Presstv; Sep- 13(Sun)
ဂရိနိုင်ငံသည် ၎င်း၏စစ်ဘက်အား အဆင့်မြှင့်တင်ရန်အတွက်
ပြင်သစ်နိုင်ငံ နှင့် စစ်လက်နက်ပစ္စည်းဝယ်ယူရေးဆိုင်ရာ
စာချုပ်တစ်ရပ်အား ချုပ်ဆိုခဲ့ပါသည်။ ၎င်း စာချုပ်အရ ဂရိနိုင်ငံသည် ပြင်သစ်နိုင်ငံထံမှ Rafale တိုက်ခိုက်ရေးဂျက်လေယာဉ်
၁၈ စင်း၊ ဖရီးဂိတ်စစ်သင်္ဘော ၄ စီးနှင့် ရေတပ်သုံးရဟတ်ယာဉ် ၄ စင်း၊ တင့်ဖျက်လက်နက်များ၊
ရေတပ်သုံးတော်ပီဒို ဒုံးကျည်များနှင့် လေတပ်သုံးပဲ့ထိန်ဒုံးကျည်များအား ဝယ်ယူသွား မည်ဖြစ်ပါသည်။ မြေထဲပင်လယ်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး
ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဂရိနှင့် တူရကီနိုင်ငံတို့အကြား
တင်းမာမှုများဖြစ်ပွား နေစဉ်အတွင်း ဂရိနိုင်ငံအနေဖြင့် ၎င်း၏စစ်ဘက်အား အဆင့်မြှင့်တင်ရန်အတွက်
ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်ပါသည်။
နိုင်ငံတော်အား ကာကွယ်နိုင်ရန်အတွက် စစ်ဘက်အား
အဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်းနှင့်
လာမည့် ၅ နှစ်အတွင်း ဂရိတပ်ဖွဲ့ဝင်အင်အား ၁၅,၀၀၀ ခန့်ကိုလည်း စုဆောင်းသွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကိုင်ရီယာကို့စ်မစ်ဆိုတာကစ်
(Kyriakos Mitsotakis) က စက်တင်ဘာလ ၁၂ ရက်တွင်
ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံ
အကြားဖြစ်ပွားလျက်ရှိသည့် တင်းမာမှုများအား ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့်
ဖြေရှင်း သွားရန် EU က တောင်းဆိုလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment