Wednesday, September 2, 2020

News Bar

           တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင်ပြုလုပ်မည့် ရုရှားနိုင်ငံ၏ ရေတပ်စစ်ရေးလေ့ကျင့်ခန်းများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂ ရက်၌ ရေကြောင်း သတိပေးချက် ၂ ခုထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြ ခဲ့ပါသည်။ ရုရှားနိုင်ငံသည် စက်တင်ဘာလ ၈ ရက်မှ ၂၂ ရက်အထိ ဂရိနိုင်ငံတောင်ပိုင်းရှိ မြေထဲပင်လယ်၌လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်မှ ၂၅ ရက်အထိ ဆိုက်ပရပ်စ် နိုင်ငံအနီးရှိ မြေထဲပင်လယ်၌လည်းကောင်း ကျည်စစ်/ကျည်မှန်များကိုအသုံးပြု၍ ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်သွားရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့်နေရာများတွင် တူရကီနိုင်ငံက ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိခြင်းကြောင့် ထိုကဲ့သို့ ရေကြောင်းသတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။  

No comments:

Post a Comment