BulgarianMilitary;
May-9(Sat)
တူရကီအနေဖြင့်
ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်များဝယ်ယူမှုအား စွန့်လွှတ်သင့်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏
နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် ဂျိမ်းအန်ဒါဆန် (James Anderson) က အမေရိကန်အထက်လွှတ်တော်၏
စစ်ဘက်တပ်ဖွဲ့ဆိုင်ရာကော်မတီ ဝဘ်ဆိုဒ်တွင် ထုတ်ဖော်ရေးသားခဲ့ပါသည်။
ထို့ပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် လည်း တူရကီနှင့် နှစ်နိုင်ငံအကြား
မိတ်ဖက်ဆက်ဆံမှုပိုမိုခိုင်မာစေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆီးရီးယားနိုင်ငံ
အိုက်ဒဲလစ် (Idlib) ဒေသအတွင်း ဖြစ်ပွား လျက်ရှိသော ပဋိပက္ခများကြောင့် တူရကီအနေဖြင့်
ရုရှားထုတ် S-400 စနစ် ဝယ်မည့်အစီအစဉ်များ ပြောင်းလဲစေရန်
မျှော်လင့်ကြောင်းကိုလည်း ၎င်းက ထုတ်ဖော် ရေးသားခဲ့ပါသည်။
ထို့ပြင်
ရုရှားနိုင်ငံသည် မတ်လ ၅ ရက်တွင် တူရကီနှင့် ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား
ဖောက်ဖျက်ကာ ဆီးရီးယားအရှေ့ မြောက်ပိုင်းဒေသအတွင်းရှိ အစိုးရတပ်ဖွဲ့များအပေါ် ထောက်ပံ့မှုပြုလုပ်လျက်ရှိသည်
ဟု ဖော်ပြထားပြီး အမေရိကန်အနေဖြင့် အဆိုပါ ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် သံတမန်ရေးနည်းဖြင့်ဖြေရှင်သွားရန်
တောင်ဆိုကြောင်းကိုလည်း ၎င်းကဖော်ပြ ထားပါသည်။ အမေရိကန်နှင့် တူရကီအကြားဆက်ဆံရေးသည်
ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား တူရကီနိုင်ငံက ဝယ်ယူခဲ့ပြီးနောက်
တင်းမာမှုများဖြစ်ပေါ်လာခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် ၎င်း S-400 စနစ် ဝယ်ယူမှုအားဖျက်သိမ်းကာ
အမေရိကန်ထုတ် Patriot ဒုံးကျည်စနစ်များဝယ်ယူ သွားရန် အမေရိကန်က တောင်ဆိုလျက်ရှိကြောင်း
သိရှိရပါသည်။
No comments:
Post a Comment