TASS;
Sep-1(Tue)
ရုရှားနှင့်
တူရကီနိုင်ငံတို့သည် လစ်ဗျားနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့
(Government of National Accord-GNA) အကြီးအကဲ
ဖာရတ်ဇ်အယ်လ်ဆာရတ်ဂျ် (Fayez al-Sarraj) နှင့် လစ်ဗျားပါလီမန်ဥက္ကဋ္ဌ အဂူလာဆာလတ် (Aguila Saleh) တို့ ထုတ်ပြန်ခဲ့သော
ကြေညာချက်၏အရေးပါမှုအား အလေးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
စက်တင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးများ
ဦးဆောင်ပြုလုပ်ခဲ့သည့် ရုရှား-တူရကီ ဆွေးနွေးမှုအတွင်း ရုရှားနှင့် တူရကီကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြ
ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း လစ်ဗျားခေါင်းဆောင်နှစ်ဦး၏ ကြေညာချက်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက
ဖော်ပြခဲ့ပါသည်။
ဆွေးနွေးမှုအတွင်း
ရုရှားနှင့် တူရကီတို့သည် လစ်ဗျားရှိ နိုင်ငံရေးအင်အားစု များနှင့် အဖွဲ့အစည်းများအားလုံးပါဝင်သည့် အပြုသဘောဆောင်သော
တွေ့ဆုံဆွေးနွေးမှု များပေါ်ထွက်လာရန်အတွက်
ပိုမိုပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။
ရုရှားနှင့် တူရကီသည် လစ်ဗျားအရေးဆိုင်ရာ ဘာလင်ညီလာခံ၏
ဆုံးဖြတ်ချက်များအကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂအနေဖြင့် ထိရောက်အရေးပါသောအခန်းကဏ္ဍမှပါဝင်ရန် လိုအပ်မှုကိုလည်း
အလေးထားဆွေးနွေး ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လစ်ဗျားနိုင်ငံဆိုင်ရာ
အထူးသံတမန်အသစ်အား အမြန်ဆုံးခန့်အပ်နိုင်ရေးအတွက်လည်း
ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment