Friday, May 15, 2020
News Bar
ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူစစ် (Aleksandar Vucic) သည် စစ်ဘက် တပ်ဖွဲ့ဝင်များအား ခရိုအေးရှားနိုင်ငံနှင့် နယ်စပ်အနီးရှိ ဆစ်ဒ် (Sid) မြို့သို့ စေလွှတ် ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆစ်ဒ်မြို့အနီးတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ စခန်း ၃ ခုရှိခြင်းကြောင့် နယ်မြေလုံခြုံရေး အတွက် ၎င်း၏တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ဗူစစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် လက်ရှိအချိန်တွင် အဆိုပါစခန်း ၃ ခု၌ လူပေါင်း ၁,၅၀၀ ခန့် နေထိုင်လျက်ရှိပြီး အများစုမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာခဲ့ပါသည်။ ဒေသခံပြည်သူ များအပေါ် ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏နှောင့်ယှက်မှုနှင့် လုယက်မှုရန်များမှ ကာကွယ်ရန်အတွက် ယခုကဲ့သို့ လုံခြုံရေးအင်အားတိုးမြှင့်ချထားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သမ္မတ ဗူစစ်၏ ပြောကြားချက်အရ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment