Reuters; Sep-16(Wed)
တူရကီနိုင်ငံ၌
တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှု၏နောက်ဆုံးအဆင့်ဖြစ်သော
အဆင့် ၃ စမ်းသပ်မှုအား စတင်ဆောင်ရွက် ခဲ့ကြောင်း
တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာ (Fahrettin Koca) က စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါကာကွယ်ဆေး၏
ပထမအကြိမ်စမ်းသပ်မှုအား Hacettepe တက္ကသိုလ်မှ ကျန်းမာရေးဝန်ထမ်းသုံးဦးဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်း
၁,၂၀၀ ကျော်အား ပထမအကြိမ်အဖြစ် ၁၀ ရက်ကြာ စမ်းသပ်စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ပြီး
ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုအား ပထမအကြိမ်အပြီး ၁၄ ရက်အကြာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
တူရကီနိုင်ငံပိုင် သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။
အထက်ပါစမ်းသပ်စစ်ဆေးမှု၏
ရလဒ်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့်
တူရကီ နိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်
ကြိုးပမ်းလျက်ရှိကြောင်း ကိုကာ က ပြောကြားခဲ့ပါသည်။ Sinovac ကုမ္ပဏီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား နာတာရှည်ရောဂါခံစားနေရသည့်
စေတနာ့ဝန်ထမ်း ၁၃,၀၀၀ ဦးကို ကာကွယ်ဆေးထိုး၍ ကုသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်
များက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် တရုတ်ဆေးကုမ္ပဏီနှင့် အဆင့် ၃ စမ်းသပ်မှုများအား
ပြီးခဲ့သည့်သီတင်းပတ်မှစတင်လုပ်ဆောင်ခဲ့သည့်အပြင်အမေရိကန် Pfizer ဆေးကုမ္ပဏီနှင့်လည်း
စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း ဖာရက်တင်ကိုကာ
က ကြေညာခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့်လည်း ၎င်းတို့စမ်းသပ်မှုပြုလုပ်နေသော
ကာကွယ်ဆေး၏ အဆင့် ၃ စမ်းသပ်မှုအား တူရကီနိုင်ငံ၌
ပြုလုပ်သွားရန် တောင်းဆိုမှု ကို ယခုသီတင်းပတ်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကိုကာ၏
ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment