Thenational; May-12(Tue)
တူရကီနိုင်ငံအနေဖြင့်
မြေထဲပင်လယ်အတွင်းရှိ ဆိုက်ပရပ်စ်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန်အတွင်း၌ သဘာဝဓါတ်ငွေ့တူးဖော်ထုတ်ယူမှုများ တိုးချဲ့ပြုလုပ်လျက်ရှိရာ
အဆိုပါလုပ်ဆောင်မှုသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး
နိုင်ငံတကာဥပဒေများအပေါ် ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်သည်ဟု
ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြစ်သစ်၊ ဂရိနှင့် ယူအေအီးနိုင်ငံတို့က မေလ ၁၁ ရက်တွင် ရုပ်သံမှတစ်ဆင့်ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌
ပြစ်တင်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့်
ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း၌ ဓါတ်ငွေ့တူးဖော်ရေးသင်္ဘောတစ်စီးအား အခြားအစောင့်အရှောက်
စစ်သင်္ဘောတစ်စီး နှင့်အတူ ဆိုက်ပရပ်စ်ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အတွင်းသို့
စေလွှတ်ခဲ့ပြီး အဆိုပါ နှစ်အတွင်း (၆) ကြိမ်ထက်မနည်း ဓါတ်ငွေ့တူးဖော်မှုများပြုလုပ်ခဲ့ပါသည်။
တူရကီ၏ အဆိုပါလုပ်ရပ်သည် ဥပဒေချိုးဖောက်သော စစ်ရေးဆိုင်ရာကျူးကျော်ရန်စမှုဖြစ်ပြီး
မြေထဲပင်လယ်အရှေ့ပိုင်းဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်စေ သည်ဟု
ဆိုက်ပရပ်စ်နိုင်ငံက ပြစ်တင်ပြောကြားထားပါသည်။
No comments:
Post a Comment