The First News; Jul-1 (Sat)
ဘီလာရုဇ်နိုင်ငံတွင် ရုရှားနိုင်ငံ၏ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်များ တပ်ဖြန့်ချထားခဲ့ပြီးနောက်တွင် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ၎င်းနိုင်ငံအနေဖြင့် NATO အဖွဲ့၏ နျူကလီးယားလက်နက်မျှဝေရေး အစီအစဉ်တွင် ပါဝင်ရန်ဆန္ဒရှိကြောင်း ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ အတွင်းရှိ မိတ်ဖက်နိုင်ငံများအပေါ်တွင် မူတည်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ NATO အဖွဲ့၏ နျူကလီးယားလက်နက်မျှဝေရေးအစီအစဉ်သည် နျူကလီးယား လက်နက်ပိုင်ဆိုင်မှုမရှိသည့် အဖွဲ့ဝင်နိုင်ငံများအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်ပါသည်။
Friday, June 30, 2023
ပိုလန်နိုင်ငံသည် NATO အဖွဲ့၏ နျူကလီးယားလက်နက်များမျှဝေရေးအစီအစဉ်တွင် ပါဝင်ရန်ဆန္ဒရှိသည်ဆိုခြင်း
Sunday, June 25, 2023
တူကီယဲနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခရရှိမှုများ လျော့ကျခဲ့ခြင်း
DuvarEnglish; Jun-26(Mon)
တူကီယဲအစိုးရအနေဖြင့် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ချက်ကို တိုးမြှင့်ပေးခဲ့ သော်လည်း ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်မှုနှင့် ငွေကြေးလဲလှယ်မှု မြင့်တက်လာသဖြင့် အလုပ်သမားများ အမှန်တကယ်ရရှိသည့် အနိမ့်ဆုံးလုပ်အားခသည် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅ နီးပါးလျော့ကျခဲ့ကာ အမေရိကန်ဒေါ်လာ ၄၃၇ ခန့်သာ ရရှိမည် ဖြစ်ကြောင်း Duvar English သတင်းဌာနက ဇွန်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲအစိုးရသည် ဇွန်လ ၂၀ ရက်တွင် အနိမ့်ဆုံးလုပ်အားခကို ၃၄ ရာခိုင်နှုန်း တိုးမြှင့် ပေးခဲ့သော်လည်း ဗဟိုဘဏ်၏အတိုးနှုန်း ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့မှုနှင့်အတူ အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထားများ မြင့်တက်လာခဲ့သဖြင့် အနိမ့်ဆုံးလုပ်အားခ ရရှိမှု လျော့ကျခဲ့ခြင်းဖြစ်ပါသည်။

Saturday, June 24, 2023
တူကီယဲနိုင်ငံက ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အရေးပါဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း
Daily Sabah; Jun-25(Sun)
တူကီယဲနိုင်ငံသည် ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Black Sea Economic Cooperation-BSEC) ၏ အရေးပါဆုံးနှင့် အတက်ကြွဆုံး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု BSEC အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် လာဇာကိုမန်နက်စ် (Lazar Comanescu) က ပြောကြားခဲ့ကြောင်း Daily Sabah သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် အဖွဲ့အတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လုပ်ငန်းမြှင့်တင်ဆောင်ရွက်မှုများကို ဦးစီးဆောင်ရွက်ရသောနိုင်ငံလည်းဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် လာမည့်ဇူလိုင်လ ၁ ရက်မှစ၍ နောက် ၆ လအထိ BSEC အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရပ်ဆိုင်းထားရသော လုပ်ငန်းများကို ပြန်လည်စတင်လည်ပတ်ခဲ့နိုင်ကြောင်း ကိုမန်နက်စ်က ပြောကြားခဲ့ပါသည်။

Monday, June 19, 2023
ဆော်ဒီနိုင်ငံသည် တူကီယဲနိုင်ငံထံမှ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များ ဝယ်ယူရေး သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း
Mehr News Agency; Jul-19(Wed)
ဆော်ဒီအာရေဗျနိုင်ငံသည် တူကီယဲနိုင်ငံထံမှ AKIHCI TIHA အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များဝယ်ယူရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီချက်သည် တူကီယဲနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ရောင်းချရေးသဘောတူညီချက်တစ်ရပ်ဖြစ်ကြောင်း Mehr News Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးသည် အာရပ်နွေဦး တော်လှန်ရေးစတင်မှုနှင့်အတူ ကူးစက်လာသော ယီမင်ပြည်တွင်းစစ်၊ ၂၀၁၇ ခုနှစ် အတွင်း ဆော်ဒီနိုင်ငံက ကာတာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေးဖြတ်တောက်မှုနှင့် ၂၀၁၈ ခုနှစ်အတွင်း တူကီယဲရှိ ဆော်ဒီသံရုံး၌ သတင်းထောက် ဂျမဲခါရှော့ချီ (Jamal Khashoggi) အသတ်ခံရမှု စသည့်ဖြစ်ရပ်များတွင် နှစ်နိုင်ငံဆက်ဆံရေးလွန်စွာဆိုးရွား နေခဲ့ပါသည်။

Subscribe to:
Posts (Atom)