Thursday, September 10, 2020

News Bar

 

                 ဟန်ဂေရီကုန်သွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် စက်တင်ဘာလ ၁၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ပြီး ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန် (AK Abdul Momen) နှင့် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ ထို့ပြင် ပီတာဆီဂျာတိုသည် ၎င်း၏အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်အမျိုးသား ဖခင်ကြီးနှင့် ၎င်း၏မိသားစုဝင်များကို ချီးကျူးဂုဏ်ပြုရန်အတွက် ဘန်ဂါဘန်ဒူအထိမ်းအမှတ် ပြတိုက် (Bangabandhu Memorial Museum) သို့ သွားရောက်ရန်အတွက်လည်း စီစဉ်ထားပါသည်။ ဆက်လက်၍ ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး တီပူမန်ရှီ (Tipu Munshi) နှင့် တွေ့ဆုံသွားနိုင်ဖွယ်ရှိပြီး ၎င်း၏ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အနည်းဆုံးသဘောတူစာချုပ်နှစ်ခု လက်မှတ် ရေးထိုးသွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment