့်
ရုရှားနိုင်ငံထုတ် Sputnik V အမျိုးအစားကာကွယ်ဆေးများဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့်
ဆေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံ၏အဓိကကျသည့်
ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်တပ်ဖွဲ့ဝင်များ နှင့် ဆရာ/ဆရာမများအတွက်လည်း ကာကွယ်ဆေးထိုးနှံမှုများ
ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။
ဆားဘီးယားနှင့်တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်
လျက်ရှိခြင်းကြောင့် တရုတ်ကုမ္ပဏီများအနေဖြင့် အခြေခံအဆောက်အအုံနှင့် စွမ်းအင် စီမံကိန်းများအတွက်
ဆားဘီးယားနိုင်ငံ၌ ယူရိုဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လျက်ရှိပါသည်။
ကာကွယ်ရေးဝန်ကြီး နီဘိုဂျာစတီဖန်နိုဗစ် (Nebojsa Stefanovic) အနေဖြင့် ၎င်းအပါအဝင်
စစ်ဘက်တပ်ဖွဲ့ဝင် ၇၀၀ ကျော်သည် တရုတ် နိုင်ငံထုတ် ကာကွယ်ဆေးများထိုးနှံခဲ့ကြောင်း ကြေညာခဲ့ပါသည်။
ဆားဘီးယားနိုင်ငံ အနေဖြင့် လာမည့်ရက်များအတွင်း Sputnik အမျိုးအစားကာကွယ်ဆေး ၂၅၀,၀၀၀ နှင့် Pfizer အမျိုးအစား
ကာကွယ်ဆေး ၂၀,၀၀၀ ထပ်မံရရှိနိုင်ဖွယ်ရှိကြောင်း သမ္မတ အလက်ဇန်းဒါးဘူစစ်
(Aleksandar Vucic)က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
ဂျာမနီနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးတို့သည် ဥရောပသမဂ္ဂ-တူရကီဆက်ဆံရေး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း
Xinhua;Jan-19(Tue)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗက်ကာဗူဆိုဂလူ(Mevlut Cavusoglu)
နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမက်စ်(Heiko Maas)တို့သည် အရှေ့မြေထဲ ပင်လယ်ဒေသတွင်း တူရကီနိုင်ငံ၏ စွမ်းအင်တူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍
တင်းမာမှုများဖြေလျှော့လာသည့်အတွက် ပိုမိုကောင်းမွန်လာသော
ဥရောပသမဂ္ဂ- တူရကီ ဆက်ဆံရေးအပေါ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း ဇန်နဝါရီလ ၁၉
ရက် တွင် Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီနှင့် ဥရောပသမဂ္ဂတို့သည် ပြီးခဲ့သည့်
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင်
၎င်းတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်သောအခြေအနေ တစ်ရပ်သို့ ရောက်ရှိခဲ့သော်လည်း တူရကီနိုင်ငံအနေဖြင့်
ယခုထက်ပိုမိုခိုင်မာသော ဆက်ဆံရေးရရှိရန် လိုလားလျက်ရှိကြောင်း မဲဗက်ကာဗူဆိုဂလူက ပြောကြားခဲ့
ပါသည်။ လာမည့်ရက်ပိုင်းများ၌လည်း ဆက်စပ်ဆွေးနွေးမှုများအား ပြုလုပ်သွားမည် ဖြစ်ကြောင်း
တူရကီနိုင်ငံနှင့် ဥရောပသမဂ္ဂအကြီးအကဲများက မှတ်ချက်ပြုပြောကြား ခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများအတွင်း ခရီးသွားဗီဇာကင်းလွတ်ခွင့်
ပေးရန်၊ တူရကီနှင့် ဥရောပသမဂ္ဂအကြား အကောက်ခွန်သမဂ္ဂဆိုင်ရာ သဘော တူညီမှုအား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရွှေ့ပြောင်းဒုက္ခသည်အခြေချနေထိုင်ရေးဆိုင်ရာ သဘောတူညီမှုနှင့်ပတ်သက်၍
ပြန်လည် သုံးသပ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊
ဒီဇင်ဘာလတွင် အရှေ့မြေထဲပင်လယ်ဒေသအတွင်း စွမ်းအင်တူးဖော်ရေး နှင့်ပတ်သက်၍ တူရကီနိုင်ငံအပေါ်
ပြင်းထန်သော အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊
မတ်လအထိတိုင် အရေးယူပိတ်ဆို့မှု များအားရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့်
ဥရောပသမဂ္ဂ-တူရကီ ဆက်ဆံရေးအား ယခုထက်ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးတစ်ခုသို့ မြှင့်တင်ဆောင်ရွက်
ရန် လိုလားလျက်ရှိကြောင်း ဟိုင်ကိုမက်စ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် မြေထဲ ပင်လယ်ဒေသတွင်း
တင်းမာမှုများအားဖြေလျှော့ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် တူရကီနှင့် ဂရိနိုင်ငံအကြား
ပြန်လည်ပြုလုပ်မည့် ဆွေးနွေးမှုများကိုလည်း လက်ခံ ကြိုဆိုလျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ
သိရှိရပါသည်။
Sunday, January 17, 2021
ဥရောပသမဂ္ဂပြန်လည်ထူထောင်ရေးဆိုင်ရာရန်ပုံငွေအား အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ပိုလန်က သုံးစွဲသွားမည်ဆိုခြင်း
Thefirstnews;
Jan 18 (Mon)
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့်
ပျက်စီးခဲ့ရသည့် ဥရောပစီးပွားရေး လုပ်ငန်းများ
ပြန်လည်းကောင်းမွန်လာစေရန်အတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ခွဲဝေချထားမှုများပြုလုပ်သည့် ထောက်ပံ့ငွေများကို
အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း
ပိုလန်ဘဏ္ဍာရေးဝန်ကြီး တာဒစ်ဇ်ကိုစ် စင်စကီ (Tadeusz Koscinski) က ဇန်နဝါရီလ
၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။
ရန်ပုံငွေခွဲဝေချထားမှုများ၏ ၃၀ ရာခိုင်နှုန်း အား
အစိမ်းရောင်စီးပွားရေးစီမံကိန်းများအတွက်လည်ကောင်း ၂၅ ရာခိုင်နှုန်းအား ဒစ်ဂျစ်တယ်စီးပွားရေးအစီအစဉ်အတွက်လည်းကောင်း
အသီးသီးအသုံးပြုသွားမည်ဟု ပိုလန်ဘဏ္ဍာရေးဝန်ကြီး
တာဒစ်ဇ်ကိုစ်စင်စကီက ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့ ပါသည်။
ပိုလန်နိုင်ငံအနေဖြင့်
ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချမှုတိုးမြှင့်ရေးဆိုင်ရာ
အစိမ်းရောင်စီးပွားရေးစီမံကိန်းမူဝါဒအတွက် ယူရို ၂၀.၅ ဘီလီယံ ခွဲဝေချထားပေးရန်
အဆိုပြုထားကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ အစိမ်းရောင်စီးပွားရေး
စီမံကိန်း၏ ရန်ပုံငွေသုံးစွဲမှုများအဖြစ် စွမ်းအင်အရင်းအမြစ်များအား ထိရောက်စွွာ
အသုံးပြုခြင်း၊ အစိမ်းရောင်စွမ်းအင်ထုတ်လုပ်ခြင်း၊ အခြေခံအဆောက်အအုံကွန်ရက်
ချိတ်ဆက်ခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းများအပြင် သယ်ယူပို့ဆောင်ရေးနှင့်
မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကိုစ်စင်စကီက
ပြောကြားခဲ့ပါသည်။ ထို့ပြင်ဥရောပနိုင်ငံများ ချိတ်ဆက်ဆောင်ရွက်ခြင်းမူဝါဒနှင့်
တစ်ခု တည်းသောဒစ်ဂျစ်တယ်ဈေးကွက်
မူဝါဒများအကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေ များအနက်မှ ယူရို ၁၇.၆ ဘီလီယံ
ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Wednesday, January 13, 2021
အဇာဘိုင်ဂျန်သမ္မတနှင့် တူရကီသမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
TASS; Jan-17(Sun)
အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီယက် (Ilham
Aliyev) နှင့် တူရကီသမ္မတ
ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း
အဇာဘိုင်ဂျန်သမ္မတရုံးက ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
သမ္မတနှစ်ဦးအနေဖြင့် မကြာမီအချိန်အတွင်း အဇာဘိုင်ဂျန် နိုင်ငံ၊ အာဂျ်ဒမ် (Aghdam)
မြို့၌ ဖွင့်လှစ်သွားမည့် ရုရှား-တူရကီ ပူးတွဲစောင့်ကြည့်ရေး စင်တာနှင့်စပ်လျဉ်း၍
ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါစင်တာသည် အာမေးနီးယား နိုင်ငံနှင့်
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh)
ဒေသငြိမ်းချမ်းရေးအား ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်
အထောက်အကူပြုပေး နိုင်မည်ဖြစ်ကြောင်း၊ အဇာဘိုင်ဂျန်အနေဖြင့် အာမေးနီးယားထံမှ
ပြန်လည်ရယူခဲ့သည့် နယ်မြေများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ
အဆိုပါ လုပ်ငန်းများတွင် ကူညီထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့သည့်
တူရကီကုမ္ပဏီများ၏ ဆောင်ရွက်မှုအပေါ်
ကျေးဇူးတင်ရှိကြောင်း သမ္မတအလီယက်က တယ်လီဖုန်းပြောဆိုစဉ် အတွင်း
ထည့်သွင်းပြောကြားခဲ့ပါသည်။