ယူကရိန်းနိုင်ငံသို့ တိုက်လေယာဉ်များပေးပို့ရေးနှင့်စပ်လျဉ်း၍ ပိုလန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့ကြောင်း Dailypost သတင်းဝဘ်ဆိုက်က မတ်လ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) မှ ယူကရိန်းနိုင်ငံသို့ တိုက်လေယာဉ်များပေးပို့ရန် အရှေ့ဥရောပနိုင်ငံများထံ တောင်းဆိုခဲ့သည့်အတွက် ထိုကဲ့သို့ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပိုလန်နိုင်ငံနှင့် ဆွေးနွေးမှု များပြုလုပ်လျက်ရှိကြောင်း၊ ပိုလန်မှ ယူကရိန်းသို့ တိုက်လေယာဉ်များပေးပို့ရန် ဆုံးဖြတ် ခဲ့မည်ဆိုပါက အမေရိကန်အနေဖြင့် ပိုလန်အား မည်ကဲ့သို့သောအကူအညီများပေးနိုင် ရေးနှင့်စပ်လျဉ်း၍ စဉ်းစားဆုံးဖြတ်လျက်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါသည်။ ပိုလန်နိုင်ငံသည် MiG တိုက်လေယာဉ်များအား ယူကရိန်းသို့ပေးပို့ရန်ပြင်ဆင်ပြီးဖြစ် နိုင်ကြောင်းနှင့် ထိုကဲ့သို့ပေးပို့နိုင်ရေး အမေရိကန်၏ခွင့်ပြုချက်အား စောင့်ဆိုင်း နေခြင်းသာဖြစ်ကြောင်းလည်း ဇီလန်စကီးက ပြောကြားထားသည်ဟု သိရှိရပါသည်။
No comments:
Post a Comment