BulgarianMilitary; May-9(Sat)
တူရကီအနေဖြင့် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
စနစ်များဝယ်ယူမှုအား စွန့်လွှတ်သင့်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏
နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် ဂျိမ်းအန်ဒါဆန် (James Anderson) က အမေရိကန်အထက်လွှတ်တော်၏
စစ်ဘက်တပ်ဖွဲ့ဆိုင်ရာ ကော်မတီဝဘ်ဆိုက်တွင် ထုတ်ဖော်ရေးသားခဲ့ပါသည်။ ထို့ပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း
တူရကီနှင့် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံမှုပိုမိုခိုင်မာစေရန်
ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆီးရီးယားနိုင်ငံ၊ အိုက်ဒဲလစ် (Idlib) ဒေသအတွင်း
ဖြစ်ပွားလျက်ရှိ သောပဋိပက္ခများကြောင့် တူရကီအနေဖြင့် ရုရှားထုတ် S-400 ဒုံးကျည်စနစ်ဝယ်မည့် အစီအစဉ်များ ပြောင်းလဲစေရန် မျှော်လင့်ကြောင်းကိုလည်း
၎င်းက ထုတ်ဖော်ရေးသား ခဲ့ပါသည်။
ထို့ပြင်
ရုရှားနိုင်ငံသည် မတ်လ ၅ ရက်တွင် တူရကီနှင့် ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ဖောက်ဖျက်ကာ ဆီးရီးယားအရှေ့မြောက်ပိုင်း
ဒေသအတွင်းရှိ အစိုးရတပ်ဖွဲ့များအပေါ် ထောက်ပံ့မှုပြုလုပ်လျက်ရှိသည်ဟု ဖော်ပြ ထားပြီး
အမေရိကန်အနေဖြင့် အဆိုပါပဋိပက္ခများချုပ်ငြိမ်းရေးအတွက် သံတမန်ရေး နည်းဖြင့်ဖြေရှင်းသွားရန် တောင်းဆိုကြောင်းကိုလည်း ၎င်းကဖော်ပြထားပါသည်။
အမေရိကန်နှင့် တူရကီအကြားဆက်ဆံရေးသည် ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များအား တူရကီနိုင်ငံက
ဝယ်ယူခဲ့ပြီးနောက် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
ထို့ပြင် တူရကီအနေဖြင့် ၎င်း S-400 ဒုံးကျည်စနစ်ဝယ်ယူမှုအား ဖျက်သိမ်းကာ အမေရိကန်ထုတ် Patriot ဒုံးကျည်စနစ်များဝယ်ယူသွားရန်
အမေရိကန်က တောင်းဆိုလျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
No comments:
Post a Comment