Wednesday, June 30, 2021

ရုရှားနှင့် တူရကီတို့သည် အာမေးနီးယား-အဇာဘိုင်ဂျန်အကြား ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအပေါ် ပူးတွဲကြိုးပမ်းဆောင်ရွက် သွားမည်ဆိုခြင်း



Tass; Jun-30 (Wed)

    ရုရှားနှင့် တူရကီအစိုးရတို့အနေဖြင့် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့ အကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်ပြန်ဖြစ်စေရေးအတွက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergey Lavrov)သည် တူရကီနိုင်ငံခြားရေး ဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Mevlut Cavusoglu)နှင့် ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးမှုအတွင်း ရုရှားနှင့် တူရကီအစိုးရတို့သည် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ယုံကြည်မှုတည်ဆောက်ရေးအစီအမံများ ခိုင်မာအားကောင်းလာစေရေးအပေါ် အလေးထားဆောင်ရွက်သည့်အနေဖြင့် ပုံမှန် ဆက်ဆံရေးတည်ဆောက်၍ လက်တွေ့ကျသောကိစ္စရပ်များတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရ ပါသည်။

  သုံးသပ်ချက်

        မွတ်စလင်အများစုနေထိုင်သည့် အဇာဘိုင်ဂျန်နိုင်ငံနှင့် ခရစ်ယာန်အများစု နေထိုင်သည့် အာမေးနီးယားနိုင်ငံတို့သည် နာဂေါ်နို-ကာရာဘတ်ခ် (Nagorno-Karabakh) တောင်တန်းဒေသ ပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍ ပိုင်နက်အငြင်းပွားလျက် ရှိပြီး ၎င်းဒေသသည် ယခင်ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်က အဇာဘိုင်ဂျန်နယ်မြေ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သော်လည်း အဓိကမှီတင်းနေထိုင်သူများမှာ အာမေးနီးယားလူမျိုးများဖြစ်ကြပါသည်။ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နာဂေါ်နို-ကာရာဘတ်ခ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် အဇာဘိုင်ဂျန်နိုင်ငံမှနုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ပဋိပက္ခများစတင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ နှစ်နိုင်ငံစစ်ရေးတိုက်ခိုက်မှုများ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ သို့သော် ထိုအချိန်တွင် အဇာဘိုင်ဂျန်နိုင်ငံသည် နာဂေါ်နို-ကာရာဘတ်ခ် ဒေသအားလုံးနီးပါးနှင့် အာမေးနီးယားအကြားရှိနယ်မြေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် အာမေးနီးယား နိုင်ငံအနေဖြင့် တူရကီနယ်စပ်အား စောင့်ကြပ်ကြည့်ရှုရန်အတွက် ရုရှားတပ်ဖွဲ့များအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆိုပါပဋိပက္ခအတွင်း ပါဝင်ပတ်သက်ရန်ဆန္ဒမရှိသော်လည်း တူရကီနွယ်ဖွားအဇာဘိုင်ဂျန်တို့အား အကူအညီ များပေးအပ်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံအားတိုက်ခိုက်ရန် အာမေးနီးယား နိုင်ငံကို တွန်းအားပေးလျက်ရှိကြောင်းနှင့် အဇာဘိုင်ဂျန်နယ်မြေများနှင့် အခွင့်အရေး များအား ထိပါးနိုင်သည့် မည်သည့်ကြိုးပမ်းမှုကိုမဆို ချက်ချင်းတုံ့ပြန်ပေးသွားမည် ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့သဖြင့် ရုရှားနှင့် တူရကီတို့အကြား သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူတို့၏ တွေ့ဆုံမှုအတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့၏ လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသော အခြေအနေ မှန်များနှင့်ပတ်သက်၍ အပြန်အလှန်အမြင်ချင်းဖလှယ်ခဲ့ကြပြီးနောက် နာဂေါ်နို-ကာရာဘတ်ခ် ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ရန်အတွက် အဇာဘိုင်ဂျန် နိုင်ငံ၊ အက်ဒမ်(Agdam)ခရိုင်တွင် တည်ဆောက်ထားသည့် ရုရှား-တူရကီ ပူးတွဲ စင်တာ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ သို့ဖြစ်၍ ရုရှားနှင့် တူရကီတို့၏ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ပဋိပက္ခ အားဖြေရှင်းနိုင်ရေး နှစ်နိုင်ငံကြိုးပမ်းဆောင်ရွက်မှုများသည် အဆိုပါနှစ်နိုင်ငံအကြား ငြိမ်းချမ်းမှုရရှိရေးအတွက် လမ်းစတစ်ခုပေါ်ပေါက်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

ပိုလန်နှင့်အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးတို့စီးပွားရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်ရန်တွေ့ဆုံခဲ့ခြင်း

        ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရော (Zbigniew Rau) နှင့် အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး အီဗာမာရီယာလီမတ်စ် (Eva-Maria Liimets) တို့သည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာဆက်ဆံရေးနှင့်ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရန်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ ပါသည်။ နှစ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့သို့ဝင်ရောက်ပြီးသည့်အချိန်မှစ၍ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုသည် ၄ ဆကျော်တိုးတက်လာခဲ့ကြောင်း နိုင်ငံတကာသတင်း အရင်းအမြစ်များကဖော်ပြခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးသည် ဘောလ်တစ်ဒေသတစ်ခုလုံး၏ လမ်းပန်းဆက်သွယ်ရေးကို တိုးတက်မှုရှိလာစေရန်လုပ်ဆောင်သည့် Rail Baltica ရထားလမ်းစီမံကိန်းနှင့် Via Baltica ရထားလမ်းစီမံကိန်းတို့အပါအဝင် ပူးတွဲအခြေခံ အဆောက်အအုံစီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အက်စ်တိုးနီးယား နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုင်းနှင့် အခြားသော ဘောလ်တစ်နိုင်ငံများ၏ လျှပ်စစ် ဓာတ်အားလိုင်းများကို ကျန်ရှိနေသော ဥရောပနိုင်ငံများနှင့်ပေါင်းစပ်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည့်အစီအစဉ်နှင့်ပတ်သက်၍လည်း ၎င်းတို့က ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

Monday, June 28, 2021

အနောက်ဘော်လကန်နိုင်ငံများဥရောပသမ္မဂသို့အဖွဲ့ဝင်အဖြစ်ဝင်ရေးသောနိုင်ငံများကိုပိုလန်နိုင်ငံခြားရေးတန်ကြီးကထောက်ခံကြောင်းပြောကြားခဲ့ခြင်း

        ပိုလန်၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့သည် အနောက်ဘော်လကန်နိုင်ငံများ ဥရောပသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရေးအပေါ် အခိုင်အမာထောက်ခံကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbigniew Rau) က ဇွန်လ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဇက်ဘစ်နျူးရောယ်သည် Visegrad Group အဖွဲ့ဝင် ၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အစည်းအဝေးတစ်ရပ်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း ဇက်ဘစ်နျူးရောယ်က ၎င်းအနေဖြင့် ဥရောပသမဂ္ဂတိုးချဲ့ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှုမရရှိခဲ့ သည့်အတွက် အားရကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

တူရကီသည် Turksat 6A ဆက်သွယ်ရေးဂြိုဟ်တုအား လာမည့်နှစ်တွင် လွှတ်တင်သွားမည်ဟု ပြောကြားခဲ့ခြင်း

Trend; Jun-29(Tue)

    တူရကီနိုင်ငံသည် လာမည့်နှစ်တွင် အာကာသထဲသို့ Turksat 6A ဂြိုဟ်တု လွှတ်တင်လိုက်မည်ဆိုပါက ကမ္ဘာပေါ်ရှိ ဆက်သွယ်ရေးဂြိုဟ်တုများထုတ်လုပ်သည့် နိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်လာမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၂၈ ရက်တွင် ဂိုးဘက်စ် (Golbas) ခရိုင်၌ကျင်းပ ပြုလုပ်သော Turksat 5A ဂြိုဟ်တုလွှတ်တင်ရေးအခမ်းအနားတွင် ပြောကြားခဲ့ သည်ဟု Trend သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနိုင်ငံသည် ၎င်း၏ အမျိုးသား ဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းအား လွန်ခဲ့သည့်ငါးနှစ်ခန့်က စတင်ခဲ့ပြီး TUBITAK ၊ Turksat, ASELSAN နှင့် TUSAS များကဲ့သို့ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ပံ့ပိုးမှုဖြင့် Turksat 6A ဂြိုဟ်တုကို ထုတ်လုပ်ခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ Turksat 5A ဂြိုဟ်တုသည် တူရကီ၊ ဥရောပ၊ မြေထဲပင်လယ်၊ အေဂျီယန်ပင်လယ်၊ ပင်လယ်နက်၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ ဗဟိုအာဖရိကနှင့် တောင်အာဖရိကအပါအဝင် ဒေသများစွာ၏ ဂြိုဟ်ပတ်လမ်းတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် သက်တမ်း ၃၅ နှစ်ကြာ တာဝန် ထမ်းဆောင်သွားမည်ဖြစ်ပါသည်။

    ထို့ပြင် ဒီဇိုင်းနှင့် ထုတ်လုပ်မှုအဆင့်များပြီးစီးခဲ့ပြီးဖြစ်သော Turksat 5B ဂြိုဟ်တု၏စမ်းသပ်မှုများကို ဆက်လက်၍လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းကို ယခုနှစ်၏ စတုတ္ထသုံးလပတ်တွင် အာကာသထဲသို့လွှတ်တင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Turksat 5B ၏ သက်ဝင်လှုပ်ရှားမှုနှင့်အတူ တူရကီ၏အချက်အလက် ဖလှယ်မှုစွမ်းရည်သည် ၁၅ ဆတိုးလာမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာတစ်ခုကို မကြာမီထုတ်ဖော်နိုင်လိမ့်မည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလတွင် SpaceX နည်းပညာကုမ္ပဏီက လွှတ်တင်ခဲ့သည့် တူရကီ၏ပဉ္စမမျိုးဆက် ဆက်သွယ်ရေးဂြိုဟ်တု Turksat 5A သည် အရှေ့လောင်ဂျီတွဒ် ၃၁ ဒီဂရီတွင်တည်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

    တူရကီနိုင်ငံသည် အာရှနှင့်ဥရောပဒေသအား ဆက်သွယ်ထားသော မဟာဗျူ ဟာကျသည့် ပထဝီအနေအထားကို ပိုင်ဆိုင်ထားရှိပြီး လက်ရှိအချိန်တွင် နိုင်ငံ၏ နည်း ပညာကဏ္ဍကိုလည်း အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိပါသည်။ ထိုကဲ့သို့အဆင့်မြှင့် တင်ရာ၌ အမျိုးသားဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းအား လွန်ခဲ့သော ငါးနှစ်ခန့်ကပင် စတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ နည်းပညာကုမ္ပဏီများဖြစ်သည့် TUBITAK ၊ Turksat၊ ASELSAN နှင့် TUSAS များကဲ့သို့ ကာကွယ်ရေးနှင့် နည်းပညာ ထုတ်လုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအပြင် အခြားသောပုဂ္ဂလိကကုမ္ပဏီများ၏ပံ့ပိုးမှုဖြင့် Turksat 6A ဂြိုဟ်တုကို နိုင်ငံအတွင်း၌ပင် ထုတ်လုပ်မှုများဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ အချိန်တွင် တူရကီနိုင်ငံမှလွှတ်တင်ခဲ့သည့် Turksat 5A ဂြိုဟ်တုသည် တူရကီ၊ ဥရောပ၊ မြေထဲပင်လယ်၊ အေဂျီယန်ပင်လယ်၊ ပင်လယ်နက်၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ ဗဟိုအာဖရိကနှင့် တောင်အာဖရိကအပါအဝင် ဒေသများစွာ၌ တာဝန် ထမ်းဆောင်နိုင်သည့်စနစ်ဖြစ်ပြီး ၎င်းသည် သက်တမ်း ၃၅ နှစ်ကြာသည်အထိ တာဝန် ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် Turksat 5B ဂြိုဟ်တု၏ စမ်းသပ်မှုများ ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၎င်းကို ၂၀၂၁ ခုနှစ်၏ စတုတ္ထသုံးလပတ်၌ အာကာသထဲသို့လွှတ်တင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။ Turksat 5B ဂြိုဟ်တုသည် သက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ တူရကီနိုင်ငံ၏ သတင်းအချက်အလက် ဖလှယ်နိုင်မှုစွမ်းရည်သည် ၁၅ ဆအထိ တိုးလာနိုင်မည်ဖြစ်ပါသည်။ တူရကီနိုင်ငံသည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာတစ်ခုကို မကြာမီကာလများ တွင် ထုတ်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တူရကီနိုင်ငံ၏ နည်းပညာအဆင့်အတန်းကို မြှင့်တင်မှုများပြုလုပ်သွားရန် အပြင်းအထန် ကြိုးပမ်း၍ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပြီး မကြာမီကာလများအတွင်း ဂြိုဟ်တု နည်းပညာနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံကြီးများနှင့် ယှဉ်ပြိုင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား အနာဂတ်ဆက်ဆံရေးအလားအလာ

၂၃/၂၁(၂၉-၆-၂၁/၅-၇-၂၁)

၁၂။ အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား အနာဂတ်ဆက်ဆံရေးအလားအလာ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှု အား ဇွန်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ဘယ်လ်ဂျီယံ နိုင်ငံ၊ မြို့တော်ဘရပ်ဆဲလ် (Brussel) ၌ ကျင်းပပြုလုပ်ခဲ့သည့် နေတိုးထိပ်သီးဆွေးနွေးပွဲ အပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ် (Kabul) လေဆိပ်တွင် တူရကီ၏တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချ ထားပေးရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးအလားအလာကောင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါသည်။ သို့သော်လည်း အမေရိကန်နှင့် တူရကီနိုင်ငံတို့ အကြားတွင် အရေးကြီးသည့် အငြင်းပွားမှုအချို့ကျန်ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့ နှစ်နိုင်ငံဆက်ဆံရေးသည် အနာဂတ်တွင် လက်တွေ့ကျကျဆောင်ရွက်သွားမည်ဆို သော်လည်း တင်းမာမှုများမှာ ကျန်ရှိနေဦးမည်ဖြစ်ပါသည်။

၁၃။ အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့် အငြင်းပွားမှု များအား ဖြေရှင်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့်အတူ အမေရိကန်၏ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်မှုများမှာလည်း မြင့်တက်လာနိုင်ပြီး အနာဂတ် တွင် တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါသည်။ လက်ရှိ အမေရိကန်-တူရကီ ဆက်ဆံရေးမှာ ကောင်းမွန်လျက်ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် တူရကီနိုင်ငံ၌ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲများမတိုင်မီ သမ္မတ အာဒိုဂန်၏ တရားမျှတမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development Party-AKP) အနေဖြင့် အာဏာဆက်လက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသောကြောင့် စိန်ခေါ်မှုအများ အပြားနှင့်လည်း ရင်ဆိုင်လာရနိုင်ဖွယ်ရှိနေပါသည်။

၁၄။ အမေရိကန်-တူရကီ အငြင်းပွားလျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ဆက်ဆံရေးတည်ဆောက်၍ ဖြေရှင်းဆောင်ရွက်သွားမည် ဆိုသော်လည်း တူရကီနိုင်ငံ၏ ပြည်တွင်းနှင့် မဟာဗျူဟာရေးရာကန့်သတ်ချက်များ ကြောင့် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်လာစေမည်ဖြစ်ပါသည်။ မွတ်စလင်တရားဟောဆရာ ဖီတူလာ ဂူလန် (Fethullah Gulen) သည် တူရကီနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် သမ္မတ အာဒိုဂန် အားဖြုတ်ချ၍ မအောင်မြင်သည့်အာဏာသိမ်းမှုတွင် အဓိကကြိုးကိုင်ခဲ့သည်ဟု တူရကီ အစိုးရက ယူဆလျက်ရှိပါသည်။ ထို့ကြောင့် တူရကီအစိုးရသည် ဂူလန်နှင့်ဆက်နွှယ် လျက်ရှိသည်ဟု သံသယရှိသူ လူထောင်ပေါင်းများစွာအား ဖမ်းဆီးခဲ့ရာ အဆိုပါ ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်နှင့် တူရကီအကြားတွင် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဂူလန်နှင့် ၎င်း၏နောက်လိုက်အပေါင်းအပါ များအား နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည့်အပြင် ဂူလန်က ၎င်းအနေဖြင့် အာဏာသိမ်းမှု တွင်ပါဝင်မှုမရှိကြောင်း ပြောကြားချက်အပေါ်တွင်လည်း ထောက်ခံပေးခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ဂူလန်သည် ၂၀၁၆ ခုနှစ် တူရကီနိုင်ငံ၌ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် နောက်ကွယ်မှကြိုးကိုင်မှုမရှိကြောင်း ယုံကြည်နေသည့်အတွက်ကြောင့် ၎င်းအား တူရကီနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်မဟုတ်ပေ။ ထို့အတူ တူရကီ အစိုးရအနေဖြင့်လည်း ဂူလန်အားထောက်ခံသူများအပေါ် ပစ်မှတ်ထားဖမ်းဆီးနေမှု များအား ရပ်တန့်သွားနိုင်ဖွယ်မရှိပေ။

၁၅။ အမေရိကန်-တူရကီ အငြင်းပွားမှုများအနက် တူရကီနိုင်ငံသည် ၂၀၁၇ ခုနှစ်၌ ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဝယ်ယူခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်ကြောင့်ပင် တူရကီနှင့် အမေရိကန် ဆက်ဆံရေးမှာ တင်းမာလာခဲ့ပါသည်။ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် သည် အမေရိကန်နိုင်ငံထုတ် ကိုယ်ပျောက်တိုက်လေယာဉ်များအပါအဝင် စစ်လက်နက် ပစ္စည်းများ၏ နည်းပညာများအား ခိုးယူနိုင်သည်ဟု အမေရိကန်အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် S-400 ဝယ်ယူခြင်းနှင့်ပတ်သက်၍ တူရကီအပေါ် သတိပေးမှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံ၏ လုပ်ဆောင်မှု အပေါ် တုံ့ပြန်သည့်အနေဖြင့် “အမေရိကန်နိုင်ငံ၏ ရန်ဘက်နိုင်ငံများအပေါ် အရေးယူ ပိတ်ဆို့မှုများမှတစ်ဆင့် တုံ့ပြန်ဆောင်ရွက်ရေးအက်ဥပဒေ” (Countering America's Adversaries Through Sanctions Act-CAATSA) အရ တူရကီနိုင်ငံအား အရေးယူ ပိတ်ဆို့မှုများချမှတ်ခဲ့သည့်အပြင် အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းရေးအစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပါသည်။

၁၆။ တူရကီနိုင်ငံအနေဖြင့် ရုရှားမှ S-400 ဝယ်ယူခဲ့ခြင်းကြောင့် အရေးယူပိတ်ဆို့မှု များမှ သက်သာရာရရှိစေရန်အတွက် ဒုံးကျည်စနစ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် အတူ ပူးတွဲစောင့်ကြည့်ရေး၊ သို့မဟုတ် S-400 စနစ်အား စွန့်ပစ်ခြင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ စဉ်းစားသုံးသပ်လျက်ရှိပါသည်။ သို့သော် အမေရိကန်၏ CAATSA အရ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးရန်အတွက် လွှတ်တော်၏ အတည်ပြုချက်ရရှိရန် လိုအပ်မည်ဖြစ်ပါသည်။ အမေရိကန်လွှတ်တော်အမတ်များ အနေဖြင့် တူရကီ၏ ရုရှားမှ S-400 ဝယ်ယူမှုနှင့်ပတ်သက်၍ အရေးယူပိတ်ဆို့မှု များအား ပြင်းပြင်းထန်ထန်လုပ်ဆောင်ရန် တောင်းဆိုလျက်ရှိပြီး တူရကီအနေဖြင့် အမေရိကန်၏အရေးယူပိတ်ဆို့မှုများ လျော့ပါးစေလိုပါက S-400 အသုံးပြုမှုကို စွန့်လွှတ်သွားရမည်ဖြစ်ပါသည်။ သို့သော်လည်း တူရကီနိုင်ငံအနေဖြင့် S-400 ဝယ်ယူမှု သည် ၎င်း၏ ပြည်တွင်းလုံခြုံရေးအတွက်ဖြစ်သည်ဟု ပြောကြားထားသည့်အတွက် ကြောင့် အမေရိကန်အနေဖြင့် အရေးယူပိတ်ဆို့မှုများအား လျှော့ချပေးနိုင်ဖွယ်မရှိ သကဲ့သို့ တူရကီအနေဖြင့်လည်း S-400 သုံးစွဲမှုအား အပြီးတိုင်စွန့်လွှတ်သွားဖွယ် မရှိပေ။

၁၇။ အမေရိကန်နိုင်ငံအနေဖြင့် IS နှိမ်နင်းရေးတွင် ရှေ့တန်းကျကျပါဝင်ခဲ့သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces-SDF) များနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိပါသည်။ SDF အား ဦးဆောင်လျက်ရှိသော ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Protection Units-YPG) သည်လည်း တူရကီနိုင်ငံအတွင်း တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party) နှင့် ဆက်နွှယ်လျက်ရှိပါသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံနှင့် YPG တို့၏ ဆက်ဆံမှုများအပါအဝင် အမေရိကန်၏ ကာ့ဒ်တပ်ဖွဲ့များအပေါ် ထောက်ပံ့မှုများအား ရပ်ဆိုင်းရန်အတွက် တူရကီနိုင်ငံက လိုလားလျက်ရှိခြင်းဖြစ် ပါသည်။

၁၈။ အမေရိကန်၏ အငြင်းပွားဖွယ်ဆောင်ရွက်နေမှုများအား ရပ်ဆိုင်သွားရန် တူရကီနိုင်ငံမှလိုလားလျက်ရှိသော်လည်း သမ္မတ ဘိုင်ဒင်အနေဖြင့်မူ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ IS စစ်သွေးကြွများ တစ်ကျော့ပြန်နိုးထလာစဉ် SDF နှင့် ဆက်ဆံရေးများ ဖြတ်တောက်သွားရန်မှာ ဖြစ်နိုင်ဖွယ်ရှိမည်မဟုတ်ပေ။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Danald Trump) လက်ထက် ၂၀၁၈ ခုနှစ်တွင် ဆီးရီးယားမှ အမေရိကန်တပ်များ ရုတ်တရက်ဆုတ်ခွာသွားမှုကြောင့် SDF အနေဖြင့် တူရကီနှင့် ဆီးရီးယားတို့၏ ဝင်ရောက်တိုက်ခိုက်မှုများအား အပြင်းအထန်ခံခဲ့ရသည့်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားလာမည်ဆိုပါက SDF အတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်၍ အမေရိကန်၏ဆောင်ရွက်မှုများအပေါ် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ပါသည်။

၁၉။ အမေရိကန်အစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၎င်း၏ သံတမန်ရေးဆိုင်ရာကတိကဝတ်များအား ပြန်လည်ပြင်ဆင်မွမ်းမံလျက်ရှိ ပါသည်။ ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့စဉ် ၁၉၁၅ ခုနှစ်မှ ၁၉၁၆ ခုနှစ်အတွင်း အော်တိုမန် အင်ပါယာခေတ် အာမေးနီးယားလူမျိုးများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်သမ္မတ ဘိုင်ဒင်က တရားဝင် အသိအမှတ်ပြုပေးခဲ့ပါသည်။ သို့သော် ဘာသာရေးနှင့် အမျိုးသားရေးပါတီဖြစ်သည့် တူရကီနိုင်ငံ၏ အာဏာရ AKP ပါတီအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အင်အားကြီးအနောက်နိုင်ငံများမှ မည်သို့ပင်ဖိအားပေးစေကာမူ ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာမူဝါဒများနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အာဏာရ AKP ပါတီအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာသဘောထားရည်မှန်းချက် များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့်လည်း အနောက်နိုင်ငံများကသတ်မှတ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ခိုင်မာ စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် တူရကီနှင့် အမေရိကန် နိုင်ငံတို့အကြားတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အယူအဆ မတူကွဲပြားမှုများအား ဖြေရှင်းဆောင်ရွက်နိုင်ဖွယ်ရှိမည်မဟုတ်ပေ။

၂၀။ တူရကီနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲများမတိုင်မီ သမ္မတ အာဒိုဂန်အနေဖြင့် ၎င်း၏ AKP ပါတီ ခိုင်မာ အားကောင်းစေရေးအတွက် မူဝါဒရေးရာပြင်ဆင်ဆောင်ရွက်မှုများအား အလေးထား၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်၌ တူရကီနိုင်ငံ၏ နိုင်ငံရေး ပါတီများသည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါသည်။ AKP ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ၎င်းတို့အတွက် အကျိုးအမြတ်ရရှိစေရေးနှင့် နိုင်ငံအားရေရှည်ထိန်းချုပ်နိုင်ရေး အပေါ်အခြေခံ၍ ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်သွားနိုင်ဖွယ်ရှိပါသည်။ ထို့ပြင် AKP ပါတီသည် ကာ့ဒ်တပ်ဖွဲ့များ ဩဇာလွှမ်းမိုးလျက်ရှိသည့် ကာ့ဒ်ပြည်သူ့

ဒီမိုကရက်ပါတီ (People’s Democratic Party-HDP) ကဲ့သို့ အတိုက်အခံပါတီများ အား ထိန်းချုပ်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖွယ်ရှိ ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် သမ္မတ အာဒိုဂန်၏ အနာဂတ်နိုင်ငံရေးဆောင်ရွက် နေမှုများအပေါ် ဝေဖန်မှုများပြုလုပ်သွားနိုင်ဖွယ်ရှိသည့်အပြင် တူရကီအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်၍ ဖိအားပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖွယ်ရှိပါသည်။

၂၁။ အာဏာရ AKP ပါတီသည် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ လုပ်ဆောင်မှု များအား မကြာခဏ ဆန့်ကျင်ကန့်ကွက်လျက်ရှိသည့် လက်ယာစွန်းအမျိုးသားရေး လှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP) နှင့် ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်များဖြစ်ပါသည်။ AKP ပါတီသည် MHP ပါတီ၏ ထောက်ပံ့မှုမရရှိပါက လွှတ်တော်အတွင်း မဲအများဆုံးရရှိလာနိုင်မည်မဟုတ်သည့်အပြင် ဥပဒေပြဋ္ဌာန်းမှုများ ကိုလည်း အတည်ပြုဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။ တူရကီ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ထင်ရှားသည့်အတိုက်ခံပါတီတစ်ခု ဖြစ်သည့် ကာ့ဒ်တပ်ဖွဲ့ကြီးစိုးသည့် HDP ပါတီကို နိုင်ငံရေးနယ်ပယ်မှဖယ်ရှားနိုင်ရန် AKP ပါတီမှတင်သွင်းသည့် တင်ပြလွှာအား ကြားနာစစ်ဆေးလျက်ရှိပါသည်။ HDP ပါတီ၏ နိုင်ငံရေးဆောင်ရွက်မှုများအားတားမြစ်ခြင်းဖြင့် AKP ပါတီအတွက် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်မှုများနှင့် မဲရလဒ်များ ပိုမိုရရှိစေ မည်ဖြစ်ပါသည်။

၂၂။ AKP ပါတီသည် တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရန် ဆွေးနွေးမှုများအား ဦးဆောင်ပြုလုပ်လျက်ရှိပါသည်။ တူရကီအစိုးရသည် နောက်ဆုံး အကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမှုအား ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ပါလီမန်စနစ်မှ သမ္မတစနစ်သို့ ပြောင်းလဲခဲ့ခြင်းကြောင့် အတိုက်အခံများအနေဖြင့် သမ္မတ အာဒိုဂန်အား နိုင်ငံရေးလောကမှဖြုတ်ချနိုင်ရေး ကြိုးပမ်းမှုများမှာ ပိုမိုခက်ခဲ လာစေမည်ဖြစ်ပါသည်။ တူရကီနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ရာထူးအား သက်တမ်း ၂ ကြိမ်အထိသာထမ်းဆောင်ရန် သတ်မှတ်ထားရာ သမ္မတ အာဒိုဂန်အနေဖြင့် ၅ နှစ်တာ သမ္မတသက်တမ်းအား ၂ ကြိမ်ဆက်တိုက်ရယူခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအား ကြိုးပမ်း သွားဖွယ်ရှိပါသည်။

၂၃။ ထိုကဲ့သို့ အာဏာဆက်လက်ဆုပ်ကိုင်ထားမှုများနှင့်အတူ တူရကီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်အားပြောင်းလဲလိုက်ခြင်းသည် အမေရိကန်နှင့် သဘောထား ကွဲလွဲမှုများကို ပိုမိုကျယ်ပြန့်လာစေနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် သမ္မတ အာဒိုဂန်၏ နိုင်ငံရေးဆောင်ရွက်မှုများနှင့် အာဏာရ AKP ပါတီ၏ အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရေး ကြိုးပမ်းမှုများအပေါ် ပြစ်တင်ဝေဖန်သွားနိုင် ဖွယ်ရှိသည့်အပြင် အမှန်တကယ်အရေးယူဆောင်ရွက်မှုများ၊ သို့မဟုတ် ခြိမ်းခြောက်မှု များဖြင့် တူရကီနိုင်ငံအပေါ် ဖိအားပေးရန် ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖွယ်ရှိပါသည်။ ထိုကဲ့သို့ဆောင်ရွက်ခဲ့ပါက အမေရိကန်အပေါ် တူရကီ၏ယုံကြည်မှုများ လျော့ပါးလာ မည်ဖြစ်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေလျက်ရှိသော အငြင်းပွားမှု အမျိုးမျိုးကိုလည်း ဖြေရှင်းဆောင်ရွက်ရန် မျှော်လင့်၍ရနိုင်တော့မည်မဟုတ်ပေ။

၂၄။ တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ် သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နှစ်နိုင်ငံအကြား စစ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှု များမြင့်တက်လာခဲ့ရပါသည်။ တူရကီအနေဖြင့် ရုရှားမှ S-400 ဝယ်ယူခဲ့မှုသည် အမေရိကန်နှင့် တူရကီအကြား တည်ထောင်ထားသည့် မဟာမိတ်ဆက်ဆံရေးအပေါ် ထိခိုက်စေခဲ့ပါသည်။ သို့သော် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်မူ အမေရိကန်အစိုးရ၏မူဝါဒနှင့် သဘောထားများပြောင်းလဲလာကာ တင်းမာမှုများ ဖြစ်ပွားလျက်ရှိသော တူရကီနိုင်ငံနှင့် လက်တွေ့ကျသည့်ဆက်ဆံရေးသစ်များ ထူထောင် လာသည့်အတွက်ကြောင့် အနာဂတ်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Sunday, June 27, 2021

ဆားဘီးယားသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့သည်ဆိုခြင်း

Xinhua; Jun-28 (Mon)

    ဆားဘီးယားစစ်ဘက်အနေဖြင့် “Lightning Strike 2021” အမည်ရှိ ပူးတွဲ နည်းဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်း၏ အပြီးသတ်စစ်ရေးလေ့ကျင့်မှုအား နိုင်ငံ အနောက်တောင်ဘက်ပိုင်းရှိ ပီစတာ (Pester) စစ်ရေးလေ့ကျင့်ရေးကွင်း၌ ဇွန်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဆားဘီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။

သုံးသပ်ချက်

    ဆားဘီးယားတပ်မတော်သည် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် အမေရိကန်စစ်ဘက်မှလည်း ဆားဘီးယား တပ်မတော်အား လေ့ကျင့်ရေးသင်တန်းများပေးခြင်း၊ ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပါ သည်။ ဆားဘီးယားနိုင်ငံသည် နိုင်ငံအတွင်း ဒီမိုကရေစီစနစ်ရှင်သန်ရေးနှင့် နိုင်ငံသား အားလုံး လွတ်လပ်မှုအပြည့်အဝရရှိစေရန်အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပြီး နိုင်ငံ၏အရင်းအမြစ်များအား ကာကွယ်စောင့်ရှောက် သွားရန် နိုင်ငံအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ ဆားဘီးယား နိုင်ငံသည် “Lightning Strike 2021” အမည်ရှိ ပူးတွဲနည်းဗျူဟာမြောက် စစ်ရေး လေ့ကျင့်ခန်းတစ်ခုအား ဇွန်လ ၁၅ ရက်တွင် ဆားဘီးယားနိုင်ငံရှိ နေရာ ၈ နေရာ၌ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅,၀၀၀ ဦးပါဝင်လေ့ကျင့်ခဲ့ကာ ဇွန်လ ၂၇ ရက်တွင် ပြီးဆုံးခဲ့ ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ကြည်းတပ်၊ လေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ၊ အမှတ် (၇၂) အထူးစစ်ဆင်ရေးတပ်မဟာနှင့် အမှတ် (၆၃) လေထီးတပ်မဟာတို့ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ ထို့ပြင် တင့်ကားများ၊ တိုက်ခိုက်ရေး ယာဉ်များ၊ အမြောက်စနစ်များ၊ လက်နက်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အမျိုးမျိုးသော လက်နက်စနစ်များအပြင် ခြေလျင်တပ်များနှင့် အထူးတပ်ဖွဲ့များလည်း ပါဝင်လေ့ကျင့်ခဲ့ ကြပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း လည်း သိရှိရပါသည်။ ထို့ကြောင့် ဆားဘီးယားနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲများနှင့် ပဋိပက္ခများအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းမဟုတ်ဘဲ ဒေသတွင်းအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်အတွက် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည် မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အယ်လ်ဘေးနီးယားစစ်ဘက်သည်တူရကီရှိစစ်သုံးမောင်းသူမဲ့ယာဉ်များဝယ်ယူသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့ခြင်း

    အယ်လ်ဘေးနီးယားစစ်ဘက်သည် တူရကီရှိ Bakyar Defense ကုမ္ပဏီ ထံမှ ယူရို ၈.၃ သန်းတန်ဖိုးရှိ စစ်သုံးမောင်းသူမဲ့ယာဉ်များ ဝယ်ယူသွားမည်ဖြစ်ကြောင်း Exit.al သတင်းဌာနက ဇွန်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အယ်လ်ဘေးနီးယား အစိုးရသည် နိုင်ငံတော်ဘတ်ဂျက်ကို ဇွန်လ ၂၂ ရက်တွင် ပြင်ဆင်ခဲ့ပြီး မောင်းသူမဲ့ ယာဉ်များ ဝယ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနအား အသုံးစရိတ်ဘတ်ဂျက် ခွဲဝေချထားပေးခဲ့ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လအစောပိုင်းက အယ်လ်ဘေးနီးယားပြည်ထဲရေးဝန်ကြီး ဘလီဒါကူစီ (Bledar Cuci) သည် Bakyar Defense ကုမ္ပဏီကိုယ်စားလှယ်များနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါကုမ္ပဏီပိုင်စက်ရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ် နေသည့် ဗီဒီယိုအား ထုတ်ဖော်ပြသခဲ့ပါသည်။ ထို့ပြင် အယ်လ်ဘေးနီးယားသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း တူရကီရှိ National War Technologies Defense System.Inc ကုမ္ပဏီမှထုတ်လုပ်သော မောင်းသူမဲ့လေယာဉ်ဖျက်စနစ်ကို ပထမဆုံး ဝယ်ယူခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံနှင့်အဇာဘိုင်ဂျန်နိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း


    တူရကီနိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအား အဇာဘိုင်ဂျန်နိုင်ငံ၌ ဇွန်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအတွင်း တင့်ကားများ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များကို ထည့်သွင်းလေ့ကျင့် ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် နာဂေါ်နို-ကရာဘတ်ခ်ဒေသနှင့် ၎င်း၏ အနီးတစ်ဝိုက်ရှိ အာမေးနီးယားတပ်ဖွဲ့ဝင်များအား အဇာဘိုင်ဂျန်က တိုက်ထုတ်ခဲ့မှုအား တူရကီက အားပေးထောက်ခံခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လည်း ယခုလအစောပိုင်းတွင် သဘောတူညီ ခဲ့ကြောင်း သိရှိရပါသည်။

တူရကိနိုင်ငံခြားရေးဝန်ကြီးနှင့်ကနေဒါ၊လစ်သူရေးနီးယားနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများနှင့်အီတလီနိုင်ငံ၌သီးခြားတွေ့ဆုံမှုပြုလုပ်ခဲ့ခြင်း

    တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ကနေဒါ၊ လစ်သူရေးနီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဇွန်လ ၂၇ ရက်တွင် အီတလီနိုင်ငံ၌ သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းတို့သည် ဇွန်လ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် Daesh အကြမ်းဖက်အုပ်စုဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန် အီတလီနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။ အဆိုပါ ညွန့်ပေါင်းအဖွဲ့အစည်းအဝေးသို့ တူရကီ၊ ကနေဒါနှင့် လစ်သူရေးနီးယား နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၈၁ နိုင်ငံတက်ရောက်ခဲ့ပါသည်။ တူရကီနိုင်ငံသည် Daesh အဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ပထမဆုံးကြေညာခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ သည် ဝန်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဆီးရီးယားနိုင်ငံ သို့လည်း ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆားဘီးယားသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခဲ့သည်ဆိုခြင်း

Xinhua; Jun-28 (Mon)

    ဆားဘီးယားစစ်ဘက်အနေဖြင့် “Lightning Strike 2021” အမည်ရှိ ပူးတွဲ နည်းဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်း၏ အပြီးသတ်စစ်ရေးလေ့ကျင့်မှုအား နိုင်ငံ အနောက်တောင်ဘက်ပိုင်းရှိ ပီစတာ (Pester) စစ်ရေးလေ့ကျင့်ရေးကွင်း၌ ဇွန်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဆားဘီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံး အဆင့် လေ့ကျင့်မှုတွင် စစ်ဘက်အရာရှိ ၂,၃၀၀ ဦး ပါဝင်လေ့ကျင့်ခဲ့ကြပြီး ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) အပါအဝင် သံတမန်ရေးဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း ကြည်းတပ်၊ လေတပ်နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၊ အမှတ်(၇၂) အထူးစစ်ဆင်ရေး တပ်မဟာနှင့် အမှတ် (၆၃) လေထီးတပ်မဟာတို့လည်း ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။

    ထို့ပြင် တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များ၊ အမြောက်လက်နက်စနစ်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေး စနစ်နှင့် လက်နက်များပါဝင်ကာ ခြေလျင်တပ်များနှင့် အထူးတပ်ဖွဲ့များလည်း ပါဝင် လေ့ကျင့်ခဲ့ကြကြောင်း ဆားဘီးယားစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆားဘီးယား နိုင်ငံသည် စစ်ပွဲများနှင့်ပဋိပက္ခများအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ၏ကာကွယ်ရေးစွမ်းအားကို မြှင့်တင်နိုင်ရန်အတွက်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းစစ်ရေးလေ့ကျင့်မှုအပြီးတွင် သမ္မတ ဘူစစ်က ပြောကြားခဲ့ပါသည်။ အဆိုပါ “Lightning Strike 2021” အမည်ရှိ ပူးတွဲနည်းဗျူဟာမြောက်စစ်ရေးလေ့ကျင့်ခန်းအား ဇွန်လ ၁၅ ရက်တွင် ဆားဘီးယားနိုင်ငံရှိ နေရာ ၈ နေရာ၌ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅,၀၀၀ ဦး ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။

Saturday, June 26, 2021

တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

AA; Jun-25 (Fri)

    တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

သုံးသပ်ချက်

    အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) လေဆိပ်သည် နိုင်ငံ၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်ပြီး နေတိုးအဖွဲ့အတွက် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့်နေရာတစ်ခုအဖြစ် တည်ရှိပါသည်။ အဆိုပါလေဆိပ်၏ လက်ရှိလုံခြုံရေးအတွက် တူရကီတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်တို့သည် ပြီးခဲ့သည့် နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး၌ အဆိုပါလေဆိပ်၏လုံခြုံရေး ဆက်လက်ဆောင်ရွက်ရန်အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှု၏ သဘောတူညီချက်များအရ နှစ်နိုင်ငံကိုယ်စားလှယ်များသည် တူရကီနိုင်ငံတွင် ဆွေးနွေး မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းနေစဉ်ကာလအတွင်း တာလီဘန်များအနေဖြင့်လည်း နေရာဒေသအများ အပြားအား ပြန်လည်သိမ်းပိုက်လျက်ရှိရာ အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး သေဆုံးဒဏ်ရာရမှုများ အမြောက်အမြားဖြစ်ပေါ်လျက် ရှိပါသည်။ ထိုကဲ့သို့အခြေအနေများကြောင့် အမေရိကန်အပါအဝင် နေတိုးတပ်ဖွဲ့များ သည် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာရာတွင် တပ်ဖွဲ့ဝင် ၆၅၀ ဦး ခန့်အား ဆက်လက်ထားရှိသွားရန် အမေရိကန်အနေဖြင့် စီစဉ်လျက်ရှိကြောင်း သတင်း အရင်းအမြစ်များကလည်း ဖော်ပြလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်နှင့် တူရကီ တို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ အချက်အချာဝင်ထွက်ပေါက်ဖြစ်သော ကဘူးလ် လေဆိပ်၏လုံခြုံရေးအား ဆက်လက်စောင့်ရှောက်နိုင်ရန်အတွက် လူ၊ လက်နက်အင်အားများ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အမေရိကနှင့်ဥရောပအိမ်နီးချင်းရေးရောဗြိတိန်ဝန်ကြီးတို့တူရကီနိုင်ငံသို့ချစ်ကြည်ရေးလာရောက်ခဲ့ခြင်း

        အမေရိကနှင့် ဥရောပအိမ်နီးချင်းရေးရာ ဗြိတိန်ဝန်ကြီး ဝန်ဒီမော်တွန် (Wendy Morton) သည် တူရကီနိုင်ငံသို့ ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်လျက်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း မော်တွန်သည် တူရကီဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ဥရောပသမဂ္ဂရေးရာညွှန်ကြားရေးမှူးဖြစ်သူ ဖာရက်ကေမက်စီ (Faruk Kaymakci) နှင့် ဇွန်လ ၂၇ ရက်တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဗြိတိန်-ဥရောပသမဂ္ဂဆက်ဆံရေး၊ တူရကီ-ဥရောပသမဂ္ဂဆက်ဆံရေးနှင့် ရာသီဥတု ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

AA; Jun-25(Fri)

    တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်မှ ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့လာရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံကာ အဆိုပါလေဆိပ် အား ဆက်လက်ကာကွယ်စောင့်ရှောက်မည့် အခြေအနေများအား အသေးစိတ်ဆွေးနွေး၍ ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် အပြန်အလှန်သဘောတူညီခဲ့ကြပါသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဘရပ်ဆဲလ် (Brussels) မြို့၌ ကျင်းပခဲ့သည့် နေတိုးအဖွဲ့ဝင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ တူရကီနိုင်ငံသည် နေတိုးအဖွဲ့ဦးဆောင်သည့် ထောက်ပံ့ရေးမစ်ရှင် (NATO-led Resolute Support Mission) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အဆိုပါလေဆိပ်မှ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးများအား ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဘိုင်ဒင်သည် အမေရိကန် တပ်ဖွဲ့များအား စက်တင်ဘာလ ၁၁ ရက်အပြီး အာဖဂန်မှ ပြန်လည်ရုပ်သိမ်းရန် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိလျက်ရှိပါသည်။ ကဘူးလ်လေဆိပ်သည် နိုင်ငံအတွက် အရေးပါသည့် ဝင်ထွက်ပေါက် ဖြစ်ပြီး NATO အဖွဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကျသည့်နေရာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Friday, June 25, 2021

တူရကီရေတပ်က ရေတပ်လေ့ကျင့်ခန်း Denizkurdu ကို လေ့ကျင့်ပြီးစီးခဲ့

 

သုတကမ္ဘာဂျာနယ် အတွဲ ၄ ၊ အမှတ် ၁၁

ဇွန်လ ၂၆ ရက် (စနေ) ၊ ၂၀၂၁ ခုနှစ်

              တူရကီရေတပ်သည် ပုံမှန်လေ့ကျင့်မြဲဖြစ်သည့် ရေတပ်လေ့ကျင့်ခန်း Denizkurdu ကို ယခုနှစ်တွင် ရေပြင်သွားစစ်ရေယာဉ် ၁၃၂ စင်း၊ ရေငုပ်သင်္ဘော ၁၀ စင်း၊ လေယာဉ် ၄၃ စင်း၊ ရဟတ်ယာဉ် ၂၈ စင်းနှင့် မောင်းသူမဲ့လေယာဉ် ၁၄ စင်း ပါဝင် လေ့ကျင့်ခဲ့ပြီး လေ့ကျင့်ဆောင်ရွက်သမျှတွင် အကြီးမားဆုံးဖြစ်သည်ဟု သတင်းရရှိခဲ့ ပါသည်။

              လေ့ကျင့်ခန်း Denizkurdu သည် တူရကီရေတပ်က ၂ နှစ် တစ်ကြိမ် လေ့ကျင့်ဆောင်ရွက်ရှိသည့် အကြီးစားလေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်မှ ဇွန်လ ၆ ရက်အထိ အေဂျီယန်ပင်လယ်နှင့် မြေထဲပင်လယ်တို့တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ရေတပ်၏ တပ်ဖွဲ့အားလုံးပါဝင်လေ့ကျင့်ခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာအသင့်ဖြစ်မှုကို ပြသရန်၊ ဘက်ပေါင်းစုံက ခြိမ်းခြောက်မှုအန္တရာယ် ကျရောက်နေသည့် ပတ်ဝန်းကျင်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကို အကဲဖြတ်ဆန်းစစ်ရန်၊ အပြန်အလှန်ပူးပေါင်းစစ်ဆင်နိုင်စွမ်းနည်းလမ်းနှင့် အချင်းချင်းအထောက်အကူပြုမှုစွမ်းရည်ကို စမ်းသပ်ရန်နှင့် တပ်ဖွဲ့ဝင်များကို ရေတပ်စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် လေ့ကျင့်ခွင့်ရရှိရေးတို့ကို ရည်မှန်းချက် ထား လေ့ကျင့်ခဲ့ခြင်းဖြစ်ပါသည်။

              လေ့ကျင့်ခန်း Denizkurdu ကို အပိုင်း ၃ ပိုင်းဖြင့် လေ့ကျင့်ခဲ့ပါသည်။ ပထမ အပိုင်းတွင် ပါဝင်သည့်တပ်ဖွဲ့များက စစ်ဆင်ရေးဆိုင်ရာ အသင့်ဖြစ်မှုလေ့ကျင့်ခန်းများ ကို ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယပိုင်းတွင် လေးရက်ကြာပဋိပက္ခကို အခြေခံသည့် Force-on-Force လေ့ကျင့်ခန်းပါဝင်ပါသည်။ တတိယပိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ရေယာဉ်များသည် အေဂျီယန်ပင်လယ်နှင့် မြေထဲပင်လယ်အတွင်း တူရကီကမ်းခြေတစ်လျှောက်ရှိဆိပ်ကမ်းများသို့ အလည်အပတ်ခရီး (Port Visits) သွားရောက်ခဲ့ကြ ပါသည်။

              ဆိပ်ကမ်းအလည်အပတ်ခရီးအပြီးတွင် ရေယာဉ်တပ်ပေါင်းစုသည် Distinguished Visitors Day ကို ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အာဏာပိုင် များနှင့် စစ်ဘက်ဌာနချုပ်များက ထိပ်တန်းအရာရှိကြီးများအပြင် နိုင်ငံပေါင်း ၂၅ နိုင်ငံ က စစ်သံမှူးများဖိတ်ကြားတက်ရောက်စေခဲ့ပါသည်။ စစ်သံမှူးများတက်ရောက်စေ ခြင်းသည် Denizkurdu လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည့် တစ်လျှောက်တွင် ပထမဆုံး အကြိမ်ဖြစ်ပါသည်။

              တူရကီရေတပ်၏ TB2 Bayraktar ဒရုန်းသည် ပင်လယ်ပြင်တွင် ပစ်မှတ် အဖြစ်ပြုလုပ်ထားသည့် တပ်တော်ဝင်ဖျက်သိမ်းထားသော အထောက်အကူပြု ရေယာဉ်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် MAM-L Guided Munition အသုံးပြု ပစ်ခတ်ခဲ့ပြီး ထိမှန်ပျက်စီးခဲ့သည်ကို Distinguished Visitors Day တွင် သရုပ်ပြသခဲ့ ပါသည်။

              ယခုနှစ်လေ့ကျင့်ခန်းသည် ယခင်နှစ်လေ့ကျင့်ခန်းများနှင့် မတူညီသည့် အချက်မှာ Kizilay (Red Crescent) ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ထို့ပြင် ယခုနှစ်ရေတပ်လေ့ကျင့်ခန်းကို ရေတပ်စစ်ဆင်ရေးဗဟိုဌာနချုပ် (Naval Warfare Center Command) က စီမံခန့်ခွဲလေ့ကျင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ လေ့ကျင့်ခန်းထိန်းချုပ်ရေးဌာန အဖြစ်ဆောင်ရွက်ခဲ့ပြီး တူရကီရေတပ်က လက်ခံကျင့်သုံးနေသည့် NATO တပ်ဖွဲ့၏ လေ့ကျင့်ခန်းစီမံရေးဆွဲခြင်းလုပ်ငန်းစဉ်နှင့်အညီ ပြုလုပ်ခဲ့ပါသည်။ တူရကီရေတပ်၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်သည့် မောင်းသူမဲ့ရေပြင်သွားတိုက်ခိုက်ရေး ရေယာဉ် ULAQ သည် လေ့ကျင့်ခန်းအတွင်း ၎င်း၏ ပထမဆုံးသော ကျည်စစ်ကျည်မှန် ဖြင့် စမ်းသပ်ပစ်ခတ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

              တူရကီကာကွယ်ရေးကုမ္ပဏီ Ares Shipyard and Meteksan Defence က ထုတ်လုပ်တည်ဆောက်ခဲ့သည့် ULAQ သည် ဇန်နဝါရီလအတွင်း ရေခဲ့ပြီး ဧပြီလတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုများဆောင်ရွက်ပြီးစီးခဲ့ပါသည်။ တူရကီရေတပ် အတွက် စစ်ဆေးလက်ခံမှုနောက်ဆုံးအပိုင်းအဖြစ် ဆောင်ရွက်ခဲ့သည့် ကျည်စစ် ကျည်မှန်ဖြင့် စမ်းသပ်ပစ်ခတ်ခဲ့စဉ်အတွင်း လေဆာလမ်းညွှန်ဒုံးပျံ Cirit ကို ၂ ကြိမ် ပစ်ခတ်ခဲ့ပါသည်။ ပထမတစ်ခုတွင် Telemetry စနစ်ပါရှိပြီး ဒုတိယဒုံးပျံတွင် ဒုံးပျံထိပ် ဖူးအစစ်အမှန်ပါရှိပြီး မြေထဲပင်လယ်အရှေ့ပိုင်းရှိိ ၎င်း၏ ပစ်မှတ်ကို ထိမှန်ခဲ့ပါသည်။ ULAQ အားရွေ့လျားကမ်းရိုးတန်းထိန်းချုပ်ရေးဌာနတစ်ခုက ထိန်းချုပ်ခဲ့ပြီး ပစ်မှတ်အား မပစ်ခတ်မီ Laser Designator ဖြင့် ညွှန်ပြခဲ့ပါသည်။

              တူရကီနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ထိပ်တန်းအာဏာပိုင်တစ်ဦး ဖြစ်သူ Ismail Demir က မိမိတို့အနေဖြင့် စီမံကိန်းများတွင် ၇၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ တည်ဆောက်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပိုမို၍ တိုးမြင့်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မောင်းသူမဲ့ ယာဉ်များကို မြေပြင်သွားယာဉ်များ၊ ရေပြင်သွားယာဉ်များ၊ ရေငုပ်သင်္ဘောပုံစံများဖြင့် တိုက်ပွဲပုံစံကို ပြောင်းလဲပစ်နိုင်သည့် အလားတူထုတ်ကုန်များကို မြင်တွေ့နေရပြီ ဖြစ်ကြောင်း၊ ပေါင်းစည်းထားသည့် မောင်းသူမဲ့စနစ်များနှင့် တိုက်ပွဲပတ်ဝန်းကျင်အခြေ အနေက မိမိတို့ကို စောင့်မျှော်နေသည်ကို သတိပြုမိပါကြောင်း၊ ထို့ကြောင့်ပင် မိမိ၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သုတကမ္ဘာဂျာနယ် အတွဲ ၄ ၊ အမှတ် ၁၁

ဇွန်လ ၂၆ ရက် (စနေ) ၊ ၂၀၂၁ ခုနှစ်

ဥရောပသမဂ္ဂသည် တူရကီနိုင်ငံအတွင်းရှိဒုက္ခသည်အတွက်လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်ရေး

    ဥရောပသမဂ္ဂသည် တူရကီနိုင်ငံအတွင်းလက်ခံထားရှိသည့် ဒုက္ခသည် ၄ သန်းအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်ရေးဆိုင်ရာ ရန်ပုံငွေအဖြစ် ယူရို ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ)အား တူရကီနိုင်ငံကို ပေးအပ် သွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်း (Ursula von der Leyen) က ဇွန်လ ၂၅ ရက်တွင် ကတိပြုပြောကြားခဲ့ပါသည်။ အဆိုပါထောက်ပံ့ ငွေများအား တူရကီနိုင်ငံရှိ ဒုက္ခသည်များအတွက်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဘရပ်ဆဲလ် (Brussels) မြို့၌ ကျင်းပပြုလုပ်သည့် ဥရောပကောင်စီညီလာခံတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဥရောပ သမဂ္ဂအနေဖြင့် တူရကီနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တစ်လျှောက်ရှိ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာများအပေါ် ဖြေရှင်းနိုင်ရေးအတွက်လည်း လိုအပ်သည့်ထောက်ပံ့မှုများ ပေးအပ် သွားမည်ဖြစ်ကြောင်း ဗွန်ဒါလီယန်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Thursday, June 24, 2021

ရုရှားသမ္မတနှင့် တူရကီသမ္မတို့နာဂေါ်နို-ကရာဘတ်ခ်ဒေသအရေးတယ်လီဖုန်းဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

        ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (RecepTayyip Erdogan) တို့သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသ အရေးကိစ္စနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကဇွန်လ ၂၄ ရက်တွင် ပြောကြား ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်းနာဂေါ်နို-ကရာဘတ်ခ်ဒေသ၌ အပစ်အခတ် ရပ်စဲရေးနှင့် ရန်လိုမှုများအားရပ်တန့်နိုင်ရေးအတွက် ရုရှား-တူရကီ နှစ်နိုင်ငံပူးတွဲ လေ့လာစောင့်ကြည့်ရေးစင်တာမှ လုပ်ဆောင်လျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက် ၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးမှုအတွင်းနှစ်နိုင်ငံခေါင်းဆောင် များအနေဖြင့် ဒေသအတွင်းသယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်မှုကိစ္စရပ်များအပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ် များကိုလည်း ထည့်သွင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆားဘီးယားနှင့်ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ရန်အသင့်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့ခြင်း

Xinhua;Jun– 25(Fri)

    တရုတ်နိုင်ငံအနေဖြင့် ဆားဘီးယားနိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေး တည်ဆောက်ရန်အသင့်ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဇွန်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။ တရုတ်-ဆားဘီးယားနှစ်နိုင်ငံစလုံးသည် လက်ရှိအချိန်၌ စိန်ခေါ်မှုများအပါအဝင် အခွင့်အလမ်းအသစ်များဖြင့် ရင်ဆိုင်နေရလျက်ရှိပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်ဆံမှုတိုးတက်ကောင်းမွန်စေရေးအတွက် သုံးသပ်မှုပြုလုပ်ရန်လိုအပ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးအနေဖြင့် COVID-19 ရောဂါကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအပါအဝင် စီးပွားရေးပြန်လည်ထူထောင်မှုများနှင့် ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်တို့အား အတူတကွလုပ်ဆောင်ရန်လိုအပ်ကြောင်း သမ္မတ ရှီက ဆက်လက်ပြောကြားခဲ့ပါသည်။

     ဗဟိုနှင့် အရှေ့ဉရောပနိုင်ငံများ(Central and Eastern European Countries- CEEC)နှင့် တရုတ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲရလဒ်များအပါအဝင် တရုတ်-CEEC အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို နှစ်နိုင်ငံစလုံးမှ အပြည့်အဝ တွန်းအားပေး အကောင်အထည်ဖော်ရမည်ဟု သမ္မတ ရှီက ထပ်လောင်း ပြောကြားခဲ့ပါ သည်။ ထို့အတူ ဆားဘီးယားနိုင်ငံအနေဖြင့် လာမည့်ဇူလိုင်လတွင် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းနှင့် တရုတ်-ဆားဘီးယား နှစ်နိုင်ငံအကြား ကာလရှည်ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် ဆန္ဒရှိပါကြောင်း ဘူစစ်က အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် ဆားဘီးယားနိုင်ငံသည် တရုတ်၏ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ်၌ တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်း၊ COVID-19 ကာကွယ်ဆေးထောက်ပံ့ကူညီမှုအပါအဝင် အခြားသော ကဏ္ဍအသီးသီး၌ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်းတို့အတွက် အသင့်ရှိ ကြောင်း ဘူစစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လစ်ဗျားမှ တပ်ဖွဲ့များဖယ်ရှားရန် ရုရှားနှင့်တူရကီတို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်း

Newsweek; Jun-23 (Wed)

    တူရကီနှင့် ရုရှားနိုင်ငံတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမက်စ် (Heiko Maas) နှင့် သဘောတူညီချက်အရ လစ်ဗျားနိုင်ငံမှ ပြည်ပတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးလုပ်ငန်းစဉ်များအတွက် သဘောတူညီခဲ့ကြကြောင်း အမည်မဖော်လိုသူ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက Associated Press သတင်းဌာနသို့ ပြောကြား ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ယခုအချိန်ထိတိုင် အပြီးသတ်လုပ်ဆောင်ခြင်း မရှိသေးသော်လည်း ၎င်းတို့တစ်နိုင်ငံချင်းစီမှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်စီအား ရုပ်သိမ်းရေး အတွက် ဆွေးနွေးသွားရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် လစ်ဗျားမှပြည်ပတပ်ဖွဲ့ဝင်များ အပြီးတိုင်ထွက်ခွာသွားစေရေး နှင့်ပတ်သက်၍ အလျှော့ပေးရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ရုရှားနှင့်တူရကီနိုင်ငံ တို့အနေဖြင့် လစ်ဗျားရှိ စင်ပြိုင်အစိုးရအဖွဲ့ ၂ ဖွဲ့၌ တစ်ဖက်စီ ပါဝင်ပတ်သက်လျက် ရှိကြသော်လည်း အင်အားချိန်ခွင်လျှာအညီအမျှဖြစ်စေရန်အတွက် တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာမှုနှင့်ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်သွားရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

    လစ်ဗျားအသွင်ကူးပြောင်းရေးအစိုးရသည် မြောက်အာဖရိကနိုင်ငံများအပါအဝင် ကမ္ဘာ့အင်အားကြီး ၁၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဇွန်လ ၂၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနေဖြင့် လစ်ဗျားပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်နှင့် ပြည်ပတပ်ဖွဲ့များနှင့် ကြေးစားစစ်သည်များကို နိုင်ငံအတွင်းမှ ချက်ချင်းဆုတ်ခွာသွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ လစ်ဗျားအသွင် ကူးပြောင်းရေးအစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင် နိုင်ရန်နှင့် လွတ်လပ်၍ နိုင်ငံသားအားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတစ်ရပ်အား ဒီဇင်ဘာလ ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီး နက်ဂျ်လာမန်ဂိုစ့် (Najla Mangoush) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံသည် Aegean ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဆိုခြင်း

Sputnik; Jun-23 (Wed)

    တူရကီနိုင်ငံသည် ဂရိနိုင်ငံ၏လှုပ်ရှားမှုများအပေါ်တုံ့ပြန်သည့်အနေဖြင့် ရေတပ် စစ်ရေးလေ့ကျင့်မှုများအား အီဂျီယန်ပင်လယ် (Aegean Sea) ရှိ နိုင်ငံတကာရေပိုင်နက် အတွင်း လုပ်ဆောင်သွားမည့်ကိစ္စအား အလိုအလျောက်သတိပေးမှုစနစ် Navtex မှ တစ်ဆင့် ဇွန်လ ၂၂ ရက်တွင် နိုင်ငံတကာသို့ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း တူရကီစစ်ဘက်သတင်းအရင်းအမြစ်တစ်ခုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံ အနေဖြင့် ၁၉၈၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် အေသင်နားလည်မှုစာချွန်လွှာ (Athens Memorandum of Understanding-Athens MoU) အပေါ်ဆန့်ကျင်၍ ခရီးသွားရာသီ အတွင်း အီဂျီယန်ပင်လယ်နိုင်ငံတကာရေပိုင်နက်အား စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးဇုန် တစ်ခုအဖြစ် ကြေညာခဲ့ပြီးနောက် တူရကီနိုင်ငံ၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ Athens MoU အရ တူရကီနှင့် ဂရိနိုင်ငံတို့သည် နှစ်စဉ် ဇွန်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၅ အထိ သတ်မှတ်ထားရှိသည့် ခရီးသွားရာသီ၌ အီဂျီယန် ပင်လယ်နိုင်ငံတကာရေပိုင်နက်အတွင်း စစ်ရေးဆိုင်ရာလေ့ကျင့်မှုများအား တရားဝင် ဆိုင်းငံ့ထားရန် ကတိကဝတ်ပြုထားကြပါသည်။

    တူရကီနိုင်ငံသည် နှစ်နိုင်ငံအကြားထားရှိသည့် သဘောတူညီချက်များကို စောင့်ထိန်းလိုက်နာခဲ့သော်လည်း ဂရိနိုင်ငံအနေဖြင့် အီဂျီယန်ပင်လယ် နိုင်ငံတကာ ရေပိုင်နက်အား ၂၀၂၁ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးဇုန်အဖြစ် ထုတ်ပြန် ကြေညာခဲ့ကြောင်း တူရကီစစ်ဘက် တာဝန်ရှိသူများက ပြောကြားလျက်ရှိပါသည်။ အလားတူ တူရကီနိုင်ငံအနေဖြင့်လည်း မြေထဲပင်လယ်နှင့် အီဂျီယန်ပင်လယ်အတွင်း သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်တူးဖော်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာဉပဒေ များအား ချိုးဖောက်လျက်ရှိကြောင်း ဂရိနိုင်ငံကစွပ်စွဲပြောဆိုမှုများ ပြုလုပ်လျက် ရှိပါ သည်။ တူရကီနှင့် ဂရိနှစ်နိုင်ငံတို့သည် ဆိုက်ပရပ်စ်အရေး၊ တရားမဝင် ရွှေ့ပြောင်း အခြေချနေထိုင်သူများအရေးနှင့် ဒေသတွင်းရှိ သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ရေး တို့နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်များမှစ၍ တင်းမာမှုများ မြင့်တက်လာခဲ့ကြောင်း သိရှိ ရပါသည်။

ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံ၂၇ နိုင်ငံမှ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲကျင်းပရန်ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိလျက်ရှိကြောင်း

    ဥရာပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှခေါင်းဆောင်များသည် ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့သို့ ရောက်ရှိလျက်ရှိပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် တူရကီနှင့်ရုရှားနိုင်ငံ တို့၏ ဆက်ဆံရေးအတွက် EU ၏ နိုင်ငံခြားရေးမူဝါဒနှင့်ဆက်စပ်သည့် ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ပြီး ဘီလာရုဇ် (Belarus) နိုင်ငံနှင့်ပတ်သက်၍ မကြာမီက ဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြန်လည်သုံးသပ်ရန် ဥရောပကောင်စီသို့ တောင်းဆိုသွားမည်ဖြစ်ပါသည်။ ထို့ပြင် ခေါင်းဆောင်များအနေဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်မှုများနှင့်စပ်လျဉ်းသည့် ပြည်ပနိုင်ငံများမှ မတူကွဲပြားသည့် ရှုမြင်ချက်များအပေါ် ဆင်ခြင်သုံးသပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Wednesday, June 23, 2021

အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်းနိုင်ငံမှဆုတ်ခွာခဲ့ပြီး တူရကီနိုင်ငံမှတပ်ဖွဲ့ဝင်များထပ်မံစေလွှတ်သွားမည်မဟုတ်ကြောင်တူရကီကာကွယ်ရေးဝန်ကြီးပြောကြားခဲ့ခြင်း

        အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ပြီး နောက် ကဘူးလ်လေဆိပ် လုံခြုံရေးနှင့် အသုံးပြုရေးဆိုင်ရာအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် တူရကီနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ တပ်ဖွဲ့ဝင်များအား ထပ်မံ စေလွှတ်သွားမည်မဟုတ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) က ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ နေတိုးတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ ပြီးနောက် မစ်ရှင်များအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ ပေးမှုများနှင့်ပတ်သက်၍ တူရကီသည် အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ Hamid Karzai အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကာကွယ်စောင့်ရှောက်ရန် ကမ်းလှမ်း ခဲ့ပါသည်။ တူရကီနှင့် ၎င်း၏မဟာမိတ်များအကြား ဆက်ဆံရေးတင်းမာနေချိန်တွင် အဆိုပါမစ်ရှင်သည် ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာတစ်ခုဖြစ်လာနိုင်ဖွယ် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် နှင့် တူရကီကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

        ပါကစ္စတန် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘဂ်ဂျာဝါ (Qamar Javed Bajwa) သည် ဇွန်လ ၂၃ ရက်တွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားခဲ့ပြီး တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံမှုတွင် အာဖဂန်ဒေသတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကြားလုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တူရကီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာဆာဂူလာ (Yasar Guler) နှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူမက်ဒန်ဒါ (Umit Dundar) တို့လည်း တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း တူရကီနိုင်ငံသည် ဒေသတွင်း၌ အဓိကအရေးပါသည့် မွတ်စလင် နိုင်ငံများ၌ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၌ တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုလားလျက်ရှိသည် ဟုလည်း ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘဂ်ဂျာဝါက ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

EU considers $4.18 billion migrant funding for Turkey

  June 24 2021

The European Commission will propose to allocate an extra $4.18 billion in funding to Turkey to help it host Syrian refugees over the next three years. The 27 EU leaders are expected to support the funding proposal at a summit in Brussels on June 24. 

The European Union is considering $4.18 billion (3.5 billion euros) for Turkey to continue hosting Syrian refugees until 2024, two diplomats said on June 23, part of a bigger regional refugee support plan to stop migrants reaching the bloc.

The total 5.77 billion euro package for Turkey, Jordan, Lebanon and Syria, which goes to humanitarian projects and not governments, aims to prevent a new refugee influx into the EU and win time until the 10-year Syrian civil war eventually ends.

Turkey hosts some four million Syrian refugees and has spent more than $40 billion providing basic services but wants the EU funds to be paid directly to the government in Ankara.

EU leaders, perturbed by what they see as Turkey's rising authoritarianism and deteriorating human rights record, are unlikely to accept that demand. They also accuse Turkey of using the migrants as a bargaining chip, which Ankara denies.

The 27 leaders are expected to support the funding proposal by the executive European Commission at a summit in Brussels on June 24. 

However, unlike a previous 6-billion-euro round of funding that was partly paid for directly by EU governments, the money will come entirely from the EU's common budget and so the European Parliament will need to give its approval.

That looks likely to reopen the EU's tortured debate over relations with Turkey, which lawmakers have long accused of stifling media freedoms and imprisoning political opponents without proper trial, which Ankara also denies.

Under the original migration deal in March 2016, Turkey agreed to take back all migrants and refugees who cross the Aegean to enter Greece illegally, including Syrians, in return for more funds. For its part, the EU has promised to scrap the visa requirement for Turks visiting Europe and accelerate Ankara's bid to join the bloc, although all talks have stalled.

EU leaders on June 24 will seek to revive them, offering Ankara "the EU's readiness to engage with Turkey ... to enhance cooperation in a number of areas of common interest," according to a draft of the final summit statement seen by Reuters.

Turkish Foreign Minister Mevlüt Çavuşoğlu met EU foreign policy chief Josep Borrell at the weekend to discuss migration, visa liberalisation and Turkey-EU ties. He told a news conference the EU must "return to the table" on negotiations with Turkey.

"We expect concrete steps from the EU now," Çavuşoğlu said. "It's been more than 1.5 years and we have not received a reply on these issues yet. We hope this summit will be a turning point and they should not stall Turkey."

Tuesday, June 22, 2021

မြေထဲပင်လယ်အရှေ့ပိုင်းအရေးနှင့်ပတ်သက်၍ ဂရိအား ထောက်ခံသွားမည် ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြားခဲ့ခြင်း


အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah Al-Sisi) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) တို့သည် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cario) မြို့၌ ဇွန်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဂရိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက် နိုင်ရန်အတွက် ဂရိနိုင်ငံဘက်မှရပ်တည်သွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် ဂရိနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရားများဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံဘက်မှ ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် အတွက် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများနှင့် အမြင်ချင်းဖလှယ်မှု များပြုလုပ်ခြင်းသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုအဆင့်တွင် စံပြ နိုင်ငံများဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

              နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အီဂျစ်၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များဖြစ်ထွန်းရရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြပါသည်။ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကိုဖြစ်ပေါ် စေနိုင်သည့် မြေထဲပင်လယ်အရှေ့ပိုင်း သဘာဝဓာတ်ငွေ့ဖိုရမ်၏ အရေးပါမှုကိုလည်း ၎င်းတို့က အလေးအနက်ထားဆွေးနွေးခဲ့ကြပါသည်။ ဂရိနိုင်ငံပိုင် ကရီတီ (Crete) ကျွန်း တစ်လျှောက် စွမ်းအင်နှင့် လျှပ်စစ်ဆက်သွယ်မှုကဏ္ဍများနှင့် ဥရောပသို့ ပိုလျှံသည့် သဘာဝဓာတ်ငွေ့များတင်ပို့သည့်ကဏ္ဍများတွင် ဂရိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေရန် မျှော်လင့်လျက်ရှိကြောင်း အဆိုပါတွေ့ဆုံမှု အတွင်း အီဂျစ်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။   

သုံးသပ်ချက်

              ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် မြေထဲပင်လယ်အတွင်း စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်လျက်ရှိကြပါသည်။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စီးအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့ခြင်း ကြောင့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ရေကြောင်းနယ်နိမိတ်ဆိုင်ရာတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အီဂျစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရား များဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန်အတွက် ဂရိနိုင်ငံဘက်မှရပ်တည် သွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတက အထက်ပါတွေ့ဆုံဆွေးနွေးပွဲအတွင်း ပြောကြား ခဲ့ပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် ရေကြောင်းနယ်နိမိတ်သတ်မှတ်ရေးသဘော တူညီချက်တစ်ရပ်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း လတ်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား အပြင်းအထန်ကန့်ကွက်ခဲ့ပါသည်။ ထို့အတူ အီဂျစ်နှင့် ဂရိတို့ကလည်း မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းဥပဒေများ ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချလျက်ရှိ ပါသည်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံအများစုသည် တူရကီနှင့် ဂရိအကြား ပဋိပက္ခတွင် ဂရိနိုင်ငံဘက်မှရပ်တည်၍ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အီဂျစ်သမ္မတနှင့် ဂရိဝန်ကြီးချုပ်တို့အကြား ပြုလုပ် ခဲ့သည့် အထက်ပါဆွေးနွေးမှုများသည် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များတွင် ဂရိနိုင်ငံအပေါ် အီဂျစ်နိုင်ငံ၏ရပ်တည်ချက်များ ပိုမိုခိုင်မာ လာစေရန်ဖြစ်ပြီး စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးကဏ္ဍတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

ဂျာမနီနှင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် လစ်ဗျားနိုင်ငံမှ တူရကီတပ်ဖွဲ့ဝင်များဖယ်ရှားရေးအတွက် တူရကီနိုင်ငံအပေါ် ဖိအားများကျရောက်လာနိုင်ဖွယ်ရှိခြင်း

 ၁၂။         ဂျာမနီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဂျာမနီနိုင်ငံ မြို့တော်ဘာလင် (Berlin) ၌ ဇွန်လ ၂၃ ရက်တွင် လစ်ဗျားနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုကြောင့် လစ်ဗျားနိုင်ငံမှ တူရကီတပ်ဖွဲ့ဝင်များ ဖယ်ရှားရေးအတွက် တူရကီနိုင်ငံအပေါ် ဖိအားများကျရောက်လာနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးပွဲတွင် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းစစ်အားအဆုံးသတ်ရေးနှင့် ဒီဇင်ဘာလတွင် လစ်ဗျားရွေးကောက်ပွဲကျင်းပ နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဉီးစားပေးဆွေးနွေးခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနှင့် ဆူဒန်နိုင်ငံတို့မှ ကျောထောက်နောက်ခံပေးထားသည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟတ်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့် (Libyan National Army-LNA) အစိုးရအား တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂအသိအမှတ်ပြု (Government of National Accord-GNA) အစိုးရအား ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိကြောင်း သိရှိရ ပါသည်။    

အမေရိကန်နှင့်ဂရိနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဥပဒေမူကြမ်းအသစ်တစ်ရပ်အား အတည်ပြုပြဋ္ဌာန်းသွားမည်ဟုဆို

 ၁၁။        အမေရိကန်အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီဉက္ကဋ္ဌ ဘို့မန်နက်ဒတ် (Bob Menendez) နှင့် ဖလော်ရီဒါပြည်နယ်လွှတ်တော်အမတ် မာကို ရူဘီရို (Marco Rubio) တို့သည် အမေရိကန်နှင့် ဂရိနိုင်ငံတို့အကြား ကာကွယ်ရေး ဆိုင်ရာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဥပဒေမူကြမ်းအသစ်တစ်ရပ်အား အတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဥပဒေအရ အမေရိကန်အနေဖြင့် ဂရိစစ်ဘက်ကိုအဆင့်မြှင့်တင်ရာ၌ လိုအပ်သည့် စစ်လက်နက်ပစ္စည်းများအား တရားဝင်ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဂရိ၊ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ၎င်းတို့နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

လစ်သူရေးနီးယားနိုင်ငံသည် AstraZeneca အမျိုးအစား COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂၀,၀၀၀ ခန့်အား ထိုင်ဝမ်သို့ ပေးပို့လှူဒါန်းသွားမည်ဟုဆို

 ၉။           လစ်သူရေးနီးယားနိုင်ငံသည် AstraZeneca အမျိုးအစား COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂၀,၀၀၀ ခန့်အား ထိုင်ဝမ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်တွင် ကတိကဝတ်ပြုခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးသည် လာမည့်စက်တင်ဘာလကုန်တွင် ထိုင်ဝမ်သို့ အပြီးသတ် ရောက်ရှိမည်ဖြစ်သော်လည်း ထိုင်ဝမ်အနေဖြင့် COVID-19 ကပ်ရောဂါကာကွယ်ဆေး ထိုးနှံမှုမှာ အခြားနိုင်ငံများထက် နောက်ကျလျက်ရှိနေပါသည်။ သို့သော် ထိုင်ဝမ်သည်  ဇွန်လ ၄ ရက်တွင် ဂျပန်နိုင်ငံမှ COVID-19 ကပ်ရောဂါကာကွယ်ဆေး ၁.၂၄ သန်း အားလည်းကောင်း၊ ဇွန်လ ၂၀ ရက်တွင် အမေရိကန်နိုင်ငံမှ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ၂.၅ သန်းအားလည်းကောင်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Monday, June 21, 2021

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့သည် ဘီလာရုဇ်အပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ရန် ပူးတွဲဆောင်ရွက်ခဲ့ခြင်း

VOA; Jun-21 (Mon)

              ဥရောပသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် ပြီးခဲ့သည့် လအတွင်း ဂရိမှ လစ်သူရေးနီးယားနိုင်ငံသို့ပျံသန်းလာသော ခရီးသည်တင်လေယာဉ် တစ်စင်းအား ဘီလာရုဇ်နိုင်ငံ၊ မြို့တော် မင့်စ်ခ် (Minsk) အတင်းအကျပ် ဆင်းသက် စေခဲ့သည့် ဘီလာရုဇ် ထိပ်တန်းအရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဇွန်လ ၂၁ ရက်တွင် ပူးတွဲဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။ ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Alexander Lukashenko) အစိုးရ၏ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် နိုင်ငံတကာဥပဒေများအပေါ် ဆက်လက်ချိုးဖောက်လျက်ရှိ ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့အနေဖြင့် ကာလရှည်ကြာစွာ ဖိနှိပ်ခံထားရသည့် ဘီလာရုဇ်နိုင်ငံသားတို့၏ဒီမိုကရေစီမျှော်မှန်းချက်များကို အထောက်အပံ့ ပေးသွားရန်နှင့် ဘီလာရုဇ်အစိုးရ၏ နိုင်ငံတကာကတိကဝတ်များကို အတိအလင်း လျစ်လျူရှုမှုများနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သွားရန် ဆုံးဖြတ်ထားကြောင်းကိုလည်း ၎င်းတို့က ပြောကြားခဲ့ပါသည်။

          ဘီလာရုဇ်သမ္မတအား ဆန့်ကျင်ခဲ့သည့် ရာမန်ပရာတာရှီဗစ်ရှ် (Raman Pratasevich) အမည်ရှိ သတင်းထောက်တစ်ဦးအား ဖမ်းဆီးရန်အတွက် Ryanair လေကြောင်းလိုင်းပိုင်လေယာဉ်အား မင့်စ်ခ်မြို့၌ တရားမဝင်အတင်းအကျပ် ဆင်းသက် စေခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂက ဘီလာရုဇ်တာဝန်ရှိသူ ဦးနှင့် အဖွဲ့အစည်းတစ်ခုအား အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း လွှတ်ပေးရန်နှင့် ဒီမိုကရေစီအတိုက်အခံများ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် အတူ ပြီးပြည့်စုံပြီး စစ်မှန်သည့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ရန် ဘီလာရုဇ်အား ၎င်းတို့က တိုက်တွန်းပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂနှင့် အဆိုပါ     နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးပွား လာခြင်းနှင့် လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီအတိုက်အခံများနှင့် စာနယ်ဇင်းသမားများ အပေါ် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဘီလာရုဇ်အား အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

          ဘီလာရုဇ်စစ်ဘက်မှ တိုက်လေယာဉ်တစ်စီးသည် မေလ ၂၃ ရက်တွင် အိုင်ယာလန် နိုင်ငံပိုင် Ryaniar လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးကို ကြားဖြတ် ဟန့်တားခဲ့၍ လေယာဉ်ဆင်းသက်ရန်ဖိအားပေးမှုပြုလုပ်ပြီး အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဘီလာရုဇ်အစိုးရအတိုက်အခံဂျာနယ်လစ်တစ်ဦးဖြစ်သူ ရာမန်ပရာ တက်ရှီဗစ်ရှ်(Raman Pratasevich)အားဖမ်းဆီးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်သည် နိုင်ငံတကာ စံနှုန်းများကို တိုက်ရိုက်ဆန့်ကျင်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန် ရှုတ်ချခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချရသည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန် အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ပါသည်။ ဥရောပသမဂ္ဂအနေဖြင့်လည်း ဘီလာရုဇ်အခြေစိုက်လေကြောင်းလိုင်းများမှ လေယာဉ်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း အတက်အဆင်းပြုလုပ်ခွင့် မပြုရန် တားမြစ်ကန့်သတ်ခဲ့ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်ခေါင်းဆောင်များ အနေဖြင့် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Alexander Lukashenko)နှင့် မဟာမိတ် များကို အရေးယူဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများပြုလုပ်သွားရန် အတည်ပြုခဲ့ကြပါသည်။ တစ်ဖက်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများပူးပေါင်း၍ ကာလရှည်ကြာစွာ ဖိနှိပ်မှုများခံစားခဲ့ရသည့် ဘီလာရုဇ်နိုင်ငံသားများအတွက် ကူညီ ထောက်ပံ့မှုများဆောင်ရွက်သွားရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ထို့ပြင် ဘီလာရုဇ် နိုင်ငံအနေဖြင့် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန်နှင့် ဒီမိုကရေစီအတိုက်အခံများ၊ လူထု အခြေပြုလူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန် ၎င်းတို့က တိုက်တွန်း ခဲ့ကြပါသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဘီလာရုဇ်နိုင်ငံသည် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ရလျက်ရှိပြီး အရေးယူပိတ်ဆို့မှုများကိုလည်း ရင်ဆိုင် နေရကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဘီလာရုဇ်အနေဖြင့် လက်ရှိရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းများအား ပြေလည်စေမည့်နည်းလမ်းများရှာဖွေနိုင်ခြင်းမရှိပါက နိုင်ငံတကာ၏ဖိအားပေးမှုများ ပိုမိုမြင့်တက်လာနိုင်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ် လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။