တရုတ်နှင့် ဆားဘီးယားနိုင်ငံတို့အကြား
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်း လာသည့် လက္ခဏာတစ်ခုအဖြစ် ဆားဘီးယားနိုင်ငံသည်
အလယ်အလတ်တန်းစား ရေဒါဖြင့်ပဲ့ထိန်းနိုင်သော မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအား တရုတ်နိုင်ငံမှ
ဝယ်ယူခဲ့ ကြောင်း Reuter သတင်းဌာနက ဩဂုတ်လ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ FK-3 အမည်ရှိ
ဒုံးကျည်ကာကွယ်ရေးစနစ်ဝယ်ယူမှုကို အစိုးရပိုင်လက်နက်ကုမ္ပဏီတစ်ခုဖြစ် သည့်
Jugoimport SDPR ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပါ သည်။ Jugoimport
SDPR ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂၀.၃ သန်းဖြင့် နိုင်ငံပေါင်း ၃၁
နိုင်ငံနှင့် လက်နက်တင်သွင်းမှု ၁၆၃ ခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါလက်နက်များဝယ်ယူမှုတွင်
တရုတ်နိုင်ငံမှ လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များနှင့် ဥရောပ၏ ပထမဆုံးသော
FK-3 ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူ မှုတို့ပါဝင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment