Reuters; May-26 (Tue)
ဆားဘီးယားနှင့် ကိုဆိုဗိုဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် ဥရောပသမဂ္ဂ အထူးဖျန်ဖြေရေးအဖွဲ့ဦးဆောင်သော ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမှုပြုလုပ်သွားမည် မဟုတ်ကြောင်း ကိုဆိုဗိုသမ္မတ ဟာရှင်သာစီ
(Hashim Thaci) က မေလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဖက်အဖွဲ့အကြား တွေ့ဆုံဆွေးနွေးမှုများအတွင်း အမေရိကန်၏အခန်းကဏ္ဍ ပိုမိုတိုးမြှင့်သွားရန်အတွက်လည်း ကိုဆိုဗိုက တောင်းဆိုခဲ့ ပါသည်။ ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး ခွဲထွက်ရေးဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များအား ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂဦးဆောင်သည့် ဆွေးနွေးမှုများတွင်ပါဝင်သွားရန် ၂၀၁၃ ခုနှစ်တွင် ဆားဘီးယား နှင့်အတူ သဘောတူညီခဲ့ကြပါသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲနှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဂျိုးဇက်ဘော်ရယ်လ် (Josep
Borrell) သည် ကိုဆိုဗိုအရေးကိစ္စ၏ အထူးဖျန်ဖြေသူအဖြစ် ဆလိုဗက်ကီးယားသံတမန်ဖြစ်သူ မီရိုဆလပ်ဗ် လာဂျက်ခ်
(Miroslav Lajcak) အား မတ်လတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ကိုဆိုဗိုသည် စတုရန်းကီလိုမီတာ ၁၀,၈၈၇ ကျယ်ဝန်းကာ ၂၀၂၀ ပြည့်နှစ် ခန့်မှန်းချက်အရ
လူဦးရေ ၁.၈ သန်းကျော်ရှိကြောင်း သိရှိရပါသည်။ ၂ဝဝ၇ ခုနှစ်
နိုဝင်ဘာလ ၂၈ ရက်တွင် ပါလီမန်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး
ကိုဆိုဗိုသမ္မတအဖြစ် ဖတ်မီးယားဆီဂျေဒီယူအားလည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ် ဟာရှင်သာစီအားလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
ကိုဆိုဗိုပါလီမန်သည် ရုရှားနှင့် ဆားဘီးယားတို့မှ အပြင်းအထန်ကန့်ကွက်နေသည့်
ကြားမှပင် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် အချုပ်အခြာအာဏာပိုင်ဆိုင်သော
နိုင်ငံတစ်နိုင်ငံအဖြစ်
တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာခဲ့ပါသည်။
ဆားဘီးယားနိုင်ငံက ကိုဆိုဗို၏ သီးခြားခွဲထွက်မှုနှင့်
လွတ်လပ်ရေး ကြေညာမှုအား မည်သည့်အခါမျှ အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ဖော်ပြောကြားထား သလို ဆားဘီးယားနိုင်ငံနှင့်
မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံအပါအဝင်
နိုင်ငံအများစု ကလည်း
ကန့်ကွက်လျက်ရှိပါသည်။
ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယား နိုင်ငံမှခွဲထွက်ပြီး
တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့ပြီးနောက်
ခွဲထွက်ရေးဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များဖြေရှင်းရန်အတွက်
ဥရောပသမဂ္ဂဦးဆောင်သည့်
ဆွေးနွေးမှု များတွင်ပါဝင်ရန်
၂၀၁၃ ခုနှစ်တွင် သဘောတူညီခဲ့ပါသည်။ ဥရောပသမဂ္ဂသည် ကိုဆိုဗို အရေးကိစ္စတွင်
ဆားဘီးယားနိုင်ငံနှင့်
ကိုဆိုဗိုတို့အကြား ညှိနှိုင်းဖြေရှင်းသူအဖြစ်
ဆလိုဗက်ကီးယားသံတမန်ဖြစ်သူ
မီလိုဆလပ်စ်လာဂျက်စ်အား
မတ်လတွင် ခန့်အပ်ခဲ့ ပြီးနောက်
ယခုကဲ့သို့ ကိုဆိုဗိုအရေးကိစ္စဆွေးနွေးရန်
စီစဉ်လာခြင်းဖြစ်ပါသည်။
ကိုဆိုဗို အနေဖြင့် အဆိုပါဆွေးနွေးပွဲသို့တက်ရောက်မည့် နိုင်ငံများစာရင်းတွင် ကိုဆိုဗိုခွဲထွက်ရေးအား
မထောက်ခံသည့် ဆလိုဗက်ကီးယားနှင့် စပိန်နိုင်ငံတို့ပါဝင်နေ၍
၎င်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဆားဘီးယားနိုင်ငံမှ ခွဲထွက် ထားသည့် ကိုဆိုဗိုအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးနှင့်
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရေးတို့အတွက် ကြိုးပမ်းအားထုတ်လျက်ရှိရာ အမေရိကန်၊ ဗြိတိန်နှင့် အခြားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက
ထောက်ခံ လျက်ရှိသော်လည်း ဆားဘီးယားနိုင်ငံက ကန့်ကွက်ထားသည့်အပြင် ရုရှားနိုင်ငံကလည်း ဗီတိုအာဏာအသုံးပြု၍ ပယ်ချထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကိုဆိုဗို၏ သီးခြားလွတ်လပ်သည့်နိုင်ငံတစ်ခုဖြစ်ရေး
အသိအမှတ်ပြုရေးကြိုးပမ်းမှုသည်
မူလ ဆားဘီးယားနိုင်ငံနှင့် ရုရှားတို့၏ကန့်ကွက်မှုများကြောင့် အောင်မြင်မှုရရှိရန် အလှမ်းဝေး လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment