Saturday, August 22, 2020

အာရပ်စော်ဘွားများပြည်ထောင်စုသည် ဂရိနိုင်ငံရှိိ လေတပ်အခြေစိုက်စခန်းသို့ F-16 တိုက်လေယာဉ် ၄ စင်း စေလွှတ်ခဲ့ခြင်း

 

Ahvalnews; Aug-22(Sat)

              အာရပ်စော်ဘွားများပြည်ထောင်စုသည် F-16 တိုက်လေယာဉ် ၄ စင်းအား ဂရိနိုင်ငံ၊ ကရေတေ (Crete) ကျွန်းရှိလေတပ်အခြေစိုက်စခန်းသို့ စေလွှတ်ခဲ့ကြောင်း ဂရိဒေသတွင်းသတင်းဌာနတစ်ခုက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါတိုက်လေယာဉ်များကို ဆိုဒါဘေး (Souda Bay) အမည်ရှိ လေတပ်အခြေစိုက်စခန်းတွင် တပ်ဖြန့်ချထားမည် ဖြစ်ပြီး မြေထဲပင်လယ်အရှေ့ပိုင်းကိစ္စနှင့်ပတ်သက်၍ ဂရိတပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်ရာတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဟိုက်ဒရိုကာဘွန် (hydrocarbon) ရေနံစိမ်းသိုက်များ ရှာဖွေရေးလုပ်ပိုင်ခွင့်အငြင်းပွားမှုများနှင့်ပတ်သက်၍ တူရကီနှင့် ဂရိနိုင်ငံအကြား ဒေသတွင်း တင်းမာမှုမြင့်တက်နေစဉ် အထက်ပါတိုက်လေယာဉ် များ ပြောင်းရွှေ့မှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

              တူရကီနိုင်ငံသည် Oruc Reis အမည်ရှိ ၎င်း၏စွမ်းအင်ရှာဖွေရေးသင်္ဘောနှင့် အတူ စစ်ရေယာဉ်အစောင့်အရှောက်များကို ဩဂုတ်လ ၁၀ ရက်တွင် ဆိုက်ပရပ်စ်နိုင်ငံနှင့် ကရေတေကျွန်းအနီးသို့စေလွှတ်ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် တူရကီနိုင်ငံအား အငြင်းပွားဖွယ် ရေပြင်တွင် လုပ်ဆောင်မှုများကိုရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း တူရကီနိုင်ငံသည် အဆိုပါနေရာများ၌ တူးဖော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အာရပ်စော်ဘွားများပြည်ထောင်စုသည် ဂရိနိုင်ငံသို့ တိုက်လေယာဉ်များစေလွှတ်ခြင်းဖြင့် ဒေသတွင်း၌ နှစ်နိုင်ငံအကြားမဟာမိတ် ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း ဂရိဒေသတွင်းသတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment