Tuesday, March 31, 2020

တူရကီနိုင်ငံနယ်စပ်အနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခု တိုက်ခိုက်ခံရသည့်အတွက် တူရကီနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အီရန်အမျိုးသားသဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ညွှန်ကြားရေးမှူးက ပြောကြားခဲ့ခြင်း

အီရန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံနယ်စပ်အနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခု တိုက်ခိုက်ခံရသည့်အတွက် တူရကီနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း အီရန်အမျိုးသားသဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ညွှန်ကြားရေးမှူး မက်ဒီဂျန်ရှီဒီဒါနာ (Mehdi Jamshidi-Dana) က ပြောကြားခဲ့ပါသည်။ ကာ့ဒ်အလုပ် သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့သည် မတ်လ ၃၁ ရက်တွင် တူရကီနိုင်ငံနယ်စပ်၊ ဘာဇာဂန် (Bazargan) မြို့အနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခုအား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဂျန်ရှီဒီဒါနာက စွပ်စွဲပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါတိုက်ခိုက်မှု သည် မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ဟု မသိရှိရသေးကြောင်း တူရကီ နိုင်ငံပိုင် TRT Haber သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အီရန်နိုင်ငံသည် တိုက်ခိုက်ခံခဲ့ရသည့် အဆိုပါပိုက်လိုင်းမှတစ်ဆင့် တူရကီနိုင်ငံသို့ နှစ်စဉ်သဘာဝ ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလီယံ ပေးပို့လျက်ရှိကြောင်း သိရှိရပါသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဆီးရီးယားပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်း



www.middleeastmonitor; Mar-31(Tue) 

တူရကီနှင့် ရုရှားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့သည့် ဆီးရီးယားပြည်သူ ၃၅,၀၀၀ ခန့်သည် နိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) စီရင်စုသို့ ပြန်လည်လာရောက်ခဲ့ကြကြောင်း ဆီးရီးယားနိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ညွှန်ကြားရေးမှူး မိုဟာမက်ဒ်ဟယ်လဂျ် (Mohammad Hallaj) က ပြောကြားခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် မတ်လ ၅ ရက်တွင် ရုရှားနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး အိုင်ဒဲလစ်စီရင်စုရှိ စစ်မဲ့ဇုန်အတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း ဆီးရီးယားအစိုးရနှင့် ၎င်းအားထောက်ခံသည့် မဟာမိတ်အဖွဲ့များသည် အိုင်ဒဲလစ်စီရင်စု၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာသဘောတူညီချက်အား ချိုးဖောက်လျက်ရှိကြောင်း သိရှိရပါသည်။ တူရကီ၊ ရုရှားနှင့် အီရန်နိုင်ငံခေါင်းဆောင်များသည် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာ (Astana) မြို့၌ ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲပြီးနောက် အိုင်ဒဲလစ်စီရင်စုအပါအဝင် အခြားစီရင်စု ၃ ခုတို့အား တင်းမာမှုလျှော့ချရေးဇုန်များအဖြစ်သတ်မှတ်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ တားမြစ်ခဲ့ကြပါသည်။ သို့သော် ဆီးရီးယားအစိုးရနှင့် အီရန်ထောက်ခံ သည့် အကြမ်းဖက်အဖွဲ့များသည် ရုရှားတို့၏ လေကြောင်းအကူအညီဖြင့် အဆိုပါ တင်းမာမှုလျှော့ချရေးဇုန် ၃ ခုအား သိမ်းပိုက်ခဲ့ပါသည်။ ထို့ပြင် ဆီးရီးယားတပ်ဖွဲ့ဝင် များသည် သူပုန်များအတွက် နောက်ဆုံးခြေကုပ်တစ်ခုဖြစ်သော အိုင်ဒဲလစ်စီရင်စုအား သိမ်းပိုက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ စစ်ရေးတပ်ဖြန့် ချထားမှုများ ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

Monday, March 30, 2020

တူရကီစစ်ဘက်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် တပ်ဖွဲ့သစ် ၆ ခုဖွဲ့စည်းခဲ့ကြောင်းဆီးရီးယားအတိုက်အခံတစ်ဦးက ပြောကြားခဲ့ခြင်း





ဆီးရီးယားအနောက်မြောက်ပိုင်း၊ အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်းရှိ တူရကီ စစ်ဘက်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် အဆိုပါနယ်မြေအတွင်း၌ တပ်ဖွဲ့သစ် ၆ ခု ဖွဲ့စည်းခဲ့ကြောင်း ဆီးရီးယားအတိုက်အခံခေါင်းဆောင်တစ်ဦးက မတ်လ ၂၉ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါတပ်ဖွဲ့များတွင် ဆီးရီးယားအတိုက်အခံများ၏ ခေါင်းဆောင်မှု အောက်ရှိ Syrian National Army နှင့် National Front for Liberation သူပုန်အဖွဲ့ တို့မှ အဖွဲ့ဝင်များပါရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါအတိုက်အခံ ခေါင်းဆောင်က အိုင်ဒဲလစ်စီရင်စုတွင် တူရကီစစ်ဘက်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ တပ်ဖွဲ့သစ်များဖွဲ့စည်းခြင်းဖြင့် တူရကီစစ်ဘက်နှင့် ၎င်းတို့ အကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Sunday, March 29, 2020

လစ်ဗျားနိုင်ငံသို့ လက်နက်များပို့ဆောင်မည့် တူရကီသင်္ဘောတစ်စီးကို ပြင်သစ်ရေတပ်က ကြားဖြတ်ဟန့်တားခဲ့ခြင်း





Bulgarian Military; Mar-28 (Sat) 

ပြင်သစ်ဖရီးဂိတ်စစ်ရေယာဉ် "Provence" သည် သံသယဖြစ်ဖွယ် တူရကီ ကုန်တင်ရေယာဉ်တစ်စီးကို ဖိအားပေး၍ ဦးတည်ခုတ်မောင်းနေသည့် လမ်းကြောင်း ပြောင်းစေခဲ့ကြောင်း Bulgarian Military သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ လစ်ဗျားနိုင်ငံအပေါ်ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှုဆိုင်ရာ တားဆီးပိတ်ပင် မှုကို တူရကီသင်္ဘောအနေဖြင့် နည်းလမ်းတကျချိုးဖောက်ခဲ့ပြီး လစ်ဗျားကြားဖြတ် အစိုးရအတွက် လေယာဉ်ပစ်ဒုံးကျည်စနစ်များ သယ်ယူပို့ဆောင်ပေးခဲ့ဖွယ်ရှိကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြပါသည်။ 

လစ်ဗျားနိုင်ငံတွင် လက်ရှိအချိန်၌ ခေါင်းဆောင်နှစ်ဦးအပေါ် ထောက်ခံသူ များအကြား လက်နက်ကိုင်ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ဝန်ကြီးချုပ် ဖာရက်ဇ်ဆာရက်ချ် (Fayez Saraj) ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (Government of National Accord–GNA) နှင့် အဗ္ဗဒူလာအဗ္ဗဒူရာဟာမန် အယ်လ်သာနီ (Abdullah Abdurrahaman al-Thani) ဦးဆောင်သည့် အရှေ့ပိုင်း အစိုးရ (Eastern Government - EG) တို့က နိုင်ငံကို ဦးဆောင်လျက်ရှိပါသည်။ GNA ကို ကုလသမဂ္ဂကထောက်ခံမှုပြုထားပြီး EG ကိုမူ လစ်ဗျားတပ်မတော်အကြီးအကဲ ခါလီဖာဟက်ဖ်တာ (Khalifa Haftar) က ထောက်ခံမှုပေးထားပါသည်။ တူရကီအစိုးရ အနေဖြင့် GNA နှင့်ဆက်နွှယ်နေသည့် စစ်သွေးကြွများကို စစ်ဝတ်တန်ဆာနှင့် လက်နက်များ မကြာခဏဆိုသလို ထောက်ပံ့မှုပြုခဲ့ကြောင်း သိရှိရပါသည်။

Saturday, March 28, 2020

တူရကီသမ္မတ သည် ပို့ဆောင်ရေးဝန်ကြီး အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ပို့ဆောင်ရေးဝန်ကြီး မရှ်မတ်ကာဟစ်တာဟန် (Mehmet Cahit Turhan)အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက မတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါထုတ်ပယ်ခံရခြင်းကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိ သော်လည်း တူရကီပို့ဆောင်ရေးဝန်ကြီးသစ်အဖြစ် အဒီကာရေ့မေးလ်လိုဂလူ (Adil Karaismailoglu)အား ခန့်အပ်ခဲ့ကြောင်း တူရကီပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ကာရေ့မေးလ်လိုဂလူသည် ၂၀၁၉ ခုနှစ်အတွင်းက ပို့ဆောင်ရေးဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်ကြောင်း သိရှိရပါသည်။

Friday, March 27, 2020

ရုရှားနှင့် တူရကီနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဉီးက ပြောကြားခဲ့ခြင်း

ရုရှားနှင့် တူရကီနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဉီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ယင်းနှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်များသည် အလက်ပို (Aleppo) နှင့် အယ်လ်ဟာဆာခါ (Al Hasakah) မြို့မှ စစ်ဘက်တပ်ဖွဲ့များနှင့်အတူ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ Qamishli-Sheyrek-Jayharia-Sheyrek Qamishli လမ်းမကြီးတစ်လျှောက် ၌လည်း ကင်းလှည့်မှုပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ အလက်ပိုနှင့် အယ်လ်ဟာဆာခါ မြို့တို့၌ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ၂ ခု ရှိခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့သော်လည်း တူရကီနိုင်ငံက အဆိုပါနယ်မြေ များ၌ တိုက်ခိုက်မှုဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားနှင့်တူရကီနိုင်ငံ တို့သည် ဆီးရီးယားနယ်စပ်အရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာတစ်ရပ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘော တူညီချက်အရ ယင်းနှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနယ်စပ်ဒေသတစ်လျှောက်၌ ပူးတွဲ ကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Wednesday, March 25, 2020

တူရကီသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုအသုံးပြု၍ အိုင်ဒဲလစ် ဒေသတွင် စစ်အင်အားခိုင်မာစေရန်ဆောင်ရွက်လျက်ရှိခြင်း





BulgarianMilitary.com; Mar-24(Tue) 

တူရကီသည် တင်းမာမှုလျှော့ချရေးဇုန်ကို မတ်လ ၆ ရက်တွင် တည်ထောင် ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အသုံးပြု၍ ဆီးရီးယားနိုင်ငံအနောက် မြောက်ပိုင်းတွင် စစ်ဘက်တပ်ဖွဲ့ဝင်များတည်ရှိမှုကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက် လျက်ရှိပါသည်။ တူရကီနိုင်ငံက ပြီးခဲ့သည့်လမှစ၍ တူရကီစစ်ဘက်သည် ရာနှင့် ချီသည့် သံချပ်ကာယာဉ်အသစ်များ၊ တာဝေးပစ်ဟောင်ဝစ်ဇာအမြောက်များ၊ ဒုံးကျည် ပစ်လွှတ်သည့်စနစ်များ၊ စစ်သုံးကိရိယာများနှင့် လက်နက်များကို ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) နှင့် အလက်ပို (Aleppo) စီရင်စုများသို့ ပို့ဆောင်ခဲ့ပါသည်။ တူရကီ စစ်ဘက်မှ စစ်လက်နက်ပစ္စည်းကိရိယာများ၊ လက်နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် ယာဉ်တန်းများသည် ဆီးရီးယားနိုင်ငံအတွင်းသို့ နေ့စဉ်နီးပါး သွားလာလျက်ရှိပါသည်။ ဆီးရီးယားနယ်စပ်သို့ သွားလာလျက်ရှိသည့် တူရကီစစ်ဘက် ယာဉ်တန်းများကို မတ်လ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အနည်းဆုံး ၃ ကြိမ်ခန့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့ပါသည်။ 

အဆိုပါယာဉ်တန်းများတွင် သံချပ်ကာလူသယ်ယာဉ်များ၊ ခြေလျင်တိုက်ခိုက်ရေး ယာဉ်များနှင့် တင့်ကားများ၊ T-155 အမျိုးအစား ယန္တရားတင်အမြောက်များနှင့် စစ်လက်နက် ပစ္စည်းကိရိယာများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များ ပါဝင်ပါသည်။ တူရကီ စစ်ဘက်သည် မတ်လ ၂၂ ရက်တွင် အိုင်ဒဲလစ်စီရင်စုရှိ ဂျီဆာရှုဂါ (Jisr al-Shugur) မြို့တွင် စောင့်ကြည့်ရေးစခန်းတစ်ခုကို စတင်တည်ဆောက်ခဲ့ပါသည်။ မော်စကိုမြို့၌ မတ်လ ၅ ရက်က ၆ နာရီကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲရလဒ်များအရ ရုရှားနှင့် တူရကီတို့သည် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ M-4 အဝေးပြေးလမ်းမကြီး၏ မြောက်ဘက်နှင့် တောင်ဘက် ၆ ကီလိုမီတာအကွာအဝေးအထိ တင်းမာမှုလျှော့ချရေး ဇုန်ကို တည်ထောင်ရန် သဘောတူညီမှုရှိခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ တူရကီနှင့် ရုရှားတပ်ဖွဲ့ဝင်များသည် M-4 အဝေးပြေးလမ်းမကြီးမှ ၂ ကီလိုမီတာ အကွာအဝေးရှိ Ain al-Khabr ကျေးရွာအထိ ပူးတွဲကင်းလှည့်ခဲ့ကြောင်း သိရှိရပါသည်။

Tuesday, March 24, 2020

တူရကီနှင့် သဘောတူညီထားသည့် စစ်ရေယာဉ်တည်ဆောက်ရေးစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ပြောကြားခဲ့ခြင်း



Economictime ;Mar– 23 (Mon) 

တူရကီသင်္ဘောကျင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည့် ထောက်ပံ့ရေးစစ်ရေယာဉ်တည်ဆောက်ရေးစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယသင်္ဘောကျင်းကုမ္ပဏီတစ်ခုက ပြောကြားခဲ့ ပါသည်။ အိန္ဒိယနှင့် တူရကီနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ကတောက်ကဆ ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယအခြေစိုက် Hindustan သင်္ဘောကျင်းကုမ္ပဏီနှင့် တူရကီအခြေစိုက် Analolu သင်္ဘောကျင်းကုမ္ပဏီတို့သည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ရေး စစ်ရေယာဉ်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်အား ဖေဖော်ဝါရီလ အတွင်းက လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါလက်မှတ်ရေးထိုးမှုသည် ဂျမူး- ကက်ရှ်မီးယား အရေးနှင့်ပတ်သက်၍ တူရကီနှင့် ပါကစ္စတန်တို့၏ ပူးတွဲကြေညာချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အိန္ဒိယအစိုးရကထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပါသည်။ သဘောတူညီချက်အား အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ထံမှ ခွင့်ပြုချက်ရရှိပြီးမှသာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း HSL သင်္ဘောကျင်းကုမ္ပဏီက ပြောကြားခဲ့ပါသည်။ သဘောတူစာချုပ်၌ ထည့်သွင်းရမည့် အချက်အလက်များနှင့်ပတ်သက်၍လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ HSL ကုမ္ပဏီသည် အဆိုပါစီမံကိန်း ကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီသင်္ဘောကျင်းသည် ပါကစ္စတန် ရေတပ်အတွက် စစ်သင်္ဘောများအား အဓိကထားထုတ်လုပ်ပေးလျက်ရှိသည့်အတွက် ယခုကဲ့သို့ အိန္ဒိယနိုင်ငံ၊ HSL သင်္ဘောကျင်းကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိကြောင်း ဒေသတွင်းသတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ ထို့ပြင် Hindustan သင်္ဘောကျင်းသည် အိန္ဒိယ၏ နျူကလီးယားလက်နက်တပ်ဆင်သည့် ရေငုပ်သင်္ဘောများ တည်ဆောက်သည့်နေရာ အပြင် အိန္ဒိယအရှေ့ပိုင်းရေတပ်စခန်းဌာနချုပ်နှင့်ပါ အလွန်နီးကပ်လျက်ရှှိကြောင်း သိရှိရပါသည်။

Monday, March 23, 2020

တူရကီသည် ဆီးရီးယားဒုက္ခသည်အရေးနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂအား ပြစ်တင်ဝေဖန်ခဲ့ခြင်း



Trtworld; Mar-23(Mon)



ဥရောပသမဂ္ဂအနေဖြင့် ဂရိနယ်စပ်ရှိ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအပေါ် ပြင်းထန်စွာပြုမူဆက်ဆံလျက်ရှိသည့် ဂရိနိုင်ငံဘက်မှ ဆက်လက်ရပ်တည်နေမည် ဆိုပါက နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးတို့အတွက် ရေရှည်ရပ်တည်သွားနိုင်မည် မဟုတ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသောပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းသွားရန် ဥရောပသမဂ္ဂအား တူရကီနိုင်ငံက ကာလကြာရှည်စွာ တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း အစွန်းရောက် ဝါဒ၊ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ အစ္စလာမ်ဘာသာအပေါ် ကြောက်ရွံ့မှုနှင့် ဂျူးလူမျိုး များအပေါ် ရန်လိုမှုများမြင့်တက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့သည် ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သော ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်ပါ ကတိကဝတ်များအား လိုက်နာဆောင်ရွက် ခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဥရောပဒေသသို့ ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိသော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအတွက် ၎င်း၏ နယ်စပ်ဂိတ်များအား ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ပေးခဲ့ပါသည်။ လက်ရှိ အချိန်တွင် တူရကီ-ဂရိနယ်စပ်၌ ဒုက္ခသည် ၂,၀၀၀ ခန့်သည် ဥရောပဒေသသို့ ဝင်ရောက်၍ နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

Saturday, March 21, 2020

တူရကီနှင့်ရုရှားတို့ကြား သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအပြင် သဘောတူညီချက်ချိုးဖောက်မှုများအား ရုရှားနှင့် ဆီးရီးယားတို့ ဆွေးနွေးခဲ့ကြောင်း





ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) တို့သည် မတ်လ ၂၀ ရက်တွင် တယ်လီဖုန်း မှတစ်ဆင့်ဆွေးနွေးခဲ့ကြောင်း SANA သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနှင့် ရုရှားတို့အကြား မတ်လ ၅ ရက်တွင် သဘောတူညီခဲ့သည့် အိုင်ဒဲလစ် (Idlib) စီရင်စု အတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များအပြင် သောင်းကျန်းသူများက သဘော တူညီချက်များအပေါ်ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ အိုင်ဒဲလစ် စီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိထားသော်လည်း အဆိုပါ သဘောတူညီချက်အား ချိုးဖောက်မှုများဖြစ်ပေါ်လျက်ရှိနေပါသည်။ လက်ရှိတွင်မူ အိုင်ဒဲလစ် စီရင်စုအတွင်းတည်ငြိမ်လျက်ရှိသည်ဟု ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ လေ့လာ စောင့်ကြည့်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Friday, March 20, 2020

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသော်လည်း တူရကီတပ်ဖွဲ့အချို့ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရခြင်း





Presstv; Mar-19(Thu) 

ဆီးရီးယားနိုင်ငံ အိုက်ဒဲလစ် (Idlib) စီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း ၎င်းဒေသရှိ တူရကီတပ်ဖွဲ့ဝင်နှစ်ဦးမှာ တိုက်ခိုက်သတ်ဖြတ် ခံခဲ့ရသည်ဟု တူရကီအစိုးရက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် ၎င်းတိုက်ခိုက် သတ်ဖြတ်ခံရသူ ၂ ဦးနှင့်ပတ်သက်သော အသေးစိတ်သတင်းအချက်အလက်များကိုမူ အစိုးရက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဆီးရီးယားနိုင်ငံ အိုက်ဒဲလစ်စီရင်စုအတွင်း အပစ်အခတ်ရပ်စဲထားရှိရန် တူရကီနှင့်ရုရှားတို့သည် လွန်ခဲ့သော မတ်လ ၅ ရက်နေ့တွင် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ၎င်းသဘော တူညီချက်အရ နှစ်ဖက်လုံခြုံရေးနယ်မြေတည်ဆောက်ခြင်းနှင့် ပူးတွဲကင်းလှည့်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က တူရကီတပ်ဖွဲ့များအနေဖြင့် ၎င်းဒေသအတွင်း ဆက်လက်အခြေချတပ်စွဲထားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ 

သို့သော် လက်ရှိအချိန်တွင် ၎င်းဒေသရှိ တူရကီကျောထောက်နောက်ခံပြု အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အားချိုးဖောက်၍ အိုက်ဒဲလစ် စီရင်စု၊ ဟီဇာရန် (Hizareen) မြို့အနီးရှိ အစိုးရတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက် ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က မတ်လ ၁၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုတွင် အစိုးရအဖွဲ့အနေဖြင့် တူရကီ ကျောထောက် နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဝင်အချို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြ ခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့များသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အပေါ် လိုက်နာလုပ်ဆောင်ခြင်းမရှိဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Wednesday, March 18, 2020

ဆီးရီးယားတွင် တူရကီတပ်ဖွဲ့ဝင်အချို့အား ရုရှားစစ်ဘက်က တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း



Independent; Mar-19(Thu) 

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများအတွင်း တူရကီစစ်ဘက် တပ်ဖွဲ့ဝင်များစွာအား ရုရှားတို့မှ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo) က ထုတ်ဖော်ပြောကြားခဲ့ပါ သည်။ ပွန်ပီယိုအနေဖြင့် ဝါရှင်တန်မြို့တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် နေတိုး မဟာမိတ် တူရကီအပေါ် ထောက်ပံ့မှုပေးနိုင်ရေး ဆက်လက်ကမ်းလှမ်းမှုများ ပြုလုပ် သွားမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း ၎င်း၏ပြောကြား ချက်တွင်မူ သေဆုံးခဲ့သည့် တူရကီတပ်ဖွဲ့ဝင်အရေအတွက်အား အတိအကျဖော်ပြခဲ့ ခြင်းမရှိသလို၊ မည်သည့်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ ခြင်းမရှိကြောင်း သိရှိရပါသည်။ တူရကီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်၍ မိုက်ပွန်ပီယို၏ အဆိုပါ ပြောဆိုချက်သည် ရုရှားတို့အပေါ် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်စွပ်စွဲပြောဆို ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ၎င်းတို့၏ နေတိုးမဟာမိတ်ဖြစ်သော တူရကီဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ်ဒေသတွင်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများသည် ၎င်းဒေသရှိ ဆီးရီးယား အတိုက်အခံအဖွဲ့များထိန်းချုပ်ရာ အခိုင်အမာနေရာများသို့ ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်မှုများ လုပ်ဆောင် လာခဲ့ရာမှတစ်ဆင့် တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပဋိပက္ခတွင် တူရကီ တပ်ဖွဲ့များသည် ဆီးရီးယားအတိုက်အခံအဖွဲ့များအား ကျောထောက်နောက်ခံပြု လုပ်ပေးခဲ့ခြင်းကြောင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များက ၎င်းဒေသရှိ တူရကီတို့အပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, March 17, 2020

တူရကီသမ္မတ၊ ပြင်သစ်သမ္မတ၊ ဂျာမနီဝန်ကြီးချုပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည်ဆီးရီးယားအရေးကိစ္စ၊ ဒုက္ခသည်များအရေးကိစ္စအပြင် ကိုရိုနာဗိုင်းရပ်စ် ပူးတွဲတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်း

တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်(Emmanuel Macron)၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angella Merkel) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) တို့သည် ဆီးရီးယားအရေးကိစ္စ၊ ဒုက္ခသည်များအရေးကိစ္စအပြင် ကိုရိုနာဗိုင်းရပ်စ် ပူးတွဲတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ မတ်လ ၁တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန်(Emmanuel Macron)၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angella Merkel) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) တို့သည် ဆီးရီးယားအရေးကိစ္စ၊ ဒုက္ခသည်များအရေးကိစ္စအပြင် ကိုရိုနာဗိုင်းရပ်စ် ပူးတွဲတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ မတ်လ ၁၇ ရက်တွင် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေး၊ ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စု၌ ဖြစ်ပေါ် လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုအခြေအနေများ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများဆိုင်ရာကိစ္စရပ်များနှင့် တူရကီနှင့် ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ကဲ့သို့သောအခြေအနေများ၌ မိမိတို့အနေဖြင့် သံတမန်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ပိုမိုတက်ကြွစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ပြဿနာအခက်အခဲများအား ဖြေရှင်းဆောင်ရွက် ရာတွင် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။၇ ရက်တွင် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေး၊ ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စု၌ ဖြစ်ပေါ် လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုအခြေအနေများ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများဆိုင်ရာကိစ္စရပ်များနှင့် တူရကီနှင့် ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းများအား ဆွေးနွေးခဲ့ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ကဲ့သို့သောအခြေအနေများ၌ မိမိတို့အနေဖြင့် သံတမန်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ပိုမိုတက်ကြွစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ပြဿနာအခက်အခဲများအား ဖြေရှင်းဆောင်ရွက် ရာတွင် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တောင်ကိုရီးယားနှင့် အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးများသည် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ခြင်း



Yonhap; Mar-17 (Tue) 

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျွန်ကျောင်ဒူ(Jeong Kyeong-doo) နှင့် အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ဂျူရီလုခ် (Juri Luik) တို့သည် မတ်လ ၁၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့သည် ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကာလအတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်မှုများ ဆက်လက်ပြုလုပ်သွားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံဝန်ကြီးများသည် ကျယ်ပြန့်သော ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသဘောထား များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ပြီး နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေရေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ 

ထို့ပြင် ၎င်းတို့သည် နှစ်နိုင်ငံအစိုးရများအကြား ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး အစီအစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။ တောင်ကိုရီးယားနိုင်ငံ၌ နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၈၁ ဦးအပါအဝင် ရောဂါ ကူးစက်ခံရသူ ၈,၃၂၀ ဦးရှိကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးစင်တာ (Korea Centers for Disease Control and Prevention-KCDC) က မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အက်စတိုနီးယားနိုင်ငံ၌ အဆိုပါရောဂါကူးစက်ခံရသူ ၂၂၅ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က မတ်လ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာ များပြားလာမှုကြောင့် ဂျူရီလုခ်သည် ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။Yonhap; Mar-17 (Tue) 

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျွန်ကျောင်ဒူ(Jeong Kyeong-doo) နှင့် အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ဂျူရီလုခ် (Juri Luik) တို့သည် မတ်လ ၁၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့သည် ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကာလအတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်မှုများ ဆက်လက်ပြုလုပ်သွားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံဝန်ကြီးများသည် ကျယ်ပြန့်သော ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသဘောထား များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ပြီး နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေရေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ 

ထို့ပြင် ၎င်းတို့သည် နှစ်နိုင်ငံအစိုးရများအကြား ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး အစီအစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။ တောင်ကိုရီးယားနိုင်ငံ၌ နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၈၁ ဦးအပါအဝင် ရောဂါ ကူးစက်ခံရသူ ၈,၃၂၀ ဦးရှိကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးစင်တာ (Korea Centers for Disease Control and Prevention-KCDC) က မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အက်စတိုနီးယားနိုင်ငံ၌ အဆိုပါရောဂါကူးစက်ခံရသူ ၂၂၅ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က မတ်လ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာ များပြားလာမှုကြောင့် ဂျူရီလုခ်သည် ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့်အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။

တူရကီကျောထောက်နောက်ခံပြုသူပုန်များသည် အိုင်ဒဲလစ်စီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအား ချိုးဖောက်ခဲ့ခြင်း

 Xinhua; Mar-18(Wed)

              တူရကီကျောထောက်နောက်ခံပြု သူပုန်အဖွဲ့သည် မတ်လ ၁၇ ရက်တွင် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု (Idlib) အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အား ချိုးဖောက်ခဲ့ကြောင်း SANA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ သူပုန် အဖွဲ့များသည် အိုင်ဒဲလစ်စီရင်စု ခါဖာနူဘူး(Kafr-Nubul) နှင့် ဟာဇာရင် (Hazarin) နယ်မြေများအတွင်းရှိ ဆီးရီးယားစစ်ဘက်နေရာအချို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဆီးရီးယားစစ်ဘက်ကလည်း သူပုန်များ၏ အမြောက်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများအပေါ် တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။

          ရုရှားနှင့် တူရကီတို့သည် ပြီးခဲ့သော မတ်လ ၅ ရက်တွင် ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် စီရင်စုရှိ စစ်မဲ့ဇုန်အတွင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြပါသည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အိုင်ဒဲလစ်စီရင်စုအတွင်း တူရကီကျောထောက်နောက်ခံပြု သူပုန်အဖွဲ့အပေါ် ထိုးစစ်ဆင်မှုများစတင်ပြုလုပ်ခဲ့ချိန်မှစ၍ တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့ တို့အကြား အကြိမ်ပေါင်းများစွာ ထိတွေ့တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အထက်ပါ သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီမှုရရှိခဲ့ပြီးနောက် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ တူရကီကျောထောက်နောက်ခံပြုသူပုန်များသည် အပစ်အခတ် ရပ်စဲမှုအား ၃၈ ကြိမ်တိုင်တိုင် ချိုးဖောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အား ကိုးကား၍ SANA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီ သည်  ရုရှားနှင့် တူရကီတို့အကြား ၂၀၁၈ ခုနှစ်ကရရှိခဲ့သော ဆိုချီသဘောတူညီချက်ပါ အချက်များအား လိုက်နာစောင့်ထိန်းရန်ပျက်ကွက်ခဲ့ပြီးနောက် ဆီးရီးယားစစ်ဘက် သည် အိုင်ဒဲလစ်စီရင်စုအတွင်း စစ်ဆင်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြောင်း သိရှိရပါသည်။ 

Monday, March 16, 2020

တူရကီအနေဖြင့် ရွှေ့ပြောင်းသွားလာလိုသူများအား သွားလာခွင့်ပြုထား သော်လည်း ဂရိနယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော်မှုများလျော့နည်းလာခြင်း

၈။ တူရကီအနေဖြင့် ရွှေ့ပြောင်းသွားလာလိုသူများအား သွားလာခွင့်ပြုထား သော်လည်း ဂရိနယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော်မှုများသည် လွန်ခဲ့သော သီတင်းပတ်များထက် လူဦးရေနည်းပါးသွားပြီဖြစ်ကြောင်းနှင့် ဂရိ-တူရကီနယ်စပ် ဒေသအခြေအနေများသည်လည်း တည်ငြိမ်လျက်ရှိကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံသို့ဝင်ရောက်ရန် ကြိုးပမ်းနေသူများမှာ လျော့ကျလျက်ရှိသော်လည်း ရွှေ့ပြောင်း အခြေချနေထိုင်သူ ထောင်ပေါင်းများစွာသည် တူရကီနှင့် ဉရောပသမဂ္ဂခေါင်းဆောင် များအကြား မကြာမီပြုလုပ်မည့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး အစည်းအဝေး ရလဒ်များအား စောင့်မျှော်လျက်ရှိကြောင်း သိရှိရပါသည်။

Sunday, March 15, 2020

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစေ့စပ်ညှိနှိုင်းရေးမှူး ချိုကန်ဂီလ် (Choe Kang-il) အား ဩစတြီးယားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်အဖြစ် ခန့်အပ်ခဲ့ကြောင်း KCNA သတင်းဋ္ဌာနက မတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့


၆။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစေ့စပ်ညှိနှိုင်းရေးမှူး ချိုကန်ဂီလ် (Choe Kang-il) အား ဩစတြီးယားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်အဖြစ် ခန့်အပ်ခဲ့ကြောင်း KCNA သတင်းဋ္ဌာနက မတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ချိုကန်ဂီလ်သည် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ မြောက်အမေရိကရေးရာ ဗျူရို၏ ခေတ္တညွှန်ကြားရေးမှူးချုပ်တစ်ဉီးလည်းဖြစ်ပါသည်။ ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်၌ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong-un) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်းအပါအဝင် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရပါသည်။

Saturday, March 14, 2020

ရိုမေးနီးယားအစိုးရသစ်သည် လွှတ်တော်၏ထောက်ခံမှုရရှိခဲ့ခြင်း

Xinhua;Mar-15(Sun) 


ရိုမေးနီးယားအစိုးရသစ်အနေဖြင့် မတ်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အတွင်း ယုံကြည်မှုအဆိုအားအနိုင်ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက မတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်း ခံထားရသည့် လွှတ်တော်အတွင်း လူနည်းစုပါတီမှ လူဒိုဗစ်အော်ဘန် (Ludovic Orban) အား လွှတ်တော်အမတ် ၂၈၆ ဦးက ထောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။ ရိုမေးနီးယားလွှတ်တော်အတွင်း လွှတ်တော်အမတ် ၄၆၅ ဦးရှိသည့်အနက် လူဒိုဗစ် အော်ဘန်အနေဖြင့် လွှတ်တော်အတွင်းလိုအပ်လျက်ရှိသော အနည်းဆုံးထောက်ခံမဲ ဖြစ်သည့် ၂၃၃ မဲအားကျော်လွန်ကာရရှိခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့သစ်အား လွှတ်တော်အမတ် ၂၃ ဦးက ကန့်ကွက်မဲပေးခဲ့ခြင်းဖြစ်ပါသည်။ အစိုးရသစ်အနေဖြင့် အမှန်တကယ်ဝယ်ယူရန်လိုအပ်သော သန့်ရှင်းရေးသုံးပစ္စည်းကိရိယာများနှင့် လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများအား အရေးပေါ်လုပ်ထုံးလုပ်နည်းများအရ ဘတ်ဂျက်အား ဦးစားပေး၍ အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လူဒိုဗစ်အော်ဘန်က လွှတ်တော်အတွင်း မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

အမျိုးသားလစ်ဘရယ်ပါတီ (National Liberal Party) ဦးဆောင်မည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအခြေအနေများကြောင့် ခက်ခဲမှုများနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ၎င်း အနေဖြင့် အကောင်းဆုံးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း လူဒိုဗစ်အော်ဘန်က ပြောကြားခဲ့ပါသည်။ ရိုမေးနီးယား သမ္မတ ကလော့စ်အိုင်အို ဟန်းနစ် (Klaus Iohannis) က အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန်အတွက် အော်ဘန်အား ယာယီဝန်ကြီးချုပ်အဖြစ် မတ်လ ၁၃ ရက်က ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီဂျစ်နိုင်ငံသည် ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့များအား စစ်ရေးဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဆိုခြင်း

 


Digitaljournal; Mar-15(Sun)

              အီဂျစ်နိုင်ငံသည် တူရကီနှင့်ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဆီးရီးယား ဒီမို ကရက်တစ်တပ်ဖွဲ့ (Syrian Democratic Force-SDF) များအား စစ်ရေးဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိကြောင်း အမည်မဖော်လိုသည့် အီဂျစ်သတင်းအရင်း အမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် မြို့တော် ကိုင်ရို (Cairo) ရှိ သံတမန်ရေးဆိုင်ရာရုံးခန်းတစ်ခုနှင့် ရုပ်မြင်သံကြားဌာနတစ်ခုကိုလည်း SDF အဖွဲ့ အသုံးပြုရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် SDF  အဖွဲ့အား ငွေကြေး ဆိုင်ရာအကူအညီများပေးအပ်ရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates-UAE) နိုင်ငံနှင့် ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံများသို့လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။ တူရကီတပ်ဖွဲ့များ ဆီးရီးယားနိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်နေမှုများအား ရပ်တန့်စေရန်အလို့ငှာ SDF  အဖွဲ့အား အကူအညီများပေးအပ် ရာတွင် အီဂျစ်နိုင်ငံက အာရပ်နိုင်ငံများအားဉီးဆောင်နေခြင်းဖြစ်ကြောင်း သတင်း ရင်းမြစ်များက ဖော်ပြခဲ့ပါသည်။

              ထို့နောက် တူရကီသည် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဉီးဆောင်သော လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army) အား တိုက်ခိုက်ရန် အတွက် ၎င်း၏တပ်ဖွဲ့များအားစေလွှတ်ခဲ့ပါသည်။ ဆီးရီးယားအစိုးရအနေဖြင့်လည်း လစ်ဗျားနိုင်ငံ၏မြို့တော် ထရီပိုလီ (Tripoli) အား တိုက်ခိုက်လျက်ရှိသော ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ၏တပ်ဖွဲ့များအား ကူညီရန်အတွက် ဆီးရီးယားတပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်အား စေလွှတ်သွားမည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် Al-Araby Al-Jadeed  သတင်းစာက မတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာနှင့် ဆီးရီးယားအစိုးရတို့အနေဖြင့် အီဂျစ်နိုင်ငံနှင့် တိုးချဲ့သဘောတူညီချက်ရရှိခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များအားစေလွှတ်သွားနိုင်မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းများကဖော်ပြ ခဲ့ပါသည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များအား အီဂျစ်နိုင်ငံသို့လေကြောင်းဖြင့် ကနဉီး စေလွှတ်သွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် လစ်ဗျားနိုင်ငံသို့ ထပ်မံစေလွှတ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှား - တူရကီညှိနှိုင်းရေးဌာနသည် ဆီးရီးယားအရေးကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြခြင်း

 

TASS; Mar-14 (Sat)

              ရုရှား - တူရကီညှိနှိုင်းရေးစင်တာအနေဖြင့် နှစ်နိုင်ငံအကြား အပစ်အခတ် ရပ်စဲရေးအား ထိန်းချုပ်ရန်နှင့် ပူးတွဲကင်းလှည့်မှုများအား ဆီးရီးယားနိုင်ငံအတွင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆီးရီးယားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ရုရှား စင်တာအကြီးအကဲ အိုလက်ဇူရာဗလက်ဗ် (Oleg Zhuravlev) က မတ်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် ပူးတွဲကင်းလှည့်မှုအား ဆီးရီးယား အနောက်မြောက်ပိုင်းရှိ ဆာရာကွစ် (Saraqib) မြို့ပြင်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆီးရီးယား ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ရုရှားစင်တာနှင့် တူရကီတို့အကြား အထူးဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။

              ရုရှားနှင့်တူရကီနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၏ စစ်ရေး လှုပ်ရှားမှုလျှော့ချရေးဇုန်အတွင်း အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့်မတ်လ ၆ ရက်တွင် သဘောတူညီခဲ့ကြောင်း ဇူရာဗလက်ဗ်က ပြောကြားခဲ့ပါသည်။ ဆီးရီးယား ပြန်လည် ရင်ကြားစေ့ရေးဆိုင်ရာ ရုရှားစင်တာအနေဖြင့် ဆီးရီးယား၌ စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးသည့်နောက် သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များအား ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဆီးရီးယားနိုင်ငံအတွင်း၌လည်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးအပ်လျက်ရှိနေကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ရုရှား စစ်ဘက်ကလည်း လက်ရှိအချိန်တွင် ၎င်းတို့၏နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန်နှင့် စစ်ရေးလှုပ်ရှားမှုလျှော့ချရေးဇုန်တွင် နေထိုင်လျက်ရှိသည့်အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါသည်။

Friday, March 13, 2020

တူရကီနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း



Anadolu Agency; Mar-13(Fri) 

တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) သည် တူရကီ နိုင်ငံသို့အလည်အပတ်ရောက်ရှိလျက်ရှိသည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) အား မတ်လ ၁၂ ရက်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု၊ ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အလေးအနက်ထား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးအနေဖြင့် ဆီးရီးယား ပဋိပက္ခတွင် တည်ငြိမ်မှုရရှိရေး၊ တူရကီ-ဆီးရီးယား နယ်စပ်အကြား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအပြင် တူရကီ-ဗြိတိန်အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနှင့်စပ်လျဉ်း၍ လွန်ခဲ့သောသီတင်းပတ်အတွင်း တူရကီနှင့် ရုရှားတို့အကြား သဘောတူညီမှုရရှိခဲ့ကြပါ သည်။ အဆိုပါ သဘောတူညီချက်အရ မဟာဗျူဟာမြောက် M4 အဝေးပြေးလမ်းမကြီး၏ မြောက်ဘက်နှင့်တောင်ဘက် ၆ ကီလိုမီတာအထိ လုံခြုံရေးစင်္ကြံအဖြစ် သတ်မှတ် သွားမည်ဖြစ်ပါသည်။ သို့သော် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ၎င်းဒေသရှိ တူရကီလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပါက ၎င်းတို့ အနေဖြင့် ပြင်းထန်စွာပြန်လည်လက်တုံ့ပြန်သွားမည်ဟု မတ်လ ၁၁ ရက်တွင် သတိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီသမ္မတ၏ ပြည်ပခရီးစဉ်များအား ရွှေ့ဆိုင်းခဲ့ခြင်း

Tass; Mar-13(Fri) 

တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လျက်ရှိသည့်အတွက် ၎င်း၏ပြည်ပခရီးစဉ်များကို ရွှေ့ဆိုင်း ခဲ့ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင်း (Ibrahim Kalin) က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအာဏာပိုင်များသည် စာသင် ကျောင်းများအား မတ်လ ၁၆ ရက်မှစ၍ ရက်သတ္တပတ် ၁ ပတ်ကြာပိတ်သွားရန်နှင့် တက္ကသိုလ်များအား ရက်သတ္တပတ် ၃ ပတ်ကြာ ပိတ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများသည် အွန်လိုင်းမှ စာသင်ကြားမှုကို မတ်လ ၂၃ ရက်မှစ၍ ပြုလုပ်နိုင်မည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို ပရိသတ်များပါဝင်မှုမရှိဘဲ ဧပြီလကုန်အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ 

ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန် (Wuhan) မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံအပြင်ဘက်ရှိ အီတလီ၊ တောင် ကိုရီးယားနှင့် အီရန်နိုင်ငံတို့တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်းနှင့် ကမ္ဘာတစ်ဝန်းလုံး၌ ဗိုင်းရပ်စ်ကူးစက် ခံရသူအရေအတွက်သည် ၁၁၈,၀၀၀ ဦးကျော်ရှိပြီး သေဆုံးသူအရေအတွက်သည် ၄,၃၀၀ ဦးအထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် တူရကီစစ်ဘက်တို့သည် အလက်ပိုစီရင်စု၌ ပူးတွဲကင်းလှည့်မှုများ ပြုလုပ်ခဲ့ခြင်း

Tass; Mar-12(Thu) 

ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အလက်ပို (Aleppo) စီရင်စုတွင် ပူးတွဲကင်းလှည့်မှုမစ်ရှင်တစ်ခုပြုလုပ်ခဲ့ကြောင်း ဆီးရီးယားပြန်လည် ရင်ကြားစေ့ ရေးဆိုင်ရာ ရုရှားစင်တာအကြီးအကဲ အိုလက်ဇူရာလက်ဖ် (Olrg Zhuravlev) က ပြောကြားခဲ့ပါသည်။ အဆိုပါပုံမှန်ကင်းလှည့်မှုအား အလက်ပိုစီရင်စုရှိ ဂျာရစ်အယ် ဖော်ကာနီ-ဇာမာ-မစ်ရှ်ကို-ကိုလာ (Jarih-al-Fawkani-Zor Mgar-Mishko-Koula) စသည့်ဒေသတို့ပါဝင်သည့် လမ်းကြောင်းတစ်လျှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ရုရှားတပ်ရဲတပ်ဖွဲ့များအနေဖြင့် အလက်ပိုနှင့် အယ်လ်ဟာဆတ် (al-Hasakah) စီရင်စု တို့တွင် ကင်းလှည့်မှုများပြုလုပ်ခဲ့ပြီး ရုရှား၏ လေကြောင်းအထူးတာဝန်တပ်ဖွဲ့သည် လည်း ကာမစ်ရှ်လီ (Qamishli) လေယာဉ်ကွင်းမှ လေကြောင်းကင်းလှည့်မစ်ရှင် တစ်ခု ပြုလုပ်ခဲ့ပါသည်။

ရုရှား-တူရကီသဘောတူညီမှုများနှင့်အညီ မတ်လ ၆ ရက်မှစတင်၍ အိုင်ဒဲလစ် (Idlib) စစ်မဲ့ဇုန်တွင် အပစ်အခတ်ရပ်စဲရေးကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းရက်အတွင်း တူရကီကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်မှု များပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဇူရာလက်ဖ်က ပြောကြားခဲ့ပါသည်။ သို့သော်လည်း တူရကီ၏ ထိန်းချုပ်မှုအောက်တွင်မရှိသည့် တာကီစတန် (Turkestan) နှင့် ဂျာဘတ်အယ်နျူစရာ (Jahbat al-Nusra) အဖွဲ့တို့အနေဖြင့်မူ လာတာကီးယားနှင့် အလက်ပိုစီရင်စုတို့တွင် အပစ်အခတ်ရပ်စဲရေးအား ၁၁ ကြိမ်တိုင် ချိုးဖောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အီတလီ၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံတို့တွင် ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁၃ ရက်အထိ နေထိုင်ခဲ့သော ခရီးသွားများအား စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခြင်း နှင့် ခရီးတစ်ထောက်နားခြင်းတို့ကို မတ်လ ၁၆ ရက်မှစ၍ ပိတ်ပင်တားမြစ်သွား မည်


၁၀။ အီတလီ၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံတို့တွင် ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁၃ ရက်အထိ နေထိုင်ခဲ့သော ခရီးသွားများအား စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခြင်း နှင့် ခရီးတစ်ထောက်နားခြင်းတို့ကို မတ်လ ၁၆ ရက်မှစ၍ ပိတ်ပင်တားမြစ်သွား မည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မှုအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့အတူ စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိခဲ့သည့် အီရန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့မှ ခရီးသွားများကိုလည်း အလားတူပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

တူရကီကာကွယ်ရေးဝန်ကြီးသည် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

၉။           တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) သည် စစ်ဘက် အခမ်းအနားတစ်ခုသို့ ပါဝင်တက်ရောက်ရန်အတွက် အန်ကာရာ (Ankara) မြို့တော်သို့ ဧည့်သည်တော်အဖြစ် ရောက်ရှိလာသော ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) နှင့် မတ်လ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှု အတွင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် ကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ ဒေသတွင်း ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အထူးသဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်း အခြေအနေများနှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးခဲ့ ကြကြောင်းကိုလည်း ၎င်းတို့က ထပ်မံဖော်ပြခဲ့ပါသည်။

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုတွင် တပ်စွဲထားသော တူရကီတပ်ဖွဲ့ဝင် များအား မည်သည့်အကြောင်းနှင့်မျှ ရုပ်သိမ်းသွားမည်မဟုတ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးက အခိုင်အမာပြောကြားခဲ့ခြင်း

 ၈။           ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုတွင် တပ်စွဲထားသော တူရကီတပ်ဖွဲ့ဝင် များအား မည်သည့်အကြောင်းနှင့်မျှ ရုပ်သိမ်းသွားမည်မဟုတ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) က အခိုင်အမာပြောဆိုခဲ့ပါသည်။ တူရကီ တပ်များအနေဖြင့် ပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ်စဲရေးအား စောင့်ကြည့်သွားမည် ဖြစ်ပြီး ဆီးရီးယားတပ်ဖွဲ့များမှ ချိုးဖောက်ခဲ့ပါက ဝင်ရောက်စွက်ဖက်သွားမည်ဖြစ် ကြောင်း အက်ကာမှ ကတိပြုပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်နေမှုကို လျှော့ချရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimar Putin)နှင့် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် အပစ်အခတ်ရပ်စဲရေးအတွက် ဒေသအတွင်းရှိ M4 နှင့် M5 အဝေးပြေးလမ်းမတွင် ပူးတွဲကင်းလှည့်မှုများဆောင်ရွက်ရန် မတ်လ ၅ ရက်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

Thursday, March 12, 2020

ဥရောပပါလီမန်အစည်းအဝေးများအား ရပ်ဆိုင်းထားခဲ့ခြင်း

 


Neweurope;Mar-11(Wed)

              ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုကြောင့် ဥရောပပါလီမန်အစည်းအဝေးအားလုံးနှင့် ဆောင်ရွက်မှုများအား မတ်လ ၃၀ ရက်မတိုင်မီအထိ ရပ်ဆိုင်းထားပြီး ဝန်ထမ်းများ အနေဖြင့် ဖုန်း၊ သို့မဟုတ် အင်တာနက်ကွန်ရက်တို့မှဆက်သွယ်၍ လုပ်ငန်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ပါလီမန်၏ အီးမေးလ်တစ်ခုတွင် ဖော်ပြထားပါသည်။ ကော်မတီ အစည်းအဝေးများအား တရားဝင်ဖျက်သိမ်းမှုမပြုလုပ်ရသေးသော်လည်း ပါလီမန်၏ အရေးပေါ်အစီအစဉ်များကြောင့် ယင်းအစည်းအဝေးများကို ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများဖြစ်စေလျက်ရှိပါသည်။ အရေးပေါ်အစီအစဉ်များအား ကြေညာခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင်များသည် လာမည့်သီတင်းပတ်များအတွက် ပါလီမန်အစည်းအဝေး ပြုလုပ်မည့်အချိန်ဇယားများကို ပြင်ဆင်ရေးဆွဲခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စရပ် များနှင့်ပတ်သက်၍ ပါလီမန်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် ဘက်လိုက်ထားခြင်းမရှိဘဲ ဥရောပပါလီမန်ရှိ အဖွဲ့အစည်းများအားလုံး၏ အစည်းအဝေးများကို ဖျက်သိမ်းကြောင်း ပါလီမန်အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။

              ဥရောပပါလီမန်သည် မျက်နှာစုံညီ အသေးစားအစည်းအဝေးတစ်ရပ်အား ကျင်းပဆဲဖြစ်ပြီး ၎င်းအစည်းအဝေးအား ပြင်သစ်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ ပြောင်းရွှေ့ကာ အချိန်တစ်ရက်ခွဲသာပြုလုပ်ခဲ့ပါသည်။ အလားတူအစည်းအဝေးတစ်ခုအား မတ်လ ၃၀ ရက်မှ ဧပြီလ ၂ ရက်မတိုင်မီအထိပြုလုပ်ရန် တင်ပြသွားမည်ဖြစ်ပါသည်။ ထို့အပြင် ဥရောပပါလီမန်ပြတိုက်၊ ပါလီမန်၏လေ့လာရေးစင်တာများကိုလည်း ပိတ်ထားသင့် ကြောင်း ပါလီမန်က ပြောကြားခဲ့ပါသည်။ မတ်လ ၁၁ ရက်တွင် ဥရောပပါလီမန် ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကြေညာခဲ့သည့်အပြင် အီတလီနိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်တွင်သွားရောက်ခဲ့သည့် ပါလီမန်ဥက္ကဋ္ဌ ဒေးဗစ်ဆာဆိုလီ (David Sassoli) သည်လည်း ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် သီးခြား နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။  

ဆားဘီးယားနိုင်ငံသည် ရုရှား၏ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များအား လက်ခံရရှိခဲ့ခြင်း

 Army Recognition; Mar-11(Wed)

              ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူဆစ် (Alexandar Vucic) က ၎င်းတို့ အနေဖြင့် Pantsir-S1 အမည်ရှိ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးလက်နက် စနစ်အား ရုရှားနိုင်ငံထံမှ အပြည့်အဝလွှဲပြောင်းရရှိခဲ့ပြီဖြစ်သည်ဟု ထုတ်ဖော်ပြောကြား ခဲ့ကြောင်း ကမ္ဘာ့စစ်ရေးဆိုင်ရာလေ့လာရေးသတင်းဌာနဖြစ်သည့် Army recognition က မတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ သတင်းဌာန၏ဖော်ပြချက်အရ ဆားဘီးယား သည် ရုရှားနိုင်ငံထံမှ အဆိုပါလက်နက်စနစ်များအားဝယ်ယူနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက မှာယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၌ အဆိုပါလက်နက်စနစ် ၂ ခုအား ပထဆုံးအကြိမ် လက်ခံရရှိခဲ့ပါသည်။ အဆိုပါလက်နက် စနစ်များ လက်ခံရရှိမှုနှင့်ပတ်သက်၍ ဆားဘီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်မှာလည်း တိုးတက်လာခဲ့သည်ဟု ဗူဆစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် ဗူဆစ် အနေဖြင့် အဆိုပါလက်နက်စနစ်အရေအတွက် မည်မျှလက်ခံရရှိခဲ့သည်ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

          ထို့ပြင် ဆားဘီးယားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါ Pantsir-S1 လက်နက်စနစ်ဆိုင်ရာဓာတ်ပုံများအား ဖော်ပြခဲ့ပါသည်။ အဆိုပါ မှတ်တမ်းဓာတ်ပုံများအရ ၎င်းလက်နက်စနစ်တွင် ရေဒါအသစ်များတပ်ဆင်၍ အဆင့်မြှင့်တင်ထားကြောင်း Army recognition က ဖော်ပြခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေး လက်နက်ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးအဖွဲ့ (International Institute for Strategic Studies-IISS) က ထုတ်ပြန်ခဲ့သည့် Military Balance 2019 စာအုပ်တွင်မူ ဆားဘီးယားနိုင်ငံအနေဖြင့် တာလတ်ပစ်အမျိုးအစား 2K12Kub စနစ် ၈၆ ခု၊ S-125 Pechora လက်နက်စနစ် ၆ ခု၊ တာတိုပစ်အမျိုးအစား 9K31M Strela-1M စနစ် ၁၂ ခု၊ 9K35M Strela-10M စနစ် ၅ ခု၊ နှင့် 9K310 Igla ပုခုံးထမ်းဒုံးအများအပြားပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။ 

တူရကီဒုတိယဝန်ကြီးချုပ်ဟောင်း အလီဘာဘာကန်သည် ဒီမိုကရေစီနှင့် တိုးတက်ရေးပါတီ (Democracy and Progess Party-DEVA) အမည်ရှိ ပါတီသစ်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း

 

၁၀။        တူရကီဒုတိယဝန်ကြီးချုပ်ဟောင်း အလီဘာဘာကန် (Ali Babacan) သည် အာဏာရတရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development Party-AKP) မှ နုတ်ထွက်ပြီးနောက် လအနည်းငယ်အကြာတွင် ဒီမိုကရေစီနှင့် တိုးတက်ရေးပါတီ (Democracy and Progess Party-DEVA) အမည်ရှိ ပါတီသစ်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း မတ်လ ၁၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ ၎င်းသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တူရကီနိုင်ငံ၏ စီးပွားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်များထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် အာဏာရ AKP ပါတီမှ နုတ်ထွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါသည်။ ထို့ပြင် လက်ရှိ ၎င်းတည်ထောင်ထားသည့် အဆိုပါ ပါတီတွင် AKP ပါတီဝင်ဟောင်းများဖြစ်သည့် ဆာဒူလာအာဂင် (Sadullah Ergin) နှင့် နီဟတ်အာဂန် (Nihat Ergun) တို့လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ထားကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရိနိုင်ငံအနေဖြင့် တူရကီရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းတို့နှင့် စပ်လျဉ်း၍ တူရကီနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ခြင်း

 ၉။           တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရိနိုင်ငံအနေဖြင့် တူရကီရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းတို့နှင့် စပ်လျဉ်း၍ တူရကီနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး မိုက်ကယ်ခရစ်စတိုဒိုင်ယာမက်စစ် (Michael-Christos Diamessis) အား မတ်လ ၁၁ ရက်တွင် ဆင့်ခေါ်ခဲ့ပါသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရိနိုင်ငံအား တူရကီရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်မှုများအား အဆုံးသတ်ရန်၊ လက်စ်ဘို့စ် (Lesbos) နှင့် ရိုဒက်စ် (Rhodes) ကျွန်းများတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၏ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ နှင့်စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့မှုကြောင့် အကျဉ်းကျခံရလျက်ရှိသည့် သတင်းသမား များအားလွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ဥရောပသို့ ဝင်ရောက်လျက်ရှိသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား ရပ်တန့်ရန် ကြိုးပမ်း သွားမည်မဟုတ်ကြောင်း မကြာသေးမီက ထုတ်ပြန်ထားရှိသည်ဟု သိရှိရပါသည်။

Wednesday, March 11, 2020

အမေရိကန်သည် ပက်ထရီးရော့ဒုံးကျည်ကာကွယ်ရေးစနစ်အား တူရကီသို့ ရောင်းချသွားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း


Ahvalnews; Mar-10 (Tue)

တူရကီနိုင်ငံသည် ရုရှားထံမှဝယ်ယူထားသည့် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဆက်လက်အသုံးပြုနေမည်ဆိုပါက အမေရိကန်အနေဖြင့် ၎င်းတို့၏ ပက်ထရီးရော့လေကြောင်းရန်ဒုံးကျည်ကာကွယ်ရေးစနစ်များအား တူရကီ နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်နသန်ဟော့မန်း (Jonathan Hoffman) က မတ်လ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များဝယ်ယူခဲ့ပြီးနောက်ပိုင်း အမေရိကန်၏  ပက်ထရီးရော့ ဒုံးကျည်စနစ်များရောင်းချမှုနှင့်စပ်လျဉ်းသည့် သဘောထားမှာလည်း ပြောင်းလဲလာခဲ့ ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုင်ငံပိုင်သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တူရကီအစိုးရသည် နိုင်ငံတောင်ပိုင်းနယ်စပ်၌ ဆီးရီးယားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရေးအတွက် ပက်ထရီးရော့ဒုံးကျည်တပ်ခွဲ ၂ ခွဲအား ပေးပို့ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်နိုင်ငံအပေါ် တောင်းဆိုမှုများပြုလုပ်ခဲ့ ပါသည်။ တူရကီအနေဖြင့် ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူခြင်းကြောင့် အမေရိကန်ထံမှ F-35 တိုက်လေယာဉ် ၁၀၀ စင်းဝယ်ယူမည့် အစီအစဉ်အပေါ်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။ ထို့ပြင် ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေတိုး အဖွဲ့၏ ကာကွယ်ရေးစနစ်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် အမေရိကန်၏ ကန့်ကွက်မှု များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

တူရကီအပေါ် စစ်ရေးအရ အကူအညီပေးရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးလျက်ရှိခြင်း

 Arabnews; Mar-11(Wed)

              ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ တူရကီတပ်ဖွဲ့ဝင်များအား စစ်ရေး အရ အကူအညီပေးရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသည့်အပြင် ၎င်းစီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေးသဘော တူညီချက် ပျက်ပြားမည်ဆိုပါက ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးလျက်ရှိပါသည်။ အဆိုပါဆွေးနွေးပွဲအား ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်စ်ဆဲလ်၌ မတ်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျိမ်းဂျက်ဖရီ  (James Jeffrey) နှင့် တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဆက်တာဖီး (David Satterfield) တို့ တက်ရောက်ခဲ့ကြပါသည်။  အဆိုပါဆွေးနွေးပွဲတွင် တူရကီအနေဖြင့် ရုရှားထုတ်                 S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူမှုနှင့်ပတ်သက်သော ၎င်း၏ရပ်တည်ချက် အား ရှင်းလင်းစွာပြောကြားရန်လိုအပ်ကြောင်းကိုလည်း ဂျက်ဖရီက ထပ်လောင်း ပြောကြားခဲ့ပါသည်။

          အမေရိကန်နှင့် တူရကီတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ မူဝါဒရေးရာ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ရုရှားထုတ် S-400 စနစ်အား တူရကီကဝယ်ယူ ခဲ့မှုကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံဆိုင်ရာ အမေရိကန်ကောင်စစ်ဝန်အမှုထမ်း မီတင်တိုပက်ဇ် (Metin Topuz) အား သူလျှိုမှု၊ အစိုးရအားဖြုတ်ချရန် ကြိုးပမ်းမှုများဖြင့် တူရကီဘက်မှ ၂ နှစ်ခွဲကျော်တိုင်အောင် ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့မှုကြောင့် နှစ်ဖက်တင်းမာမှုများပိုမိုမြင့်တက်လာခဲ့ပါသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ခိုင်မာသောသက်သေအထောက်အထားများမရှိမှုကြောင့် တူရကီအစိုးရရှေ့နေတစ်ဦးက ၎င်းအား တရားသေပြန်လည်လွှတ်ပေးသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဟု သိရှိရပါသည်။

တူရကီဒုတိယသမ္မတနှင့် ဗြိတိန်သံအမတ်ကြီးတို့သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြခြင်း

 

၁၂။        တူရကီဒုတိယသမ္မတ ဖူရတ်အော့ခ်တေး (Fuat Oktay) နှင့် ဗြိတိန်သံအမတ်ကြီး ဒိုမီနစ်ချီကော့ (Dominick Chilcott) တို့သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ၌ မတ်လ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။  ၎င်းတို့နှစ်ဉီးသည် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၏  လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှု အတွင်း တူရကီအမျိုးသားသဘာဝဘေးနှင့် အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့ (National Disaster and Emergency Management Authority AFAD)နှင့် တူရကီလခြမ်းနီအဖွဲ့(Turkish Red Crescent) ကဲ့သို့သော အဖွဲ့အစည်းများမှတစ်ဆင့် တူရကီသို့ အကူအညီပေးမည့်အစီအစဉ်ကိုလည်း ၎င်းတို့နှစ်ဉီးစလုံးက သဘောတူညီခဲ့ ကြပါသည်။ ဗြိတိန်နိုင်ငံသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ ရွှေ့ပြောင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂမှတစ်ဆင့်  အကူအညီပေးနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဉီးသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ရှေ့ဆက်ပြုလုပ်သွားမည့်‌ဆွေးနွေးပွဲ များအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

တူရကီသမ္မတသည် ကာ့ဒ်သူပုန်များထိန်းချုပ်ထားသည့် ရေနံလုပ်ကွက်များကို ပူးတွဲစီမံသွားရန် ရုရှားသမ္မတအား တောင်းဆိုခဲ့ခြင်း

 

၁၁။        တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ကာ့ဒ်သူပုန်များထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒိုင်ယာအယ်လ်ဇော (Deir al-Zor) ဒေသရှိ ရေနံလုပ်ကွက်များကို ပူးတွဲစီမံသွားရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား မတ်လ ၁၁ ရက်တွင် တောင်းဆိုခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရုရှားအနေဖြင့် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ပေးမည် ဆိုပါက ရေနံတူးဖော်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်သူပုန်များသည် အဆိုပါဒေသရှိ ရေနံထွက်ရှိရာနေရာ အများစုအား ခြေကုပ်ယူသိမ်းပိုက်ထားသည့်အတွက် ၎င်းတို့အား တိုက်ခိုက်ချေမှုန်း၍ ရေနံလုပ်ကွက်မှ ရရှိသည့်ဝင်ငွေများဖြင့် ဆီးရီးယားပြန်လည်တည်ဆောက်ရေးလုပ်ငန်း များကို အတူတကွဆောင်ရွက်နိုင်မည်ဟု အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

တူရကီစစ်ဦးစီးချုပ်နှင့် နေတိုးထိပ်တန်းခေါင်းဆောင်ဗိုလ်ချုပ်ကြီး တော့ဒီဝေါ်တာတို့သည် အိုင်ဒဲလစ်စီရင်စုနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း

 

၁၀။        တူရကီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယာဆာဂူလာ (Yasar Guler) နှင့် နေတိုးအဖွဲ့ ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး တော့ဒီဝေါ်တာ (Tod D.Wolters) တို့သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ မတ်လ ၁၁ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း တူရကီစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်၌ နေတိုးအဖွဲ့ဝင်များ အနေဖြင့် တူရကီနိုင်ငံနှင့်အတူ စည်းလုံးညီညွတ်မှုရှိသည်ကို ထုတ်ဖော်ပြသရန်လိုအပ် ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)  က  မတ်လ ၉ ရက်တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် မကြာသေးမီလများအတွင်းက ဆီးရီးယားအစိုးရနှင့် မဟာမိတ်တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဆီးရီးယားပြည်သူ ၁.၇ သန်းနီးပါးခန့်သည် တူရကီနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း သိရှိ ရပါသည်။

တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုရှိ စောင့်ကြည့်ရေး စခန်းများမှ လက်နက်ကြီးများအား အဆင့်ဆင့်ရုပ်သိမ်းမှုများ စတင်ခဲ့ကြောင်း တူရကီ စစ်ဘက်၏ ပြောကြားချက်

 

၉။           တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုရှိ စောင့်ကြည့်ရေး စခန်းများမှ လက်နက်ကြီးများအား အဆင့်ဆင့်ရုပ်သိမ်းမှုများ စတင်ခဲ့ကြောင်း တူရကီ စစ်ဘက်၏ ပြောကြားချက်အားကိုးကား၍ RIA Novosti သတင်းဌာနက မတ်လ ၁၁ ရက် တွင်ဖော်ပြခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုအတွင်း ပိုမိုဆိုးရွားလာသည့် တင်းမာမှုများနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် မတ်လ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ တူရကီစစ်ဘက်သည် အဆိုပါ မတ်လ ရက် တွေ့ဆုံဆွေးနွေးမှုအတွင်း ချုပ်ဆိုခဲ့သည့် သဘောတူညီချက်များအား အကောင်အထည်ဖော်သည့်အနေဖြင့် အိုင်ဒဲလစ်စီရင်စုရှိ စောင့်ကြည့်ရေးစခန်းများမှ လက်နက်ကြီးများအား ရုပ်သိမ်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင် များသည် အိုင်ဒဲလစ်စီရင်စုအတွင်း အပစ်အခတ်ရပ်စဲရေးစတင်ကြောင်း ကြေညာခဲ့ပြီး စစ်သွေးကြွများထိန်းချုပ်ထားသည့် M4 အဝေးပြေးလမ်းမကြီးတစ်လျှောက် ပူးတွဲကင်းလှည့် မှုများဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

တူရကီသည် အိုင်ဒဲလစ်စီရင်စုတွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ငြင်းဆို

 ၈။           တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ Pantsir လေကြောင်းရန်ကာကွယ်ရေး စနစ် ၈ ခုအား အိုင်ဒဲလစ်စီရင်စုတွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက မတ်လ ၁၀ ရက်တွင် ငြင်းဆိုခဲ့ပါသည်။ ထို့ပြင် တူရကီသမ္မတ၏ ထုတ်ပြန်ချက် သည် မှန်ကန်မှုမရှိဘဲ ချဲ့ကားပြောဆိုနေခြင်းသာဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအနေဖြင့် Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ အဓိကအစိတ်အပိုင်းများအား ဒမတ်စကတ်မြို့ အနီးတစ်ဝိုက်တွင် တပ်ဖြန့်ချထားခဲ့သည့်အပြင် အိုင်ဒဲလစ်စီရင်စုရှိ ဘေးကင်းဇုန်ကို လည်း Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် ၄ ခုဖြင့် ကာကွယ်ထားရှိပါသည်။ တူရကီမောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် Pantsir စနစ် ၂ ခုပျက်စီးခဲ့ ရပြီး လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်လျက်ရှိရာ ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။  

Tuesday, March 10, 2020

ဂရိသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို တွန်းလှန်၍ စီးပွားရေးပထမအဆင့်ကို လုပ်ဆောင်လျက်ရှိခြင်း

Xinhua; Mar-10 (Tue)
         နိုဘယ်ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ၊ ဥရောပဆိုင်ရာနှင့် အမျိုးသားဆိုင်ရာအဆင့်တို့တွင် အရေးကြီးသည့် ထိခိုက်မှုများဖြစ်ပွားလျက်ရှိပါသည်။ ၎င်းဗိုင်းရပ်စ်သည် ပထမဦးစွာ ပြည်သူလူ၏ ကျန်းမာရေးကို များစွာထိခိုက်စေပြီး နောက်ဆက်တွဲအနေဖြင့် စီးပွားရေးကဏ္ဍတွင်လည်း များစွာ ထိခိုက်မှုရှိပါသည်။ ဂရိနိုင်ငံတွင် နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ ၈၄ ဦးအထိ ရှိလာပြီ ဖြစ်သဖြင့် အဆိုပါဗိုင်းရပ်စ်ကို တွန်းလှန်သည့်အနေဖြင့် ဂရိတာဝန်ရှိသူများသည် စီးပွားရေးပထမအဆင့်လုပ်ဆောင်မှုအား လုပ်ဆောင်လျက်ရှိကြောင်း မတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှုတွင် ကျန်းမာရေးစနစ်များအတွက် လိုအပ်သောအသုံးစရိတ်များကို ပေးအပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသဆိုင်ရာ များကို ထောက်ပံ့နိုင်ရန်အတွက် ထပ်တိုးအခွန်များကောက်ခံခြင်းကို ဆိုင်းငံခြင်းနှင့် လူမှုဖူလုံရေး အထောက်အပံ့များကို ၄ လကြာ ထောက်ပံ့ကူညီသွားမည့် အချက်များ ပါဝင်ကြောင်း ဂရိဘဏ္ဍရေးဝန်ကြီး ခရစ်စတိုတိုက်ကားရက်စ် (Christos Staikouras) က အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပါသည်။
              ၎င်းဗိုင်းရပ်စ်ပျံ့နှံမှုကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် ဆိုးကျိုးများ သက်ရောက် စေလျက်ရှိကြောင်းကို ဂရိတာဝန်ရှိသူများက သတင်းအချက်အလက်ဖြင့် ဖော်ပြခဲ့ခြင်းမရှိပါ။ သို့သော် ဂရိနိုင်ငံ၏ စီးပွားရေးသည် ၎င်းဗိုင်းရပ်စ်ပျံ့နှံမှုကြောင့် အမေရိကန်ဒေါ်လာ ၆၉၀ သန်းခန့် ဆုံးရှုံးမှုများဖြစ်ပွားလျက်ရှိကြောင်း ကုန်သွယ်ရေးနှင့် စက်မှုကုန်သည်ကြီးများအသင်းဥက္ကဌ ဗက်စီလစ်ကော်ကီဒစ် (Vassilis Korkidis) က မတ်လ ၉ ရက်တွင် ရေးသားသည့် ၎င်း၏ အီးမေးလ်တစ်ခု၌ ဖော်ပြခဲ့ပါသည်။ ဂရိစီးပွားရေးအနေဖြင့် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော ကုမ္ပဏီများ၏ ဒေဝါလီခံမှုကိုရှောင်ရှားရန် ဖြေရှင်းဆောင်ရွက်မှုတစ်ခုကို လိုအပ်လျက်ရှိကြောင်း ဗက်စီလစ်ကော်ကီဒစ်က ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၀ ပြည့်နှစ်တွင် ၀.၉ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပြီး တိုးတက်မှုနှုန်းသည် ကနဦးမျှော်မှန်းထား သည့်အတိုင်း ရရှိမည်မဟုတ်ကြောင်း ဂရိဘဏ္ဍာရေးကောင်စီ (Hellenic Fiscal Council-HCF) က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့ပါသည်။ ဂရိစီးပွားရေးသည် ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ကုန်၊ အပန်းဖြေရေးလုပ်ငန်းများနှင့်  ပုဂ္ဂလိကစားသုံးမှုကဏ္ဍတို့တွင် ကျဆင်းမှု များသဖြင့် ဆုံးရှုံးမှု အများဆုံးဖြစ်ပွားနိုင်ကြောင်း သိရှိရပါသည်။