Uza; Aug – 31 (Mon)
ဩစတြီးယားဆိုင်ရာ ဉဇဘက်ကစ္စတန်သံအမတ်ကြီး အဘတ်ဖာဇူလာရေ့ (Abat
Fayzullayev) နှင့် ဩစတြီးယားဖယ်ဒရယ်စီးပွားရေးဆိုင်ရာ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ ရစ်ချယ်စကန် (Richard Schenz)
တို့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မြို့တော် ဗီယင်နာ၌ ကျင်းပပြုလုပ်မည့်
“Central Asian Region” အမည်ရှိ အာရှအလယ်ဒေသတွင်းနိုင်ငံများဆိုင်ရာ
စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ သဘောတူညီမှုရရှိခဲ့ကြောင်း ဩဂုတ်လ
၃၁ ရက်တွင် Uza သတင်းဌာနက ဖော်ပြခဲ့
ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် သြစတြီးယားကုမ္ပဏီများနှင့်
အာရှအလယ်ဒေသတွင်း နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ရန် စီစဉ်ထားရှိပါသည်။ သြစတြီးယား နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တီထွင်ဆန်းသစ်သော
နည်းပညာများကိုဆွဲဆောင်ရန် ရည်ရွယ်၍ (Business to Business- B2B) နှင့် (Government to Business -G2B ) အစည်းအဝေးများအား ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။
၎င်းတို့တွေ့ဆုံမှုအတွင်း ဥဇဘက်ကစ္စတန်နှင့် ဩစတြီးယားနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးချဲ့ထွင်ဆောင်ရွက်ခြင်း၊ လတ်တလောရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်နေစဉ်ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင် များအား အထောက်အပံ့ပေးရန် လိုက်လျောညီထွေမှုရှိသော ကုန်သွယ်ရေးဆိုင်ရာ
နည်းလမ်းများအား ဖန်တီးပေးရေးတို့နှင့်ပတ်သက်၍ အတွေးအခေါ်အယူအဆများ ဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် ဩစတြီးယားနိုင်ငံအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ ထုတ်ကုန် ပစ္စည်းများရောင်းအားမြင့်တက်စေရန်နှင့် ဩစတြီးယားစီးပွားရေးအသိုက်အဝန်းအကြား ဥဇဘက်ကစ္စတန်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်း
များဖော်ဆောင်နိုင်ရန်အတွက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရန်နှင့်
ပိုမိုနက်ရှိုင်းစေရန်အလို့ငှာ ဩစတြီးယားဖယ်ဒရယ်စီးပွားရေး
ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် ဖယ်ဒရယ်ကူးသန်းရောင်းဝယ်ရေးအေဂျင်စီများမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် စီးပွားရေး ဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment