Friday, September 22, 2023

တူကီယဲသံရုံးရှေ့အပါအဝင် မွတ်စလင်နိုင်ငံများ၏သံရုံး များရှေ့တွင် ကုရ်အာန်ကျမ်းအားဆုတ်ဖြဲခြင်းဖြင့် ရန်စတိုက်ခိုက်မှုများအား ရှုတ်ချကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း

နယ်သာလန်နိုင်ငံရှိ တူကီယဲသံရုံးရှေ့အပါအဝင် မွတ်စလင်နိုင်ငံများ၏သံရုံး များရှေ့တွင် ကုရ်အာန်ကျမ်းအားဆုတ်ဖြဲခြင်းဖြင့် ရန်စတိုက်ခိုက်မှုများအား ရှုတ်ချကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်ပေးရန်နှင့် ပါဝင်ပတ်သက်သူများအား လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရေး နယ်သာလန်အစိုးရကို တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပါသည်။ အဆိုပါ ကုရ်အာန်ကျမ်းများ ဆုတ်ဖြဲဆန္ဒပြမှုများကို အစ္စလာမ်မုန်းတီးရေးအဖွဲ့အစည်းခေါင်းဆောင် အက်ဒွင်ဝါဂန်စဗဲ့ဒ် (Edwin Wagensveld) က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် နယ်သာလန် နိုင်ငံရှိ ပါကစ္စတန်နှင့် အင်ဒိုနီးရှားသံရုံးများရှေ့တွင်လည်း အလားတူဆန္ဒပြမှုများပြုလုပ် ခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

Wednesday, September 20, 2023

တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် စွမ်းအင်ပူးတွဲတူးဖော်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဆိုခြင်း

Ekathimerini; Sep-21(Thu)

တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် စွမ်းအင်ပူးတွဲတူးဖော်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တူကီယဲမှတစ်ဆင့် ဥရောပသို့ စွမ်းအင် ကုန်သွယ်မှုကွန်ယက်များ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Ekathimerini သတင်းဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တူကီယဲသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများထပ်မံပေးပို့တော့မည်မဟုတ်ကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

CGTN; Sep-21(Thu)

ပိုလန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကိုမြှင့်တင်နိုင်ရေး ခေတ်မီစစ်လက်နက် ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိသောကြောင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့တော့မည်မဟုတ်ကြောင်း ပိုလန် ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ပိုလန်နှင့်ယူကရိန်းနိုင်ငံတို့အကြား ယူကရိန်းကောက်ပဲသီးနှံ ပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများမြင့်တက်လျက်ရှိချိန်တွင် ပိုလန်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

တူကီယဲသမ္မတနှင့်အဇာဘိုင်ဂျန်သမ္မတတို့တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟန်အလီယက်ဗ် (Ilham Aliyev) နှင့် စက်တင်ဘာလ ၂၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Azer News သတင်းဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဖုန်းခေါ်ဆိုမှုအတွင်း ၎င်းတို့ အနေဖြင့် ဒေသတွင်း၌ အကြမ်းဖက်မှုနှိမ်နင်းရေးအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကာရာဘတ်ခ်ဒေသအတွင်း တရားမဝင်လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့ သည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာ အကျိုးရလဒ်များအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် မလေးရှားနိုင်ငံက လိုလားလျက်ရှိခြင်း

Malaymail; Sep-21(Thu)

မလေးရှားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံမှ ဒရုန်းများနှင့် ရဟတ်ယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူလိုကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ မလေးရှား၏ စစ်လက်နက်ပစ္စည်းအချို့ကို တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူလျက်ရှိပြီး လက်ရှိတွင် တူကီယဲနိုင်ငံမှ စစ်လက်နက်ပစ္စည်းအချို့ဝယ်ယူရေးအတွက် မလေးရှားစစ်ဘက်ကောင်စီက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။

Tuesday, September 19, 2023

ဘူလ်ဂေးရီးယားနိုင်ငံသည် F-16 Block 70 အမျိုးအစား တိုက်လေယာဉ် ၈ စီးဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း

ဘူလ်ဂေးရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံရှိ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီမှ F-16 Block 70 အမျိုးအစား တိုက်လေယာဉ် ၈ စီးဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း Flight Global သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ အမေရိကန်ဒေါ်လာ ၁၅၁ သန်း ကုန်ကျမည်ဖြစ်ပြီး ၎င်းတိုက်လေယာဉ်များကို ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ဘူလ်ဂေးရီးယားနိုင်ငံသို့ အပြီးသတ်လွှဲပြောင်းပေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက မျှော်မှန်းထားပါသည်။ လော့ဟိမာတင်ကုမ္ပဏီသည် တောင်ကာရိုလိုင်းနား ပြည်နယ်၊ ဂရင်းဗီလီ (Greenville) မြို့ရှိ F-16 လေယာဉ်ထုတ်လုပ်ရေးနေရာအသစ်တွင် ၎င်းလေယာဉ်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လတ်ဗီးယားနိုင်ငံသည် ယူကရိန်းသို့ စစ်ရေးဆိုင်ရာအကူအညီသစ်အနေဖြင့် လက်နက်များထပ်မံပေးပို့ရန်စီစဉ်လျက်ရှိခြင်း

လတ်ဗီးယားနိုင်ငံသည် ယူကရိန်းသို့ စစ်ရေးဆိုင်ရာအကူအညီသစ်အနေဖြင့် လက်နက်များထပ်မံပေးပို့ရန်စီစဉ်နေကြောင်း လတ်ဗီးယားကာကွယ်ရေးဝန်ကြီး အန်ဒရစ် ဆပရပ်စ် (Andris Spruds) က ပြောကြားခဲ့သည်ဟု The Kyiv Independent သတင်း ဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါပြောကြားချက်သည် ဂျာမနီနိုင်ငံ၊ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းတွင်ကျင်းပသည့် (၁၅) ကြိမ်မြောက် ယူကရိန်းကာကွယ်ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးအတွင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီး ရူစတမ်အူမာရော့ဗ် (Rustem Umerov) နှင့် တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ လတ်ဗီးယားနိုင်ငံ၏ ယူကရိန်းသို့ထပ်မံပေးပို့မည့် စစ်ရေးအကူညီသစ်များတွင် စိန်ပြောင်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ခဲယမ်းမီးကျောက်များပါဝင် ကြောင်း သိရှိရပါသည်။

ဆီးရီးယားအနောက် မြောက်ပိုင်းသို့ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးပို့မှုများ ပြန်လည်စတင်နိုင်ခဲ့ခြင်း

တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆက်သွယ်ထားသည့် ဘတ်အယ်လ်ဟာဝါ (Bab al-Hawa) နယ်စပ်ဖြတ်ကျော်လမ်းကြောင်းမှတစ်ဆင့် ဆီးရီးယားအနောက် မြောက်ပိုင်းသို့ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးပို့မှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆီးရီးယားနယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရေးယန္တရားကို လုပ်ပိုင်ခွင့်အာဏာ ပြန်လည်ပေးအပ်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့သည့်ဇူလိုင်လတွင် ဆုံးဖြတ်ချက်မချမှတ်နိုင် ခဲ့ချိန်မှစ၍ ဘတ်အယ်လ်ဟာဝါ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းကို ပိတ်ပင်ထားခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့်လတွင် ကုလသမဂ္ဂနှင့် ဆီးရီးယားတို့အကြား သဘောတူညီချက် တစ်ရပ်ရရှိခဲ့ပြီးနောက် လူသားချင်းစာနာထောက်မှုဆိုင်ရာအကူအညီပေးပို့မှုများ ပြန်လည် စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း

Alarabiya; Sep-20(Wed)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာမှု၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Alarabiya သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်စဉ် သီးသန့်တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ စွမ်းအင်၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တုကဏ္ဍများအပါအဝင် ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သဘာဝဓာတ်ငွေ့ရှာဖွေမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဲ့သို့သောနယ်ပယ်များတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်း များနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပါသည်။ တူကီယဲနှင့် အစ္စရေးတို့သည် နီးကပ်သော ဒေသတွင်းမဟာမိတ်ဆက်ဆံရေး ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တူကီယဲသင်္ဘောတစ်စီးကို အစ္စရေးတို့က ဝင်ရောက်စီးနင်းခဲ့ခြင်း ကြောင့် တူကီယဲနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့ရာ တူကီယဲက အစ္စရေးသံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်ဆံရေး တင်းမာခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေးပြန်လည်ကောင်းမွန် ခဲ့သော်လည်း ၂ နှစ်အကြာတွင် ဂါဇာကမ်းမြောင်ဒေသ၌ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်းအများအပြားကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်း ကြောင့် တူကီယဲနိုင်ငံသည် ၎င်း၏သံတမန်များကို အစ္စရေးမှပြန်လည်ခေါ်ယူ၍ အစ္စရေး သံတမန်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပြန်လည်တင်းမာ ခဲ့ရပြန်ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Issac Herzog) သည် တူကီယဲနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ခြင်းနှင့်အတူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ အပြန်အလှန်လာရောက်လည်ပတ်မှုများသည် ဆယ်စုနှစ် တစ်ခုကျော်ကြာ ဆက်ဆံရေးတင်းမာမှုများလျော့ကျစေရေးကို အထောက်အကူဖြစ်စေ ခဲ့ကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

တူကီယဲ-အစ္စရေးတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတစ်ရပ်ကို ၁၉၄၉ ခုနှစ်၊ မတ်လတွင် တရားဝင်စတင်ခဲ့ပါသည်။ သို့သော် တူကီယဲနှင့် အစ္စရေးနိုင်ငံတို့အကြား အစ္စရေး-ပါလက်စတိုင်းပဋိပက္ခများ၊ ဂါဇာကမ်းမြောင်ဒေသ၊ ဂျေရုဆလင်အရေးကိစ္စနှင့် စပ်လျဉ်း၍ တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဂါဇာကမ်းမြောင် ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် တူကီယဲသင်္ဘောတစ်စီးကို အစ္စရေးတို့က ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် တူကီယဲနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တူကီယဲက အစ္စရေးသံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည့် နောက်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့သော်လည်း ၂ နှစ်အကြာ ၂၀၁၈ ခုနှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် ပါလက်စတိုင်းအများအပြားကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်းကြောင့် တူကီယဲ သည် အစ္စရေးမှ ၎င်း၏သံတမန်များကိုပြန်လည်ခေါ်ယူ၍ အစ္စရေးသံတမန်များကို နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပြန်လည်ပြတ်တောက်ခဲ့ရပါသည်။

၎င်းနောက်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာပိုမိုဆိုးရွားလာခဲ့ကာ သံတမန် ဆက်ဆံရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ကြိုးပမ်း လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Issac Herzog) သည် တူကီယဲနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့ခြင်းနှင့်အတူ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏ အပြန်အလှန် လည်ပတ်မှုများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်ဆံရေးတင်းမာမှုများကို လျော့ပါး စေခဲ့ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာမှု၏ သမိုင်းမှတ်တိုင်တစ်ခု အဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးသန့်တွေ့ဆုံမှုအဖြစ် နှစ်နိုင်ငံခေါင်းဆောင် များတွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပြင် အစ္စရေး-ပါလက်စတိုင်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့သည် စွမ်းအင်၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တုနှင့် ဆိုက်ဘာလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သဘာဝ ဓာတ်ငွေ့ရှာဖွေမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဲ့သို့သော နယ်ပယ်များတွင် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေး ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများသည် သံတမန်ဆက်ဆံရေး အဆင့်အတန်းတစ်ခုအထိရောက်ရှိစေရေးအတွက် မြှင့်တင်ဆောင်ရွက် ရာတွင် များစွာအထောက်အကူဖြစ်စေနိုင်သကဲ့သို့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အီရန်နှင့် တူကီယဲတို့သည် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ခဲ့ခြင်း

Xinhua; Sep-20(Wed)

အီရန်နှင့် တူကီယဲတို့သည် အကျဉ်းသား ၃ ဦးစီကို အပြန်အလှန်လဲလှယ်ခဲ့ ကြောင်း အီရန်လူ့အခွင့်အရေးနှင့် နိုင်ငံတကာရေးရာ တရားရေးလက်ထောက်ဝန်ကြီး အက်စ်ကာဂျာလာလီယန် (Askar Jalalian) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါလဲလှယ်မှုသည် မကြာသေးမီက တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) သို့ သွားရောက်ခဲ့သည့် အီရန်တရားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်းမှရရှိခဲ့သည့် အကျိုးရလဒ်တစ်ခု ဖြစ်ပါသည်။ ၎င်းကိုယ်စားလှယ်အဖွဲ့သည် တရားခံလွှဲပြောင်းရေးဆိုင်ရာပူးတွဲကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး တူကီယဲတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂျာလာလီယန်က ပြောကြားခဲ့ပါသည်။

ဂရိသည် တူကီယဲနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်တွင် ၃၅ ကီလိုမီတာအရှည်ရှိ ခြံစည်းရိုးကို စတင်တည်ဆောက်လျက်ရှိခြင်း

Monday, September 18, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သည် အချက်သုံးချက်ပါ သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း

BSS News; Sep-19(Tue)

ဘင်္ဂလားဒေ့ရှ်နှင့် ဟန်ဂေရီနိုင်ငံတို့သည် စက်တင်ဘာလ ၁၉ ရက်တွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် သဘောတူညီချက်တစ်ရပ်နှင့် နားလည်မှု စာချွန်လွှာနှစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း BSS News သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူလ်မိုမန် (Dr AK Abdul Momen) နှင့် ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာဇက်ဂျာတို (Peter Szijjarto) တို့က နယူးယောက်မြို့၌ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထွေထွေညီလာခံ (UNGA) ကျင်းပ နေစဉ်အတွင်း အဆိုပါသဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဆိုက်ပရပ်စ်နိုင်ငံသည် ပြည်ပနည်းပညာကုမ္ပဏီများ ဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်း

Cyprus Mail; Sep-19(Tue)

ဆိုက်ပရပ်စ်၏ ထိပ်တန်းနည်းပညာလုပ်ငန်းအဖွဲ့အစည်းဖြစ်သော Tech Island သည် ပြည်ပနည်းပညာကုမ္ပဏီများကိုဆွဲဆောင်နိုင်သည့် နည်းပညာဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Cyprus Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အစိုးရတာဝန်ရှိသူများနှင့် ဆိုက်ပရပ်စ်နိုင်ငံရှိ နည်းပညာကုမ္ပဏီအသီးသီးမှ အမှုဆောင်အရာရှိများတက်ရောက် ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီများနှင့် နိုင်ငံတကာနည်းပညာကျွမ်းကျင်ပညာရှင်များကို လာရောက်လုပ်ကိုင်စေရေး စီစဉ်ဆောင်ရွက် ထားကြောင်း TechIsland ကုမ္ပဏီဥက္ကဋ္ဌ ဗဲလန်တီနိုပိုလီကာပေါ့ (Valentinos Polykarpou) က ပြောကြားခဲ့ပါသည်။

Sunday, September 17, 2023

တူကီယဲနှင့် အယ်လ်ဂျီးရီးယားသမ္မတတို့တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recap Tayyip Erdogan) သည် အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒယ်လ်မာဂျစ်ဒ်တက်ဘော့နီ (Abdelmadjid Tebboune) နှင့် စက်တင်ဘာလ ၁၈ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Turkish House ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တွေ့ဆုံစဉ်အတွင်း ၎င်းတို့သည် နှစ်နိုင်ငံ အကြား နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သမ္မတနှစ်ဦးသည် အာဖရိက ဒေသတွင်းပဋိပက္ခများနှင့် တင်းမာမှုများအား ဖြေရှင်းဆောင်ရွက်နိုင်ရေးနည်းလမ်းများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု သိရှိရပါသည်။

ဘူလ်ဂေးရီးယားစစ်ဘက်သည် ပင်လယ်နက်အပန်းဖြေစခန်းမြို့သို့ ဆင်းသက်လာသော ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသည့် ဒရုန်းတစ်စင်းကို ဖျက်ဆီးခဲ့ခြင်း

Yahoo; Sep-18(Mon)

ဘူလ်ဂေးရီးယားစစ်ဘက်၏ ဗုံးရှင်းလင်းရေးအဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် ပင်လယ်နက်ဒေသရှိ တိုင်လီနိုဗို (Tyulenovo) ဆိပ်ကမ်းမြို့သို့ ဆင်းသက်လာသည့် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းတစ်စင်းကို စက်တင်ဘာလ ၁၈ ရက်တွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဘူလ်ဂေးရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

တူကီယဲနှင့် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) သည် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး မီချယ်မာတင် (Micheal Martin) နှင့် စက်တင်ဘာလ ၁၇ ရက်တွင် နယူးယောက်မြို့၌ တွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့သည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် တွေ့ဆုံစဉ် အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်အဆင့်မြင့်ခရီးစဉ်များ၊ ပင်လယ်နက် ကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာကိစ္စရပ်၊ ဆိုက်ပရပ်စ်နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ပြဿနာနှင့်ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် တူကီယဲ- EU ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

ဂရိနှင့် တူကီယဲအကြား ဆက်သွယ်ရေးကဏ္ဍများ ပြန်လည်ဖွင့်လှစ်ရေးသည် အရေးပါကြောင်း ဂရိဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

TRT World; Sep-18(Mon)

ဂရိနှင့် တူကီယဲအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် အပြုသဘောဆောင်သောလုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်ရေးသည် အရေးပါကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြား ခဲ့ကြောင်း TRT World သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံ၊ သက်ဆဲလ်လိုနီကီ (Thessaloniki) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၈၇)ကြိမ်မြောက် သက်ဆဲလ်လိုနီကီ နိုင်ငံတကာကုန်စည်ပြပွဲ (Thaessaloniki International Fair) ၏ ပြင်ပတွင် သီးခြားသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မစ်ဆိုတားကစ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

တူကီယဲသမ္မတသည် Tesla နှင့် SpaceX တည်ထောင်သူ အီလွန်မက်စ်နှင့် တွေ့ဆုံခဲ့ခြင်း

Anadolu Agency; Sep-18(Mon)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် Tesla ကားကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် (Elon Musk) နှင့် စက်တင်ဘာလ ၁၇ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် (New York) မြို့၌ ပြုလုပ်သည့် တွေ့ဆုံမှုအတွင်း တူကီယဲနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး Tesla ၏ သတ္တမမြောက် စက်ရုံကို နိုင်ငံအတွင်းတည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း Anadolu Agency သတင်း ဌာနက ဖော်ပြခဲ့ပါသည်။

Saturday, September 16, 2023

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ရောက်ရှိနေကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာဒိုဂန်သည် အဆိုပါအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန်စီစဉ်ထားပြီး ၎င်း၏မိန့်ခွန်းအတွင်း တူကီယဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များအား ဖော်ဆောင်သွားရေးနှင့်ပတ်သက်၍ အလေးပေး ပြောကြားသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် တူကီယဲနိုင်ငံ၏ ပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း ပြောကြားသွားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

ဂရိဝန်ကြီးချုပ်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယူရို သန်း ၃၀၀ သုံးစွဲသွားမည်ဆိုခြင်း

ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယူရို သန်း ၃၀၀ (ရင်းဂစ် ၁.၅ ဘီလီယံ) သုံးစွဲသွားမည်ဟု ကြေညာခဲ့ကြောင်း Malay Mail သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ပြီးခဲ့သည့်သီတင်းပတ် ၂ ပတ်အတွင်း ဂရိနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော ရေကြီးမှုနှင့် တောမီးလောင်ကျွမ်းမှုများ ကြုံတွေ့ခဲ့ရကြောင်း ဂရိနိုင်ငံတောင်ပိုင်း၊ သက်စ်စလိုနီကီ (Thessaloniki) မြို့၌ မိန့်ခွန်းပြောကြားစဉ် မစ်ဆိုတားကစ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မကြာသေးမီက နိုင်ငံအလယ်ပိုင်းဒေသ၌ ရေလွှမ်းမိုးမှု များကြောင့် သေဆုံးသူဦးရေမှာ ဩစတြီးယားနိုင်ငံသား ၂ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦး အထိရှိခဲ့ကြောင်း သိရှိရပါသည်။

ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ခြင်းကို ဆက်လက်ပိတ်ပင်သွားမည်ဆိုခြင်း

Politico; Sep-17(Sun)

ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲ သီးနှံများ ၎င်းတို့နိုင်ငံအတွင်းသို့တင်ပို့ခြင်းကို ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု Politico သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။

တူကီယဲသမ္မတနှင့် ဂျော်ဂျီယာဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဂျော်ဂျီယာဝန်ကြီးချုပ် အီရာလီဂရီဘက်ရှ်ဗီလီ (Irakli Garibashvili) အား နယူးယောက်ခ် မြို့ရှိ Türkevi Center ၊ သို့မဟုတ် Turkish House ၌ စက်တင်ဘာလ ၁၇ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး Middle Corridor အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် Baku-Tbilisi-Kars ရထားလမ်း၏ လျင်မြန်စွာလည်ပတ်မှုအား အဓိကဦးစားပေးအဖြစ် အလေးပေးပြောကြားခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း သမ္မတ အာဒိုဂန်သည် ဖေဖော်ဝါရီလ တွင် တူကီယဲ၌ ကြီးမားသောငလျင်လှုပ်ခတ်ပြီးနောက် ဂျော်ဂျီယာနိုင်ငံ၏ ပံ့ပိုးကူညီမှု အတွက် ကျေးဇူးတင်ကြောင်း တူကီယဲ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ခေါင်းဆောင်နှစ်ဦးသည် တူကီယဲနှင့် ဂျော်ဂျီယာ နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၅ ဘီလီယံ အထိတိုးမြှင့်ရန် အရေးကြီးကြောင်းကိုလည်း အလေးပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

ဂရိဝန်ကြီးချုပ်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုခြင်း

ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယူရို သန်း ၃၀၀ (ရင်းဂစ် ၁.၅ ဘီလီယံ) သုံးစွဲသွားမည်ဟု ကြေညာခဲ့ကြောင်း Malay Mail သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ပြီးခဲ့သည့်သီတင်းပတ် ၂ ပတ်အတွင်း ဂရိနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော ရေကြီးမှုနှင့် တောမီးလောင်ကျွမ်းမှုများ ကြုံတွေ့ခဲ့ရကြောင်း ဂရိနိုင်ငံတောင်ပိုင်း၊ သက်စ်စလိုနီကီ (Thessaloniki) မြို့၌ မိန့်ခွန်းပြောကြားစဉ် မစ်ဆိုတားကစ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ မကြာသေးမီက နိုင်ငံအလယ်ပိုင်းဒေသ၌ ရေလွှမ်းမိုးမှု များကြောင့် သေဆုံးသူဦးရေမှာ ဩစတြီးယားနိုင်ငံသား ၂ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦး အထိရှိခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတသည် နယူးယောက်မြို့သို့ရောက်ရှိလျက်ရှိခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ရောက်ရှိနေကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာဒိုဂန်သည် အဆိုပါအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန်စီစဉ်ထားပြီး ၎င်း၏မိန့်ခွန်းအတွင်း တူကီယဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များအား ဖော်ဆောင်သွားရေးနှင့်ပတ်သက်၍ အလေးပေး ပြောကြားသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် တူကီယဲနိုင်ငံ၏ ပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း ပြောကြားသွားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ခြင်းကို ဆက်လက်ပိတ်ပင်သွားမည်ဆိုခြင်း

Politico; Sep-17(Sun)

ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲ သီးနှံများ ၎င်းတို့နိုင်ငံအတွင်းသို့တင်ပို့ခြင်းကို ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု Politico သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ ဥရောပကော်မရှင်အနေဖြင့် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ခြင်း ဆိုင်ရာ ပိတ်ပင်တားမြစ်ချက်ကို ရုပ်သိမ်းကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Thursday, September 14, 2023

တူကီယဲနိုင်ငံ၏ Roketsan ကုမ္ပဏီသည် Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည်အား မလေးရှားနိုင်ငံသို့ရောင်းချရန် သဘောတူညီခဲ့ခြင်း

Defensenews; Sep-15(Fri)

တူကီယဲနိုင်ငံ၏ ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Roketsan ကုမ္ပဏီ သည် မလေးရှားနိုင်ငံသို့ Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ၁၀၈ ခု ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူကီယဲအစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သတင်း အရင်းအမြစ်များက ထုတ်ပြန်ခဲ့သည်ဟု Defensenews သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

အစ္စရေးလေတပ်နှင့် ဂရိလေတပ်တို့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ခြင်း

ANI; Sep-15(Fri)

အစ္စရေးလေတပ် (Israeli Air Force-IAF) နှင့် ဂရိလေတပ် (Greece’s Hellenic Air Force) တို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစ္စရေးနိုင်ငံအတွင်း၌ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်ခန်းအတွင်းပါဝင်သည့် လေယာဉ်များအနေဖြင့် ကီလိုမီတာထောင်ပေါင်းများစွာ ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ANI သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံ၏ Roketsan ကုမ္ပဏီသည် Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည်အား မလေးရှားနိုင်ငံသို့ရောင်းချရန် သဘောတူညီခဲ့ခြင်း

Defensenews; Sep-15(Fri)

တူကီယဲနိုင်ငံ၏ ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Roketsan ကုမ္ပဏီ သည် မလေးရှားနိုင်ငံသို့ Karaok တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ၁၀၈ ခု ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူကီယဲအစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သတင်း အရင်းအမြစ်များက ထုတ်ပြန်ခဲ့သည်ဟု Defensenews သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

အစ္စရေးလေတပ်နှင့် ဂရိလေတပ်တို့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ခြင်း

ANI; Sep-15(Fri)

အစ္စရေးလေတပ် (Israeli Air Force-IAF) နှင့် ဂရိလေတပ် (Greece’s Hellenic Air Force) တို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစ္စရေးနိုင်ငံအတွင်း၌ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်ခန်းအတွင်းပါဝင်သည့် လေယာဉ်များအနေဖြင့် ကီလိုမီတာထောင်ပေါင်းများစွာ ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ANI သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

Wednesday, September 13, 2023

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် ဆူဒန်အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာ ကောင်စီဥက္ကဋ္နှနှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်းနိုင်ငံသို့လာရောက်လျက်ရှိသော ဆူဒန်အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာ ကောင်စီဥက္ကဋ္ဌ အဗ္ဗဒယ်ဖာတက်အယ်လ်ဘာဟန် (Abdel Fattah Al-Burhan) အား လက်ခံတွေ့ဆုံခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၁၄ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ဆူဒန်တပ်မတော်အကြီးအကဲလည်းဖြစ်သည့် အယ်လ်ဘာဟန်နှင့်အတူ ခေတ္တနိုင်ငံခြားရေးဝန်ကြီး အလီအယ်လ်ဆာဒစ် (Ali Al-Sadiq)၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် အာမက်အီဘရာဟမ်မူဖာဒယ် (Ahmed Ibrahim Mufadel)နှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းညွှန်ကြားရေးမှူးချုပ် မာဂါနီအိုင်ဒရစ်ဆူလေမန် (Mirghani Idris Suleiman) တို့ လိုက်ပါသွားကြောင်း ဆူဒန်အချုပ်အခြာအာဏာကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရှိရပါသည်။

Wagner ကြေးစားတပ်ဖွဲ့နှင့်သက်ဆိုင်သည့် ဝါဒဖြန့်ချီရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေ လျက်ရှိသည့် ရုရှားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း

     ပိုလန်နိုင်ငံ၊ မြို့တော် ဝါဆော (Warsaw) နှင့် ကရာကော် (Krakow) မြို့တို့တွင် Wagner ကြေးစားတပ်ဖွဲ့နှင့်သက်ဆိုင်သည့် ဝါဒဖြန့်ချီရေးဆိုင်ရာပစ္စည်းများ ဖြန့်ဝေ လျက်ရှိသည့် ရုရှားနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပိုလန်အာဏာပိုင် များက ပြောကြားခဲ့သည်ဟု UPI သတင်းဌာနက သြဂုတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါ သည်။ Wagner တပ်ဖွဲ့၏ အရိုးခေါင်းတံဆိပ်အပါအဝင် Wagner လူသစ်စုဆောင်းရေး ဝဘ်ဆိုက်၏ ကျူအာ (QR) ကုဒ်နံပါတ်များပါရှိသည့် ပိုစတာများကို ကရာကော်မြို့တွင် တွေ့ရှိခဲ့ရပြီးနောက် ပိုလန်ပြည်တွင်းလုံခြုံရေးအေဂျင်စီက ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ အထက်ပါအတိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပိုလန်ပြည်ထဲရေးဝန်ကြီး မာရီးရက်ဇ် ကာမင်စကီ (Mariusz Kaminski) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Tuesday, September 12, 2023

အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့သည် ရုရှားယာဉ်များကို ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်း

Anadolu Agency; Sep-13(Wed)

ဥရောပကော်မရှင် (European Commission) ၏ ညွှန်ကြားချက်များအရ ဘောလ်တစ် ဒေသသုံးနိုင်ငံဖြစ်သော အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံ တို့သည် ရုရှားလိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့်ယာဉ်များကို ၎င်းတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် စက်တင်ဘာလ ၁၃ ရက်တွင် တားမြစ်ချက်များ ပူးတွဲထုတ်ပြန် ခဲ့ကြောင်း သိရှိရပါသည်။

Monday, September 11, 2023

ဩစတြီးယားနိုင်ငံသည် အီရတ်နိုင်ငံ၌ သံရုံးပြန်လည်ဖွင့်လှစ်ခဲ့ခြင်း

ဩစတြီးယားနိုင်ငံသည် အီရတ်နိုင်ငံနှင့် ဆက်ဆံရေးတည်ငြိမ်မှု ပြန်လည် ရရှိခြင်းလက္ခဏာတစ်ရပ်အနေဖြင့် အီရတ်နိုင်ငံ၊ မြို့တော် ဘဂ္ဂဒက် (Baghdad) ရှိ ၎င်းတို့၏ သံရုံးကို စက်တင်ဘာလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း The Peninsula Qatar သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဩစတြီးယားနိုင်ငံအနေဖြင့် အီရတ်နိုင်ငံတွင် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ပြန်လည်စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့တော် ဘဂ္ဂဒက်ရှိ Babylon Rotana ဟိုတယ်တွင်ပြုလုပ်သည့် သံရုံးဖွင့်ပွဲအခမ်းအနား၌ ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါးချဲလန်ဘက်ဂ် (Alexander Schallenberg) က ပြောကြားခဲ့ပါသည်။ ထို့ပြင် အီရတ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၏ တည်ငြိမ် အေးချမ်းရေးတွင် အဓိကကျသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေး ဝန်ကြီး ဖူအာ့ဒ်ဟူစိန် (Fuad Hussein) နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ချဲလန်ဘက်ဂ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲသမ္မတနှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ တယ်လီဖုန်းမှ တစ်ဆင့်ဆက်သွယ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) တို့သည် တယ်လီဖုန်းမှ တစ်ဆင့်ဆက်သွယ်၍ တူကီယဲ-အာမေးနီးယားဆက်ဆံရေးများနှင့် ဒေသတွင်းကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း Trend သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်က ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးထူထောင်ခြင်းသည် ၎င်းဒေသတွင်းနိုင်ငံအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်မည်ဟု အဆိုပါဆွေးနွေးမှုအတွင်း အလေးထား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sunday, September 10, 2023

တူကီယဲနှင့် ဘီလာရုဇ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဆိုခြင်း

BelTA; Sep-11(Mon)

တူကီယဲနှင့် ဘီလာရုဇ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အခြားသော အကြောင်းအရင်းများကြောင့် ကုန်သွယ်မှု၌ အဟန့်အတားဖြစ်နေရကြောင်း ဘီလာရုဇ် နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုဂျန် (Mustafa Özcan) က စက်တင်ဘာလ ၁၁ ရက်တွင် ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Aleksandr Lukashenko) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ တူကီယဲသည် အနောက်နိုင်ငံများ၊ အနောက်နိုင်ငံများမှ အဖွဲ့အစည်းများနှင့်ဆက်ဆံရေး ပိုမိုနီးကပ်လျက် ရှိပြီး ၎င်းအချက်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ မတိုးတက်လာရခြင်း၏ အကြောင်းအရာအဖြစ် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဘီလာရုဇ်သည် တူကီယဲအတွက် အလွန်ကောင်းမွန်သည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုတို့ဖြင့် ချည်နှောင် ထားရာ ၎င်းတို့အကြားပြဿနာရပ်များမရှိကြောင်း၊ ကုန်သွယ်ရေးတွင် အဟန့်အတား ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်အချို့ကို အတူတကွဖြေရှင်းရန် ရည်ရွယ်ထားကြောင်းလည်း သံအမတ်ကြီး အိုဂျန်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် တူကီယဲနိုင်ငံသို့ သွားရောက်ခဲ့သည့် သမ္မတ လူကာရှန်ကို၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင် များသည် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ တဖြည်းဖြည်း တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်လွန်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ အထိ အမေရိကန်ဒေါ်လာ ၆၇၅ သန်းနီးပါး ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

Ref: Ambassador: Türkiye and Belarus can reach $1.5 billion in trade

အက်စတိုးနီးယားနိုင်ငံသည် ဂျာမနီနိုင်ငံမှ တာလတ်ပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ခြင်း

Estoniaworld; Sep-11(Mon)

အက်စတိုးနီးယားနှင့် လတ်ဗီးယားတို့သည် ဂျာမနီနိုင်ငံ၏ Diehl ကာကွယ်ရေး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီမှ IRIS-T SLM အမျိုးအစား တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရန်အတွက် ဂျာမနီနိုင်ငံနှင့် သဘောတူညီချက် တစ်ရပ်အား ဂျာမနီနိုင်ငံ၊ နုရမ်ဘာ့ဂ် (Nuremberg) မြို့၌ စက်တင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် ၃ နိုင်ငံကာကွယ်ရေးဝန်ကြီးအဆင့်အစည်းအဝေးအတွင်း လက်မှတ် ရေးထိုးခဲ့ပါသည်။

ပိုလန်နိုင်ငံသည် Lockheed Martin ကုမ္ပဏီနှင့် လက်နက်ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Al Mayadeen; Sep-11(Mon)

ပိုလန်နိုင်ငံသည် လျင်မြန်စွာရွေ့လျားပစ်ခတ်နိုင်သော ယန္တရားတင်အမြောက် ဒုံးယာဉ်စနစ် (High Mobility Artillery Rocket System-HIMARS) ၄၈၆ စီးနှင့် ၎င်းတွင်ဆက်စပ်အသုံးပြုသည့် ကျည်ထိုးသွင်းကိရိယာများအား ဝယ်ယူရန်အတွက် သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်အခြေစိုက် Lockheed Martin ကုမ္ပဏီက စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမေရိကန်၏ တူကီယဲသို့ F-16 တိုက်လေယာဉ်များ ရောင်းချပေးရေးမှာ ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးအပေါ် တူကီယဲ၏သဘောတူညီချက်နှင့် သီးခြားစီဖြစ်သင့်သည်ဆိုခြင်း

Al Arabiya; Sep-11(Mon)

အမေရိကန်အစိုးရ၏ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်ရောင်းချမည့် ကိစ္စရပ်သည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲ၏ အတည်ပြုချက်နှင့် သီးခြားစီဖြစ်သင့်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်၌ ပြုလုပ်ခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်၏ တူကီယဲသို့ F-16 တိုက်လေယာဉ်များရောင်းချပေးရေးနှင့် ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးအပေါ် တူကီယဲ၏ သဘောတူညီချက်တို့ သီးခြားစီဖြစ်သင့်သည်ဆိုခြင်း

Al Arabiya; Sep-11(Mon)

အမေရိကန်အစိုးရ၏ တူကီယဲနိုင်ငံသို့ F-16 တိုက်လေယာဉ်ရောင်းချမည့်ကိစ္စရပ် သည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် တူကီယဲ၏အတည်ပြုချက်နှင့် သီးခြားစီဖြစ်သင့်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တူကီယဲနှင့် ဘီလာရုဇ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဆိုခြင်း

BelTA; Sep-11(Mon)

တူကီယဲနှင့် ဘီလာရုဇ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အခြားသော အကြောင်းအရင်းများကြောင့် ကုန်သွယ်မှု၌ အဟန့်အတားဖြစ်နေရကြောင်း ဘီလာရုဇ် နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုဂျန် (Mustafa Özcan) က စက်တင်ဘာလ ၁၁ ရက်တွင် ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Aleksandr Lukashenko) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

Thursday, September 7, 2023

အမေရိကန်သည် ပိုလန်နိုင်ငံတွင် တပ်ဖြန့်ချထားသော ၎င်း၏တပ်ဖွဲ့ဝင် အရေအတွက်အား ထုတ်ဖော်ပြောကြားခဲ့ခြင်း

Reuters, Sep-8(Fri)

ပိုလန်ပိုင်နက်နယ်မြေအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးကျော် တပ်ဖြန့်ချ ထားခြင်းဖြင့် ပိုလန်နိုင်ငံ၏လုံခြုံရေးအား အာမခံပေးထားကြောင်း ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာ့ခ်ဘရီဇီဇင်စကီး (Mark Brzezinski) က ပြောကြားခဲ့ သည်ဟု Reuters သတင်းဌာနက စက်တင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ စက်တင်ဘာလ ၈ ရက်တွင် ထုတ်ဝေသော ယူကရိန်းသတင်းစာ Rzeczpospolita ၏ အမေး/အဖြေကဏ္ဍတွင် လက်ရှိ အမေရိကန်-ပိုလန်ဆက်ဆံရေးကို ၎င်းက ချီးမွှမ်းထားပြီး အမေရိကန်-ပိုလန် ချိတ်ဆက်မှုအနေဖြင့် သမိုင်းတစ်လျှောက်အကောင်းဆုံးအချိန်ဖြစ် ကြောင်းနှင့် ဘုံအကြောင်းအချက်အနေဖြင့် ယူကရိန်းပြည်သူများအား ထောက်ပံ့ပေးရေး ဖြစ်ကြောင်း ဘရီဇီဇင်စကီးက ပြောကြားခဲ့ပါသည်။

ပိုလန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်သွားမည်ဆိုခြင်း

ပိုလန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၁၅ ခုနှစ်တွင် ပိုလန်ငွေကြေး ဇိုတီ ၃၇ ဘီလီယံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ဇိုတီ ၁၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်သည့်အတွက် ၄ ဆခန့်မြင့်တက်လာမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ပြောကြားခဲ့ သည်ဟု Sputnik သတင်းဌာနက စက်တင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန် နိုင်ငံသည် နိုင်ငံ၏စစ်ရေးအင်အားကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းကာကွယ်ရေး ကုမ္ပဏီများနှင့် အမေရိကန်နှင့် တောင်ကိုရီးယားကဲ့သို့သော ပြည်ပကာကွယ်ရေးကုမ္ပဏီ များထံမှ စစ်လက်နက်ပစ္စည်းအမြောက်အမြားကိုလည်း ဝယ်ယူခဲ့ကြောင်း မိုရာဝီခ်ကီက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Wednesday, September 6, 2023

ပိုလန်နိုင်ငံသည် HAASTA အမည်ရှိ တန်ပြန်မောင်းသူမဲ့လေယာဉ်၏ ရှေ့ပြေးပုံစံအား ထုတ်ဖော်ပြသခဲ့ခြင်း

The Defense Post; Sep-7(Thu)

ပိုလန်နိုင်ငံသည် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုရှောင်ရှား၍ ရန်သူ၏ တိုက်ခိုက်ရေးဒရုန်းများကို ချိနဲ့စေနိုင်မည့် မောင်းသူမဲ့လေယာဉ်အသစ်၏ ရှေ့ပြေးပုံစံအား ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက စက်တင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲရေတပ်ဗိုလ်ချုပ်ကြီး ပါကစ္စတန်နိုင်ငံ၊ ရေတပ်ဌာနချုပ်သို့သွားရောက်သို့ သွားရောက်ခဲ့ခြင်း

တူကီယဲရေတပ်ဗိုလ်ချုပ်ကြီး အာကူမန့်တက်လီအိုဂလူ (Ercüment Tatlıoğlu) သည် ပါကစ္စတန်နိုင်ငံ၊ ရေတပ်ဌာနချုပ်သို့သွားရောက်၍ ပါကစ္စတန်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်းဂျက်ခန်နီရာဇီ (Amjad Khan Niazi) နှင့် တွေ့ဆုံခဲ့ကြောင်း The Nation သတင်းဌာန စက်တင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း ရေကြောင်းလုံခြုံရေးနှင့် နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ရေတပ်စစ်ရေးလေ့ကျင့်ခန်းများ၊ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ အပြန်အလှန်ဝင်/ထွက်သွားလာမှုများအပါအဝင် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Tuesday, September 5, 2023

ပိုလန်နိုင်ငံသည် အမေရိကန်နှင့် စစ်လက်နက်ပစ္စည်းဝယ်ယူရေးသဘောညီချက်တစ်ချက်ရေးထိုးခဲ့ခြင်း

ပိုလန်နိုင်ငံသည် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည့် Lower-Tier Air and Missile Defense Sensors (LTAMDS) ၁၂ ခုနှင့် မြေပြင်မှဝေဟင်ပစ် Patriot ဒုံးကျည်စနစ် ၄၈ ခုဝယ်ယူရန် အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးထားကြောင်း The Defense Post သတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြထားပါသည်။ ယခုကဲ့သို့ အမေရိကန်နိုင်ငံထုတ် ခေတ်မီစစ်လက်နက် ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေမှုသည် ပိုလန်ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေး စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ပါသည်။ ထို့ပြင် အထက်ပါသဘော တူညီချက်သည် ပိုလန်စစ်ဘက်မှဖော်ဆောင်လျက်ရှိသည့် WISLA အမည်ရှိ ဝေဟင်နှင့် ဒုံးကျည်ကာကွယ်ရေး အဆင့်မြှင့်တင်ခြင်းအစီအစဉ်၏ အဆင့် ၂ ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ပိုလန်၏ WISLA အစီအစဉ်သည် ပေါ်ပေါက်လာ နိုင်ဖွယ်ရှိသည့် ဝေဟင်နှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ကာကွယ်ဟန့်တားရန်နှင့် အမိမြေလုံခြုံရေးကို ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဂရိကာကွယ်ရေးဝန်ကြီးသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံသို့ သွားရောက်ခဲ့ခြင်း

ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် အာရပ် စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံသို့ စက်တင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဒန်ဒီရက်စ်သည် UAE ကာကွယ်ရေးဝန်ကြီး မိုဟာမက်အာမတ်အယ်ဘာဝါဒီ (Mohammed Ahmed Al Bawardi) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်မာအားကောင်အောင် လုပ်ဆောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေး သွားမည်ဖြစ်ပါသည်။ ထို့ပြင် အရှေ့မြေထဲပင်လယ်နှင့် ပင်လယ်ကွေ့ဒေသလုံခြုံရေး အခြေအနေများအပြင် ကာကွယ်ရေးစက်မှုလုပ်ငန်းနှင့် နည်းပညာကဏ္ဍ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

Sunday, September 3, 2023

တူကီယဲနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်း

Stockholmcf; Sep-4(Mon)

တူကီယဲနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လတွင် ၆၀ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း Stockholmcf သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါသည်။ တူကီယဲနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်များအရ ကုန်ဈေးနှုန်းမြင့်တက်ခြင်းသည် ဇူလိုင်လတွင် ၄၇.၈ ရာခိုင်နှုန်းရှိပြီး ဩဂုတ်လတွင် ၅၈.၉ ရာခိုင်နှုန်းခန့်မြင့်တက် ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

Friday, September 1, 2023

ရုရှားသမ္မတနှင့် တူကီယဲသမ္မတတို့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားမည်ဆိုခြင်း

Aninews; Sep-2(Sat)

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် စက်တင်ဘာလ ၄ ရက်တွင် ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်ဟု Aninews သတင်းဌာနက စက်တင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

ပါကစ္စတန်နှင့် တူကီယဲနိုင်ငံတို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် ကတိပြုခဲ့ကြောင်း ပါကစ္စတန်လေတပ်ဦးစီးချုပ်က ပြောကြားခဲ့ခြင်း

Nation; Sep-2(Sat)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇာဟီးအာမတ်ဘာဘား (Zaheer Ahmed Baber) သည် တူကီယဲလေတပ် ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ရန် တူကီယဲသို့ သွားရောက်ခဲ့ကြောင်း Nation သတင်းဌာနက စက်တင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။