Tuesday, March 8, 2022

ဟန်ဂေရီနိုင်ငံအနေဖြင့် NATO တပ်ဖွဲ့များအားနိုင်ငံအတွင်းမှ ဖြတ်သန်းခွင့်ပြုခဲ့ခြင်း

 

    ဟန်ဂေရီနိုင်ငံအနေဖြင့် NATO တပ်ဖွဲ့များအား နိုင်ငံ၏အနောက်ပိုင်းတွင် အခြေစိုက်တပ်စွဲရန်နှင့် အခြားသော NATO အဖွဲ့ဝင်နိုင်ငံများသို့ လက်နက်သယ်ဆောင် မှုများကိုလည်း ၎င်းပိုင်နက်မှဖြတ်သန်းသယ်ဆောင်ခွင့်ပြုခဲ့ကြောင်း Xinhua သတင်း ဌာနက မတ်လ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ သို့သော် ဟန်ဂေရီနိုင်ငံမှဖြတ်၍ ယူကရိန်းနိုင်ငံသို့ လက်နက်သယ်ဆောင်မှုကို ခွင့်ပြုသွားမည်မဟုတ်သည့်အပြင် သေစေနိုင်သည့် လက်နက်များသယ်ဆောင်ခြင်းကို တားမြစ်ထားကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) က ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်ကတည်းကပင် ဟန်ဂေရီနိုင်ငံအနေဖြင့် ၎င်း၏ပိုင်နက်မှဖြတ်၍ နေတိုး၏စစ်လက်နက်များကို ယူကရိန်းနိုင်ငံသို့ သယ်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment