Tuesday, December 7, 2021

အီရန်သမ္မတနှင့် တူရကီသမ္မတတို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

 

Xinhua;Dec-9(Thu)

              အီရန်သမ္မတ အီဗရာဟင်ရိုင်စီ (Ebrahim Raisi) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမို ကောင်းမွန်အောင်ဆောင်ရွက်သွားမည့်ကိစ္စရပ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၈ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အီရန်သမ္မတရုံးက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် စီးပွားရေး ဆိုင်ရာကဏ္ဍများတွင် အီရန်နှင့် တူရကီတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါ ကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကသတိထား ရမည့်အချက်မှာ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်ဖြစ် ကြောင်း အီရန်သမ္မတ ရိုင်စီက ပြောကြားခဲ့ပါသည်။ ထို့ပြင်ဒေသတွင်းအရေးကိစ္စများ ကိုလည်း ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်မှုမရှိစေဘဲ ပြေလည်မှုရရှိအောင် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ရိုင်စီက ဆက်လက်ပြောကြားခဲ့ပါသည်။  

              တူရကီသမ္မတ အာဒိုဂန်ကလည်း စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်အရေးပါကြောင်း၊ ၎င်းအနေဖြင့် အနာဂတ်ကာလတွင် အီရန် နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်းနှင့် ၎င်းချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည့်ကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမတ်ဘာ ကွာကောလီဘတ် (Mohammad Baqer Qalibaf) သည်လည်း တူရကီနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ်(Istanbul) ၌ကျင်းပမည့် (၁၆)ကြိမ်မြောက် OIC အဖွဲ့ဝင်နိုင်ငံလွှတ်တော် များအသင်းအစည်းအဝေးသို့တက်ရောက်ရန် ဒီဇင်ဘာလ ၈ ရက်တွင် ထွက်ခွာခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တူရကီအာဏာပိုင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစီအစဉ်များကို အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment