လစ်သူရေးနီးယားဝန်ကြီးချုပ် အင်ဂရီဒါဆီမိုနီတီ (Ingrida Simonyte) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Jonson)တို့သည် ယူကရိန်းနှင့် ဘီလာရုဇ်နယ်နိမိတ်အနီးတွင် ရုရှားနိုင်ငံက စစ်အင်အားတိုးချဲ့တည်ဆောက်နေမှု များကြောင့် ဥရောပလုံခြုံရေးအပေါ် သက်ရောက်လာသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၈ ရက်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Baltic Times သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားတွင် NATO မဟာမိတ်တပ်ဖွဲ့ များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တိုးမြှင့်ချထားရန်၊ စစ်အင်အား လျင်မြန်စွာဖြည့်တင်းရန်၊ ခဲယမ်းများအရန်စုပုံထားရှိရန်နှင့် ဘောလ်တစ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်လုပ်ဆောင်ရန် လစ်သူရေးနီးယားအတွက် လွန်စွာအရေးကြီး ကြောင်း ဆီမိုနီတီက ပြောကြားခဲ့ပါသည်။ သူ၏ခရီးစဉ်အတွင်း ဆီမိုနီတီသည် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) နှင့်တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment