Tuesday, August 18, 2020

ဆိုက်ပရပ်စ်နှင့် ဂရိတို့သည် တူရကီ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ အစည်းအဝေး၌ ပူးတွဲရင်ဆိုင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း

 

Xinhua; Aug-19 (Wed)

              ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း တူရကီ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းမှုအား လာမည့်ဥရောပသမဂ္ဂ အစည်းအဝေး၌ အတူတကွပူးတွဲဆောင်ရွက်သွားရန် ဩဂုတ်လ ၁၈ ရက်တွင် သဘော တူညီခဲ့ကြပါသည်။ ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် ဆိုက်ပရပ်စ်နိုင်ငံသို့ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်၍ ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nikos Anastasiadis) နိုင်ငံခြားရေးဝန်ကြီး နီကိုးစ် ခရစ်တိုဒိုလီဒက်စ် (Nikos Christodoulides) တို့နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများသည် တူရကီနိုင်ငံ၏စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန်နှင့် ဒေသတွင်းတင်းမာမှုများကို လျှော့ချရန်ဆွေးနွေးခဲ့ပြီး ၎င်းဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား အကျိုးရှိမှုအများဆုံးဆွေးနွေးပွဲဖြစ်ကြောင်း သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ်က ပြောကြားခဲ့ပါသည်။

            တူရကီ၏ စွမ်းအင်ရှာဖွေတူးဖော်ရေးသင်္ဘောများသည် စစ်ရေယာဉ် အစောင့်အရှောက်များလိုက်ပါလျက် ဆိုက်ပရပ်စ်အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းခြေဒေသများတွင် ရောက်ရှိလျက်ရှိခြင်းကြောင့် ဂရိနိုင်ငံအနေဖြင့် ၎င်း၏ ရေတပ်အား အေဂျီယန် (Aegean) ပင်လယ်အရှေ့ပိုင်း၊ ဆိုက်ပရပ်စ်နှင့် ကရေတေ (Crete) ကျွန်းအကြားတို့တွင် တပ်ဖြန့်ချထားမှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ဥရောပသမဂ္ဂ-တူရကီဆက်ဆံရေးကို ပြန်လည်ဆန်းစစ်သွားရန် အတွက် ဥရောပသမဂ္ဂ၏ အထူးညီလာခံတစ်ရပ်အား စက်တင်ဘာလတွင် ကျင်းပ သွားနိုင်ရေးအတွက် ကြိုတင်ဆွေးနွေးရန် လာမည့်အပတ်တွင် ဘာလင်မြို့၌ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပါသည်။ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု များသည် တူရကီ-ဥရောပ ဆက်ဆံရေးများ၏ ကြီးမားသည့် အနာဂတ်တစ်ခုကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment