Friday, December 10, 2021

လူမှုကွန်ရက်မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်နေကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

 

Washinton Times; Dec-11(Sat)

              တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော် (Isanbul) ၌ ဒီဇင်ဘာလ ၁၁ ရက်တွင် ပြုလုပ်သည့် ဆက်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲသို့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဗီဒီယိုကွန်ဖရင့်နည်းဖြင့် တက်ရောက်ခဲ့ပြီး လူမှု မီဒီယာများသည် ဒီမိုကရေစီကိုခြိမ်းခြောက်လျက်ရှိကြောင်း အမှာစကားပေးပို့ပြောကြား ခဲ့ပါသည်။ မှန်ကန်ပြီး တိကျခိုင်မာသည့်သတင်းအချက်အလက်များရရှိရန်၊ လုပ်ကြံ သတင်းများနှင့် သတင်းအမှားများပျံ့နှံ့ခြင်းအန္တရာယ်မှ ပြည်သူလူထုကိုကာကွယ်ရန် အတွက် နိုင်ငံသားအခွင့်အရေးကိုချိုးဖောက်ခြင်းမရှိဘဲ ကြိုးပမ်းလျက်ရှိကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံအတွင်းရှိ လူမှုကွန်ရက်အသုံးပြု သူများ၏ အချက်အလက်ကိုရယူနိုင်သည့် ဥပဒေတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

              တူရကီအစိုးရအနေဖြင့် လူမှုကွန်ရက်များတွင် လုပ်ကြံသတင်းများနှင့် သတင်း အမှားများပျံ့နှံ့မှုကိုတားဆီးရန် ရည်ရွယ်၍ ဉပဒေတစ်ရပ်ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိရာ အဆိုပါအစီအစဉ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း ဝေဖန်ရေးသမားများက ပြစ်တင်ပြောကြားလျက်ရှိပါသည်။ ၎င်းဥပဒေအရ လူမှုကွန်ရက် မီဒီယာထိန်းချုပ်ရေးအဖွဲ့တစ်ခုကို ထူထောင်သွားမည်ဖြစ်ပြီး လုပ်ကြံသတင်းများနှင့် သတင်းအမှားများဖြန့်ဝေသူများအနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံ ရမည်ဖြစ်ပါသည်။ တူရကီနိုင်ငံတွင် အဓိကမီဒီယာကုမ္ပဏီအများစုသည် အစိုးရထိန်းချုပ်မှု အောက်တွင် တည်ရှိနေပြီး နိုင်ငံသားများအနေဖြင့် အစိုးရအား ဝေဖန်ပြစ်တင်သည့် အကြောင်းအရာများကို ပြောဆိုရေးသားရန်အတွက် လူမှုကွန်ရက်မီဒီယာများကိုသာ အဓိကအားထားနေရကြောင်း သိရှိရပါသည်။

No comments:

Post a Comment