Thursday, February 3, 2022

တူရကီနှင့် အာမေးနီးယားနိုင်ငံမှ အထူးသံတမန်တို့တိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်သွားခြင်း

    တူရကီနှင့် အာမေးနီးယားနိုင်ငံမှ အထူးသံတမန်တို့သည် နှစ်နိုင်ငံအကြား ဆယ်စုနှစ်ကြာ ဖြစ်ပေါ်ခဲ့သည့် တင်းမာမှုများလျှော့ချနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့၌ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း The National News သတင်းဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ပထမ အကြိမ်တွေ့ဆုံဆွေးနွေးမှုအား ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ပြုလုပ်ခဲ့ပြီး အကျိုးရလဒ် အနေဖြင့် ၁၉၉၃ ခုနှစ်မှစ၍ ပိတ်သိမ်းခဲ့သော နှစ်နိုင်ငံနယ်စပ်များအား ပထမအကြိမ် အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ မိတ်ဖက်ဆက်ဆံရေးမှာ ယခင်ထက် ပိုမိုကောင်းမွန် လာခဲ့ခြင်းတို့ရရှိခဲ့ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ၁၉၉၀ ပြည့်နှစ်မှစတင်၍ အာမေးနီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ခြင်းကို ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment