News.cn; Dec-8
(Wed)
ခရိုအေးရှားနိုင်ငံသည်
တရုတ်ကုမ္ပဏီ Norinco မှဆောက်လုပ်သော လေအား
လျှပ်စစ်စက်ရုံတစ်ခုကို ဒီဇင်ဘာလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့
ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေပလန်ကိုဗစ်
(Andrej Plenkovic) နှင့် တရုတ်သံအမတ်ကြီး ရှီးရှန်းဂျန့် (Qi Qianjin) တို့ တက်ရောက်ခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။
အဆိုပါစက်ရုံသည် ခရိုအေးရှားနိုင်ငံ၏
သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ခရိုအေးရှား
ဝန်ကြီးချုပ် ပလန်ကိုဗစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နှင့်
ခရိုအေးရှားနိုင်ငံ တို့အကြား ကောင်းမွန်သောဆက်ဆံရေးနှင့် ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတိုးမြင့်လာမှုကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် ကိုဗစ်-၁၉
ကပ်ရောဂါကာလအတွင်း ခရိုအေးရှားသို့ တရုတ်၏ ဆေးဘက်ဆိုင်ရာပစ္စည်းများပေးပို့မှုကို ကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
လေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေး Senj ပရောဂျက်သည် တရုတ်-ခရိုအေးရှားနှင့်
တရုတ်-ဥရောပ အစိမ်းရောင်စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၏ မှတ်တိုင်တစ်ခုဖြစ်ပြီး
နိုင်ငံအတွင်း သန့်ရှင်းသောစွမ်းအင်ထုတ်လုပ် သုံးစွဲမှုတိုးမြှင့်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း
သံအမတ်ကြီး ရှီးရှန်းဂျန့်က ပြောကြားခဲ့ပါသည်။ အဆိုပါလေအားလျှပ်စစ်စက်ရုံအား တရုတ်နိုင်ငံပိုင်
Norinco International ကုမ္ပဏီမှ တည်ဆောက်ထားခြင်းဖြစ်ပြီး
ခရိုအေးရှားနိုင်ငံ၊ ဆန်ဂျေ (Senj) မြို့၌ တည်ရှိ၍ သဘာဝလျှပ်စစ်ဓာတ်အား (Green Electricity) တစ်နာရီလျှင်
သန်း ၅၃၀ ကီလိုဝပ်ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး
နိုင်ငံ၏ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တစ်နှစ်လျှင်တန်ချိန်
၄၆၀,၀၀၀ ခန့် လျှော့ချ နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment