Armradio;Apr-3(Sun)
အာမေးနီးယားဝန်ကြီးချူပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) သည် ဧပြီလ ၃ ရက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး တာဝန်ထမ်းဆောင်သူ လုအီဂျီဒီမေယို (Luigi Di Mayo) ဦးဆောင်သော အလုပ်သဘော ခရီးစဉ်လာရောက်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အီတလီနိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အား ၁၉၉၂ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံအကြား ခိုင်မာသည့် သံတမန်ဆက်ဆံရေးတစ်ရပ်တည်ရှိခဲ့ပါသည်။ အီတလီနိုင်ငံခြားရေးဝန်ကြီး လုအီဂျီဒီမေယိုသည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အာမေးနီးယား နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ်ရောက်ရှိခဲ့ပြီး ၎င်းခရီးစဉ်တွင် အာမေးနီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်အပါအဝင် နာဂေါ်နို-ကာရာဘတ်ခ်ဒေသအရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးမှုများလုပ်ဆောင် ခဲ့ကြပါသည်။ လက်ရှိတွင် နာဂေါ်နို-ကာရာဘတ်ခ်ဒေသ အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြားတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘော တူညီချက်လက်မှတ်ရေးထိုးထားသော်လည်း နှစ်ဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား လျက်ရှိပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အီတလီနိုင်ငံခြားရေးဝန်ကြီး၏ ၎င်းခရီးစဉ်သည် နာဂေါ်နို-ကာရာဘတ်ခ် ဒေသအရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာမေးနီးယားနိုင်ငံဘက်မှ ရပ်တည်ပေးနိုင်ရေး အတွက် အထောက်အပံ့တစ်ခုဖြစ်လာနိုင်ဖွယ်ရှိသည့်အပြင် အီတလီနှင့် အာမေးနီးယား နိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment