Tuesday, April 5, 2022

ရုရှားနိုင်ငံအပေါ် ပိုမိုပြင်းထန်ထိရောက်သည့် အရေးယူဒဏ်ခတ်မှုများပြုလုပ်သွားရန် ပိုလန်နိုင်ငံကတောင်းဆိုခဲ့ခြင်း

 

    ဥရောပဒေသတွင် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၅၀ ရာခိုင်နှုန်း တိုးမြှင့် တပ်ဖြန့်ချထားရန်လိုလားကြောင်းနှင့် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံအပေါ် ပိုမိုပြင်းထန်ထိရောက်သည့် အရေးယူဒဏ်ခတ်မှုများပြုလုပ်သွားရန် တိုက်တွန်းတောင်းဆို ကြောင်း ပိုလန်အာဏာရပါတီ Law and Justice (PiS) ၏ ခေါင်းဆောင်ဖြစ်သူက ဂျာမန်သတင်းစာ Welt and Sonntag နှင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ်တွင် ပြောကြားခဲ့ ပါသည်။ လက်ရှိအချိန်တွင် ဥရောပဒေသ၌ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ခန့် တပ်ဖြန့်ချထားလျက်ရှိရာ အနာဂတ်ကာလတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀,၀၀၀ ခန့် အထိ တိုးမြှင့်ချထားသွားစေလိုကြောင်းနှင့် ၎င်းတို့အနက် တစ်ဝက်ဖြစ်သော ၇၅,၀၀၀ ခန့် သည် ဥရောပအရှေ့ပိုင်းစစ်မျက်နှာတွင်လည်းကောင်း၊ အခြားတပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့် သည် ဘောလ်တစ်နိုင်ငံများနှင့် ပိုလန်နိုင်ငံတို့တွင်လည်းကောင်း တပ်စွဲသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment