Thursday, May 14, 2020

News Bar

     တူရကီပြည်ထဲရေးဝန်ကြီးဌာနမှ မေလ ၁၅ ရက်တွင် ကာ့ဒ်အတိုက်အခံပါတီမှ မြို့တော်ဝန် ၄ ဦးကို ရာထူးမှဖယ်ရှားခဲ့ပြီး စုစုပေါင်းမြို့တော်ဝန် ၄၄ ဦးကို ရာထူးမှ ဆိုင်းငံ့ထားခဲ့ပြီးဖြစ်ပါသည်။ ဆာဒ်(Siirt) မြို့တော်ဝန် ဘာရီဘန်ဟယ်လန်အိုင်ဆစ် (Berivan Helen Isik Siirt)နှင့် ပြည်နယ်ရှိ ခရိုင်နှစ်ခုမှ မြို့တော်ဝန်များဖြစ်သည့် ရမ်မဇန်ဆာဆေးမဒ် (Ramazan Sarsilmaz) နှင့် ဘာရန်အက်ဂူး ( Baran Akgul) တို့ အား အကြမ်းဖက်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ် ပါသည်။ ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီးတွင် မြို့တော်ဝန် ၆၅ ဦးအနက်မှ အတိုက်အခံပါတီမှ မြို့တော်ဝန် ၄၄ ဦး ရာထူးမှဆိုင်းငံ့ ခံခဲ့ရကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment