Thenational;
May-12(Tue)
တူရကီနိုင်ငံအနေဖြင့်
မြေထဲပင်လယ်ရှိ ဆိုက်ပရပ်စ်နိုင်ငံ၏ သီသန့် စီးပွားရေးဇုံအတွင်း သဘာဝဓါတ်ငွေ့တူးဖော်ထုတ်ယူမှုများ
တိုးချဲ့လုပ်ဆောင်နေမှု သည် ဥပဒေမဲလုပ်ရပ်ဖြစ်ပြီး
နိုင်ငံတကာဥပဒေများအပေါ် ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြစ်သစ်၊ ဂရိနှင့် ယူအေအီးနိုင်ငံတို့က မေလ
၁၁ ရက် တွင် ရုပ်သံမှတဆင့်ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပြစ်တင်
ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ပြီးခဲ့သော
၂၀၁၉ ခုနှစ်အတွင်း၌ ပထမဆုံး အကြိမ်အဖြစ် ဆိုက်ပရပ်စ်ရေပိုင်နက် သီးသန့်စီးပွားရေးဇုံအတွင်း၌
ဓါတ်ငွေ့တူဖော် ရေးသင်္ဘောတစ်စီးအား အခြားအစောင့်အရှောက်စစ်သင်္ဘောတစ်စင်းနှင့်အတူ
စေလွှတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နှစ်အတွင်း ၆ ကြိမ်ထက်မနည်း ဓါတ်ငွေ့တူးဖော်မှုးပြုလုပ်ခဲ့
သည်။ တူရကီ၏ အဆိုပါလုပ်ရပ်သည် ဥပဒေချိုးဖောက်သော စစ်ရေးဆိုင်ရာ ကျူးကျော်ရန်စမှုဖြစ်ပြီး
မြေထဲပင်လယ်အရှေ့ပိုင်းဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်စေသည်ဟု
ဆိုက်ပရက်စ်နိုင်ငံက ပြစ်တင်ပြောကြားထား ပါသည်။
ထို့ပြင်
အဆိုပါ ၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း တူရကီအနေဖြင့် တရားမဝင်ရွှေ့ပြောင်းသူများနှင့်ပတ်သက်၍
ပဋိပက္ခများဖြစ်ပေါ်စေရန် စနစ်တကျ စီမံလုပ်ဆောင်လျက်ရှိသည်ဟု
စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံတကာ ဥပဒေများအား ချိုးဖောက်ကာ ဂရိ ဝေဟင်ပိုင်နက်နှင့် ရေပြင်ပိုင်နက်
များအတွင်းသို့ ကျူးကျော်မှုများပြုလုပ်ခဲ့ခြင်းနှင့်
လစ်ဗျားအရေးကိစ္စတွင်လည်း စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုများပြုလုပ်ခဲ့ခြင်းတို့ကြောင့်
အဆိုပါနိုင်ငံများက တူရကီအပေါ် ပြစ်တင် ပြောဆိုမှုများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့်
တူရကီအနေဖြင့် မြေထဲပင်လယ်ဒေသ နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊
၎င်းတို့၏ အခွင့်အရေးနှင့် ကုလသမဂ္ဂ၏ နိုင်ငံတကာပင်လယ်ပြင်ဥပဒေတို့အား အလေးထားလိုက်နာသွားရန်
အဆိုပါ ၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးတို့က တောင်ဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရှိ
ရပါသည်။
No comments:
Post a Comment