Sunday, December 19, 2021

တူရကီနိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံသို့ စစ်ရေယာဉ်များရောင်းချပေးမည်ဆိုခြင်း

 


                   Punchng;Dec-18(Sat)

              နိုင်ဂျီးရီးယားနိုင်ငံသည် တူရကီနိုင်ငံမှ ရေတပ်စစ်သင်္ဘောများအား ဝယ်ယူ သွားမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တူရကီနိုင်ငံက ကြိုဆိုကြောင်း Punchng သတင်းဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ တူရကီ နိုင်ငံ၊အစ္စတန်ဘူလ်(Istanbul)၌ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် (၃) ကြိမ်မြောက် တူရကီ-အာဖရိက မိတ်ဖက်နိုင်ငံများညီလာခံ(Turkey-Africa Patnership Summit) မကျင်းပမီ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Erdogan)နှင့် နိုင်ဂျီးရီးယား သမ္မတ မိုဟာမက်ဒူဘူဟာရီ(Muhammadu Buhari) တို့တွေ့ဆုံဆွေးနွေးစဉ် အထက် ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း အာဒိုဂန်၏ နိုင်ဂျီးရီးယားသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုး ခဲ့သော သဘောတူညီချက်နှင့်အညီ နိုင်ဂျီးရီးယားမြို့တော်(Kaduna)ရှိ ကာကွယ်ရေး ဆိုင်ရာစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (Defence Industries Coporation) ၏ စွမ်းဆောင်ရည်များခိုင်မာအားကောင်းစေရန် ဆက်လက်လုပ်ဆောင်မည့် ကိစ္စရပ်များ အား  အာဒိုဂန်က ဆွေးနွေးပြောကြားခဲ့ပါသည်။

              နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီကလည်း လက်ရှိရင်ဆိုင်နေရသည့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများနှင့်ပတ်သက်၍ နိုင်ငံသားများလုံခြုံမှုရှိစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်မှုအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ယခုကဲ့သို့ တူရီကီနိုင်ငံနှင့်ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်းနှင့် စိန်ခေါ်မှုများအားကိုင်တွယ်ဖြေရှင်းရာတွင် တူရီကီအနေဖြင့် လက်တွေ့ကျသည့် အတွေအကြုံများရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေရန်အတွက် ဆက်ဆံရေးကဏ္ဍတိုးမြှင့်လုပ်ဆောင် မည်ဟု တူရီကီက အာမခံချက်ပေးမှုအပြင် နိုင်ဂျီးရီးယားနိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးနယ်ပယ်များတွင် ကူညီထောက်ပံ့ပေးမှုနှင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရ စဉ်အတွင်း ကူညီပံ့ပိုးပေးမှုများကိုလည်း ဝမ်းမြောက်ပါကြောင်းနှင့် စစ်ရေယာဉ်များ ဝယ်ယူရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာများမှ အစီရင်ခံတင်ပြမှုများနှင့် အပြု သဘောဆောင်သည့် အကြံပြုချက်များအပေါ် လက်ခံဆောင်ရွက်ရန်အသင့်ရှိကြောင်း ဘူဟာရီက အခိုင်အမာပြောကြားခဲ့သည်ဟုသိရှိရပါသည်။

No comments:

Post a Comment