ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz
Morawiecki) သည် ကုလသမဂ္ဂအင်တာနက်စီမံခန့်ခွဲရေးဖိုရမ်ကျင်းပခြင်းမပြုမီ
ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံအတွင်း ဆိုက်ဘာလုံခြုံရေးကဏ္ဍအား အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်
ညွှန်ကြား ခဲ့ကြောင်းပိုလန်လုံခြုံရေးစင်တာက ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတစ်ဝန်းရှိ ဆိုက်ဘာနယ်ပယ်နှင့်စပ်လျဉ်း၍ ALFA-CRP ခေါ် လုံခြုံရေးသတိ ပေးချက် ပထမအဆင့်သတ်မှတ်ရန်
အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမိန့်သည် ဒီဇင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ အကျုံးဝင်မည်ဖြစ်ပါသည်။
အဆိုပါအမိန့် ထုတ်ပြန်မှုသည် ပိုလန်နိုင်ငံ၊ ကာတိုဝစ် (Katowice)
မြို့၌ ဒီဇင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိကျင်းပပြုလုပ်မည့်
(၁၆)ကြိမ်မြောက် ကုလသမဂ္ဂအင်တာနက်စီမံခန့်ခွဲရေး ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးအတွက် ကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်ကြောင်း
သိရှိ ရပါသည်။
No comments:
Post a Comment