ရုရှားနှင့် တူရကီတို့သည် ဆီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ
ဟာဆာကာ (Hasaka)
စီရင်စုတွင် ပူးတွဲကင်းလှည့်မှုအား အောင်မြင်စွာ
အပြီးသတ်လုပ်ဆောင်နိုင် ခဲ့ကြောင်း
ရုရှားကင်းလှည့်စစ်ကြောင်းအကြီးအကဲ အန်ဒရီချီပီဇူဗော့ (Andrei Chipizubov) က ဒီဇင်ဘာလ ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
ကင်းလှည့် ရာတွင် ရုရှားနိုင်ငံမှ သံချပ်ကာလူသယ်ယာဉ် ၁ စီးနှင့် သံချပ်ကာယာဉ် ၃
စီးပါဝင်ပြီး တူရကီနိုင်ငံမှ သံချပ်ကာယာဉ် ၄
စီးပါဝင်ခဲ့ကြောင်းနှင့် အဆိုပါသံချပ်ကာယာဉ်တန်းများ အား
ရုရှားရဟတ်ယာဉ်များက လိုက်ပါစောင့်ကြပ်ခဲ့ကြောင်း
ချီပီဇူဗော့က ဆက်လက် ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ၌ ရုရှားနှင့် တူရကီတို့၏
ပူးတွဲကင်းလှည့်မှုသည် ၂၀၁၉ ခုနှစ်၊
နိုဝင်ဘာလမှစတင်၍ နှစ်စဉ်ပုံမှန်ပြုလုပ်လျက်ရှိပြီး ယနေ့ချိန်အထိ ပူးတွဲ ကင်းလှည့်မှုအရေအတွက်စုစုပေါင်းသည် အကြိမ် ၂၁၀ ခန့်
ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment