နယ်သာလန်နိုင်ငံရှိ တူကီယဲသံရုံးရှေ့အပါအဝင် မွတ်စလင်နိုင်ငံများ၏သံရုံး များရှေ့တွင် ကုရ်အာန်ကျမ်းအားဆုတ်ဖြဲခြင်းဖြင့် ရန်စတိုက်ခိုက်မှုများအား ရှုတ်ချကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်ပေးရန်နှင့် ပါဝင်ပတ်သက်သူများအား လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရေး နယ်သာလန်အစိုးရကို တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပါသည်။ အဆိုပါ ကုရ်အာန်ကျမ်းများ ဆုတ်ဖြဲဆန္ဒပြမှုများကို အစ္စလာမ်မုန်းတီးရေးအဖွဲ့အစည်းခေါင်းဆောင် အက်ဒွင်ဝါဂန်စဗဲ့ဒ် (Edwin Wagensveld) က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် နယ်သာလန် နိုင်ငံရှိ ပါကစ္စတန်နှင့် အင်ဒိုနီးရှားသံရုံးများရှေ့တွင်လည်း အလားတူဆန္ဒပြမှုများပြုလုပ် ခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment