Wednesday, August 12, 2020

အမေရိကန်နှင့် ပိုလန်နိုင်ငံတို့၏ စစ်ရေးလေ့ကျင့်ခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်မည်ဆိုခြင်း

 

Tvn 24; Aug-13(Thu)

          အမေရိကန်နှင့် ပိုလန်နိုင်ငံတို့အကြား ပြုလုပ်လျက်ရှိသော စစ်ရေးလေ့ကျင့်ခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) သွားရောက်မည်ဖြစ် ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဩဂုတ်လ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ အမေရိကန်နှင့် ပိုလန်နိုင်ငံတို့အကြား ပြုလုပ်လျက်ရှိသော စစ်ရေးလေ့ကျင့်ခန်း သည် စစ်အေးကာလနောက်ပိုင်း ဉရောပနိုင်ငံများအတွင်း အမေရိကန်ဦးဆောင်၍ နေတိုးအဖွဲ့ပါဝင်သည့် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်ခန်းဖြစ်သည့် Defender Europe 20 လေ့ကျင့်ခန်းများ၏ ဒုတိယအဆင့်အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် ချက် သမ္မတနိုင်ငံသို့သွားရောက်ခဲ့၍ ချက်သမ္မတနိုင်ငံ သမ္မတ  မီလို့စ်ဇီမန် (Milos Zeman) နှင့် ဝန်ကြီးချုပ် အန်ဒရေဘာဘစ် (Andrej Babis) တို့အား တွေ့ဆုံခဲ့ကာ လာမည့် ဩဂုတ်လ ၁၅ ရက်တွင် ပိုလန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။

     ပိုလန်အစိုးရအနေဖြင့် နိုင်ငံ၏လုံခြုံရေးအပေါ် ပိုမိုအလေးပေးဆောင်ရွက်လျက် ရှိပြီး ပိုလန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးအတွက် ပိုလန်စစ်ဘက်တပ်ဖွဲ့ဝင် များအား ပိုမိုကျွမ်းကျင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီး  မာရွတ်ဇ်ဘလက်ဇက် (Mariusz Bkaszczak) က ပြောကြားခဲ့ပါသည်။ ပိုလန် ခရီးစဉ်အတွင်း မိုက်ခ်ပွန်ပီယိုသည် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့်တွေ့ဆုံ၍ ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Enhanced Defense Cooperation Agreement-EDCA)အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်အရ ပိုလန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အမြဲတမ်းတပ်ဖြန့်ချထားနိုင်မည့်အပြင် နောက်ထပ်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ထပ်မံတပ်ဖြန့်ချထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

      အမေရိကန်နှင့် ပိုလန်နိုင်ငံတို့အကြား ပြုလုပ်လျက်ရှိသော စစ်ရေးလေ့ကျင့်ခန်း သည် စစ်အေးကာလနောက်ပိုင်း ဉရောပနိုင်ငံများအတွင်း အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခန်းဖြစ်သည့် Defender Europe 20 လေ့ကျင့်ခန်းများ၏ ဒုတိယအဆင့်ဖြစ်ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအား ပိုလန် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ဇူလိုင်လ ၁၄ ရက်မှ ဩဂုတ်လ ၂၂ ရက်အထိပြုလုပ် လျက်ရှိပါသည်။

     အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုသည် ဉရောပအလယ်ပိုင်းဒေသ ခရီးစဉ်အဖြစ် ၄ ရက်ကြာအလည်အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး  ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် ချက်သမ္မတနိုင်ငံသို့သွားရောက်ခဲ့၍ လာမည့်ဩဂုတ်လ ၁၅ ရက်တွင် ပိုလန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပါသည်။ မိုက်ခ်ပွန်ပီယိုသည် ပိုလန်နိုင်ငံသို့ ၎င်းတို့ နှစ်နိုင်ငံအကြား စစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေစဉ် သွားရောက်မည်ဖြစ်ပြီး ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့်တွေ့ဆုံ၍ ကာကွယ်ရေးဆိုင်ရာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (Enhanced Defense Cooperation Agreement-EDCA)အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက် အရ ပိုလန်နိုင်ငံတွင် လက်ရှိတပ်ဖြန့်ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်အား အမြဲတမ်းတပ်ဖြန့်ချထားနိုင်မည့်အပြင် နောက်ထပ်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ထပ်မံတပ်ဖြန့် ချထားနိုင်မည်ဖြစ်ပါသည်။

      ပိုလန်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် ရုရှားနိုင်ငံနှင့် နီးကပ်သည့် နိုင်ငံဖြစ်သည့်အပြင် အမေရိကန်၏ မဟာမိတ်နိုင်ငံလည်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများအား ထိန်းချုပ်နိုင်ရန်အတွက် ၎င်း၏မဟာမိတ်နိုင်ငံဖြစ်သည့်အပြင် ရုရှားနိုင်ငံနှင့်နီးကပ်သည့် ပိုလန်နိုင်ငံတွင် တပ်ဖွဲ့ဝင်များ ပိုမိုတပ်ဖြန့်ချထားရေး ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment