Monday, March 14, 2022

ပိုလန်၏အဆိုပြုချက်အပေါ် အမေရိကန်ကငြင်းပယ်ခဲ့ခြင်း

 

ယူကရိန်းနိုင်ငံအတွက် MiG-29 တိုက်ခိုက်ရေလေယာဉ် ၂၈ စီး ပေးပို့ကူညီမည့် ပိုလန်နိုင်ငံ၏အဆိုပြုချက်ကို အမေရိကန်အစိုးရအနေဖြင့် သဘောမတူကြောင်း မတ်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသို့ တိုက်လေယာဉ် များပေးပို့ရာတွင် အမေရိကန်အခြေစိုက်စခန်းတစ်ခုကို အသုံးပြုမည့်အစီအစဉ်ပါဝင် နေရာ ရုရှားနိုင်ငံနှင့်ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာမည့်အရေးကို ရှောင်ရှားနိုင်ရေး အတွက် ပိုလန်နိုင်ငံ၏အဆိုပြုချက်ကို လက်မခံရခြင်းဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါသည်။ ယူကရိန်းလေသူရဲများအနေဖြင့် ဆိုဗီယက်လုပ် MiG-29 တိုက်လေယာဉ်များ ပျံသန်းမောင်းနှင်နိုင်ရန် လေ့ကျင့်ထားပြီးဖြစ်ရာ ပိုလန်နိုင်ငံမှ MiG-29 လေယာဉ်များရရှိမည်ဆိုပါက လက်ရှိဖြစ်ပေါ်နေသည့် ရုရှား-ယူကရိန်းပဋိပက္ခအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment